စိုက်ပျိုးမြေဧရိယာ စာရင်းဇယားအမှန်ကို ပြန်လည်စိစစ်ပြီး စိုက်ပျိုးနိုင်သည့်မြေဧရိယာအားလုံးကို ကွက်ပြည့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည်
2000
ယွန်း(NP News) - သြဂုတ် ၂၂
စိုက်ပျိုးမြေဧရိယာ စာရင်းဇယားအမှန်ကို ပြန်လည်စိစစ်ပြီး စိုက်ပျိုးနိုင်သည့် မြေဧရိယာအားလုံးကို ကွက်ပြည့် စိုက်ပျိုးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သြဂုတ်(၂၁)ရက်တွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ဧရိယာအလိုက် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သီးနှံအမျိုးအစား ခွဲခြား စိစစ်ပြီး စိုက်ပျိုးမြေဧရိယာစာရင်းဇယားအမှန်ကို ပြန်လည်စိစစ်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော သည်။
စိုက်ပျိုးနိုင်သည့် မြေဧရိယာအားလုံး ကွက်ပြည့်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပြီး စိုက်ဧက တိုးချဲ့ခြင်းထက် လက်ရှိစိုက်ပျိုး မြေတစ်ဧကချင်းကို အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဓိကသီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက်ရရှိရေး အလေးထားဆောင်ရွက်ရန်နှင့် ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် အချို့ဒေသတွင် ထုတ်လုပ်မှုကျဆင်းနိုင်သော်လည်း အခြားဒေသများ၏ ထုတ်လုပ်မှု မြှင့်တင်နိုင်ခြင်းဖြင့် တစ်နိုင်ငံလုံး၏ စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှုကို နှစ်အလိုက် တိုးတက်ရေးဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။
ထို့ပြင် ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်မှစ၍ နေကြာသီးနှံ (၁ ဒသမ ၅) သန်း တိုးချဲ့စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးရေးကို ချေးငွေများထောက်ပံ့ပေးလျက်ရှိပြီး ၂ဝ၂၄-၂ဝ၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် နေကြာသီးနှံ ဧကသုံးသန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Zawgyi Version;
စိုက္ပ်ိဳးေျမဧရိယာ စာရင္းဇယားအမွန္ကို ျပန္လည္စိစစ္ၿပီး စိုက္ပ်ိဳးႏိုင္သည့္ေျမဧရိယာအားလုံးကို ကြက္ျပည့္ စိုက္ပ်ိဳးႏိုင္ေရး ေဆာင္႐ြက္မည္
ယြန္း(NP News) - ၾသဂုတ္ ၂၂
စိုက္ပ်ိဳးေျမဧရိယာ စာရင္းဇယားအမွန္ကို ျပန္လည္စိစစ္ၿပီး စိုက္ပ်ိဳးႏိုင္သည့္ ေျမဧရိယာအားလုံးကို ကြက္ျပည့္ စိုက္ပ်ိဳးႏိုင္ေရး ၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ၾသဂုတ္(၂၁)ရက္တြင္ ဝန္ႀကီး႐ုံးအစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအေနျဖင့္ ဧရိယာအလိုက္ စိုက္ပ်ိဳးျဖစ္ထြန္းႏိုင္သည့္ သီးႏွံအမ်ိဳးအစား ခြဲျခား စိစစ္ၿပီး စိုက္ပ်ိဳးေျမဧရိယာစာရင္းဇယားအမွန္ကို ျပန္လည္စိစစ္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာ သည္။
စိုက္ပ်ိဳးႏိုင္သည့္ ေျမဧရိယာအားလုံး ကြက္ျပည့္စိုက္ပ်ိဳးလုပ္ကိုင္ႏိုင္ေရး ၾကပ္မတ္ေဆာင္႐ြက္မည္ျဖစ္ၿပီး စိုက္ဧက တိုးခ်ဲ႕ျခင္းထက္ လက္ရွိစိုက္ပ်ိဳး ေျမတစ္ဧကခ်င္းကို အထြက္ႏႈန္းတိုးတက္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ အဓိကသီးႏွံ ၁၀ မ်ိဳး၏ ပန္းတိုင္အထြက္ရရွိေရး အေလးထားေဆာင္႐ြက္ရန္ႏွင့္ ရာသီဥတု ေဖာက္ျပန္ျခင္းေၾကာင့္ အခ်ိဳ႕ေဒသတြင္ ထုတ္လုပ္မႈက်ဆင္းႏိုင္ေသာ္လည္း အျခားေဒသမ်ား၏ ထုတ္လုပ္မႈ ျမႇင့္တင္ႏိုင္ျခင္းျဖင့္ တစ္ႏိုင္ငံလုံး၏ စုစုေပါင္းစိုက္ပ်ိဳးထုတ္လုပ္မႈကို ႏွစ္အလိုက္ တိုးတက္ေရးေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းထားသည္။
ထို႔ျပင္ ျပည္ပမွ စားအုန္းဆီတင္သြင္းမႈေလွ်ာ့ခ်ႏိုင္ေရးႏွင့္ ျပည္တြင္းစားသုံးဆီ ဖူလုံမႈရွိေစေရးအတြက္ ၂၀၂၂-၂၀၂၃ ခုႏွစ္မွစ၍ ေနၾကာသီးႏွံ (၁ ဒသမ ၅) သန္း တိုးခ်ဲ႕စိုက္ပ်ိဳးေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံစီးပြား ျမႇင့္တင္ေရးရန္ပုံေငြျဖင့္ ဆီထြက္သီးႏွံမ်ားစိုက္ပ်ိဳးေရးကို ေခ်းေငြမ်ားေထာက္ပံ့ေပးလ်က္ရွိၿပီး ၂ဝ၂၄-၂ဝ၂၅ ခုႏွစ္ ဘ႑ာႏွစ္တြင္ ေနၾကာသီးႏွံ ဧကသုံးသန္း တိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ သည္။