အီရန်သမ္မတ အီဘရာဟင်ရဲ့ရဟတ်ယာဉ်ပျက်ကျခဲ့ရတဲ့နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖော်ပြ

 4911

ဂျန်ဇက် (NP News) - သြဂုတ် ၂၂

အီရန်သမ္မတ အီဘရာဟင် ရိုင်စီ ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့ရခြင်းဟာ ရာသီဥတု ဆိုးရွားမှုများအပြင် သတ်မှတ်ထားတဲ့လူအရေအတွက်ထက် နှစ်ဦး ပိုမိုတင်ဆောင်လာခြင်းကြောင့်ဖြစ်တယ်လို့ အီရန် စုံစမ်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ရိုင်စီဟာ မေလ ၁၉ ရက်မှာ အီရန်နိုင်ငံ အာဇာဘိုင်ဂျန်ပြည်နယ်မှာ အစည်းအဝေးလုပ်ဆောင်ခဲ့ပြီးနောက် ရဟတ် ယာဉ်နဲ့အပြန်မှာ တောကြောနားအရောက်မှာပဲ ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ် အပေါ်မှာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ရဟတ်ယာဉ်ပျက်ကျချိန်မှာ ရာသီဥတုဆိုးရွားမှုများကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ပျက်ကျတဲ့နေရာကို သွားရောက်ဖို့ အခက်အခဲဖြစ်ခဲ့ရကြောင်း သိရပါတယ်။ အီရန်သတင်းဌာနက "လုံခြုံရေးနဲ့ ထောက်လှမ်းရေး အေဂျင်စီတွေဟာ လက်ရှိအချိန်မှာ အီရန်သမ္မတ အီဘရာဟင်ရဟတ်ယာဉ်ပျက်ကျရတဲ့အကြောင်းကို စုံစမ်း စစ်ဆေးတာကို အဆုံးသတ်ခဲ့တယ်" လို့ ပြောပါတယ်။

အီရန်သမ္မတ အီဘရာဟင် ရဟတ်ယာဉ်ပျက်ကျသေဆုံးမှုနဲ့ဆက်နွယ်ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း စိုးရိမ်မှု မြင့်တက်ခဲ့ကာ အမေရိကန်အစိုးရကလည်း အဲဒီသေဆုံးမှုတွေအတွက် အစ္စရေးကို ဝေဖန်ပြစ်တင်မှာကို စိုးရိမ်မှု မြင့်တက်ခဲ့ဖူးကြောင်း သိရပါတယ်။ အီရန်အာဏာပိုင်တွေဟာ သမ္မတအီဘရာဟင် ရဟတ်ယာဉ်ပျက်ကျ သေဆုံးမှု နဲ့ပတ်သက်ပြီး လူပေါင်း ၃၀၀၀၀ နီးပါးကို စုံစမ်းစစ်ဆေးခဲ့ပြီး အဲဒီစစ်ဆေးသူတွေရဲ့ထွက်ဆိုချက်တွေမှာ တစ်စုံတစ်ဦး လက်ချက်ကြောင့် ရဟတ်ယာဉ်ပျက်ကျရခြင်းမျိုးမဟုတ်ကြောင်း ဖြေဆိုထားတယ်လို့ သိရပါတယ်။

အီရန်သမ္မတ လိုက်ပါစီးနင်းခဲ့တဲ့ အမေရိကန်နိုင်ငံထုတ် Bell 212 အမျိုးအစားရဟတ်ယာဉ်ဟာ တင်ဆောင်နိုင်တဲ့ ပမာဏထက် ပိုမိုတင်ဆောင်ခြင်းကြောင့် ပျက်ကျခဲ့ရတာမျိုးဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ပြောပါတယ်။

Zawgyi Version;
အီရန္သမၼတ အီဘရာဟင္ရဲ႕ရဟတ္ယာဥ္ပ်က္က်ခဲ့ရတဲ့ေနာက္ကြယ္က အေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးေရး အဖြဲ႕ေဖာ္ျပ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၂

အီရန္သမၼတ အီဘရာဟင္ ႐ိုင္စီ ရဟတ္ယာဥ္ပ်က္က်ကာ ေသဆုံးခဲ့ရျခင္းဟာ ရာသီဥတု ဆိုး႐ြားမႈမ်ားအျပင္ သတ္မွတ္ထားတဲ့လူအေရအတြက္ထက္ ႏွစ္ဦး ပိုမိုတင္ေဆာင္လာျခင္းေၾကာင့္ျဖစ္တယ္လို႔ အီရန္ စုံစမ္းေရး အာဏာပိုင္ေတြက ေျပာပါတယ္။

႐ိုင္စီဟာ ေမလ ၁၉ ရက္မွာ အီရန္ႏိုင္ငံ အာဇာဘိုင္ဂ်န္ျပည္နယ္မွာ အစည္းအေဝးလုပ္ေဆာင္ခဲ့ၿပီးေနာက္ ရဟတ္ ယာဥ္နဲ႔အျပန္မွာ ေတာေၾကာနားအေရာက္မွာပဲ ရဟတ္ယာဥ္ပ်က္က်ကာ ေသဆုံးခဲ့ျခင္းျဖစ္ၿပီး ရဟတ္ယာဥ္ အေပၚမွာ လိုက္ပါသြားသူအားလုံး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
ရဟတ္ယာဥ္ပ်က္က်ခ်ိန္မွာ ရာသီဥတုဆိုး႐ြားမႈမ်ားေၾကာင့္ ကယ္ဆယ္ေရးသမားေတြဟာ ပ်က္က်တဲ့ေနရာကို သြားေရာက္ဖို႔ အခက္အခဲျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။ အီရန္သတင္းဌာနက "လုံၿခဳံေရးနဲ႔ ေထာက္လွမ္းေရး ေအဂ်င္စီေတြဟာ လက္ရွိအခ်ိန္မွာ အီရန္သမၼတ အီဘရာဟင္ရဟတ္ယာဥ္ပ်က္က်ရတဲ့အေၾကာင္းကို စုံစမ္း စစ္ေဆးတာကို အဆုံးသတ္ခဲ့တယ္" လို႔ ေျပာပါတယ္။

အီရန္သမၼတ အီဘရာဟင္ ရဟတ္ယာဥ္ပ်က္က်ေသဆုံးမႈနဲ႔ဆက္ႏြယ္ၿပီး အေရွ႕အလယ္ပိုင္းေဒသအတြင္း စိုးရိမ္မႈ ျမင့္တက္ခဲ့ကာ အေမရိကန္အစိုးရကလည္း အဲဒီေသဆုံးမႈေတြအတြက္ အစၥေရးကို ေဝဖန္ျပစ္တင္မွာကို စိုးရိမ္မႈ ျမင့္တက္ခဲ့ဖူးေၾကာင္း သိရပါတယ္။ အီရန္အာဏာပိုင္ေတြဟာ သမၼတအီဘရာဟင္ ရဟတ္ယာဥ္ပ်က္က် ေသဆုံးမႈ နဲ႔ပတ္သက္ၿပီး လူေပါင္း ၃၀၀၀၀ နီးပါးကို စုံစမ္းစစ္ေဆးခဲ့ၿပီး အဲဒီစစ္ေဆးသူေတြရဲ႕ထြက္ဆိုခ်က္ေတြမွာ တစ္စုံတစ္ဦး လက္ခ်က္ေၾကာင့္ ရဟတ္ယာဥ္ပ်က္က်ရျခင္းမ်ိဳးမဟုတ္ေၾကာင္း ေျဖဆိုထားတယ္လို႔ သိရပါတယ္။

အီရန္သမၼတ လိုက္ပါစီးနင္းခဲ့တဲ့ အေမရိကန္ႏိုင္ငံထုတ္ Bell 212 အမ်ိဳးအစားရဟတ္ယာဥ္ဟာ တင္ေဆာင္ႏိုင္တဲ့ ပမာဏထက္ ပိုမိုတင္ေဆာင္ျခင္းေၾကာင့္ ပ်က္က်ခဲ့ရတာမ်ိဳးျဖစ္တယ္လို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြက ေျပာပါတယ္။

Related news

© 2021. All rights reserved.