တရုတ်နိုင်ငံရဲ့စစ်ရေးခြိမ်းခြောက်မှုတွေမြင့်တက်လာခြင်းကြောင့် ထိုင်ဝမ်ရဲ့ကာကွယ်ရေးအသုံးစရိတ် စံချိန်တင် မြင့်တက်လာနေ

 664

ဂျန်ဇက် (NP News) - သြဂုတ် ၂၂

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေမြင့်တက်လာနေခြင်းကြောင့် ထိုင်ဝမ်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို လာမယ့်နှစ် မှာ ၇ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ထိုင်ဝမ်အစိုးရအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်လို့ပြောဆိုထားပြီး ထိုင်ဝမ်ကျွန်းကို စစ်သင်္ဘောတွေ၊ တိုက်လေယာဉ် တွေ မကြာခဏစေလွှတ်နေရာတင်းမာမှုတွေ မြင့်တက်နေကြောင်း သိရပါတယ်။

ထိုင်ဝမ်အစိုးရအဖွဲ့က ၂၀၂၅ ခုနှစ်မှာ ထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၅ ဘီလျံ အထိ တိုးမြှင့်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ထိုင်ဝမ်အစိုးရအဖွဲ့ဟာ အဲဒီစစ်ရေးအသုံးစရိတ်တွေထဲ က အချို့ငွေကြေးတွေကို တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေဝယ်ယူဖို့ သုံးစွဲသွားမယ်လို့ ပြောပါတယ်။ ထိုင်ဝမ် အစိုးရဟာ ၎င်းတို့ရဲ့စစ်တပ်ကို ဒေသအတွင်းမှာ ပိုမိုခေတ်မီအောင်ကြိုးပမ်းနေပြီး ပြည်တွင်းမှာ ရေငုပ်သင်္ဘော ကိုယ်ပိုင်ထုတ်လုပ်မယ့်အစီအစဉ်တွေကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ထိုင်ဝမ်က ၎င်းတို့ဟာ တရုတ်လက်အောက်က ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားရာ တရုတ်နိုင်ငံ နဲ့ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။ ထိုင်ဝမ်သမ္မတအသစ်လက်ထက်မှာ တရုတ်နဲ့ ထိုင်ဝမ်ကျွန်းကြားတင်းမာမှုတွေဟာ ယခင်ထက်ပိုမိုမြင့်တက်လာနေပြီး ထိုင်ဝမ်ရဲ့စစ်ရေးအသုံးစရိတ် ဟာ ၂ဝ၂၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးကို တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရးၿခိမ္းေျခာက္မႈေတြျမင့္တက္လာျခင္းေၾကာင့္ ထိုင္ဝမ္ရဲ႕ကာကြယ္ေရးအသုံးစရိတ္ စံခ်ိန္တင္ ျမင့္တက္လာေန
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၂

တ႐ုတ္ႏိုင္ငံရဲ႕ ၿခိမ္းေျခာက္မႈေတြျမင့္တက္လာေနျခင္းေၾကာင့္ ထိုင္ဝမ္ရဲ႕ကာကြယ္ေရးအသုံးစရိတ္ကို လာမယ့္ႏွစ္ မွာ ၇ ဒသမ ၇ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သြားမယ္လို႔ ထိုင္ဝမ္အစိုးရအဖြဲ႕က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္လို႔ေျပာဆိုထားၿပီး ထိုင္ဝမ္ကြၽန္းကို စစ္သေဘၤာေတြ၊ တိုက္ေလယာဥ္ ေတြ မၾကာခဏေစလႊတ္ေနရာတင္းမာမႈေတြ ျမင့္တက္ေနေၾကာင္း သိရပါတယ္။

ထိုင္ဝမ္အစိုးရအဖြဲ႕က ၂၀၂၅ ခုႏွစ္မွာ ထိုင္ဝမ္ကာကြယ္ေရးအသုံးစရိတ္ကို အေမရိကန္ေဒၚလာ ၂၀ ဒသမ ၂၅ ဘီလ်ံ အထိ တိုးျမႇင့္သြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ထိုင္ဝမ္အစိုးရအဖြဲ႕ဟာ အဲဒီစစ္ေရးအသုံးစရိတ္ေတြထဲ က အခ်ိဳ႕ေငြေၾကးေတြကို တိုက္ေလယာဥ္ေတြနဲ႔ ဒုံးက်ည္ေတြဝယ္ယူဖို႔ သုံးစြဲသြားမယ္လို႔ ေျပာပါတယ္။ ထိုင္ဝမ္ အစိုးရဟာ ၎တို႔ရဲ႕စစ္တပ္ကို ေဒသအတြင္းမွာ ပိုမိုေခတ္မီေအာင္ႀကိဳးပမ္းေနၿပီး ျပည္တြင္းမွာ ေရငုပ္သေဘၤာ ကိုယ္ပိုင္ထုတ္လုပ္မယ့္အစီအစဥ္ေတြကိုလည္း ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္မယ္လို႔ ေျပာပါတယ္။

ထိုင္ဝမ္က ၎တို႔ဟာ တ႐ုတ္လက္ေအာက္က ခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူႏိုင္ဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ေျပာဆိုထားရာ တ႐ုတ္ႏိုင္ငံ နဲ႔ အျငင္းပြားမႈေတြ ပိုမိုျဖစ္လာဖြယ္ရွိေနပါတယ္။ ထိုင္ဝမ္သမၼတအသစ္လက္ထက္မွာ တ႐ုတ္နဲ႔ ထိုင္ဝမ္ကြၽန္းၾကားတင္းမာမႈေတြဟာ ယခင္ထက္ပိုမိုျမင့္တက္လာေနၿပီး ထိုင္ဝမ္ရဲ႕စစ္ေရးအသုံးစရိတ္ ဟာ ၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးကို တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.