Kursk ဒေသစစ်ဆင်ရေးအတွက် ယူကရိန်းက လျှို့ဝှက်စွာလုပ်ဆောင်ခဲ့ကြောင်း ဂျာမန်ခေါင်းဆောင်ပြော

 1183

ALynn (NP News) - သြဂုတ် ၂၂

ယူကရိန်းအစိုးရသည် ရုရှားနိုင်ငံ Kursk ဒေသသို့ ကျူးကျော်ဝင်ရောက်ခြင်းမပြုမီ ဂျာမနီ နှင့် တိုင်ပင်ခြင်းမပြုခဲ့ ကြောင်း ခေါင်းဆောင် Olaf Scholz က သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင် မော်စကိုက “အကြမ်းဖက်မှုလုပ်ရပ်” ဟု ဖော်ပြသည့်လှုပ်ရှားမှုတစ်ခုတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာသည် ရုရှားနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

ရုရှားသည် ကျူးကျော်သူများကို လေကြောင်း၊ အမြောက်များဖြင့် ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။ “ယူကရိန်းသည် Kursk ဒေသတွင် ဆင်နွှဲမည့် ၎င်း၏ စစ်ဆင်ရေးကို လျှို့ဝှက်စွာ ပြင်ဆင်ခဲ့ကြောင်း” Scholz က မော်လ်ဒိုဗာတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူကရိန်း၏ နယ်စပ်ဖြတ်ကျော်ကျုးကျော်မှုတွင် ၎င်းတို့ လှူဒါန်းထားသောလက်နက်များကို အသုံးပြုခွင့်ပေးခြင်း ရှိ၊ မရှိမေးခွန်းနှင့်ပတ်သက်၍ ဘာလင်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါကြောင်း ဖြေကြားခဲ့သည်။ ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်းစကီးက ၎င်း၏ Kursk ထိုးစစ်အတွက် ပြင်ဆင်မှုများကို ထုတ်ဖော် ပြောကြားခြင်းမရှိခဲ့သည်မှာ အနောက်အုပ်စုများက ရုရှား၏ “အနီရောင်မျဉ်းများ” ကို ဖြတ်ကျော်ရန် ၎င်းတို့ လုပ်ရပ်များကို တားဆီးဖို့ ကြိုးပမ်းနေခြင်းကြောင့်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုကဲ့သို့ မျဉ်းကြောင်းများ အမှန်တကယ်တည်ရှိခြင်းမရှိကြောင်း သက်သေပြခဲ့ပြီး ကိယက်ဗ်အား ငွေကြေးနှင့် လက်နက်များ ပိုမိုပေးအပ်ရန် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား တိုက်တွန်းခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေးဌာန (SVR) က အမေရိကန်၊ ဗြိတိန် နှင့် ပိုလန်တို့သည် စစ်ဆင်ရေးတွင် ပါ၀င်နေသော ယူကရိန်းတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးဖို့ ကူညီပေးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ပြောကြားခဲ့သည်။ Scholz သည် ယူကရိန်း၏စစ်ပွဲအား ဆက်လက်ပံ့ပိုးပေးမည်ဟု ကတိပြုသော်လည်း ရန်ပုံငွေထောက်ပံ့မှုကို ရပ်တန့်မည်ဟု သီတင်းပတ်ကုန်က ဂျာမန်မီဒီယာအစီရင်ခံချက်တွင် ဖော်ပြခဲ့သည်။

Zawgyi Version;
Kursk ေဒသစစ္ဆင္ေရးအတြက္ ယူကရိန္းက လွ်ိဳ႕ဝွက္စြာလုပ္ေဆာင္ခဲ့ေၾကာင္း ဂ်ာမန္ေခါင္းေဆာင္ေျပာ
ALynn (NP News) - ၾသဂုတ္ ၂၂

ယူကရိန္းအစိုးရသည္ ႐ုရွားႏိုင္ငံ Kursk ေဒသသို႔ က်ဴးေက်ာ္ဝင္ေရာက္ျခင္းမျပဳမီ ဂ်ာမနီ ႏွင့္ တိုင္ပင္ျခင္းမျပဳခဲ့ ေၾကာင္း ေခါင္းေဆာင္ Olaf Scholz က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။ ယခုလအေစာပိုင္းတြင္ ေမာ္စကိုက “အၾကမ္းဖက္မႈလုပ္ရပ္” ဟု ေဖာ္ျပသည့္လႈပ္ရွားမႈတစ္ခုတြင္ တပ္ဖြဲ႕ဝင္ေထာင္ေပါင္းမ်ားစြာသည္ ႐ုရွားနယ္စပ္ကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့သည္။

႐ုရွားသည္ က်ဴးေက်ာ္သူမ်ားကို ေလေၾကာင္း၊ အေျမာက္မ်ားျဖင့္ ျပင္းထန္စြာ တုံ႔ျပန္ခဲ့သည္။ “ယူကရိန္းသည္ Kursk ေဒသတြင္ ဆင္ႏႊဲမည့္ ၎၏ စစ္ဆင္ေရးကို လွ်ိဳ႕ဝွက္စြာ ျပင္ဆင္ခဲ့ေၾကာင္း” Scholz က ေမာ္လ္ဒိုဗာတြင္ ျပဳလုပ္ေသာသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

ယူကရိန္း၏ နယ္စပ္ျဖတ္ေက်ာ္က်ဳးေက်ာ္မႈတြင္ ၎တို႔ လႉဒါန္းထားေသာလက္နက္မ်ားကို အသုံးျပဳခြင့္ေပးျခင္း ရွိ၊ မရွိေမးခြန္းႏွင့္ပတ္သက္၍ ဘာလင္က အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနပါေၾကာင္း ေျဖၾကားခဲ့သည္။ ယူကရိန္းေခါင္းေဆာင္ ဗလာဒီမာဇီလန္းစကီးက ၎၏ Kursk ထိုးစစ္အတြက္ ျပင္ဆင္မႈမ်ားကို ထုတ္ေဖာ္ ေျပာၾကားျခင္းမရွိခဲ့သည္မွာ အေနာက္အုပ္စုမ်ားက ႐ုရွား၏ “အနီေရာင္မ်ဥ္းမ်ား” ကို ျဖတ္ေက်ာ္ရန္ ၎တို႔ လုပ္ရပ္မ်ားကို တားဆီးဖို႔ ႀကိဳးပမ္းေနျခင္းေၾကာင့္ျဖစ္ေၾကာင္း သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

ထိုကဲ့သို႔ မ်ဥ္းေၾကာင္းမ်ား အမွန္တကယ္တည္ရွိျခင္းမရွိေၾကာင္း သက္ေသျပခဲ့ၿပီး ကိယက္ဗ္အား ေငြေၾကးႏွင့္ လက္နက္မ်ား ပိုမိုေပးအပ္ရန္ အေမရိကန္ႏွင့္ ၎၏မဟာမိတ္မ်ားအား တိုက္တြန္းခဲ့ေၾကာင္း ၎က ေျပာၾကား ခဲ့သည္။
႐ုရွားႏိုင္ငံျခားေရးေထာက္လွမ္းေရးဌာန (SVR) က အေမရိကန္၊ ၿဗိတိန္ ႏွင့္ ပိုလန္တို႔သည္ စစ္ဆင္ေရးတြင္ ပါ၀င္ေနေသာ ယူကရိန္းတပ္ဖြဲ႕မ်ားကို ေလ့က်င့္သင္ၾကားေပးဖို႔ ကူညီေပးခဲ့ေၾကာင္း ဗုဒၶဟူးေန႔ (ဩဂုတ္လ ၂၁ ရက္) တြင္ ေျပာၾကားခဲ့သည္။ Scholz သည္ ယူကရိန္း၏စစ္ပြဲအား ဆက္လက္ပံ့ပိုးေပးမည္ဟု ကတိျပဳေသာ္လည္း ရန္ပုံေငြေထာက္ပံ့မႈကို ရပ္တန႔္မည္ဟု သီတင္းပတ္ကုန္က ဂ်ာမန္မီဒီယာအစီရင္ခံခ်က္တြင္ ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.