အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၏ ယူကရိန်းခရီးစဉ်အတွင်း ပိုလန်နိုင်ငံသို့လည်း သွား‌ရောက်မည်

 355

ALynn (NP News) - သြဂုတ် ၂၂

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂၁ ရက်) တွင် ၎င်း၏ သမိုင်းဝင်ခရီးစဉ်အဖြစ် ပိုလန် နှင့် ယူကရိန်းနိုင်ငံသို့ သွား‌ရောက်ခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် စည်းရုံးခဲ့သည်။ မိုဒီသည် ယူကရိန်းနိုင်ငံသို့ ပထမဆုံးသွားရောက်သည့် အိန္ဒိယဝန်ကြီးချုပ်ဖြစ်ပြီး ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကိယက်ဗ်၏ ခိုင်မာသော မဟာမိတ်ဖြစ်သလို စစ်ဒဏ်ခံနေရသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် ပိုလန်သို့ သွား‌ရောက်ခဲ့သည်။ ၎င်းသည် ကြာသပတေးနေ့တွင် ပိုလန်ဝန်ကြီးချုပ် Donald Tusk နှင့် သမ္မတ Andrzej Duda တို့အပြင် ဥရောပအလယ်ပိုင်းတွင် နေထိုင်သော အိန္ဒိယနိုင်ငံသားများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

"ဒီခရီးစဉ်ဟာ အိန္ဒိယ-ပိုလန် ချစ်ကြည်ရေးကို တိုးမြင့်လာစေပြီး ကျွန်တော်တို့ပြည်သူတွေကို အကျိုးပြုမှာပါ" ဟု ဝါဆောမြို့သို့ ဆင်းသက်စဉ် မိုဒီက X ၌ ပိုစ့်တင်ခဲ့သည်။ ပိုလန်သည် အိန္ဒိယနှင့် ရေရှည်လက်တွဲရန် လိုအပ်သည် ဟု ပိုလန်ဒုတိယ၀န်ကြီးချုပ် Wladyslaw Kosiniak-Kamysz က မိုဒီ၏ခရီးစဉ်မတိုင်မီ သတင်းထောက်များအား ပြောကြားခဲ့ပြီး စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုများကိုလည်း စနစ်တကျစီစဉ်သွားမည်ဟု ဖော်ပြခဲ့သည်။

အိန္ဒိယအစိုးရသည် ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ပြတ်သားစွာရှုတ်ချခဲ့မရှိဘဲ ၎င်း၏ ရပ်တည်ချက်ကို ရှောင်ရှားခဲ့ပြီး နှစ်ဖက်စလုံးမှ ၎င်းတို့တို့၏ကွဲလွဲချက်များကို ဆွေးနွေးအဖြေရှာရန် တိုက်တွန်းခဲ့သည်။ “မိတ်ဖက် နိုင်ငံအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး စောစောပြန်လည်ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပိုလန်နိုင်ငံသို့ မထွက်ခွာမီ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့်ကြေညာချက်တွင် မိုဒီက ပြောကြားခဲ့သည်။

ကိယက်ဗ်တွင် မိုဒီသည် သမ္မတဗလာဒီမာဇီလန်စကီးနှင့် တွေ့ဆုံဆွေးနွေးပြီး လက်ရှိဖြစ်ပွားနေသော ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အမြင်များကို မျှဝေသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။ မိုဒီနှင့် တွေ့ဆုံစဉ်အတွင်း သဘောတူညီချက်အများအပြားကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း Zelensky က တနင်္လာနေ့တွင် ကြေညာခဲ့ပြီး၊ ယခင် သံတမန်ရေးဆိုင်ရာ ပျက်ကွက်မှုများ၊ အထင်မှားစရာ အချက်များကို ကိယက်ဗ်က ရှုတ်ချခဲ့သည်။ ဇူလိုင်လတွင် ယူကရိန်းတစ်ဝှမ်းရှိ မြို့အများအပြားကို ရုရှားက ချေမှုန်း ပြီးနောက် နာရီအနည်းငယ်အကြာတွင် မိုဒီသည် မော်စကိုမြို့သို့ သွားရောက်ခဲ့ပြီး ပူတင်ကို ၎င်း၏နေအိမ်၌ ပွေ့ဖက်ထားသည့်ပုံများ ထွက်ပေါ်လာခဲ့သည်။ အိန္ဒိယသည် ရုရှားအား ပြတ်ပြတ်သားသား ရှုတ်ချခြင်းမှ ရှောင်လွှဲ ခဲ့ပြီး ကရင်မလင်ကို ပစ်မှတ်ထားသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကိုလည်း လက်ရှောင်နေခဲ့သည်။ သို့သော် ယူကရိန်းနှင့် ရုရှားတို့၏ တိုက်ပွဲတွင် အိန္ဒိယသည် နိုင်ငံသားအချို့ကို ဆုံးရှုံးခဲ့ရသည်။
နယူးဒေလီသည် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးအလုပ်များအတွက် ပေးပို့ထားသော ၎င်း၏ နိုင်ငံသားအများ အပြားကို ပြန်ပို့ပေးရန် မော်စကိုကို တွန်းအားပေးခဲ့သော်လည်း နောက်ပိုင်းတွင် ယူကရိန်းရှေ့တန်းတွင် တိုက်ပွဲဝင်ရန် စေလွှတ်ခံခဲ့ရသည်။ ပဋိပက္ခအတွင်း အိန္ဒိယစစ်သား ငါးဦးထက်မနည်း သေဆုံးခဲ့သည်။

Zawgyi Version;
အိႏၵိယ၀န္ႀကီးခ်ဳပ္ မိုဒီ၏ ယူကရိန္းခရီးစဥ္အတြင္း ပိုလန္ႏိုင္ငံသို႔လည္း သြား‌ေရာက္မည္
ALynn (NP News) - ၾသဂုတ္ ၂၂

အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီသည္ ဗုဒၶဟူးေန႔ (ၾသဂုတ္လ ၂၁ ရက္) တြင္ ၎၏ သမိုင္းဝင္ခရီးစဥ္အျဖစ္ ပိုလန္ ႏွင့္ ယူကရိန္းႏိုင္ငံသို႔ သြား‌ေရာက္ခဲ့ၿပီး ႐ုရွား-ယူကရိန္းပဋိပကၡကို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ စည္း႐ုံးခဲ့သည္။ မိုဒီသည္ ယူကရိန္းႏိုင္ငံသို႔ ပထမဆုံးသြားေရာက္သည့္ အိႏၵိယဝန္ႀကီးခ်ဳပ္ျဖစ္ၿပီး ၄၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ကိယက္ဗ္၏ ခိုင္မာေသာ မဟာမိတ္ျဖစ္သလို စစ္ဒဏ္ခံေနရေသာ အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္ ပိုလန္သို႔ သြား‌ေရာက္ခဲ့သည္။ ၎သည္ ၾကာသပေတးေန႔တြင္ ပိုလန္ဝန္ႀကီးခ်ဳပ္ Donald Tusk ႏွင့္ သမၼတ Andrzej Duda တို႔အျပင္ ဥေရာပအလယ္ပိုင္းတြင္ ေနထိုင္ေသာ အိႏၵိယႏိုင္ငံသားမ်ားႏွင့္ ေတြ႕ဆုံရန္ စီစဥ္ထားသည္။

"ဒီခရီးစဥ္ဟာ အိႏၵိယ-ပိုလန္ ခ်စ္ၾကည္ေရးကို တိုးျမင့္လာေစၿပီး ကြၽန္ေတာ္တို႔ျပည္သူေတြကို အက်ိဳးျပဳမွာပါ" ဟု ဝါေဆာၿမိဳ႕သို႔ ဆင္းသက္စဥ္ မိုဒီက X ၌ ပိုစ့္တင္ခဲ့သည္။ ပိုလန္သည္ အိႏၵိယႏွင့္ ေရရွည္လက္တြဲရန္ လိုအပ္သည္ ဟု ပိုလန္ဒုတိယ၀န္ႀကီးခ်ဳပ္ Wladyslaw Kosiniak-Kamysz က မိုဒီ၏ခရီးစဥ္မတိုင္မီ သတင္းေထာက္မ်ားအား ေျပာၾကားခဲ့ၿပီး စီးပြားေရးဆိုင္ရာ ဆက္ႏႊယ္မႈမ်ားကိုလည္း စနစ္တက်စီစဥ္သြားမည္ဟု ေဖာ္ျပခဲ့သည္။

အိႏၵိယအစိုးရသည္ ႐ုရွား-ယူကရိန္းပဋိပကၡႏွင့္ပတ္သက္၍ ျပတ္သားစြာရႈတ္ခ်ခဲ့မရွိဘဲ ၎၏ ရပ္တည္ခ်က္ကို ေရွာင္ရွားခဲ့ၿပီး ႏွစ္ဖက္စလုံးမွ ၎တို႔တို႔၏ကြဲလြဲခ်က္မ်ားကို ေဆြးေႏြးအေျဖရွာရန္ တိုက္တြန္းခဲ့သည္။ “မိတ္ဖက္ ႏိုင္ငံအေနနဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ေစာေစာျပန္လည္ရရွိဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္” ဟု ပိုလန္ႏိုင္ငံသို႔ မထြက္ခြာမီ ဗုဒၶဟူးေန႔က ထုတ္ျပန္သည့္ေၾကညာခ်က္တြင္ မိုဒီက ေျပာၾကားခဲ့သည္။

ကိယက္ဗ္တြင္ မိုဒီသည္ သမၼတဗလာဒီမာဇီလန္စကီးႏွင့္ ေတြ႕ဆုံေဆြးေႏြးၿပီး လက္ရွိျဖစ္ပြားေနေသာ ယူကရိန္း ပဋိပကၡကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ေရး အျမင္မ်ားကို မွ်ေဝသြားမည္ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထား သည္။ မိုဒီႏွင့္ ေတြ႕ဆုံစဥ္အတြင္း သေဘာတူညီခ်က္အမ်ားအျပားကို လက္မွတ္ေရးထိုးရန္ ေမွ်ာ္လင့္ထားေၾကာင္း Zelensky က တနလၤာေန႔တြင္ ေၾကညာခဲ့ၿပီး၊ ယခင္ သံတမန္ေရးဆိုင္ရာ ပ်က္ကြက္မႈမ်ား၊ အထင္မွားစရာ အခ်က္မ်ားကို ကိယက္ဗ္က ရႈတ္ခ်ခဲ့သည္။ ဇူလိုင္လတြင္ ယူကရိန္းတစ္ဝွမ္းရွိ ၿမိဳ႕အမ်ားအျပားကို ႐ုရွားက ေခ်မႈန္း ၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္ မိုဒီသည္ ေမာ္စကိုၿမိဳ႕သို႔ သြားေရာက္ခဲ့ၿပီး ပူတင္ကို ၎၏ေနအိမ္၌ ေပြ႕ဖက္ထားသည့္ပုံမ်ား ထြက္ေပၚလာခဲ့သည္။ အိႏၵိယသည္ ႐ုရွားအား ျပတ္ျပတ္သားသား ရႈတ္ခ်ျခင္းမွ ေရွာင္လႊဲ ခဲ့ၿပီး ကရင္မလင္ကို ပစ္မွတ္ထားသည့္ ကုလသမဂၢ ဆုံးျဖတ္ခ်က္မ်ားကိုလည္း လက္ေရွာင္ေနခဲ့သည္။ သို႔ေသာ္ ယူကရိန္းႏွင့္ ႐ုရွားတို႔၏ တိုက္ပြဲတြင္ အိႏၵိယသည္ ႏိုင္ငံသားအခ်ိဳ႕ကို ဆုံးရႈံးခဲ့ရသည္။
နယူးေဒလီသည္ ႐ုရွားစစ္တပ္၏ ေထာက္ပံ့ေရးအလုပ္မ်ားအတြက္ ေပးပို႔ထားေသာ ၎၏ ႏိုင္ငံသားအမ်ား အျပားကို ျပန္ပို႔ေပးရန္ ေမာ္စကိုကို တြန္းအားေပးခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ယူကရိန္းေရွ႕တန္းတြင္ တိုက္ပြဲဝင္ရန္ ေစလႊတ္ခံခဲ့ရသည္။ ပဋိပကၡအတြင္း အိႏၵိယစစ္သား ငါးဦးထက္မနည္း ေသဆုံးခဲ့သည္။

Related news

© 2021. All rights reserved.