ရုရှားနှင့် တရုတ်တို့က အမေရိကန်ကို ယှဉ်နိုင်သည့်လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ်ဖော်ပြ

 1833

ALynn (NP News) - သြဂုတ် ၂၂

မော်စကိုနှင့် ပေကျင်းတို့သည် အမေရိကန်နှင့် မဟာမိတ်များ၏ တရားမျှတမှုမရှိသော ပြိုင်ဆိုင်မှုကို တိုက်ဖျက်ရာ တွင် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် Mikhail Mishustin က တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၂၁ ရက်) က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရုတ်ဝန်ကြီးချုပ်ဖြစ်လာသော Li သည် သမ္မတဗလာဒီမာပူတင် အပါအဝင် ရုရှားအကြီးတန်း အရာရှိများနှင့်တွေ့ဆုံရန် Mishustin ၏ ဖိတ်ကြားချက်အရ မော်စကိုသို့ သွားရောက်ကာ သဘောတူညီချက် များစွာကို လက်မှတ်ရေးထိုးခဲ့သည်။ နှစ်ရက်ကြာခရီးစဉ်သည် နှစ်နိုင်ငံခေါင်းဆောင်များ၏ နှစ်ပတ်လည်တွေ့ဆုံမှု ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။
ရုရှားဝန်ကြီးချုပ်၏ နှုတ်ဆက်မိန့်ခွန်းတွင် မော်စကို နှင့် ဘေဂျင်းတို့ အင်အားကြီးထွားလာသည်နှင့်အမျှ တူညီ သောစိန်ခေါ်မှုများကို ရင်ဆိုင်နေကြရကြောင်း ပြောကြားခဲ့သည်။
ရုရှားနှင့် တရုတ်တို့သည် ၎င်းတို့၏ လက်ရှိဆက်ဆံရေးကို အကန့်အသတ်မရှိ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအဖြစ် ဖော်ပြကြပြီး ယုံကြည်မှုကိုတည်ဆောက်နိုင်သည့်အဆင့်ကိုရောက်ရှိခဲ့ပြီဟု ဆိုသည်။ စီးပွားရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာမှုကို Mishustin က ချီးကျူးခဲ့သည်။ မော်စကိုနှင့် ဘေဂျင်းတို့သည် ပြောင်းလဲလာသော နိုင်ငံတကာအခြေအနေနှင့် ပြင်ပစိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် ၎င်းတို့၏ဆက်ဆံရေးကို မြှင့်တင်ရန် လီက သဘောတူညီခဲ့သည်။ ယခု သီတင်းပတ်အစောပိုင်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်သည် လူသား အားလုံးကို စောင့်ရှောက် နေသောနိုင်ငံဖြစ်သည့်အတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၎င်း၏ ယုံကြည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

ရုရှား နှင့် တရုတ်တို့က ပိုမိုတရားမျှတသော ဗဟုကမ္ဘာစနစ်ကို ထောက်ခံအားပေးနေကြပြီး ယင်းစနစ်တွင် တစ်နိုင်ငံတည်းက လွှမ်းမိုးခြင်းမျိုး ရှိမှာမဟုတ်တော့ပေ။ “ဆိုဗီယက်ပြိုကွဲပြီးကတည်းက အနောက်နိုင်ငံများသည် တစ်နိုင်ငံတည်းက ဦးဆောင်လွှမ်းမိုးသည့်ပုံစံထက် တစ်ကိုယ်ကောင်းဆန်တဲ့ ရည်မှန်းချက်များဖြင့် အမြတ်ထုတ်ဖို့ သာ ဦးတည်ခဲ့ကြောင်း” ခေါင်းဆောင်နှစ်ဦးက ဖော်ပြခဲ့သည်။

Zawgyi Version;
႐ုရွားႏွင့္ တ႐ုတ္တို႔က အေမရိကန္ကို ယွဥ္ႏိုင္သည့္လမ္းေၾကာင္းမွန္ေပၚကို ေရာက္ေနၿပီျဖစ္ေၾကာင္း ႐ုရွား ဝန္ႀကီးခ်ဳပ္ေဖာ္ျပ
ALynn (NP News) - ၾသဂုတ္ ၂၂

ေမာ္စကိုႏွင့္ ေပက်င္းတို႔သည္ အေမရိကန္ႏွင့္ မဟာမိတ္မ်ား၏ တရားမွ်တမႈမရွိေသာ ၿပိဳင္ဆိုင္မႈကို တိုက္ဖ်က္ရာ တြင္ လမ္းေၾကာင္းမွန္ေပၚေရာက္ေနၿပီျဖစ္ေၾကာင္း ႐ုရွားဝန္ႀကီးခ်ဳပ္ Mikhail Mishustin က တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Qiang ႏွင့္ ဗုဒၶဟူးေန႔ (ဩဂုတ္လ ၂၁ ရက္) က ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္က တ႐ုတ္ဝန္ႀကီးခ်ဳပ္ျဖစ္လာေသာ Li သည္ သမၼတဗလာဒီမာပူတင္ အပါအဝင္ ႐ုရွားအႀကီးတန္း အရာရွိမ်ားႏွင့္ေတြ႕ဆုံရန္ Mishustin ၏ ဖိတ္ၾကားခ်က္အရ ေမာ္စကိုသို႔ သြားေရာက္ကာ သေဘာတူညီခ်က္ မ်ားစြာကို လက္မွတ္ေရးထိုးခဲ့သည္။ ႏွစ္ရက္ၾကာခရီးစဥ္သည္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား၏ ႏွစ္ပတ္လည္ေတြ႕ဆုံမႈ ၏ တစ္စိတ္တစ္ပိုင္းျဖစ္လာသည္။
႐ုရွားဝန္ႀကီးခ်ဳပ္၏ ႏႈတ္ဆက္မိန႔္ခြန္းတြင္ ေမာ္စကို ႏွင့္ ေဘဂ်င္းတို႔ အင္အားႀကီးထြားလာသည္ႏွင့္အမွ် တူညီ ေသာစိန္ေခၚမႈမ်ားကို ရင္ဆိုင္ေနၾကရေၾကာင္း ေျပာၾကားခဲ့သည္။
႐ုရွားႏွင့္ တ႐ုတ္တို႔သည္ ၎တို႔၏ လက္ရွိဆက္ဆံေရးကို အကန႔္အသတ္မရွိ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ ဆက္ဆံေရးအျဖစ္ ေဖာ္ျပၾကၿပီး ယုံၾကည္မႈကိုတည္ေဆာက္ႏိုင္သည့္အဆင့္ကိုေရာက္ရွိခဲ့ၿပီဟု ဆိုသည္။ စီးပြားေရး ႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ တ႐ုတ္-႐ုရွား ပူးေပါင္းေဆာင္႐ြက္မႈ ႀကီးထြားလာမႈကို Mishustin က ခ်ီးက်ဴးခဲ့သည္။ ေမာ္စကိုႏွင့္ ေဘဂ်င္းတို႔သည္ ေျပာင္းလဲလာေသာ ႏိုင္ငံတကာအေျခအေနႏွင့္ ျပင္ပစိန္ေခၚမႈမ်ားကို ရင္ဆိုင္ရခ်ိန္တြင္ ၎တို႔၏ဆက္ဆံေရးကို ျမႇင့္တင္ရန္ လီက သေဘာတူညီခဲ့သည္။ ယခု သီတင္းပတ္အေစာပိုင္းတြင္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က အေမရိကန္သည္ လူသား အားလုံးကို ေစာင့္ေရွာက္ ေနေသာႏိုင္ငံျဖစ္သည့္အတြက္ မရွိမျဖစ္လိုအပ္ေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း ၎၏ ယုံၾကည္ခ်က္ကို ထပ္ေလာင္းေျပာၾကားခဲ့သည္။

႐ုရွား ႏွင့္ တ႐ုတ္တို႔က ပိုမိုတရားမွ်တေသာ ဗဟုကမာၻစနစ္ကို ေထာက္ခံအားေပးေနၾကၿပီး ယင္းစနစ္တြင္ တစ္ႏိုင္ငံတည္းက လႊမ္းမိုးျခင္းမ်ိဳး ရွိမွာမဟုတ္ေတာ့ေပ။ “ဆိုဗီယက္ၿပိဳကြဲၿပီးကတည္းက အေနာက္ႏိုင္ငံမ်ားသည္ တစ္ႏိုင္ငံတည္းက ဦးေဆာင္လႊမ္းမိုးသည့္ပုံစံထက္ တစ္ကိုယ္ေကာင္းဆန္တဲ့ ရည္မွန္းခ်က္မ်ားျဖင့္ အျမတ္ထုတ္ဖို႔ သာ ဦးတည္ခဲ့ေၾကာင္း” ေခါင္းေဆာင္ႏွစ္ဦးက ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.