မြန်မာအရေးကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာကိုယ်ပိုင်နည်းလမ်းဖြင့် မြန်မာကိုယ်တိုင် ဦးဆောင်ရမည်ဟု တရုတ်အစိုးရပြော
5523
ဂျန်ဇက် (NP News) - သြဂုတ် ၂၂
တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာ၊အာဏာ လွတ်လပ်ရေး၊အမျိုးသားစည်းလုံးညီညွတ်မှုရှိရေး နှင့် နယ်မြေပိုင်နက်များကို လေးစားမှုရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုကြားဝင် မစွက်ဖက်ရန်လည်း ကတိပြုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးသည် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ဂျူလီဘိုင်ရှော့နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာ ကိုယ်ပိုင်၊ မြန်မာနိုင်ငံ ကိုယ်တိုင်က ဦးဆောင်လုပ်ကိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျိုးကို အားပေးထောက်ခံ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောခဲ့သည်။ မြန်မာနိုင်ငံတည်ငြိမ်၊ ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးပြန်လည်ရရှိစေရန်အတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ ဘိုင်ရှော့၏ လုပ်ငန်း တာဝန်များနှင့်ပတ်သက်ပြီးလည်း ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထပ်မံပြောခဲ့သည်။
မြန်မာအရေးကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံ၏အခန်းကဏ္ဍကိုလည်း အဓိကချန်နယ်တစ်ခုအဖြစ် ရှုမြင် ထောက်ခံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောခဲ့သည်။ ဘိုင်ရှော့က မြန်မာအရေးကို ကိုင်တွယ်ဖြေရှင်းရန်တွင် အာဆီယံသဘောတူညီချက် ငါးချက်ကို လက်တွေ့အကောင်ထည်ဖော်ရန်အတွက် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်သလို တရုတ်နိုင်ငံကလည်း ပိုမိုပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ယိသည် သြဂုတ် ၁၄ ရက်တွင် မြန်မာနိုင်ငံကို လာရောက်ကာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သလို အာဆီယံဒေသအတွင်းရှိ နိုင်ငံအချို့နှင့်လည်း မြန်မာအရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
ျမန္မာအေရးကိုေျဖရွင္းႏိုင္ရန္အတြက္ ျမန္မာကိုယ္ပိုင္နည္းလမ္းျဖင့္ ျမန္မာကိုယ္တိုင္ ဦးေဆာင္ရမည္ဟု တ႐ုတ္ အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၂
တ႐ုတ္အစိုးရအေနျဖင့္ ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာ၊အာဏာ လြတ္လပ္ေရး၊အမ်ိဳးသားစည္းလုံးညီၫြတ္မႈရွိေရး ႏွင့္ နယ္ေျမပိုင္နက္မ်ားကို ေလးစားမႈရွိေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကိုၾကားဝင္ မစြက္ဖက္ရန္လည္း ကတိျပဳထားေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ျမန္မာႏိုင္ငံဆိုင္ရာကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အထူးကိုယ္စားလွယ္ ဂ်ဴလီဘိုင္ေရွာ့ႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ယင္းကဲ့သို႔ေျပာဆိုခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္ ႏိုင္ငံေရးအျငင္းပြားမႈမ်ားကိုေျဖရွင္းႏိုင္ရန္အတြက္ ျမန္မာ ကိုယ္ပိုင္၊ ျမန္မာႏိုင္ငံ ကိုယ္တိုင္က ဦးေဆာင္လုပ္ကိုင္မည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ိဳးကို အားေပးေထာက္ခံ ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက ေျပာခဲ့သည္။ ျမန္မာႏိုင္ငံတည္ၿငိမ္၊ ၿငိမ္းခ်မ္းေရး ႏွင့္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးျပန္လည္ရရွိေစရန္အတြက္ အျပဳသေဘာေဆာင္ေသာအခန္းက႑မွ ပါဝင္သြားမည္ ျဖစ္သလို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ျဖစ္သူ ဘိုင္ေရွာ့၏ လုပ္ငန္း တာဝန္မ်ားႏွင့္ပတ္သက္ၿပီးလည္း ကူညီေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ထပ္မံေျပာခဲ့သည္။
ျမန္မာအေရးကို ေျဖရွင္းႏိုင္ရန္အတြက္ အာဆီယံ၏အခန္းက႑ကိုလည္း အဓိကခ်န္နယ္တစ္ခုအျဖစ္ ရႈျမင္ ေထာက္ခံသြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ထပ္မံေျပာခဲ့သည္။ ဘိုင္ေရွာ့က ျမန္မာအေရးကို ကိုင္တြယ္ေျဖရွင္းရန္တြင္ အာဆီယံသေဘာတူညီခ်က္ ငါးခ်က္ကို လက္ေတြ႕အေကာင္ထည္ေဖာ္ရန္အတြက္ အာဆီယံႏွင့္ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္သလို တ႐ုတ္ႏိုင္ငံကလည္း ပိုမိုပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ဝမ္ယိသည္ ၾသဂုတ္ ၁၄ ရက္တြင္ ျမန္မာႏိုင္ငံကို လာေရာက္ကာ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ျမန္မာအစိုးရတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့သလို အာဆီယံေဒသအတြင္းရွိ ႏိုင္ငံအခ်ိဳ႕ႏွင့္လည္း ျမန္မာအေရးကိစၥကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။