တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၇)လအတွင်း ယာဉ်တိုက်မှုပေါင်း (၂၅၀၀)နီးပါးဖြစ်ပွားခဲ့ပြီး လူ (၁၃၀၀) နီးပါး သေဆုံး
331
စော (NP News) - ဩဂုတ် ၂၂
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၇)လအတွင်း ယာဉ်တိုက်မှုပေါင်း (၂၅၀၀)နီးပါးဖြစ်ပွားခဲ့ပြီး လူ(၁၃၀၀)နီးပါး သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ယာဉ်တိုက်မှုပေါင်း (၂၄၄၆) ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၂ ) ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုများကြောင့် (၇)လတာကာလအတွင်း လူ (၃၄၉၂)ဦး ဒဏ်ရာ ရရှိခဲ့ပြီး (၁၂၉၉)ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းတွင် (၅၀၃) ကြိမ်ဖြင့် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၅၅၇) ဦး နှင့် သေဆုံးသူ (၂၆၄)ဦး ရှိခဲ့ကြောင်းသိရသည်။
အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိုက်မှုပေါင်း (၁၁၅)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၂၁၆)ဦးနှင့် သေဆုံးသူ (၆၁)ဦး ရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ် (၂၀၂၃) ခုနှစ်၊ အလားတူကာလ ၌ ယာဉ်တိုက်မှုပေါင်း (၂၈၅၈) ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း (၁၅၀၄) ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း (၄၀၂၀) ဦး ရှိခဲ့သည့်အတွက် ယခုနှစ်နှင့်နှိုင်းယှဉ်ပါက သေဆုံးသူ (၂၀၀) ကျော်နှင့် ဒဏ်ရာရရှိသူ (၅၀၀)ကျော် လျော့နည်းကျဆင်းသွားကြောင်း သိရသည်။
Zawgyi Version;
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ (၇)လအတြင္း ယာဥ္တိုက္မႈေပါင္း (၂၅၀၀)နီးပါးျဖစ္ပြားခဲ့ၿပီး လူ (၁၃၀၀) နီးပါး ေသဆုံး
ေစာ (NP News) - ဩဂုတ္ ၂၂
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ (၇)လအတြင္း ယာဥ္တိုက္မႈေပါင္း (၂၅၀၀)နီးပါးျဖစ္ပြားခဲ့ၿပီး လူ(၁၃၀၀)နီးပါး ေသဆုံးခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယခုႏွစ္၊ ဇန္နဝါရီလမွ ဇူလိုင္လအထိ ယာဥ္တိုက္မႈေပါင္း (၂၄၄၆) ႀကိမ္ျဖစ္ပြားခဲ့ရာ တစ္ရက္လွ်င္ ပ်မ္းမွ်အားျဖင့္ (၁၂ ) ႀကိမ္ခန႔္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါယာဥ္တိုက္မႈမ်ားေၾကာင့္ (၇)လတာကာလအတြင္း လူ (၃၄၉၂)ဦး ဒဏ္ရာ ရရွိခဲ့ၿပီး (၁၂၉၉)ဦး ေသဆုံးခဲ့ ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈမ်ားအနက္ ရန္ကုန္တိုင္းတြင္ (၅၀၃) ႀကိမ္ျဖင့္ ယာဥ္တိုက္မႈအမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရသူ (၅၅၇) ဦး ႏွင့္ ေသဆုံးသူ (၂၆၄)ဦး ရွိခဲ့ေၾကာင္းသိရသည္။
အလားတူ ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ယာဥ္တိုက္မႈေပါင္း (၁၁၅)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိသူ (၂၁၆)ဦးႏွင့္ ေသဆုံးသူ (၆၁)ဦး ရွိခဲ့ေၾကာင္း သိရသည္။
ယခင္ႏွစ္ (၂၀၂၃) ခုႏွစ္၊ အလားတူကာလ ၌ ယာဥ္တိုက္မႈေပါင္း (၂၈၅၈) ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆုံးသူေပါင္း (၁၅၀၄) ဦးရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူေပါင္း (၄၀၂၀) ဦး ရွိခဲ့သည့္အတြက္ ယခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ေသဆုံးသူ (၂၀၀) ေက်ာ္ႏွင့္ ဒဏ္ရာရရွိသူ (၅၀၀)ေက်ာ္ ေလ်ာ့နည္းက်ဆင္းသြားေၾကာင္း သိရသည္။