အွန်လိုင်းမှတဆင့်လိမ်လည်နေသောဂိုဏ်းများနှင့်ဆက်နွယ်နေသူ တရုတ်နိုင်ငံသား ၃ဝ၇ ဦးကို မြန်မာနိုင်ငံထံမှ ပြန်လည်လွှဲပြောင်းယူခဲ့ဟု တရုတ်အစိုးရပြော

 1087

ဂျန်ဇက် (NP News) - သြဂုတ် ၂၂

တရုတ်နိုင်ငံ ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာန(MPS) က မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းမှလိမ်လည်မှုများ ကျူးလွန်ခဲ့သော ဂိုဏ်းများကို တရုတ်နှင့်မြန်မာအာဏာပိုင်များ ပူးပေါင်းဖြိုခွင်းခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူ အဖြစ် သံသယရှိသည့် တရုတ်နိုင်ငံသား ၃၀၇ ဦးကို ပြန်လည်လွှဲပြောင်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာအာဏာပိုင်များသည် အဆိုပါတရုတ်နိုင်ငံသား ၃၀၇ ဦးနှင့်အတူ ဆက်နွယ်နေသည့်သက်သေအချက် အလက်များကိုလည်း လွှဲပြောင်းပေးခဲ့သည်ဟု တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက ပြောသည်။ တရုတ် ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ လိမ်လည်မှုများ ကျူးလွန်နေ သည့်ဂိုဏ်းသားကို မြန်မာအာဏာပိုင်များနှင့်ပူးပေါင်းပြီး ပြီးခဲ့သောနှစ်တည်းကအရှိန်မြင့်ဖြိုခွင်းခဲ့ရာ ပြစ်မှု ကျူးလွန်သူအဖြစ်သံသယရှိသည့် တရုတ်နိုင်ငံသား ၅၀၀၀၀ ကျော်ကို ပြန်လည်လွှဲကြောင်း ရယူထားပြီးဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်း အသုံးပြုကာလိမ်လည်နေသည့် ဂိုဏ်းများကို ဖြိုခွင်းရန် တရုတ်အစိုးရ၊ မြန်မာ နှင့် ထိုင်းအစိုးရကြား ပူးပေါင်း ဆောင်ရွက်မှုအရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်း လိမ်လည်မှုဂိုဏ်းများလက်ထဲတွင် တရုတ်နိုင်ငံသားများအပြင် အခြားနိုင်ငံများလည်း ပိတ်မိနေခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအစိုးရ၊ အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်ကာပြန်ကယ်တင်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
အြန္လိုင္းမွတဆင့္လိမ္လည္ေနေသာဂိုဏ္းမ်ားႏွင့္ဆက္ႏြယ္ေနသူ တ႐ုတ္ႏိုင္ငံသား ၃ဝ၇ ဦးကို ျမန္မာႏိုင္ငံထံမွ ျပန္လည္လႊဲေျပာင္းယူခဲ့ဟု တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၂

တ႐ုတ္ႏိုင္ငံ ျပည္သူေရးရာလုံၿခဳံေရးဝန္ႀကီးဌာန(MPS) က ျမန္မာႏိုင္ငံအတြင္းရွိ အြန္လိုင္းမွလိမ္လည္မႈမ်ား က်ဴးလြန္ခဲ့ေသာ ဂိုဏ္းမ်ားကို တ႐ုတ္ႏွင့္ျမန္မာအာဏာပိုင္မ်ား ပူးေပါင္းၿဖိဳခြင္းခဲ့ၿပီးေနာက္ ျပစ္မႈက်ဴးလြန္သူ အျဖစ္ သံသယရွိသည့္ တ႐ုတ္ႏိုင္ငံသား ၃၀၇ ဦးကို ျပန္လည္လႊဲေျပာင္းယူခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ျမန္မာအာဏာပိုင္မ်ားသည္ အဆိုပါတ႐ုတ္ႏိုင္ငံသား ၃၀၇ ဦးႏွင့္အတူ ဆက္ႏြယ္ေနသည့္သက္ေသအခ်က္ အလက္မ်ားကိုလည္း လႊဲေျပာင္းေပးခဲ့သည္ဟု တ႐ုတ္ျပည္သူေရးရာလုံၿခဳံေရးဝန္ႀကီးဌာနက ေျပာသည္။ တ႐ုတ္ ျပည္သူ႔ေရးရာလုံၿခဳံေရးဝန္ႀကီးဌာနသည္ တ႐ုတ္ႏိုင္ငံသားမ်ားကို ပစ္မွတ္ထားကာ လိမ္လည္မႈမ်ား က်ဴးလြန္ေန သည့္ဂိုဏ္းသားကို ျမန္မာအာဏာပိုင္မ်ားႏွင့္ပူးေပါင္းၿပီး ၿပီးခဲ့ေသာႏွစ္တည္းကအရွိန္ျမင့္ၿဖိဳခြင္းခဲ့ရာ ျပစ္မႈ က်ဴးလြန္သူအျဖစ္သံသယရွိသည့္ တ႐ုတ္ႏိုင္ငံသား ၅၀၀၀၀ ေက်ာ္ကို ျပန္လည္လႊဲေၾကာင္း ရယူထားၿပီးျဖစ္ ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္အာဏာအျငင္းပြားမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္အေျခစိုက္လႈပ္ရွားေနသည့္ အြန္လိုင္း အသုံးျပဳကာလိမ္လည္ေနသည့္ ဂိုဏ္းမ်ားကို ၿဖိဳခြင္းရန္ တ႐ုတ္အစိုးရ၊ ျမန္မာ ႏွင့္ ထိုင္းအစိုးရၾကား ပူးေပါင္း ေဆာင္႐ြက္မႈအရွိန္ျမင့္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံအေျခစိုက္လႈပ္ရွားေနသည့္ အြန္လိုင္း လိမ္လည္မႈဂိုဏ္းမ်ားလက္ထဲတြင္ တ႐ုတ္ႏိုင္ငံသားမ်ားအျပင္ အျခားႏိုင္ငံမ်ားလည္း ပိတ္မိေနခဲ့ၿပီး သက္ဆိုင္ရာ ႏိုင္ငံအစိုးရ၊ အဖြဲ႕အစည္းမ်ားၾကား ပူးေပါင္းေဆာင္႐ြက္ကာျပန္ကယ္တင္ျခင္းမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.