ဘင်္ဂလားဒေ့ရှ်မှာ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ သုံးသန်းနီးပါး ရွှေ့ပြောင်းခဲ့ရ သေဆုံးသူရှိ

 352

ရောင်နီ (NP News) - သြဂုတ် ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုတွေ ရှိလာခဲ့ခြင်းကြောင့် လူသုံးသန်း နီးပါး နေရပ်ရွှေ့ပြောင်းခဲ့ရပြီး နှစ်ဦးသေဆုံးကာ အခြား အခြေခံအဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ နိုင်ငံ ရဲ့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ကြာသပတေးနေ့ (သြဂုတ် ၂၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဒူးဆစ်ထိ နက်တဲ့ရေတွေ နေအိမ်တွေထဲ ဝင်ရောက်လာတာကြောင့် နေထိုင်သူတွေလည်း လှေနဲ့ တခြား ယာယီ ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေတာ ကြောင့် နောက် ၂၄ နာရီအတွင်း မြစ်ရေ ထပ်မံမြင့်တက်လာနိုင်တဲ့အခြေအနေရှိတာကြောင့် နောက်ထပ် စိုးရိမ် ပူပန်မှုတွေ မြင့်တက်လာနေတယ်လို့ ရေကြီးရေလျှံမှု ကြိုတင်ခန့်မှန်းရေးနဲ့ သတိပေးရေးစင်တာ (FFWC) က သတိပေးထားပါတယ်။ အထူးသဖြင့် ဖီနီ၊ မိုလ်ဗီဘာဇာ၊ ဟာဘီဂျန်၊ ကိုမီလာနဲ့ ချီတဂွန် ခရိုင်တွေဟာ ရေဘေးအတွက် စိုးရိမ်ရေမှတ်အထက်မှာ ရှိနေတယ်လို့ FFWC က ပြောကြားခဲ့ပါတယ်။

သဘာဝ ရာသီဥတုဒဏ် အခံရဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်စဉ် လူဦးရေ ၃.၅ သန်းခန့် ဟာ မြစ်ရေကြီးမှုအန္တရာယ်နဲ့ရင်ဆိုင်နေကြရတယ်လို့ ကမ္ဘာ့ဘဏ်အင်စတီကျူမှ ခွဲခြမ်းစိတ်ဖြာချက်အရ သိရပါတယ်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္မွာ ေရလႊမ္းမိုးမႈေၾကာင့္ လူဦးေရ သုံးသန္းနီးပါး ေ႐ႊ႕ေျပာင္းခဲ့ရ ေသဆုံးသူရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၃

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ မုတ္သုံမိုးသည္းထန္စြာ႐ြာသြန္းကာ ေရႀကီးေရလွ်ံမႈေတြ ရွိလာခဲ့ျခင္းေၾကာင့္ လူသုံးသန္း နီးပါး ေနရပ္ေ႐ႊ႕ေျပာင္းခဲ့ရၿပီး ႏွစ္ဦးေသဆုံးကာ အျခား အေျခခံအေဆာက္အအုံေတြလည္း ပ်က္စီးခဲ့တယ္လို႔ ႏိုင္ငံ ရဲ႕သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူေတြက ၾကာသပေတးေန႔ (ၾသဂုတ္ ၂၂ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ဒူးဆစ္ထိ နက္တဲ့ေရေတြ ေနအိမ္ေတြထဲ ဝင္ေရာက္လာတာေၾကာင့္ ေနထိုင္သူေတြလည္း ေလွနဲ႔ တျခား ယာယီ ကယ္ဆယ္ေရးစခန္းေတြကို ေ႐ႊ႕ေျပာင္းခဲ့ၾကရတယ္လို႔ သိရပါတယ္။ မိုးသည္းထန္စြာ ဆက္လက္ ႐ြာသြန္းေနတာ ေၾကာင့္ ေနာက္ ၂၄ နာရီအတြင္း ျမစ္ေရ ထပ္မံျမင့္တက္လာႏိုင္တဲ့အေျခအေနရွိတာေၾကာင့္ ေနာက္ထပ္ စိုးရိမ္ ပူပန္မႈေတြ ျမင့္တက္လာေနတယ္လို႔ ေရႀကီးေရလွ်ံမႈ ႀကိဳတင္ခန႔္မွန္းေရးနဲ႔ သတိေပးေရးစင္တာ (FFWC) က သတိေပးထားပါတယ္။ အထူးသျဖင့္ ဖီနီ၊ မိုလ္ဗီဘာဇာ၊ ဟာဘီဂ်န္၊ ကိုမီလာနဲ႔ ခ်ီတဂြန္ ခ႐ိုင္ေတြဟာ ေရေဘးအတြက္ စိုးရိမ္ေရမွတ္အထက္မွာ ရွိေနတယ္လို႔ FFWC က ေျပာၾကားခဲ့ပါတယ္။

သဘာဝ ရာသီဥတုဒဏ္ အခံရဆုံးႏိုင္ငံေတြထဲက တစ္ခုျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ႏွစ္စဥ္ လူဦးေရ ၃.၅ သန္းခန႔္ ဟာ ျမစ္ေရႀကီးမႈအႏၲရာယ္နဲ႔ရင္ဆိုင္ေနၾကရတယ္လို႔ ကမာၻ႔ဘဏ္အင္စတီက်ဴမွ ခြဲျခမ္းစိတ္ျဖာခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.