ထိုင်းနိုင်ငံရှိတောထဲတွင် လေယာဉ်တစ်စီးပျက်ကျပြီး လိုက်ပါသွားသူအားလုံး သေဆုံးဖွယ်ရှိနေ

 14973

ဂျန်ဇက် (NP News) - သြဂုတ် ၂၃

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းရှိ တောထဲတွင် လေယာဉ်တစ်စီးပျက်ကျခဲ့ပြီးနောက် လေယာဉ်ပေါ်တွင် လိုက်ပါသွား သူအားလုံး သေဆုံးဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ရှာဖွေကယ်ဆယ်ရေးသမားများ သည် သြဂုတ်လ ၂၃ ရက်တွင် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအားလုံးကို ရှာဖွေတွေ့ရှိရန် အရှိန်မြင့်ရှာဖွေခဲ့ ကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ချာချီအွန်ဆာအို အရပ်ဒေသရှိတောထဲတွင် သြဂုတ် ၂၂ ရက် ညနေပိုင်းက ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၇ ဦး နှင့် လေယာဉ်မှူးနှစ်ဦး လိုက်ပါသွားခဲ့ကြောင်း ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ လေယာဉ်သည် ဘန်ကောက်မြို့ Suvarnabhumi လေဆိပ်မှ တာဒေသသို့ သွားရောက်ချိန်အတွင်း လမ်းတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချာချီအွန်ဆာအိုဒေသအုပ်ချုပ်ရေးမှူး ယမ်ထရောင်က "လေယာဉ်ဟာ သြဂုတ်လ ၂၂ ရက်န ညနေပိုင်းမှာ ပျက်ကျခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတယ်။ ဒါပေမယ့် အဲဒီလေယာဉ် ပေါ်မှာ လိုက်ပါသွားပြီး ပျောက်ဆုံးနေသူအားလုံး သေဆုံးဖို့ အလားလာများနေတယ်" ဟု ပြောသည်။ အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၉ ဦးသည် ထိုင်းနိုင်ငံသား ၄ ဦး နှင့် တရုတ်နိုင်ငံသား ၅ ဦးဖြစ်ကာ အသက် ၁၂ နှင့် ၁၃ နှစ်အရွယ်ကြားရှိ ကလေးနှစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များသည် လေယာဉ်ပျက်ကျ ရာ တောထဲသို့ စစ်သား ၃၀၀ ဦးနှင့်အတူ လုပ်အားပေး များစေလွှတ်ကာ ရှာဖွေနေကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များသည် လေယာဉ်ပျက်ကျရသောအကြောင်းအရင်းကို အတိအကျသိစေရန် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ထိုင်းအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးသမားများ သည် လေယာဉ်အပျက်စီးအပိုင်းအစများ တွေ့ရှိခဲ့သလို လူခန္ဒာကိုယ်အစိတ်အပိုင်းများလည်း တွေ့ရှိခဲ့ကြောင်း မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးရကြောင်း သတင်း ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက "ပျောက်ဆုံးနေသူတွေကို ပြန်မတွေ့မချင်းရှာဖွေကယ်ဆယ်မှုတွေကို ရပ်တန့်မှာ မဟုတ်ဘူး။ အခက်အခဲတွေရှိနေပေမယ့်လည်း ဆက်လက်ရှာဖွေမယ်" ဟု ပြောကြားခဲ့သည်။

Zawgyi Version;
ထိုင္းႏိုင္ငံရွိေတာထဲတြင္ ေလယာဥ္တစ္စီးပ်က္က်ၿပီး လိုက္ပါသြားသူအားလုံး ေသဆုံးဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၃

ထိုင္းႏိုင္ငံအေရွ႕ေတာင္ပိုင္းရွိ ေတာထဲတြင္ ေလယာဥ္တစ္စီးပ်က္က်ခဲ့ၿပီးေနာက္ ေလယာဥ္ေပၚတြင္ လိုက္ပါသြား သူအားလုံး ေသဆုံးဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။ ရွာေဖြကယ္ဆယ္ေရးသမားမ်ား သည္ ၾသဂုတ္လ ၂၃ ရက္တြင္ ေလယာဥ္ေပၚတြင္ လိုက္ပါသြားသူအားလုံးကို ရွာေဖြေတြ႕ရွိရန္ အရွိန္ျမင့္ရွာေဖြခဲ့ ေၾကာင္း သိရသည္။

အဆိုပါေလယာဥ္သည္ ခ်ာခ်ီအြန္ဆာအို အရပ္ေဒသရွိေတာထဲတြင္ ၾသဂုတ္ ၂၂ ရက္ ညေနပိုင္းက ပ်က္က်ခဲ့ျခင္း ျဖစ္ၿပီး ေလယာဥ္ေပၚတြင္ ခရီးသည္ ၇ ဦး ႏွင့္ ေလယာဥ္မႉးႏွစ္ဦး လိုက္ပါသြားခဲ့ေၾကာင္း ထိုင္းအစိုးရအဖြဲ႕ တာဝန္ရွိသူမ်ားက ေျပာသည္။ ေလယာဥ္သည္ ဘန္ေကာက္ၿမိဳ႕ Suvarnabhumi ေလဆိပ္မွ တာေဒသသို႔ သြားေရာက္ခ်ိန္အတြင္း လမ္းတြင္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်ာခ်ီအြန္ဆာအိုေဒသအုပ္ခ်ဳပ္ေရးမႉး ယမ္ထေရာင္က "ေလယာဥ္ဟာ ၾသဂုတ္လ ၂၂ ရက္န ညေနပိုင္းမွာ ပ်က္က်ခဲ့တာျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြေနတယ္။ ဒါေပမယ့္ အဲဒီေလယာဥ္ ေပၚမွာ လိုက္ပါသြားၿပီး ေပ်ာက္ဆုံးေနသူအားလုံး ေသဆုံးဖို႔ အလားလာမ်ားေနတယ္" ဟု ေျပာသည္။ အဆိုပါ ေလယာဥ္ေပၚတြင္ လိုက္ပါသြားသူ ၉ ဦးသည္ ထိုင္းႏိုင္ငံသား ၄ ဦး ႏွင့္ တ႐ုတ္ႏိုင္ငံသား ၅ ဦးျဖစ္ကာ အသက္ ၁၂ ႏွင့္ ၁၃ ႏွစ္အ႐ြယ္ၾကားရွိ ကေလးႏွစ္ဦး ပါဝင္ခဲ့ေၾကာင္း သိရသည္။ ထိုင္းအာဏာပိုင္မ်ားသည္ ေလယာဥ္ပ်က္က် ရာ ေတာထဲသို႔ စစ္သား ၃၀၀ ဦးႏွင့္အတူ လုပ္အားေပး မ်ားေစလႊတ္ကာ ရွာေဖြေနေၾကာင္း သိရသည္။ ထိုင္းအာဏာပိုင္မ်ားသည္ ေလယာဥ္ပ်က္က်ရေသာအေၾကာင္းအရင္းကို အတိအက်သိေစရန္ စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။ ထိုင္းအာဏာပိုင္မ်ားက ရွာေဖြကယ္ဆယ္ေရးသမားမ်ား သည္ ေလယာဥ္အပ်က္စီးအပိုင္းအစမ်ား ေတြ႕ရွိခဲ့သလို လူခႏၵာကိုယ္အစိတ္အပိုင္းမ်ားလည္း ေတြ႕ရွိခဲ့ေၾကာင္း မိုးသည္းထန္စြာ႐ြာသြန္းေနျခင္းေၾကာင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားေႏွာင့္ေႏွးရေၾကာင္း သတင္း ထုတ္ျပန္ထားသည္။

ထိုင္းအစိုးရတာဝန္ရွိသူတစ္ဦးက "ေပ်ာက္ဆုံးေနသူေတြကို ျပန္မေတြ႕မခ်င္းရွာေဖြကယ္ဆယ္မႈေတြကို ရပ္တန႔္မွာ မဟုတ္ဘူး။ အခက္အခဲေတြရွိေနေပမယ့္လည္း ဆက္လက္ရွာေဖြမယ္" ဟု ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.