တရုတ်နိုင်ငံသားများလည်ပတ်သည့် အွန်လိုင်းလိမ်လည်မှုစင်တာကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

 626

Pika (NP News) - သြဂုတ် ၂၄

ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် မနီလာမြို့ရှိ တရုတ်နိုင်ငံသားများလည်ပတ်သော အွန်လိုင်းလိမ်လည်မှုစင်တာတစ်ခုကို ဩဂုတ်လ(၂၂)ရက်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဒါဇင်နှင့်ချီသော ဖိလစ်ပိုင်နိုင်ငံသားများနှင့် နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါအွန်လိုင်းလိမ်လည်မှုစင်တာသည် လိုင်စင်ရအွန်လိုင်းဂိမ်းကုမ္ပဏီတစ်ခု၏ အသွင်အပြင်ဖြင့် လည်ပတ်နေ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ မနီလာမြို့တွင်ရှိသော အဆိုပါအွန်လိုင်းလိမ်လည်မှုစင်တာကို ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခံရသည့် နိုင်ငံခြားသား(၆၇)ဦးတွင် တရုတ်နိုင်ငံသား(၅၈)ဦး၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်နိုင်ငံတို့မှ လူများပါဝင်ကြောင်း သိရသည်။

အဆိုပါဝင်ရောက်စီးနင်းမှုအတွင်း ဖိလစ်ပိုင်နိုင်ငံသား(၃၂)ဦးကိုလည်း ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။ ဖမ်းဆီးခံရသူများထဲတွင် တရုတ်နိုင်ငံသားများဖြစ်သည့် အဆိုပါအွန်လိုင်းလိမ်လည်မှုစင်တာ၏ ပိုင်ရှင်နှင့် မန်နေဂျာတို့လည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ အွန်လိုင်းလိမ်လည်မှုစင်တာသည် ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုစင်တာနှင့် အချစ်ရေးလိမ်လည်မှုစင်တာအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်ပြီး ဝန်ထမ်းများသည် ၎င်းတို့စင်တာတွင် လာရောက်ရင်းနှီးမြှုပ်နှံစေရန်အတွက် ချမ်းသာသော မော်ဒယ်များ အဖြစ် ဟန်ဆောင်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရသည့် ဖိလစ်ပိုင်နိုင်ငံသားများက ၎င်းတို့သည် လိမ်လည်သူများအဖြစ် လုပ်ကိုင်ရန် အတင်းအကြပ် ဖိအားပေးစေခိုင်းခံခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော်လည်း လိမ်လည်သူများအဖြစ်လုပ်ကိုင်ရန် ငြင်းဆိုမည်ဆိုပါက ဘယ်လိုအကျိုးဆက်များ ရှိလာမည်ဆိုသည့်အချက်ကို ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမျိုး မရှိကြောင်းလည်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံသားမ်ားလည္ပတ္သည့္ အြန္လိုင္းလိမ္လည္မႈစင္တာကို ဖိလစ္ပိုင္ရဲတပ္ဖြဲ႕ ဝင္ေရာက္စီးနင္း
Pika (NP News) - ၾသဂုတ္ ၂၄

ဖိလစ္ပိုင္ရဲတပ္ဖြဲ႕သည္ မနီလာၿမိဳ႕ရွိ တ႐ုတ္ႏိုင္ငံသားမ်ားလည္ပတ္ေသာ အြန္လိုင္းလိမ္လည္မႈစင္တာတစ္ခုကို ဩဂုတ္လ(၂၂)ရက္တြင္ ဝင္ေရာက္စီးနင္းခဲ့ၿပီး ဒါဇင္ႏွင့္ခ်ီေသာ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားႏွင့္ ႏိုင္ငံျခားသားမ်ားကို ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
အဆိုပါအြန္လိုင္းလိမ္လည္မႈစင္တာသည္ လိုင္စင္ရအြန္လိုင္းဂိမ္းကုမၸဏီတစ္ခု၏ အသြင္အျပင္ျဖင့္ လည္ပတ္ေန ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ မနီလာၿမိဳ႕တြင္ရွိေသာ အဆိုပါအြန္လိုင္းလိမ္လည္မႈစင္တာကို ဝင္ေရာက္စီးနင္းမႈအတြင္း ဖမ္းဆီးခံရသည့္ ႏိုင္ငံျခားသား(၆၇)ဦးတြင္ တ႐ုတ္ႏိုင္ငံသား(၅၈)ဦး၊ မေလးရွား၊ ျမန္မာ၊ အင္ဒိုနီးရွား ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔မွ လူမ်ားပါဝင္ေၾကာင္း သိရသည္။

အဆိုပါဝင္ေရာက္စီးနင္းမႈအတြင္း ဖိလစ္ပိုင္ႏိုင္ငံသား(၃၂)ဦးကိုလည္း ဖမ္းဆီးမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ သည္။ ဖမ္းဆီးခံရသူမ်ားထဲတြင္ တ႐ုတ္ႏိုင္ငံသားမ်ားျဖစ္သည့္ အဆိုပါအြန္လိုင္းလိမ္လည္မႈစင္တာ၏ ပိုင္ရွင္ႏွင့္ မန္ေနဂ်ာတို႔လည္း ပါဝင္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ အဆိုပါ အြန္လိုင္းလိမ္လည္မႈစင္တာသည္ ဒစ္ဂ်စ္တယ္ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈ လိမ္လည္မႈစင္တာႏွင့္ အခ်စ္ေရးလိမ္လည္မႈစင္တာအျဖစ္ လုပ္ကိုင္ေနျခင္း ျဖစ္ၿပီး ဝန္ထမ္းမ်ားသည္ ၎တို႔စင္တာတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံေစရန္အတြက္ ခ်မ္းသာေသာ ေမာ္ဒယ္မ်ား အျဖစ္ ဟန္ေဆာင္ထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ဖမ္းဆီးခံရသည့္ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားက ၎တို႔သည္ လိမ္လည္သူမ်ားအျဖစ္ လုပ္ကိုင္ရန္ အတင္းအၾကပ္ ဖိအားေပးေစခိုင္းခံခဲ့ရျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕ကို ေျပာၾကားခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း လိမ္လည္သူမ်ားအျဖစ္လုပ္ကိုင္ရန္ ျငင္းဆိုမည္ဆိုပါက ဘယ္လိုအက်ိဳးဆက္မ်ား ရွိလာမည္ဆိုသည့္အခ်က္ကို ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ အေသးစိတ္ေဖာ္ျပထားျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.