ရေကြီးမြေပြိုမှုများကြောင့် အိန္ဒိယနိုင်ငံတွင် လူပေါင်း ၂၃ ဦးသေဆုံးထားကာ လူပေါင်း ၆၅၀၀၀ ကျော် နေရပ်စွန့်ခွာနေထိုင်နေရ

 336

ဂျန်ဇက် (NP News) - သြဂုတ် ၂၄

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသဖြစ်သော ထရီပူရာ ပြည်နယ်တွင် သြဂုတ် ၂၂ရက်က ဖြစ်ပွားခဲ့သော ရေကြီး၊ မြေပြိုမှုများဖြစ်ပွားနေခြင်းကြောင့် လူပေါင်း ၂၃ ဦးသေဆုံးကာ လူပေါင်း ၆၅၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း အိန္ဒိယအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယစစ်သားများသည် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ကာပြည်သူများ ဘေးကင်းစေရန် အတွက်နေရပ်စွန့်ခွာမှု များကို ကူညီလုပ်ကိုင်ပေးနေရကြောင်း သိရသည်။ ရေကြီးမှုများကြောင့် ရေများသည် လမ်းမများပေါ်တွင် အနည်းဆုံး ၃ ပေကျော်မြင့်တက်နေရာ ကားများ၊ ဘက်စ်ကားများ သွားလာရန် အခက်အခဲဖြစ်နေရကြောင်း အိန္ဒိယအာဏာပိုင်များက ပြောသည်။

အိန္ဒိယသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက လေးရက်ဆက်တိုက်မိုးရွာသွန်းမှုများကြောင့် မြစ်ရေလျှံမှုများ ဖြစ်ပွားခဲ့ကာ လူနေပတ်ဝန်းကျင်များအတွင်း ရေကြီးမှုများ ထပ်မံဖြစ်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယကယ်ဆယ် ရေးသမားများသည် ရေကြီးမြေပြိုမှုဒဏ်ရင်ဆိုင်ခဲ့ရသောသူများကို သြဂုတ် ၂၂ ရက် ညပိုင်းကတည်းက ကူညီကယ်တင်ပေးခြင်းများရှိခဲ့ကြောင်း၊ သို့သော်လည်း မြစ်ရေမြင့်တက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အန္တရာယ်ရှိနေသည့်အခြေအနေမျိုးကို ဖြစ်လာစေခဲ့ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။

အိန္ဒိယအစိုးရတာဝန်ရှိသူများက နေရပ်စွန့်ခွာသူများကို ကယ်ဆယ်ရေးစခန်း ၄၅၀ ခုတွင် ထားရှိကြောင်း၊ ဖြစ်ပွား လျက်ရှိနေသည့် ရေကြီးမှုကြောင့် မွေးမြူရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦးများ နှင့် စိုက်ခင်းများ ထိခိုက် ပျက်စီးခြင်းများရှိနေရာ လူပေါင်း ၁ ဒသမ ၇ သန်းကျော်ကို သက်ရောက်မှုရှိလာစေခဲ့ကြောင်း ပြောသည်။ သေဆုံးသူအများစုသည် ရေကြီးပြီးနောက်ဖြစ်ပွားလာခဲ့သော မြေပြိုမှုများကြောင့်ဖြစ်ပြီး အချို့က ရွံ့နံရံများ ပြိုကျခဲ့ပြီးနောက် နစ်မြှုပ်သွားခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ အိန္ဒိယသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးတာဝန်ရှိသူ တစ်ဦးက ထပ်မံပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ ဂွန်တီမြစ်ရေကြီးမှုများကြောင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံတွင်လည်း ရေကြီးမှုဒဏ်ကို ရင်ဆိုင်နေရသလို ဘင်္ဂလားဒေရှ့်နိုင်ငံတွင်လည်း သက်ရောက်မှုများရှိနေပြီး သြဂုတ် ၂၂ ရက် ညပိုင်းက အနည်းဆုံး ကျေးရွာပေါင်း ၁၅ ရွာမှ မိသားစုပေါင်းရာချီကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ရေကာတာ တံခါးများကို ဖွင့်ချလိုက်ခြင်းကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းတွင် ရေကြီးမှုများဖြစ်ပွားလာနေခြင်းမျိုးဖြစ် ကြောင်း စွပ်စွဲမှုများ ရှိနေသည်။

Zawgyi Version;






Related news

© 2021. All rights reserved.