ဂျာမနိုင်ငံမှာ ကျင်းပနေတဲ့ပွဲတော်တစ်ခုအတွင်း ဓါးနဲ့တိုက်ခိုက်မှုဖြစ်ပွား
843
ဂျန်ဇက် (NP News) - သြဂုတ် ၂၄
ဂျာမနီနိုင်ငံ Solingen မြို့မှာ ကျင်းပခဲ့တဲ့ ပွဲတော်တစ်ခုအတွင်း သြဂုတ် ၂၃ ရက်က ဓါးနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၃ ဦးသေဆုံးကာ ၄ဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ ဂျာမနီနိုင်ငံ Solingen မြို့လယ်ခေါင်မှာ ကျင်းပတဲ့ ပွဲတော်တစ်ခုအတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဓါးနဲ့တိုက်ခိုက်သူဟာ လူအုပ်ကြားထဲကနေ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဂျာမနီရဲတပ်ဖွဲ့ဟာ ရဟတ်ယာဉ်တွေအသုံးပြုပြီး မြို့အပေါ်က လည်ပတ်ကြည့်ရှုကာ ဓါးခုတ်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ မြို့အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့တွေဟာ Fronhof ဈေး ပတ်ဝန်းကျင်နားမှာ အမြန်ဆုံးထွက်ခွာဖို့ ဒေသခံတွေကိုတိုက်တွန်းပြောဆိုထားကြောင်း သိရပါတယ်။
ဂျာမနီအာဏာပိုင်တွေဟာ ဓါးခုတ်မှုကျူးလွန်သူကို စုံစမ်းဖမ်းဆီးနိုင်ဖို့ နည်းပညာသုံးစစ်ကား အစင်း ၄၀ စေလွှတ် ပြီး အဲဒီကားတွေကိုဂျာမနီအထူးတပ်ဖွဲ့ဝင်များ အမိန့်ပေးကွပ်ကွဲမှာဖြစ်ကြောင်း ပြောပါတယ်။
ဂျာမနီရဲတပ်ဖွဲ့ဟာ လမ်းတွေ ပိတ်ဆို့ထားပြီ ဒေသခံတွေကို အိမ်ထဲမှာသာနေထိုင်ဖို့ နဲ့ အိမ်အပြင်မထွက်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ပွဲတော်ကျင်းပရေးတာဝန်ရှိသူတစ်ဦးက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ဟာ ဓါးနဲ့တိုက်ခိုက်ခံရတဲ့ လူ ၉ ဦးကို အသက်အရှင်သန်စေဖို့ ကြိုးပမ်းခဲ့ရကြောင်း ဓါးနဲ့ ရုတ်တရက် အတိုက်ခိုက်ခံရခြင်းကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ရကြောင်း ပြောပါတယ်။
Zawgyi Version;
ဂ်ာမႏိုင္ငံမွာ က်င္းပေနတဲ့ပြဲေတာ္တစ္ခုအတြင္း ဓါးနဲ႔တိုက္ခိုက္မႈျဖစ္ပြား
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၄
ဂ်ာမနီႏိုင္ငံ Solingen ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ပြဲေတာ္တစ္ခုအတြင္း ၾသဂုတ္ ၂၃ ရက္က ဓါးနဲ႔တိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး ၃ ဦးေသဆုံးကာ ၄ဦးဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါတိုက္ခိုက္မႈဟာ ဂ်ာမနီႏိုင္ငံ Solingen ၿမိဳ႕လယ္ေခါင္မွာ က်င္းပတဲ့ ပြဲေတာ္တစ္ခုအတြင္းျဖစ္ပြားခဲ့တာျဖစ္ၿပီး ဓါးနဲ႔တိုက္ခိုက္သူဟာ လူအုပ္ၾကားထဲကေန တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
ဂ်ာမနီရဲတပ္ဖြဲ႕ဟာ ရဟတ္ယာဥ္ေတြအသုံးျပဳၿပီး ၿမိဳ႕အေပၚက လည္ပတ္ၾကည့္ရႈကာ ဓါးခုတ္မႈက်ဴးလြန္ခဲ့သူကို ဖမ္းဆီးႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။ ၿမိဳ႕အာဏာပိုင္ေတြနဲ႔ ရဲတပ္ဖြဲ႕ေတြဟာ Fronhof ေဈး ပတ္ဝန္းက်င္နားမွာ အျမန္ဆုံးထြက္ခြာဖို႔ ေဒသခံေတြကိုတိုက္တြန္းေျပာဆိုထားေၾကာင္း သိရပါတယ္။
ဂ်ာမနီအာဏာပိုင္ေတြဟာ ဓါးခုတ္မႈက်ဴးလြန္သူကို စုံစမ္းဖမ္းဆီးႏိုင္ဖို႔ နည္းပညာသုံးစစ္ကား အစင္း ၄၀ ေစလႊတ္ ၿပီး အဲဒီကားေတြကိုဂ်ာမနီအထူးတပ္ဖြဲ႕ဝင္မ်ား အမိန႔္ေပးကြပ္ကြဲမွာျဖစ္ေၾကာင္း ေျပာပါတယ္။
ဂ်ာမနီရဲတပ္ဖြဲ႕ဟာ လမ္းေတြ ပိတ္ဆို႔ထားၿပီ ေဒသခံေတြကို အိမ္ထဲမွာသာေနထိုင္ဖို႔ နဲ႔ အိမ္အျပင္မထြက္ဖို႔ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။ ပြဲေတာ္က်င္းပေရးတာဝန္ရွိသူတစ္ဦးက အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕ေတြ ဟာ ဓါးနဲ႔တိုက္ခိုက္ခံရတဲ့ လူ ၉ ဦးကို အသက္အရွင္သန္ေစဖို႔ ႀကိဳးပမ္းခဲ့ရေၾကာင္း ဓါးနဲ႔ ႐ုတ္တရက္ အတိုက္ခိုက္ခံရျခင္းေၾကာင့္ အံ့အားသင့္တုန္လႈပ္ခဲ့ရေၾကာင္း ေျပာပါတယ္။