ရန်ကုန်မြစ်ဝတွင် ဆီတင်သင်္ဘော (၆)စင်း အသင့်ရောက်ရှိနေပြီး နိုင်ငံတစ် ဝန်း စက်သုံးဆီအရောင်းဆိုင် (၃၀၀၀)ကျော်ကို တိုးမြှင့်ဖြန့်ဖြူးပေးနေဟုဆို
2895
မြူနစ် (NP News) - သြဂုတ် ၂၄
ရန်ကုန်မြစ်ဝတွင် ဆီတင်သင်္ဘော(၆)စင်း အသင့်ရှောက်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်(၃၀၀၀)ကျော်ကို တိုးမြှင့်ဖြန့်ဖြူးပေးနေကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။
သြဂုတ် ၂၂ ရက်နေ့တွင် ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘော (၆)စင်းရောက်ရှိကာ အသင့်စောင့်ဆိုင်းနေလျက်ရှိပြီး သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်း သင်္ဘော(၄)စင်းရောက်ရှိဆိုက်ကပ်ကာ ဒီဇယ်ဆီတန် (၇၀၀၀၀)ကျော် နှင့် ဓာတ်ဆီတန်(၁၁၀၀၀)ကျော်ကို သိုလှောင်ကန်များတွင် ဖြည့်တင်းနေကြောင်း သိရသည်။
ထို့ပြင် ထပ်မံဝင်ရောက်လာမည့် ဆီတင်သင်္ဘောများသည်လည်း အစီအစဉ်အတိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေ သကဲ့သို့ တိုင်းနှင့် ပြည်နယ်များကို ပို့ဆောင်မည့် ဆီတင်ယာဉ်များကိုလည်း အချိန်မီထွက်ခွာနိုင်ရေး ဆီဖြည့်တင်းပေးမှုများကို ကြီးကြပ်လုပ်ဆောင်နေကြောင်း နစကဘက်က အသိပေးထားသည်။
လတ်တလောကာလအတွင်း၌ နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ပုံမှန်ထက် အနည်းငယ်နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှု မရှိစေရေးအတွက် မန္တလေးတိုင်းအတွင်းရှိ ဆီဆိုင် (၇၀၀)ခန့်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီအရောင်းဆိုင် (၃၀၀၀)ကျော်ကို ဆီတင်ယာဉ် (၁၀၀၀)ကျော်ဖြင့် တိုးမြှင့်ဖြန့်ဖြူးပေးနေကြောင်းလည်း နစကဘက်က ဆိုသည်။
ထို့ပြင် လိုအပ်လျက်ရှိနေသော စက်သုံးဆီအရောင်းဆိုင်များသို့ အရေးပေါ်နှင့် အထူးအစီအစဉ်တို့ဖြင့်လည်း ထပ်တိုးဖြန့်ဖြူးပေးနေကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံအတွင်းသို့ ပြည်ပမှစက်သုံးဆီများ အဆက်မပြတ်ဝင်ရောက်နေလျက်ရှိသည့်အတွက် ကောလာဟလ သတင်းများကို ပြည်သူများအနေဖြင့် ယုံကြည်မှုမရှိဘဲ လိုအပ်သလောက်သာ ဝယ်ယူကြရန် နစကဘက်က တိုက်တွန်းထားသည်။
zawgyi version
ရန္ကုန္ျမစ္ဝတြင္ ဆီတင္သေဘၤာ (၆)စင္း အသင့္ေရာက္ရွိေနၿပီး ႏိုင္ငံတစ္ ဝန္း စက္သုံးဆီအေရာင္းဆိုင္ (၃၀၀၀)ေက်ာ္ကို တိုးျမႇင့္ျဖန႔္ျဖဴးေပးေနဟုဆို
ျမဴနစ္ (NP News) - ၾသဂုတ္ ၂၄
ရန္ကုန္ျမစ္ဝတြင္ ဆီတင္သေဘၤာ(၆)စင္း အသင့္ေရွာက္ရွိေနၿပီး ႏိုင္ငံတစ္ဝန္းရွိ စက္သုံးဆီအေရာင္းဆိုင္(၃၀၀၀)ေက်ာ္ကို တိုးျမႇင့္ျဖန႔္ျဖဴးေပးေနေၾကာင္း နစကဘက္က သတင္းထုတ္ျပန္ထားသည္။
ၾသဂုတ္ ၂၂ ရက္ေန႔တြင္ ရန္ကုန္ျမစ္ဝ Pilot ၌ ဆီတင္သေဘၤာ (၆)စင္းေရာက္ရွိကာ အသင့္ေစာင့္ဆိုင္းေနလ်က္ရွိၿပီး သီလဝါဆိပ္ကမ္းေဒသရွိ Jetty မ်ားတြင္လည္း သေဘၤာ(၄)စင္းေရာက္ရွိဆိုက္ကပ္ကာ ဒီဇယ္ဆီတန္ (၇၀၀၀၀)ေက်ာ္ ႏွင့္ ဓာတ္ဆီတန္(၁၁၀၀၀)ေက်ာ္ကို သိုေလွာင္ကန္မ်ားတြင္ ျဖည့္တင္းေနေၾကာင္း သိရသည္။
ထို႔ျပင္ ထပ္မံဝင္ေရာက္လာမည့္ ဆီတင္သေဘၤာမ်ားသည္လည္း အစီအစဥ္အတိုင္း ဝင္ေရာက္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေန သကဲ့သို႔ တိုင္းႏွင့္ ျပည္နယ္မ်ားကို ပို႔ေဆာင္မည့္ ဆီတင္ယာဥ္မ်ားကိုလည္း အခ်ိန္မီထြက္ခြာႏိုင္ေရး ဆီျဖည့္တင္းေပးမႈမ်ားကို ႀကီးၾကပ္လုပ္ေဆာင္ေနေၾကာင္း နစကဘက္က အသိေပးထားသည္။
လတ္တေလာကာလအတြင္း၌ ႏိုင္ငံအႏွံ႔အျပားတြင္ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ လမ္းခရီးအေျခအေနအရ စက္သုံးဆီမ်ား သယ္ယူပို႔ေဆာင္ရာတြင္ ပုံမွန္ထက္ အနည္းငယ္ေႏွာင့္ေႏွးမႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။
စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ဆီျပတ္လပ္မႈ မရွိေစေရးအတြက္ မႏၲေလးတိုင္းအတြင္းရွိ ဆီဆိုင္ (၇၀၀)ခန႔္အပါအဝင္ ႏိုင္ငံတစ္ဝန္း စက္သုံးဆီအေရာင္းဆိုင္ (၃၀၀၀)ေက်ာ္ကို ဆီတင္ယာဥ္ (၁၀၀၀)ေက်ာ္ျဖင့္ တိုးျမႇင့္ျဖန႔္ျဖဴးေပးေနေၾကာင္းလည္း နစကဘက္က ဆိုသည္။
ထို႔ျပင္ လိုအပ္လ်က္ရွိေနေသာ စက္သုံးဆီအေရာင္းဆိုင္မ်ားသို႔ အေရးေပၚႏွင့္ အထူးအစီအစဥ္တို႔ျဖင့္လည္း ထပ္တိုးျဖန႔္ျဖဴးေပးေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ႏိုင္ငံအတြင္းသို႔ ျပည္ပမွစက္သုံးဆီမ်ား အဆက္မျပတ္ဝင္ေရာက္ေနလ်က္ရွိသည့္အတြက္ ေကာလာဟလ သတင္းမ်ားကို ျပည္သူမ်ားအေနျဖင့္ ယုံၾကည္မႈမရွိဘဲ လိုအပ္သေလာက္သာ ဝယ္ယူၾကရန္ နစကဘက္က တိုက္တြန္းထားသည္။