ယူဂန်ဒါနိုင်ငံမှာ mpox ဗိုင်းရပ်စ်ကူးစက်မှုအသစ်နှစ်ခု တွေ့ရှိ

 248

ရောင်နီ (NP News) - သြဂုတ် ၂၅

ယူဂန်ဒါနိုင်ငံမှာ mpox ဗိုင်းရပ်စ်ကူးစက်မှုအသစ် နှစ်ခု အတည်ပြုတွေ့ရှိလာခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်လူနာ လေးဦးအထိ တိုးလာပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

အခုတွေ့ရှိတဲ့ လူနာသစ်နှစ်ဦးဟာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုကို ဖြစ်စေတဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်အခြေအနေကြေညာထားတဲ့၊ အန္တရာယ်ရှိ clade 1b mpox ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူးချုပ် ဟင်နရီမော်ဘီဆာက ပြောကြားပါ တယ်။
အဆိုပါ လူနာ ၂ ဦးကို mpox ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံနဲ့ နယ်စပ်အနီးမှာရှိတဲ့ဆေးရုံတစ်ရုံမှာ ဓာတ်ခွဲစမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ လူနာတစ်ဦးဟာ ထရပ်ကား မောင်းသူဖြစ်ပြီး ဒုတိယလူနာရဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ လူနာနှစ်ဦးလုံးကို မြို့တော် ကမ်ပါလာ တောင်ဘက် ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာ အင်တက်ဘီရှိ ဆေးရုံမှာ သီးခြားခွဲထားတယ်လို့ သိရပါတယ်။

Mpox ဗိုင်းရပ်စ်ဟာ တုပ်ကွေးလက္ခဏာတွေနဲ့ အဖုအပိန့်အနာဒဏ်ရာတွေကိုဖြစ်စေပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်ပါတယ်။ ကိုဗစ်လိုတော့ လေထဲကတဆင့် မကူးစက်နိုင်ပေမယ့် အသားချင်း ထိတွေ့မှု၊ လိင်ဆက်ဆံမှုတို့မှ ကူးစက်နိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
ယူဂန္ဒါႏိုင္ငံမွာ mpox ဗိုင္းရပ္စ္ကူးစက္မႈအသစ္ႏွစ္ခု ေတြ႕ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၅

ယူဂန္ဒါႏိုင္ငံမွာ mpox ဗိုင္းရပ္စ္ကူးစက္မႈအသစ္ ႏွစ္ခု အတည္ျပဳေတြ႕ရွိလာခဲ့ၿပီး စုစုေပါင္း ေရာဂါျဖစ္လူနာ ေလးဦးအထိ တိုးလာၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဆိုပါတယ္။

အခုေတြ႕ရွိတဲ့ လူနာသစ္ႏွစ္ဦးဟာ ကမာၻလုံးဆိုင္ရာ စိုးရိမ္ပူပန္မႈကို ျဖစ္ေစတဲ့၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က အေရးေပၚအေျခအေနေၾကညာထားတဲ့၊ အႏၲရာယ္ရွိ clade 1b mpox ဗိုင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရတာျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန၊ က်န္းမာေရးဝန္ေဆာင္မႈဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဟင္နရီေမာ္ဘီဆာက ေျပာၾကားပါ တယ္။
အဆိုပါ လူနာ ၂ ဦးကို mpox ဗိုင္းရပ္စ္ကူးစက္မႈေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားေနတဲ့ ကြန္ဂိုဒီမိုကရက္တစ္သမၼတ ႏိုင္ငံနဲ႔ နယ္စပ္အနီးမွာရွိတဲ့ေဆး႐ုံတစ္႐ုံမွာ ဓာတ္ခြဲစမ္းသပ္ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။ လူနာတစ္ဦးဟာ ထရပ္ကား ေမာင္းသူျဖစ္ၿပီး ဒုတိယလူနာရဲ႕အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ လူနာႏွစ္ဦးလုံးကို ၿမိဳ႕ေတာ္ ကမ္ပါလာ ေတာင္ဘက္ ကီလိုမီတာ ၅၀ (၃၁ မိုင္) အကြာ အင္တက္ဘီရွိ ေဆး႐ုံမွာ သီးျခားခြဲထားတယ္လို႔ သိရပါတယ္။

Mpox ဗိုင္းရပ္စ္ဟာ တုပ္ေကြးလကၡဏာေတြနဲ႔ အဖုအပိန႔္အနာဒဏ္ရာေတြကိုျဖစ္ေစၿပီး အသက္အႏၲရာယ္ကိုပါ ထိခိုက္ႏိုင္တဲ့ ဗိုင္းရပ္စ္တမ်ိဳးျဖစ္ပါတယ္။ ကိုဗစ္လိုေတာ့ ေလထဲကတဆင့္ မကူးစက္ႏိုင္ေပမယ့္ အသားခ်င္း ထိေတြ႕မႈ၊ လိင္ဆက္ဆံမႈတို႔မွ ကူးစက္ႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.