ယူကရိန်းက ရုရှားကိုဖိအားပေးနိုင်မယ့် လက်နက်စနစ်အသစ်ကိုအောင်မြင်စွာ ဖန်တီးနိုင်ခဲ့ဟုဆို

 2765

ဂျန်ဇက် (NP News) - သြဂုတ် ၂၅

ယူကရိန်းသမ္မတဇီလန်စကီးက ၎င်းတို့ဟာ ရုရှားတပ်ဖွဲ့တွေကို ပိုင်နက်နယ်မြေအတွင်းက မောင်းထုတ်နိုင်ဖို့ "drone missile" ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတဟာ ယူကရိန်းနိုင်ငံရဲ့ ၃၃ နှစ်ပြည့် လွတ်လပ်ရေးအခမ်းအနားမှာ အဲဒီ လက်နက်အသစ် အကြောင်းကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ယူကရိန်းသမ္မတဟာ အဲဒီလက်နက်စနစ်အသစ်ကို အသုံးပြုပြီး ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပေမယ့် ဘယ်နေရာကို တိုက်ခိုက်ခဲ့သလဲဆိုတဲ့အချက်ကို အတိအကျပြောဆိုခြင်းမျိုး မရှိခဲ့ပါဘူး။

အဲဒီ "drone missile" မှာ ဒရုန်းတစ်စင်းနဲ့ ဒုံးကျည်တစ်စင်းတို့ရဲ့နည်းဗျူဟာ နဲ့ နည်းပညာဆိုင်ရာ ဝိသေသ လက္ခဏာများ ပါဝင်ပြီး နှစ်မျိုးစလုံးကို ပေါင်းစပ်လုပ်ကိုင်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရုရှားရဲ့စစ်ရေးပစ်မှတ်တွေကို ပိုမိုတိုက်ခိုက်နိုင်ဖို့ အဲဒီ drone missile" စနစ်တွေကို အရှိန်မြင့်ထုတ်လုပ်သွားမယ်လို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၂ နှစ်ကျော်လာနေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ် ရပ်စဲရေး ရယူနိုင်ခြင်းမျိုးမရှိသေးဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရာ နှစ်ဖက်စလုံးက လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ ရုရှားမီဒီယာတွေကတော့ သမ္မတပူတင်ဟာ ၎င်းတို့ပိုင်နက်တွေကို တိုက်ခိုက်လာ တဲ့ ယူကရိန်းစစ်သားတွေကို အရှိန်မြင့်တိုက်ခိုက်သွားဖို့ အမိန့်ပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းက ႐ုရွားကိုဖိအားေပးႏိုင္မယ့္ လက္နက္စနစ္အသစ္ကိုေအာင္ျမင္စြာ ဖန္တီးႏိုင္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၅

ယူကရိန္းသမၼတဇီလန္စကီးက ၎တို႔ဟာ ႐ုရွားတပ္ဖြဲ႕ေတြကို ပိုင္နက္နယ္ေျမအတြင္းက ေမာင္းထုတ္ႏိုင္ဖို႔ "drone missile" ကို ေအာင္ျမင္စြာ တီထြင္ႏိုင္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ယူကရိန္းသမၼတဟာ ယူကရိန္းႏိုင္ငံရဲ႕ ၃၃ ႏွစ္ျပည့္ လြတ္လပ္ေရးအခမ္းအနားမွာ အဲဒီ လက္နက္အသစ္ အေၾကာင္းကို ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ ယူကရိန္းသမၼတဟာ အဲဒီလက္နက္စနစ္အသစ္ကို အသုံးျပဳၿပီး ႐ုရွားတပ္ဖြဲ႕ေတြကို တိုက္ခိုက္ရာမွာ ေအာင္ျမင္စြာတိုက္ခိုက္ႏိုင္ခဲ့တယ္လို႔ ေျပာဆိုထားေပမယ့္ ဘယ္ေနရာကို တိုက္ခိုက္ခဲ့သလဲဆိုတဲ့အခ်က္ကို အတိအက်ေျပာဆိုျခင္းမ်ိဳး မရွိခဲ့ပါဘူး။

အဲဒီ "drone missile" မွာ ဒ႐ုန္းတစ္စင္းနဲ႔ ဒုံးက်ည္တစ္စင္းတို႔ရဲ႕နည္းဗ်ဴဟာ နဲ႔ နည္းပညာဆိုင္ရာ ဝိေသသ လကၡဏာမ်ား ပါဝင္ၿပီး ႏွစ္မ်ိဳးစလုံးကို ေပါင္းစပ္လုပ္ကိုင္ထားျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ ယူကရိန္း ကာကြယ္ေရးဝန္ႀကီးဌာနကလည္း ႐ုရွားရဲ႕စစ္ေရးပစ္မွတ္ေတြကို ပိုမိုတိုက္ခိုက္ႏိုင္ဖို႔ အဲဒီ drone missile" စနစ္ေတြကို အရွိန္ျမင့္ထုတ္လုပ္သြားမယ္လို႔ ေျပာပါတယ္။
႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ အခ်ိန္ ၂ ႏွစ္ေက်ာ္လာေနေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ ရပ္စဲေရး ရယူႏိုင္ျခင္းမ်ိဳးမရွိေသးဘဲ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနရာ ႏွစ္ဖက္စလုံးက လူသစ္စုေဆာင္းမႈေတြ လုပ္ေဆာင္ေနရဆဲျဖစ္ပါတယ္။ ႐ုရွားမီဒီယာေတြကေတာ့ သမၼတပူတင္ဟာ ၎တို႔ပိုင္နက္ေတြကို တိုက္ခိုက္လာ တဲ့ ယူကရိန္းစစ္သားေတြကို အရွိန္ျမင့္တိုက္ခိုက္သြားဖို႔ အမိန႔္ေပးထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.