မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းမှာ သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦး ကားမောင်းနေရင်း ပစ်သတ်ခံရ

 428

ရောင်နီ (NP News) - သြဂုတ် ၂၅

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း အဝေးပြေးလမ်းမမှာ မော်တော်ကား မောင်းနှင်လာတဲ့ အရီဇိုးနားပြည်နယ်ဒေသခံ သက်ကြီးအမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသဆိုင်ရာအစိုးရရှေ့နေတွေက သောကြာနေ့ (ဩဂုတ်လ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။

အသက် ၇၂ နှစ်အရွယ် အန်နီဒီနာအမည်ရှိ အမျိုးသမီး နဲ့ အသက် ၈၂ နှစ်အရွယ် အူဘာလ်ဒီနာ အမည်ရှိ အမျိုးသမီး ရဲ့ သေနတ်ထိမှန်ထားတဲ့အလောင်းတွေကို အဝေးပြေးလမ်းမဘေးမှာ ရပ်တန့်နေတဲ့အဖြူရောင် Nissan Pathfinder ကားထဲမှာ တွေ့ခဲ့တယ်လို့ ပြည်နယ်အစိုးရရှေ့နေတွေက ပြောပါတယ်။ အဆိုပါ အမျိုးသမီး ၂ ဦးလုံး ဟာ အမေရိကန်-မက္ကဆီကိုနိုင်ငံသားတွေဖြစ်ကြပြီး ကာဘိုကာဇာတိဖြစ်ကြတယ်လို့ အစိုးရရှေ့နေတွေက ဆိုပါ တယ်။ သူတို့ ဘာကြောင့် တိုက်ခိုက်ခံရလဲဆိုတဲ့အကြောင်းအရင်းတော့ မသိရသေးပါဘူး။

အခင်းဖြစ်ပွားရာနေရာ အဝေးပြေးလမ်းမဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို လူကုန်ကူးမှု နာမည်ဆိုးနဲ့ ကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံ ေျမာက္ပိုင္းမွာ သက္ႀကီး႐ြယ္အို အမ်ိဳးသမီးႏွစ္ဦး ကားေမာင္းေနရင္း ပစ္သတ္ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၅

မကၠဆီကိုႏိုင္ငံေျမာက္ပိုင္း အေဝးေျပးလမ္းမမွာ ေမာ္ေတာ္ကား ေမာင္းႏွင္လာတဲ့ အရီဇိုးနားျပည္နယ္ေဒသခံ သက္ႀကီးအမ်ိဳးသမီးႏွစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း ေဒသဆိုင္ရာအစိုးရေရွ႕ေနေတြက ေသာၾကာေန႔ (ဩဂုတ္လ ၂၃ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

အသက္ ၇၂ ႏွစ္အ႐ြယ္ အန္နီဒီနာအမည္ရွိ အမ်ိဳးသမီး နဲ႔ အသက္ ၈၂ ႏွစ္အ႐ြယ္ အူဘာလ္ဒီနာ အမည္ရွိ အမ်ိဳးသမီး ရဲ႕ ေသနတ္ထိမွန္ထားတဲ့အေလာင္းေတြကို အေဝးေျပးလမ္းမေဘးမွာ ရပ္တန႔္ေနတဲ့အျဖဴေရာင္ Nissan Pathfinder ကားထဲမွာ ေတြ႕ခဲ့တယ္လို႔ ျပည္နယ္အစိုးရေရွ႕ေနေတြက ေျပာပါတယ္။ အဆိုပါ အမ်ိဳးသမီး ၂ ဦးလုံး ဟာ အေမရိကန္-မကၠဆီကိုႏိုင္ငံသားေတြျဖစ္ၾကၿပီး ကာဘိုကာဇာတိျဖစ္ၾကတယ္လို႔ အစိုးရေရွ႕ေနေတြက ဆိုပါ တယ္။ သူတို႔ ဘာေၾကာင့္ တိုက္ခိုက္ခံရလဲဆိုတဲ့အေၾကာင္းအရင္းေတာ့ မသိရေသးပါဘူး။

အခင္းျဖစ္ပြားရာေနရာ အေဝးေျပးလမ္းမဟာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို လူကုန္ကူးမႈ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ေနရာတစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.