ဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ်ခြင်းဆိုင်ရာအမျိုးသားညီလာခံကျင်းပရန် နစက ကို နိုင်ငံရေးပါတီများ တောင်းဆို

 1661

မြူနစ် (NP News) - သြဂုတ် ၂၅

ဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ်ခြင်းဆိုင်ရာအမျိုးသားညီလာခံ ကျင်းပရန် နစက၏ NSPNC ကို နိုင်ငံရေးပါတီများက တောင်းဆိုတင်ပြထားကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

၎င်းက ယနေ့(သြဂုတ်လ ၂၅ ရက်)တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ ကျင်းပသည့် ပြည်သူ့ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း၌ နေပြည်တော်တွင် နစကအစိုးရအဖွဲ့၏ NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက “ကျွန်တော်တို့က ထပ်ပြီး တင်ပြတယ်။ နောင်သင့်တော်တဲ့ အချိန်မှာ အကယ်၍ ရွေးကောက်ပွဲတွေ၊ ဘာတွေဖြစ်သွားပြီးတော့ လွှတ်တော်ပေါ်လာပြီးတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ်ခြင်းဆိုင်ရာအမျိုးသားညီလာခံ ကျင်းပဖို့ ဒီပွဲမှာ ကျွန်တော်တို့ အဆိုပြုခဲ့တယ်။ အဲဒါကြတော့ ပါတီတွေချည်းပဲ မဟုတ်တော့ဘူး။ အရင်တုန်းကဆိုရင် လက်နက် ကိုင်တွေလည်း ပါတယ်။ တတ်သိပညာရှင်တွေလည်း ပါတယ်။ ပါပြီးတော့ ပြည်ထောင်စုသဘောတူညီချက်တွေရဖို့ လုပ်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေချည်ပဲ သက်သက်မဟုတ်ဘူး။ အဲဒီလိုမျိုး ကျယ်ပြန့်တဲ့ ညီလာခံတစ်ခု၊ ပြောရရင် ဖွဲ့စည်းပုံပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံတစ်ခု။ ဒါကတော့ အချိန်ကို အတိအကျသတ်မှတ်လို့ မရသေးပေမဲ့ သင့်တော်တဲ့အချိန်မှာ ဒါကို ကျင်းပခြင်းအားဖြင့် အခုဒီဆွေးနွေးပွဲမှာ မပါသေးတဲ့ ပုဂ္ဂိုလ်တွေ ပါပြီးတော့ ကျယ်ပြန့်တဲ့ ဆွေးနွေးမှုဖြစ်ဖို့ ကျွန်တော်တို့ အဆိုပြုခဲ့တယ်” ဟု ပြောသည်။

ယင်းကဲ့သို့ နိုင်ငံရေးပါတီများအစုအဖွဲ့ဘက်က တင်ပြတောင်းဆိုမှုအပေါ် နစက၏ NSPNC ဘက်ကလည်း တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမျိုး မရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

zawgyi version
ဖြဲ႕စည္းပုံအေျခခံဥပေဒသုံးသပ္ျခင္းဆိုင္ရာအမ်ိဳးသားညီလာခံက်င္းပရန္ နစက ကို ႏိုင္ငံေရးပါတီမ်ား ေတာင္းဆို

ျမဴနစ္ (NP News) - ၾသဂုတ္ ၂၅

ဖြဲ႕စည္းပုံအေျခခံဥပေဒသုံးသပ္ျခင္းဆိုင္ရာအမ်ိဳးသားညီလာခံ က်င္းပရန္ နစက၏ NSPNC ကို ႏိုင္ငံေရးပါတီမ်ားက ေတာင္းဆိုတင္ျပထားေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။

၎က ယေန႔(ၾသဂုတ္လ ၂၅ ရက္)တြင္ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္၌ က်င္းပသည့္ ျပည္သူ႔ပါတီဆိုင္းဘုတ္တင္ပြဲႏွင့္ ႐ုံးဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ယခုရက္ပိုင္းအတြင္း၌ ေနျပည္ေတာ္တြင္ နစကအစိုးရအဖြဲ႕၏ NSPNC ႏွင့္ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။

အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲႏွင့္ပတ္သက္၍ ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးက “ကြၽန္ေတာ္တို႔က ထပ္ၿပီး တင္ျပတယ္။ ေနာင္သင့္ေတာ္တဲ့ အခ်ိန္မွာ အကယ္၍ ေ႐ြးေကာက္ပြဲေတြ၊ ဘာေတြျဖစ္သြားၿပီးေတာ့ လႊတ္ေတာ္ေပၚလာၿပီးတဲ့အခ်ိန္မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒသုံးသပ္ျခင္းဆိုင္ရာအမ်ိဳးသားညီလာခံ က်င္းပဖို႔ ဒီပြဲမွာ ကြၽန္ေတာ္တို႔ အဆိုျပဳခဲ့တယ္။ အဲဒါၾကေတာ့ ပါတီေတြခ်ည္းပဲ မဟုတ္ေတာ့ဘူး။ အရင္တုန္းကဆိုရင္ လက္နက္ ကိုင္ေတြလည္း ပါတယ္။ တတ္သိပညာရွင္ေတြလည္း ပါတယ္။ ပါၿပီးေတာ့ ျပည္ေထာင္စုသေဘာတူညီခ်က္ေတြရဖို႔ လုပ္တဲ့ေနရာမွာ ႏိုင္ငံေရးပါတီေတြခ်ည္ပဲ သက္သက္မဟုတ္ဘူး။ အဲဒီလိုမ်ိဳး က်ယ္ျပန႔္တဲ့ ညီလာခံတစ္ခု၊ ေျပာရရင္ ဖြဲ႕စည္းပုံျပန္လည္သုံးသပ္ျခင္းဆိုင္ရာ အမ်ိဳးသားညီလာခံတစ္ခု။ ဒါကေတာ့ အခ်ိန္ကို အတိအက်သတ္မွတ္လို႔ မရေသးေပမဲ့ သင့္ေတာ္တဲ့အခ်ိန္မွာ ဒါကို က်င္းပျခင္းအားျဖင့္ အခုဒီေဆြးေႏြးပြဲမွာ မပါေသးတဲ့ ပုဂၢိဳလ္ေတြ ပါၿပီးေတာ့ က်ယ္ျပန႔္တဲ့ ေဆြးေႏြးမႈျဖစ္ဖို႔ ကြၽန္ေတာ္တို႔ အဆိုျပဳခဲ့တယ္” ဟု ေျပာသည္။

ယင္းကဲ့သို႔ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ဘက္က တင္ျပေတာင္းဆိုမႈအေပၚ နစက၏ NSPNC ဘက္ကလည္း တစ္စုံတစ္ရာ ကန႔္ကြက္ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

Picture

Nay Win

25/08/2024 17:43

ကောင်တယ်လို့ပဲပြောရမယ်

Related news

© 2021. All rights reserved.