နယ်စပ်မှာ ဖြန့်ကျက်ချထားတဲ့ တပ်ဖွဲ့တွေနဲ့စစ်လက်နက်ပစ္စည်းတွေကို ရုတ်သိမ်းပေးဖို့ ဘီလာရုစ်အစိုးရကို ယူကရိန်းတိုက်တွန်း
2095
Pika (NP News) - ဩဂုတ် ၂၆
ယူကရိန်းနယ်စပ်မှာတပ်စွဲထားတဲ့ ဘီလာရုစ်တပ်ဖွဲ့တွေနဲ့ စစ်လက်နက် ပစ္စည်းကိရိယာတွေကို ရုတ်သိမ်းပေးဖို့ ဘီလာရုစ်အစိုးရကို ယူကရိန်းအစိုးရက ဩဂုတ်လ(၂၅)ရက်နေ့မှာ တိုက်တွန်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။
ရုရှားအစိုးရရဲ့ ဖိအားပေးမှုတွေအောက်မှာ ဝမ်းနည်းစရာတွေဖြစ်လာမယ့်အမှားတွေကို မပြုလုပ်ကြဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘီလာရုစ်အစိုးရကို သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဘီလာရုစ်လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖော်ရွေမှုမရှိတဲ့လုပ်ရပ်တွေလုပ်နေတာကနေ ရပ်တန့်ဖို့နဲ့ ယူကရိန်းနယ်စပ်မှာရှိတဲ့ ၎င်းတို့ရဲ့တပ်ဖွဲ့တွေကို ရုတ်သိမ်းပေးဖို့ တိုက်တွန်းထားတယ်လို့သိရပါတယ်။ ဒါ့ပြင် ယူကရိန်းနယ်စပ်မှာရှိတဲ့တပ်ဖွဲ့တွေထဲမှာ ဘီလာရုစ်အထူးတပ်ဖွဲ့တွေနဲ့ Wagner အဖွဲ့ကြေးစားစစ်သားဟောင်းတွေလည်း ပါဝင်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ မြောက်ပိုင်းနယ်စပ်အနီးမှာရှိတဲ့ ဂိုမယ်ဒေသမှာ ဖြန့်ကျက်ချ ထားတဲ့ ဘီလာရုစ်နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းကိရိယာတွေထဲမှာ တင့်ကားတွေ၊ အမြောက်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အင်ဂျင် နီယာပိုင်းဆိုင်ရာ ပစ္စည်းတွေပါဝင်တယ်လို့လည်း သိရပါတယ်။ သို့သော် လည်း ယူကရိန်းအစိုးရဟာ ဘီလာရုစ်ပြည်သူတွေအပေါ် ဖော်ရွေမှုမရှိတဲ့အရေးယူဆောင်ရွက်မှုတွေကို ဘယ်တော့မှလုပ်ဆောင်မှာမဟုတ်ဘူးလို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာရေးသား ဖော်ပြထားပါတယ်။ ဘီလာရုစ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ ယူကရိန်းတပ်ဖွဲ့ဝင်(၁၂၀၀၀၀)ကျော် တပ်စွဲထားတာမလို့ ဘီလာရုစ်အစိုးရဟာ ၎င်းတို့တပ်ဖွဲ့တွေရဲ့ သုံးပုံတစ်ပုံနီးပါးကို နယ်စပ်တစ်လျှောက်မှာ ဖြန့်ကျက်ချထားတယ်လို့ ဘီလာရုစ်သမ္မတလူကာရှန်ကိုက ပြီးခဲ့တဲ့ဩဂုတ်လ(၁၈)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းနဲ့ထိစပ်နေတဲ့နယ်စပ်ကို တိုက်လေယာဉ်တွေ၊လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သံချပ်ကာယာဉ်တွေစေလွှတ်ခဲ့တယ်လို့ ဘီလာရုစ်အစိုးရက ပြီးခဲ့တဲ့ဩဂုတ်လ(၁၉)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
zawgyi version
နယ္စပ္မွာ ျဖန႔္က်က္ခ်ထားတဲ့ တပ္ဖြဲ႕ေတြနဲ႔စစ္လက္နက္ပစၥည္းေတြကို ႐ုတ္သိမ္းေပးဖို႔ ဘီလာ႐ုစ္အစိုးရကို ယူကရိန္းတိုက္တြန္း
Pika (NP News) - ဩဂုတ္ ၂၆
ယူကရိန္းနယ္စပ္မွာတပ္စြဲထားတဲ့ ဘီလာ႐ုစ္တပ္ဖြဲ႕ေတြနဲ႔ စစ္လက္နက္ ပစၥည္းကိရိယာေတြကို ႐ုတ္သိမ္းေပးဖို႔ ဘီလာ႐ုစ္အစိုးရကို ယူကရိန္းအစိုးရက ဩဂုတ္လ(၂၅)ရက္ေန႔မွာ တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔သိရပါတယ္။
႐ုရွားအစိုးရရဲ႕ ဖိအားေပးမႈေတြေအာက္မွာ ဝမ္းနည္းစရာေတြျဖစ္လာမယ့္အမွားေတြကို မျပဳလုပ္ၾကဖို႔ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဘီလာ႐ုစ္အစိုးရကို သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ဘီလာ႐ုစ္လက္နက္ကိုင္တပ္ဖြဲ႕ေတြကို ေဖာ္ေ႐ြမႈမရွိတဲ့လုပ္ရပ္ေတြလုပ္ေနတာကေန ရပ္တန႔္ဖို႔နဲ႔ ယူကရိန္းနယ္စပ္မွာရွိတဲ့ ၎တို႔ရဲ႕တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းေပးဖို႔ တိုက္တြန္းထားတယ္လို႔သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းနယ္စပ္မွာရွိတဲ့တပ္ဖြဲ႕ေတြထဲမွာ ဘီလာ႐ုစ္အထူးတပ္ဖြဲ႕ေတြနဲ႔ Wagner အဖြဲ႕ေၾကးစားစစ္သားေဟာင္းေတြလည္း ပါဝင္တယ္လို႔ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းႏိုင္ငံ ေျမာက္ပိုင္းနယ္စပ္အနီးမွာရွိတဲ့ ဂိုမယ္ေဒသမွာ ျဖန႔္က်က္ခ် ထားတဲ့ ဘီလာ႐ုစ္ႏိုင္ငံရဲ႕ စစ္လက္နက္ပစၥည္းကိရိယာေတြထဲမွာ တင့္ကားေတြ၊ အေျမာက္ေတြ၊ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြနဲ႔ အင္ဂ်င္ နီယာပိုင္းဆိုင္ရာ ပစၥည္းေတြပါဝင္တယ္လို႔လည္း သိရပါတယ္။ သို႔ေသာ္ လည္း ယူကရိန္းအစိုးရဟာ ဘီလာ႐ုစ္ျပည္သူေတြအေပၚ ေဖာ္ေ႐ြမႈမရွိတဲ့အေရးယူေဆာင္႐ြက္မႈေတြကို ဘယ္ေတာ့မွလုပ္ေဆာင္မွာမဟုတ္ဘူးလို႔ ၎တို႔ရဲ႕ ထုတ္ျပန္ခ်က္မွာေရးသား ေဖာ္ျပထားပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံနဲ႔ထိစပ္ေနတဲ့ နယ္စပ္တစ္ေလွ်ာက္မွာ ယူကရိန္းတပ္ဖြဲ႕ဝင္(၁၂၀၀၀၀)ေက်ာ္ တပ္စြဲထားတာမလို႔ ဘီလာ႐ုစ္အစိုးရဟာ ၎တို႔တပ္ဖြဲ႕ေတြရဲ႕ သုံးပုံတစ္ပုံနီးပါးကို နယ္စပ္တစ္ေလွ်ာက္မွာ ျဖန႔္က်က္ခ်ထားတယ္လို႔ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုက ၿပီးခဲ့တဲ့ဩဂုတ္လ(၁၈)ရက္ေန႔မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းနဲ႔ထိစပ္ေနတဲ့နယ္စပ္ကို တိုက္ေလယာဥ္ေတြ၊ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ သံခ်ပ္ကာယာဥ္ေတြေစလႊတ္ခဲ့တယ္လို႔ ဘီလာ႐ုစ္အစိုးရက ၿပီးခဲ့တဲ့ဩဂုတ္လ(၁၉)ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။