နစကလက်ထက်တွင် သယံဇာတပစ္စည်းများထက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ပိုမိုတင်ပို့ခဲ့ဟုဆို

 487

ယွန်း (NP News) - သြဂုတ် ၂၆

နစကအစိုးရလက်ထက်တွင် သယံဇာတပစ္စည်းတင်ပို့ခြင်းထက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ပိုမိုတင်ပို့ခဲ့ကြောင်း နစကဥက္ကဋ္ဌက အသိပေး ပြောကြားထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်(၂၅)ရက်နေ့တွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းခဲ့ပြီး ပြည်ပပို့ကုန်နှင့် ပြည်ပသွင်းကုန်များတွင် ပြည်ပသွင်းကုန်များ ပိုမိုများပြားခဲ့ရာ နိုင်ငံခြားငွေလိုအပ်ချက်များဖြစ်ပေါ်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နစကအစိုးရတာဝန်ယူဆောင်ရွက်ချိန်တွင် သယံဇာတပစ္စည်းများ တတ်နိုင်သမျှတင်ပို့ခြင်းမရှိခဲ့ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် ထွက်ကုန်များကို ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် ကုန်ထုတ်လုပ် မှုများ တိုးတက်စေရေးနှင့် သီးထပ်စွမ်းအား အနည်းဆုံး (၂၀၀)ရာခိုင်နှုန်း တိုးတက်စေရေးဆောင်ရွက်ရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးတက်အောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်လိုပြီး အဓိကအားဖြင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အလားတူ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို မန္တလေး၊ စစ်ကိုင်း နှင့် မကွေးတို့၌ သီးထပ်စိုက်ပျိုးသွားရန်လိုပြီး မိုးစပါးစိုက်ပျိုးပြီးချိန်တွင် နေကြာစိုက်ပျိုးမည်ဆိုပါက မြစ်ရေတင်စီမံကိန်းများဖြင့် အောင်ရေရရှိအောင် စိုက်ပျိုးရန် နစကဥက္ကဋ္ဌက ဆိုထားသည်။

zawgyi version
နစကလက္ထက္တြင္ သယံဇာတပစၥည္းမ်ားထက္ စိုက္ပ်ိဳးေမြးျမဴေရးထြက္ကုန္မ်ားကို ပိုမိုတင္ပို႔ခဲ့ဟုဆို

ယြန္း (NP News) - ၾသဂုတ္ ၂၆

နစကအစိုးရလက္ထက္တြင္ သယံဇာတပစၥည္းတင္ပို႔ျခင္းထက္ စိုက္ပ်ိဳးေမြးျမဴေရးထြက္ကုန္မ်ားကို ပိုမိုတင္ပို႔ခဲ့ေၾကာင္း နစကဥကၠ႒က အသိေပး ေျပာၾကားထားသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၾသဂုတ္(၂၅)ရက္ေန႔တြင္ မႏၲေလးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပခဲ့သည့္ ေဒသဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

မိမိတို႔ႏိုင္ငံသည္ ေခတ္အဆက္ဆက္ ျပည္တြင္းကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား အားနည္းခဲ့ၿပီး ျပည္ပပို႔ကုန္ႏွင့္ ျပည္ပသြင္းကုန္မ်ားတြင္ ျပည္ပသြင္းကုန္မ်ား ပိုမိုမ်ားျပားခဲ့ရာ ႏိုင္ငံျခားေငြလိုအပ္ခ်က္မ်ားျဖစ္ေပၚခဲ့ေၾကာင္း နစကဥကၠ႒က ေျပာသည္။

ထို႔ျပင္ နစကအစိုးရတာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ သယံဇာတပစၥည္းမ်ား တတ္ႏိုင္သမွ်တင္ပို႔ျခင္းမရွိခဲ့ဘဲ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမွ ထြက္ရွိသည့္ ထြက္ကုန္မ်ားကို ပိုမိုတင္ပို႔ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ မိမိတို႔ေဒသအလိုက္ ကုန္ထုတ္လုပ္ မႈမ်ား တိုးတက္ေစေရးႏွင့္ သီးထပ္စြမ္းအား အနည္းဆုံး (၂၀၀)ရာခိုင္ႏႈန္း တိုးတက္ေစေရးေဆာင္႐ြက္ေရးအျပင္ ေမြးျမဴေရးလုပ္ငန္းမ်ားကိုလည္း တိုးတက္ေအာင္ေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းထားသည္။

ထို႔ျပင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ရန္လိုၿပီး အဓိကအားျဖင့္ စားေရရိကၡာဖူလုံေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို စနစ္တက်ျဖင့္ ေဆာင္႐ြက္ရန္ မွာၾကားခဲ့သည္။

အလားတူ စားသုံးဆီဖူလုံေရးအတြက္ ဆီထြက္သီးႏွံမ်ားကို မႏၲေလး၊ စစ္ကိုင္း ႏွင့္ မေကြးတို႔၌ သီးထပ္စိုက္ပ်ိဳးသြားရန္လိုၿပီး မိုးစပါးစိုက္ပ်ိဳးၿပီးခ်ိန္တြင္ ေနၾကာစိုက္ပ်ိဳးမည္ဆိုပါက ျမစ္ေရတင္စီမံကိန္းမ်ားျဖင့္ ေအာင္ေရရရွိေအာင္ စိုက္ပ်ိဳးရန္ နစကဥကၠ႒က ဆိုထားသည္။

Related news

© 2021. All rights reserved.