နိုင်ငံကို မူလအခြေအနေအတိုင်းပြန်လည်ရောက်ရှိရန် လုပ်မည်ဟု တပ်ချုပ်ပြော
18542
NP News - ဩဂုတ် ၂၆
နိုင်ငံကို မူလအခြေအနေအတိုင်းပြန်လည်ရောက်ရှိရန်အတွက် လုပ်ဆောင်သင့်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက ယမန်နေ့(ဩဂုတ်လ ၂၅ ရက်)၊ မွန်းလွဲပိုင်းက မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
တပ်မတော်သည် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့်ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံအားမူလအခြေအနေအတိုင်းပြန်လည်ရောက်ရှိရန်အတွက် လုပ်ဆောင်သင့်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်နှင့်လူမျိုးအပေါ် အမှန်တကယ်နားလည်သူများရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရှိရန် လိုကြောင်းကိုလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍လည်း ပြည်သူများပါဝင်သည့် လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့နောက် ပြည်သူ့လုံခြုံရေးစနစ်တွင် ပြည်သူများပါဝင်ပါက တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အ ထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း နစကမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ် နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား တာဝန်ပေးအပ်ထားပြီး ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ႏိုင္ငံကို မူလအေျခအေနအတိုင္းျပန္လည္ေရာက္ရွိရန္ လုပ္မည္ဟု တပ္ခ်ဳပ္ေျပာ
NP News - ဩဂုတ္ ၂၆
ႏိုင္ငံကို မူလအေျခအေနအတိုင္းျပန္လည္ေရာက္ရွိရန္အတြက္ လုပ္ေဆာင္သင့္သည္မ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
၎က ယမန္ေန႔(ဩဂုတ္လ ၂၅ ရက္)၊ မြန္းလြဲပိုင္းက မႏၲေလးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
တပ္မေတာ္သည္ ျပည္သူမ်ားလိုလားသည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ခိုင္မာစြာျဖင့္ဆက္လက္ရပ္တည္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ႏိုင္ငံအားမူလအေျခအေနအတိုင္းျပန္လည္ေရာက္ရွိရန္အတြက္ လုပ္ေဆာင္သင့္သည္မ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္အတြက္ ႏိုင္ငံေတာ္ႏွင့္လူမ်ိဳးအေပၚ အမွန္တကယ္နားလည္သူမ်ားရွိၿပီး ျပည္သူမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈမ်ားရွိရန္ လိုေၾကာင္းကိုလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
ျပည္သူ႔လုံၿခဳံေရးႏွင့္ပတ္သက္၍လည္း ျပည္သူမ်ားပါဝင္သည့္ လုံၿခဳံေရးစနစ္ကို ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။ ထို႔ေနာက္ ျပည္သူ႔လုံၿခဳံေရးစနစ္တြင္ ျပည္သူမ်ားပါဝင္ပါက တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ တရားဥပေဒစိုးမိုးမႈမ်ား ေကာင္းမြန္လာၿပီး ႏိုင္ငံ၏ ရည္မွန္းခ်က္ျဖစ္သည့္ စစ္မွန္၍စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို အေကာင္အ ထည္ေဖာ္ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္း နစက ဥကၠ႒က ဆိုသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း နစကမွ ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္ နင္းေရးဗဟိုႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕ကို စတင္ဖြဲ႕စည္းလိုက္ၿပီး ဥကၠ႒အျဖစ္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအား တာဝန္ေပးအပ္ထားၿပီး ဒုတိယဥကၠ႒ (၁)အျဖစ္ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး၊ ဒုတိယဥကၠ႒ (၂)အျဖစ္ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးတို႔က တာဝန္ယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။