ရုရှားပိုင်နက်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် ယူကရိန်းတပ်ဖွဲ့များကို တုံ့ပြန်တိုက်ခိုက်ရန် ရုရှားသမ္မတ အမိန့်ပေး
669
ဂျန်ဇက် (NP News) - ဩဂုတ် ၂၆
ရုရှားသမ္မတပူတင်သည် ရုရှားပိုင်နက် နယ်မြေဖြစ်သော Kursk ဒေသကို ကျူးကျော် တိုက်ခိုက်ခဲ့သော ယူကရိန်းတပ်ဖွဲ့ဝင်များကို တုံ့ပြန် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ထုတ်ဖော် ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံ အမတ်ကြီးက 'ကျွန်တော် အရိုးသားဆုံးပြောပြရမယ်ဆိုရင် ရုရှားသမ္မတပူတင်ဟာ ဆုံးဖြတ်ချက် ချမှတ်လိုက် တယ်။ ရုရှားနယ်စပ်ဒေသ Kursk မြို့ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့လုပ်ရပ်တွေကို ပြင်းထန်တဲ့အပြစ်ပေးမှုတွေ ပြန်လည်လုပ်ဆောင်မယ်လို့ ယုံကြည်ထားတယ်'ဟု ပြောသည်။ ယူကရိန်းသည် ဩဂုတ်(၆)ရက်နေ့ နောက်ပိုင်းတည်းက ရုရှားနယ် စပ်ဒေသမြို့ဖြစ်သော ုကမျု ဒေသသို့ စီးနင်းတိုက် ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး သီတင်းပတ် နှစ်ပတ်ကျော်အတွင်း ရုရှားပိုင်နက် (၁၃၀ဝ) စတုရန်းကီလိုမီတာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ပွဲအတွင်းမှ ရုရှားစစ်သား (၁၀ဝ)ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
ယူကရိန်းသည် အဆိုပါရုရှားပိုင်နက်များပိုမိုထိန်းချုပ်နိုင်ရန် အရှိန်မြင့် ကြိုးပမ်းနေရာ တိုက်ပွဲ များပိုမိုဖြစ်ပွားနေကြောင်း ဗြိတိန်အခြေစိုက် ဂါဒီးယမ်းသတင်းဌာနက ဖော်ပြထားသည်။ ယူကရိန်း သည် အသေခံဒရုန်းများ အသုံးပြုပြီး Kursk ဒေသရှိ အဓိက အရေးပါသောတံတားများကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ရာ တံတားသုံးစင်းဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က ရုရှားပိုင်နက်များကို တိုက်ခိုက်ခဲ့သော ယူကရိန်း၏ လုပ်ရပ်များသည် ရန်လိုသောလုပ်ရပ်ဖြစ်ပြီး သင့်တော်သည့် တုံ့ပြန်မှု များလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။ ယူကရိန်းသည် အရပ်သားများ၊ အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းအပြင် ရုရှား နျူကလီးယား အဆောက်အအုံများကို ခြိမ်းခြောက် လာမည်ဆိုလျှင် ယူကရိန်းနှင့်စေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်မည်မဟုတ်ကြောင်း ရုရှားသမ္မတပူတင်က ထပ်မံသတိပေးထားသည်။ ရုရှားမီဒီယာများက ရုရှား သမ္မတပူတင်သည် ရုရှားဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးထားပြီး Kursk ဒေသရှိသိမ်းပိုက်ခံ ထားရသောနေရာများကို အောက်တိုဘာ(၁)ရက်နေ့ မတိုင်ခင်ပြန်လည်သိမ်းယူရန် အမိန့်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
ရုရှားသမ္မတသည် ရုရှားပိုင်နက်များအတွင်းမှ ယူကရိန်းတပ်ဖွဲ့ဝင်များကိုမောင်းထုတ်ရန် အဓိက ရည်မှန်းထားကြောင်း ရုရှားအခြေစိုက်မီဒီယာ များတွင် ဖော်ပြထားသည်။
zawgyi version
႐ုရွားပိုင္နက္ကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့သည့္ ယူကရိန္းတပ္ဖြဲ႕မ်ားကို တုံ႔ျပန္တိုက္ခိုက္ရန္ ႐ုရွားသမၼတ အမိန႔္ေပး
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၆
႐ုရွားသမၼတပူတင္သည္ ႐ုရွားပိုင္နက္ နယ္ေျမျဖစ္ေသာ Kursk ေဒသကို က်ဴးေက်ာ္ တိုက္ခိုက္ခဲ့ေသာ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားကို တုံ႔ျပန္ တိုက္ခိုက္ရန္ ဆုံးျဖတ္ခ်က္ခ်မွတ္လိုက္ေၾကာင္း အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးက ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။
အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံ အမတ္ႀကီးက 'ကြၽန္ေတာ္ အ႐ိုးသားဆုံးေျပာျပရမယ္ဆိုရင္ ႐ုရွားသမၼတပူတင္ဟာ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္ တယ္။ ႐ုရွားနယ္စပ္ေဒသ Kursk ၿမိဳ႕ကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့ ယူကရိန္းရဲ႕လုပ္ရပ္ေတြကို ျပင္းထန္တဲ့အျပစ္ေပးမႈေတြ ျပန္လည္လုပ္ေဆာင္မယ္လို႔ ယုံၾကည္ထားတယ္'ဟု ေျပာသည္။ ယူကရိန္းသည္ ဩဂုတ္(၆)ရက္ေန႔ ေနာက္ပိုင္းတည္းက ႐ုရွားနယ္ စပ္ေဒသၿမိဳ႕ျဖစ္ေသာ ုကမ်ဳ ေဒသသို႔ စီးနင္းတိုက္ ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး သီတင္းပတ္ ႏွစ္ပတ္ေက်ာ္အတြင္း ႐ုရွားပိုင္နက္ (၁၃၀ဝ) စတုရန္းကီလိုမီတာကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး စစ္ပြဲအတြင္းမွ ႐ုရွားစစ္သား (၁၀ဝ)ေက်ာ္ကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ယူကရိန္းစစ္ဘက္က သတင္းထုတ္ျပန္ထားသည္။
ယူကရိန္းသည္ အဆိုပါ႐ုရွားပိုင္နက္မ်ားပိုမိုထိန္းခ်ဳပ္ႏိုင္ရန္ အရွိန္ျမင့္ ႀကိဳးပမ္းေနရာ တိုက္ပြဲ မ်ားပိုမိုျဖစ္ပြားေနေၾကာင္း ၿဗိတိန္အေျခစိုက္ ဂါဒီးယမ္းသတင္းဌာနက ေဖာ္ျပထားသည္။ ယူကရိန္း သည္ အေသခံဒ႐ုန္းမ်ား အသုံးျပဳၿပီး Kursk ေဒသရွိ အဓိက အေရးပါေသာတံတားမ်ားကို ဖ်က္ဆီးရန္ ႀကိဳးပမ္းခဲ့ရာ တံတားသုံးစင္းဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
႐ုရွားသမၼတပူတင္က ႐ုရွားပိုင္နက္မ်ားကို တိုက္ခိုက္ခဲ့ေသာ ယူကရိန္း၏ လုပ္ရပ္မ်ားသည္ ရန္လိုေသာလုပ္ရပ္ျဖစ္ၿပီး သင့္ေတာ္သည့္ တုံ႔ျပန္မႈ မ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။ ယူကရိန္းသည္ အရပ္သားမ်ား၊ အရပ္ဘက္အေျခခံအေဆာက္အအုံမ်ားကို တိုက္ခိုက္ျခင္းအျပင္ ႐ုရွား န်ဴကလီးယား အေဆာက္အအုံမ်ားကို ၿခိမ္းေျခာက္ လာမည္ဆိုလွ်င္ ယူကရိန္းႏွင့္ေစ့စပ္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္မည္မဟုတ္ေၾကာင္း ႐ုရွားသမၼတပူတင္က ထပ္မံသတိေပးထားသည္။ ႐ုရွားမီဒီယာမ်ားက ႐ုရွား သမၼတပူတင္သည္ ႐ုရွားဗိုလ္ခ်ဳပ္ႀကီးမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးထားၿပီး Kursk ေဒသရွိသိမ္းပိုက္ခံ ထားရေသာေနရာမ်ားကို ေအာက္တိုဘာ(၁)ရက္ေန႔ မတိုင္ခင္ျပန္လည္သိမ္းယူရန္ အမိန႔္ေပးခဲ့ေၾကာင္း ေဖာ္ျပထားသည္။
႐ုရွားသမၼတသည္ ႐ုရွားပိုင္နက္မ်ားအတြင္းမွ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားကိုေမာင္းထုတ္ရန္ အဓိက ရည္မွန္းထားေၾကာင္း ႐ုရွားအေျခစိုက္မီဒီယာ မ်ားတြင္ ေဖာ္ျပထားသည္။