ထီးချိုင့်မြို့ရှိ တပ်မတော် စခန်းကို KIA က PDF များကို ထိုးကျွေး၍ တိုက်ခိုက်နေ
2922
ပုံစာ - ၂၀၂၃ ခုနှစ်က ထီးချိုင့်၌ တိုက်ပွဲဖြစ်ပွားခဲ့စဉ်
သုတကျော် (NP News) - ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ရှိ တပ်မတော် စခန်းကို KIA ပူးပေါင်းအဖွဲ့က PDF များကို ထိုးကျွေးကာ တိုက်ခိုက်နေကြောင်း ဒေသခံ တစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များ အရ သိရသည်။
KIA ဦးဆောင်သော ပူးပေါင်းအဖွဲ့က ထီးချိုင့်မြို့ကို ပြီးခဲ့သည့်ရက်ပိုင်းကပင် စတင်တိုက်ခိုက်နေရာ မြို့ခံများက မြို့မကျရေးအတွက် တပ်မတော်ဘက်မှ စစ်ကူနှင့်ပစ်ကူ ပိုမိုပေးရန်လိုလားနေကြကြောင်းလည်း သိရသည်။
“လွန်ခဲ့တဲ့ (၉)လလောက်က တစ်ခါလာတိုက်တယ်။ မြို့က (၈၀) ရာခိုင်နှုန်းလောက် ပျက်စီးသွားတာ။ မြို့ခံတွေကတော့ မရှိတော့ဘူးပေါ့။ အခုက ဒုတိယအကြိမ် လာတိုက်တာ။ ထီးချိုင့်မြို့နယ်မှာ လေသာရွာဆိုတာရှိတယ်။ လေသာရွာမြောက်ဘက် အဖျားပိုင်းမှာ ကျေးလက်ဆေးပေးခန်း ရှိတယ်။ ကျေးလက်ဆေးပေးခန်းမှာ ဒဏ်ရာရလာတဲ့သူတွေကို ကားနဲ့ ပြန်သယ်လာတာ။ သိရတာက PDF တွေ အခုတစ်ကြိမ်မှာ ပိုးစိုးပက်စက်ကျတယ်။ အတိုတွေ၊ အပြတ်တွေလည်း အများကြီး” ဟု ၎င်းက ဆိုသည်။
KIA ပူးပေါင်းအဖွဲ့၏ ထိုးစစ်ကြောင့် မြို့ပျက်စီးခဲ့ရာ ယခင်ကစစ်ကို လိုလားခဲ့သူ မြို့ခံများက ပင် စိတ်ပျက်လာကြပြီး လက်ရှိအနေအထားအရ တရားဝင်အစိုးရလက်အောက်တွင်သာ နေလိုသူ များပြားနေကြောင်းလည်း ၎င်းကဆိုသည်။
“PDFကို အသုံးချတာမှ PDFကို အဲဒီ တိုက်ပွဲမှာ ရှေ့တင်ထားတာ။ အဲဒီမှာ နယ်မြေခံတွေ ဆို လည်း တချို့ဆို ဘယ်လိုဖြစ်သလဲဆို အစ်ကိုရာ တချို့က တိုက်ပွဲမှာ အတို၊ အပြတ်တွေ ဖြစ်ကြတာ။ ပထမ မြို့သိမ်းတိုက်ပွဲတည်းကလေ။ အဲဒီကောင် လေးတွေကို လေသာမှာပဲ ဆေးကုပေးတာပေါ့။ ဆေး ကုပေးတုန်းမှာတောင် မိဘနဲ့ တွေ့ချင်တာကို တွေ့မ ပေးဘူး။ သူတို့ အထဲမှာလည်း နယ်မြေခံ PDF ခေါင်းဆောင်တွေထဲမှာလည်း စီးပွားဖြစ်နေတဲ့ ကောင်တွေက များတယ်လေ” ဟု ၎င်းကဆိုသည်။
KIA ဦးဆောင်သော ပူးပေါင်းအဖွဲ့တွင် TNLA နှင့် AA တို့ ပါဝင်ကြောင်းကို အတိအကျ ပြောနိုင် ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် KIA က အသည်းအသန်ကြိုးပမ်းနေပြီး အနီးတစ်ဝိုက်ရှိ စခန်းငယ်များကို ဩဂုတ်(၂၃)ရက်တွင် သိမ်းပိုက် ရရှိထားကြောင်း သိရသည်။
zawgyi version
ထီးခ်ိဳင့္ၿမိဳ႕ရွိ တပ္မေတာ္ စခန္းကို KIA က PDF မ်ားကို ထိုးေကြၽး၍ တိုက္ခိုက္ေန
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၇
စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕ရွိ တပ္မေတာ္ စခန္းကို KIA ပူးေပါင္းအဖြဲ႕က PDF မ်ားကို ထိုးေကြၽးကာ တိုက္ခိုက္ေနေၾကာင္း ေဒသခံ တစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ား အရ သိရသည္။
KIA ဦးေဆာင္ေသာ ပူးေပါင္းအဖြဲ႕က ထီးခ်ိဳင့္ၿမိဳ႕ကို ၿပီးခဲ့သည့္ရက္ပိုင္းကပင္ စတင္တိုက္ခိုက္ေနရာ ၿမိဳ႕ခံမ်ားက ၿမိဳ႕မက်ေရးအတြက္ တပ္မေတာ္ဘက္မွ စစ္ကူႏွင့္ပစ္ကူ ပိုမိုေပးရန္လိုလားေနၾကေၾကာင္းလည္း သိရသည္။
“လြန္ခဲ့တဲ့ (၉)လေလာက္က တစ္ခါလာတိုက္တယ္။ ၿမိဳ႕က (၈၀) ရာခိုင္ႏႈန္းေလာက္ ပ်က္စီးသြားတာ။ ၿမိဳ႕ခံေတြကေတာ့ မရွိေတာ့ဘူးေပါ့။ အခုက ဒုတိယအႀကိမ္ လာတိုက္တာ။ ထီးခ်ိဳင့္ၿမိဳ႕နယ္မွာ ေလသာ႐ြာဆိုတာရွိတယ္။ ေလသာ႐ြာေျမာက္ဘက္ အဖ်ားပိုင္းမွာ ေက်းလက္ေဆးေပးခန္း ရွိတယ္။ ေက်းလက္ေဆးေပးခန္းမွာ ဒဏ္ရာရလာတဲ့သူေတြကို ကားနဲ႔ ျပန္သယ္လာတာ။ သိရတာက PDF ေတြ အခုတစ္ႀကိမ္မွာ ပိုးစိုးပက္စက္က်တယ္။ အတိုေတြ၊ အျပတ္ေတြလည္း အမ်ားႀကီး” ဟု ၎က ဆိုသည္။
KIA ပူးေပါင္းအဖြဲ႕၏ ထိုးစစ္ေၾကာင့္ ၿမိဳ႕ပ်က္စီးခဲ့ရာ ယခင္ကစစ္ကို လိုလားခဲ့သူ ၿမိဳ႕ခံမ်ားက ပင္ စိတ္ပ်က္လာၾကၿပီး လက္ရွိအေနအထားအရ တရားဝင္အစိုးရလက္ေအာက္တြင္သာ ေနလိုသူ မ်ားျပားေနေၾကာင္းလည္း ၎ကဆိုသည္။
“PDFကို အသုံးခ်တာမွ PDFကို အဲဒီ တိုက္ပြဲမွာ ေရွ႕တင္ထားတာ။ အဲဒီမွာ နယ္ေျမခံေတြ ဆို လည္း တခ်ိဳ႕ဆို ဘယ္လိုျဖစ္သလဲဆို အစ္ကိုရာ တခ်ိဳ႕က တိုက္ပြဲမွာ အတို၊ အျပတ္ေတြ ျဖစ္ၾကတာ။ ပထမ ၿမိဳ႕သိမ္းတိုက္ပြဲတည္းကေလ။ အဲဒီေကာင္ ေလးေတြကို ေလသာမွာပဲ ေဆးကုေပးတာေပါ့။ ေဆး ကုေပးတုန္းမွာေတာင္ မိဘနဲ႔ ေတြ႕ခ်င္တာကို ေတြ႕မ ေပးဘူး။ သူတို႔ အထဲမွာလည္း နယ္ေျမခံ PDF ေခါင္းေဆာင္ေတြထဲမွာလည္း စီးပြားျဖစ္ေနတဲ့ ေကာင္ေတြက မ်ားတယ္ေလ” ဟု ၎ကဆိုသည္။
KIA ဦးေဆာင္ေသာ ပူးေပါင္းအဖြဲ႕တြင္ TNLA ႏွင့္ AA တို႔ ပါဝင္ေၾကာင္းကို အတိအက် ေျပာႏိုင္ ေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ ထီးခ်ိဳင့္ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ေရးအတြက္ KIA က အသည္းအသန္ႀကိဳးပမ္းေနၿပီး အနီးတစ္ဝိုက္ရွိ စခန္းငယ္မ်ားကို ဩဂုတ္(၂၃)ရက္တြင္ သိမ္းပိုက္ ရရွိထားေၾကာင္း သိရသည္။