ကလေးဝမြို့နယ်ရှိ ကျေးရွာ(၁၆)ရွာမှ အခြားဒေသများသို့ သွားရောက်ပညာသင်ယူနေသူ လူငယ်များကို မိဘများမှတစ်ဆင့် PDF အဖွဲ့က ခြိမ်းခြောက်ခေါ်ယူ

 1531

သန့်ဇင် (NP News) - ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ရှိ ကျေးရွာ(၁၆)ရွာမှ အခြားဒေသများသို့ သွားရောက်ပညာ သင်ယူနေသူ လူငယ်များကို မိဘများမှတစ်ဆင့် PDF အဖွဲ့က ခြိမ်းခြောက်ခေါ်ယူခဲ့ကာ ၎င်းတို့၏ပညာသင်ကြားခွင့် ဆုံးရှုံးနေရ ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နှင့် (၁၁) ရက်တို့၌ အထက်ပါ ကျေးရွာ (၁၆)ရွာမှ ဒေသခံများကို ဒေသတွင်း PDF အဖွဲ့က အစည်းအဝေးခေါ်ကာ ၎င်းဒေသ၏ပြင်ပသို့ သွားရောက် ပညာသင်ယူနေသော လူငယ်များကို (၃)ရက် အတွင်း နေရပ်ပြန်ခေါ်ရန် မိဘများကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ခြိမ်းခြောက်ရာတွင် ကျောင်းသားများ၏ မိဘ (၂) ဦးအနက် တစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားကာ ကျန်တစ်ဦးက သက် ဆိုင်ရာ သားသမီးထံ ဆက်သွယ်ခေါ်ယူစေခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူငယ်များ ပြန်လည်ရောက်ရှိလာပါက ပြန်လွှတ်ပေးခဲ့သည့် မိဘတစ်ဦးနှင့်အတူ PDF အဖွဲ့သို့ လာရောက် သတင်းပို့ရန်လည်း မှာကြားမှုများ ရှိခဲ့ကြောင်းသိရသည်။ ဖိအားပေး ခေါ်ယူခံရသော ကျောင်းသူ၊ ကျောင်းသား များမှာ အခြားမြို့ရွာများတွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၊ ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၌ တက်ရောက်သင်ယူနေသောသူများ၊ အစိုးရအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများတွင် တက်ရောက် ပညာသင်ယူနေသူများ ပါဝင်ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။ ထို့နောက် ဖိအားပေးခြိမ်းခြောက် ခေါ်ဆောင်ခံရသည့် လူငယ်များသည် ပညာဆက်လက် သင်ယူလိုသော် လည်း PDF အဖွဲ့က ၎င်းတို့ မိဘများကို အတင်းအကြပ် ဖမ်းခေါ်ကာ အန္တရာယ်ပြုမည်ကို စိုးရိမ်၍ ပညာသင်ယူမှုမှ စွန့်ခွာပြီး ကျေးရွာများသို့ ပြန်လာခဲ့ကြောင်း သိရသည်။

လူငယ်များပြန်လည်ရောက်ရှိချိန်တွင် ၎င်းတို့ကျေးရွာများတွင် အကျယ် ချုပ်ဖြင့် နေထိုင်နေရပြီး တစ်ရက်လျှင် တစ်ကြိမ် PDF အဖွဲ့၏ စခန်းသို့ သွားရောက်က ခံဝန်လက်မှတ် ရေးထိုးနေရကြောင်း သိရသည်။ PDF အဖွဲ့၏ ထိုသို့ ဆောင်ရွက်မှုကြောင့် ကျောင်းနေအရွယ် လူငယ်များသည် အသိပညာအတတ်ပညာ သင်ကြားခွင့်မရရှိခြင်း အလုပ် လုပ်ကိုင် ခွင့်မရခြင်းဖြစ်နေကာ လူ့အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။

zawgyi version
ကေလးဝၿမိဳ႕နယ္ရွိ ေက်း႐ြာ(၁၆)႐ြာမွ အျခားေဒသမ်ားသို႔ သြားေရာက္ပညာသင္ယူေနသူ လူငယ္မ်ားကို မိဘမ်ားမွ တစ္ဆင့္ PDF အဖြဲ႕က ၿခိမ္းေျခာက္ေခၚယူ
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၇

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးဝၿမိဳ႕နယ္ရွိ ေက်း႐ြာ(၁၆)႐ြာမွ အျခားေဒသမ်ားသို႔ သြားေရာက္ပညာ သင္ယူေနသူ လူငယ္မ်ားကို မိဘမ်ားမွတစ္ဆင့္ PDF အဖြဲ႕က ၿခိမ္းေျခာက္ေခၚယူခဲ့ကာ ၎တို႔၏ပညာသင္ၾကားခြင့္ ဆုံးရႈံးေနရ ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ ဩဂုတ္လ (၁၀) ရက္ႏွင့္ (၁၁) ရက္တို႔၌ အထက္ပါ ေက်း႐ြာ (၁၆)႐ြာမွ ေဒသခံမ်ားကို ေဒသတြင္း PDF အဖြဲ႕က အစည္းအေဝးေခၚကာ ၎ေဒသ၏ျပင္ပသို႔ သြားေရာက္ ပညာသင္ယူေနေသာ လူငယ္မ်ားကို (၃)ရက္ အတြင္း ေနရပ္ျပန္ေခၚရန္ မိဘမ်ားကို ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ၿခိမ္းေျခာက္ရာတြင္ ေက်ာင္းသားမ်ား၏ မိဘ (၂) ဦးအနက္ တစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီးခ်ဳပ္ေႏွာင္ထားကာ က်န္တစ္ဦးက သက္ ဆိုင္ရာ သားသမီးထံ ဆက္သြယ္ေခၚယူေစခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ လူငယ္မ်ား ျပန္လည္ေရာက္ရွိလာပါက ျပန္လႊတ္ေပးခဲ့သည့္ မိဘတစ္ဦးႏွင့္အတူ PDF အဖြဲ႕သို႔ လာေရာက္ သတင္းပို႔ရန္လည္း မွာၾကားမႈမ်ား ရွိခဲ့ေၾကာင္းသိရသည္။ ဖိအားေပး ေခၚယူခံရေသာ ေက်ာင္းသူ၊ ေက်ာင္းသား မ်ားမွာ အျခားၿမိဳ႕႐ြာမ်ားတြင္ အသက္ေမြးဝမ္းေက်ာင္းတကၠသိုလ္မ်ား၊ ဝိဇၨာ/ သိပၸံတကၠသိုလ္မ်ား၊ ဒီဂရီေကာလိပ္မ်ား၌ တက္ေရာက္သင္ယူေနေသာသူမ်ား၊ အစိုးရအထက္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိကကိုယ္ပိုင္ ေက်ာင္းမ်ားတြင္ တက္ေရာက္ ပညာသင္ယူေနသူမ်ား ပါဝင္ေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။ ထို႔ေနာက္ ဖိအားေပးၿခိမ္းေျခာက္ ေခၚေဆာင္ခံရသည့္ လူငယ္မ်ားသည္ ပညာဆက္လက္ သင္ယူလိုေသာ္ လည္း PDF အဖြဲ႕က ၎တို႔ မိဘမ်ားကို အတင္းအၾကပ္ ဖမ္းေခၚကာ အႏၲရာယ္ျပဳမည္ကို စိုးရိမ္၍ ပညာသင္ယူမႈမွ စြန႔္ခြာၿပီး ေက်း႐ြာမ်ားသို႔ ျပန္လာခဲ့ေၾကာင္း သိရသည္။

လူငယ္မ်ားျပန္လည္ေရာက္ရွိခ်ိန္တြင္ ၎တို႔ေက်း႐ြာမ်ားတြင္ အက်ယ္ ခ်ဳပ္ျဖင့္ ေနထိုင္ေနရၿပီး တစ္ရက္လွ်င္ တစ္ႀကိမ္ PDF အဖြဲ႕၏ စခန္းသို႔ သြားေရာက္က ခံဝန္လက္မွတ္ ေရးထိုးေနရေၾကာင္း သိရသည္။ PDF အဖြဲ႕၏ ထိုသို႔ ေဆာင္႐ြက္မႈေၾကာင့္ ေက်ာင္းေနအ႐ြယ္ လူငယ္မ်ားသည္ အသိပညာအတတ္ပညာ သင္ၾကားခြင့္မရရွိျခင္း အလုပ္ လုပ္ကိုင္ ခြင့္မရျခင္းျဖစ္ေနကာ လူ႔အခြင့္အေရးမ်ား ဆုံးရႈံးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.