တောင်ကျမြောင်းအတွင်း မျောပါသွားသည့် မောင်ဖြစ်သူကို လိုက်လံကယ်ရာမှ မောင်နှမနှစ်ဦးစလုံး ရေနစ်သေဆုံး

 8324

သန့်ဇင် (NP News) - ဩဂုတ်လ ၂၇

ပဲခူးတိုင်ဒေသကြီး၊ ပြည်မြို့တွင် တောင်ကျရေဆင်းသည့်မြောင်းအတွင်းသို့ မျောပါသွားသည့် မောင်ဖြစ်သူအား အစ်မဖြစ်သူက လိုက်လံကယ်ရာမှ မောင်နှမ(၂)ဦးစလုံး ရေနစ်သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့(ပြည်)ပရဟိတပါရမီထံမှ သိရသည်။

အဆိုပါ ကလေးငယ်မောင်နှမ(၂)ဦး၏ ရုပ်အလောင်းကို ယမန်နေ့(ဩဂုတ်လ ၂၆ ရက်) ညနေ ၄ နာရီအချိန်ခန့်က ပြည်မြို့၊ စက်မှုကွက်သစ် ဂန္ဓာမာစျေးအနီးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုးရွာထားတော့ တောင်ကျရေကြောင့် ဖြစ်သွားတာပါ။ အထက်နိဗ္ဗိန္ဒဘက်ကနေ မျောလာတာလို့ ပြောတယ်ဗျ။ သိရတာတော့ ကောင်လေးရဲ့ ထမင်းချိုင့်လေးက မြောင်းထဲကျလည်းကျသွားတော့ ကောင်လေးက ဆယ်ရင်းနဲ့ မြောင်းထဲကျသွားတာမှာ လူပါရေထဲပါသွားတော့ ကလေးမလေးကပါ လိုက်ဆယ်ရင်း နှစ်ယောက်စလုံးပါသွားတာ “ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ရေနစ်သေဆုံးသူ ကလေးငယ်မောင်နှမ(၂)ဦးမှာ အသက်(၄)နှစ်အရွယ်နှင့် အသက်(၁၂)နှစ်အရွယ်တို့ဖြစ်ပြီး ရေစီးနှင့်မျောပါစဉ် သတိလစ်မေ့မျောနေရာမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“သူတို့ မျောလာတဲ့အချိန်တွက်ကြည့်မယ်ဆိူရင်တော့ နာရီဝက်၊ တစ်နာရီလောက်တော့ ကြာသွားပြီလို့ သိရတယ်။ တောင်ကျရေက တောက်လျှောက်ဆင်းတာများတော့ ကလေးတွေဆိုတော့ ဘာမှမလုပ်နိုင်တော့ပဲ မျောပါသွားရ တာပေါ့။ အကြံပြုချင်တာကတော့ ကလေးတွေဆိုတော့ နားမလည်ဘူး။ မိဘတွေအနေနဲ့ လွှတ်မထားစေချင်ဘူး။ ဆရာဆရာမတွေရော အထူးဂရုစိုက်ကြဖို့ လိုတယ်။ အခုချိန်ကဆိုရင် မိုးရာသီဆိုတော့လေ ကျောင်းတွေတက် တော့ ကလေးငယ်တွေပြုတ်ကျသွားရင် ဘယ်လိုမှ အဆင်မပြေတော့တဲ့အခြေအနေရှိတယ်ဗျ” ဟု ၎င်းက အကြံပြု ထားသည်။

ထို့ကြောင့် သေဆုံးသူကလေးငယ်(၂)ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီက ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေတာင္က်ေျမာင္းအတြင္း ေမ်ာပါသြားသည့္ ေမာင္ျဖစ္သူကို လိုက္လံကယ္ရာမွ ေမာင္ႏွမႏွစ္ဦးစလုံး ေရနစ္ေသဆုံး
သန႔္ဇင္ (NP News) - ဩဂုတ္လ ၂၇

ပဲခူးတိုင္ေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ ေတာင္က်ေရဆင္းသည့္ေျမာင္းအတြင္းသို႔ ေမ်ာပါသြားသည့္ ေမာင္ျဖစ္သူအား အစ္မျဖစ္သူက လိုက္လံကယ္ရာမွ ေမာင္ႏွမ(၂)ဦးစလုံး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ ေရးအဖြဲ႕(ျပည္)ပရဟိတပါရမီထံမွ သိရသည္။

အဆိုပါ ကေလးငယ္ေမာင္ႏွမ(၂)ဦး၏ ႐ုပ္အေလာင္းကို ယမန္ေန႔(ဩဂုတ္လ ၂၆ ရက္) ညေန ၄ နာရီအခ်ိန္ခန႔္က ျပည္ၿမိဳ႕၊ စက္မႈကြက္သစ္ ဂႏၶာမာေစ်းအနီးတြင္ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မိုး႐ြာထားေတာ့ ေတာင္က်ေရေၾကာင့္ ျဖစ္သြားတာပါ။ အထက္နိဗၺိႏၵဘက္ကေန ေမ်ာလာတာလို႔ ေျပာတယ္ဗ်။ သိရတာေတာ့ ေကာင္ေလးရဲ႕ ထမင္းခ်ိဳင့္ေလးက ေျမာင္းထဲက်လည္းက်သြားေတာ့ ေကာင္ေလးက ဆယ္ရင္းနဲ႔ ေျမာင္းထဲက်သြားတာမွာ လူပါေရထဲပါသြားေတာ့ ကေလးမေလးကပါ လိုက္ဆယ္ရင္း ႏွစ္ေယာက္စလုံးပါသြားတာ “ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ပရဟိတပါရမီမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေရနစ္ေသဆုံးသူ ကေလးငယ္ေမာင္ႏွမ(၂)ဦးမွာ အသက္(၄)ႏွစ္အ႐ြယ္ႏွင့္ အသက္(၁၂)ႏွစ္အ႐ြယ္တို႔ျဖစ္ၿပီး ေရစီးႏွင့္ေမ်ာပါစဥ္ သတိလစ္ေမ့ေမ်ာေနရာမွ ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

“သူတို႔ ေမ်ာလာတဲ့အခ်ိန္တြက္ၾကည့္မယ္ဆိူရင္ေတာ့ နာရီဝက္၊ တစ္နာရီေလာက္ေတာ့ ၾကာသြားၿပီလို႔ သိရတယ္။ ေတာင္က်ေရက ေတာက္ေလွ်ာက္ဆင္းတာမ်ားေတာ့ ကေလးေတြဆိုေတာ့ ဘာမွမလုပ္ႏိုင္ေတာ့ပဲ ေမ်ာပါသြားရ တာေပါ့။ အႀကံျပဳခ်င္တာကေတာ့ ကေလးေတြဆိုေတာ့ နားမလည္ဘူး။ မိဘေတြအေနနဲ႔ လႊတ္မထားေစခ်င္ဘူး။ ဆရာဆရာမေတြေရာ အထူးဂ႐ုစိုက္ၾကဖို႔ လိုတယ္။ အခုခ်ိန္ကဆိုရင္ မိုးရာသီဆိုေတာ့ေလ ေက်ာင္းေတြတက္ ေတာ့ ကေလးငယ္ေတြျပဳတ္က်သြားရင္ ဘယ္လိုမွ အဆင္မေျပေတာ့တဲ့အေျခအေနရွိတယ္ဗ်” ဟု ၎က အႀကံျပဳ ထားသည္။

ထို႔ေၾကာင့္ ေသဆုံးသူကေလးငယ္(၂)ဦးကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ပရဟိတပါရမီက ျပည္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.