ဂျပန်ကမ်းခြေတွေမှာ လင်းပိုင်ကိုက်ခံရနိုင်တဲ့ အန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထား

 497

ရောင်နီ (NP News) - သြဂုတ် ၂၈

ဂျပန်နိုင်ငံ၊ အလယ်ပိုင်း ဖူကိုင်ကမ်းခြေဒေသတွေမှာ လင်းပိုင်အကိုက်ခံရတဲ့အဖြစ်အပျက်တွေ သိသိသာသာ တိုးလာနေခြင်းကြောင့် ကမ်းခြေလည်ပတ်သူတွေ သတိထားနိုင်ဖို့ အန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထား တယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်း ဖူကိုင်ဒေသ၊ ကမ်းခြေတွေမှာ ရေကူးသမား ၁၈ ဦးထိ လင်းပိုင် အကိုက်ခံခဲ့ရပြီး ဒဏ်ရာကိုယ်စီ ရရှိခဲ့ တယ်လို့ ဒေသခံ ဆူရူဂါကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ပြောကြားချက်အရ သိရပါတယ်။ လင်းပိုင် အကိုက်ခံရမှုအများစု ဟာ အသေးအဖွဲဒဏ်ရာတွေသာ ရလေ့ရှိပေမယ့် မကြာသေးမီက မူလတန်းကျောင်းသားတစ်ဦး အကိုက်ခံရမှုမှာ ဒဏ်ရာပြင်းထန်ပြီး အကြိမ် ၂၀ မှ ၃၀ အထိ ချူပ်ခဲ့ရတာကြောင့် အန္တရာယ်ရှိတယ်လို့ ကမ်းခြေစောင့်အရာရှိ ရှိုချီတက်ခ်အူချီ က ပြောကြားခဲ့ပါတယ်။ "Diamond Beach" လို့လည်း သိကြတဲ့ ဆူချိူဟာမားကမ်းခြေမှာ လင်းပိုင်တွေကို သတိထားဖို့ ဒေသတွင်းခရီးသွားလုပ်ငန်းအသင်းက တောင်းဆိုထားပြီး ၎င်းရဲ့ဝက်ဘ်ဆိုဒ်မှာ လည်း သတိပေးချက်တွေ ထုတ်ပြန်ကာ လင်းပိုင်တွေနား မကပ်ဖို့၊ လင်းပိုင်တွေကို မထိဖို့ အကြံပေးချက် စာရွက် တွေလည်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
လင်းပိုင်တွေဟာ များသောအားဖြင့် အေးအေးဆေးဆေးနေတတ်တဲ့သတ္တဝါတွေဖြစ်ပေမယ့် သူတို့မှာ ချွန်ထက်တဲ့ သွားတွေရှိတာကြောင့် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ အဖွဲ့က အွန်လိုင်းမှာ သတိပေးထားပါတယ်။ ဒီမတော်တဆမှု တွေဟာ လင်းပိုင်တစ်ကောင်တည်းကြောင့်လား ဒါမှမဟုတ် တစ်ကောင်ထက်ပိုတဲ့ လင်းပိုင်တွေကြောင့်လား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

Zawgyi Version;
ဂ်ပန္ကမ္းေျခေတြမွာ လင္းပိုင္ကိုက္ခံရႏိုင္တဲ့ အႏၲရာယ္သတိေပးခ်က္ေတြ ထုတ္ျပန္ထား
ေရာင္နီ (NP News) - ၾသဂုတ္ ၂၈

ဂ်ပန္ႏိုင္ငံ၊ အလယ္ပိုင္း ဖူကိုင္ကမ္းေျခေဒသေတြမွာ လင္းပိုင္အကိုက္ခံရတဲ့အျဖစ္အပ်က္ေတြ သိသိသာသာ တိုးလာေနျခင္းေၾကာင့္ ကမ္းေျခလည္ပတ္သူေတြ သတိထားႏိုင္ဖို႔ အႏၲရာယ္သတိေပးခ်က္ေတြ ထုတ္ျပန္ထား တယ္လို႔ သိရပါတယ္။

ဒီႏွစ္အတြင္း ဖူကိုင္ေဒသ၊ ကမ္းေျခေတြမွာ ေရကူးသမား ၁၈ ဦးထိ လင္းပိုင္ အကိုက္ခံခဲ့ရၿပီး ဒဏ္ရာကိုယ္စီ ရရွိခဲ့ တယ္လို႔ ေဒသခံ ဆူ႐ူဂါကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။ လင္းပိုင္ အကိုက္ခံရမႈအမ်ားစု ဟာ အေသးအဖြဲဒဏ္ရာေတြသာ ရေလ့ရွိေပမယ့္ မၾကာေသးမီက မူလတန္းေက်ာင္းသားတစ္ဦး အကိုက္ခံရမႈမွာ ဒဏ္ရာျပင္းထန္ၿပီး အႀကိမ္ ၂၀ မွ ၃၀ အထိ ခ်ဴပ္ခဲ့ရတာေၾကာင့္ အႏၲရာယ္ရွိတယ္လို႔ ကမ္းေျခေစာင့္အရာရွိ ရႈိခ်ီတက္ခ္အူခ်ီ က ေျပာၾကားခဲ့ပါတယ္။ "Diamond Beach" လို႔လည္း သိၾကတဲ့ ဆူခ်ိဴဟာမားကမ္းေျခမွာ လင္းပိုင္ေတြကို သတိထားဖို႔ ေဒသတြင္းခရီးသြားလုပ္ငန္းအသင္းက ေတာင္းဆိုထားၿပီး ၎ရဲ႕ဝက္ဘ္ဆိုဒ္မွာ လည္း သတိေပးခ်က္ေတြ ထုတ္ျပန္ကာ လင္းပိုင္ေတြနား မကပ္ဖို႔၊ လင္းပိုင္ေတြကို မထိဖို႔ အႀကံေပးခ်က္ စာ႐ြက္ ေတြလည္း ျဖန႔္ေဝခဲ့တယ္လို႔ သိရပါတယ္။
လင္းပိုင္ေတြဟာ မ်ားေသာအားျဖင့္ ေအးေအးေဆးေဆးေနတတ္တဲ့သတၱဝါေတြျဖစ္ေပမယ့္ သူတို႔မွာ ခြၽန္ထက္တဲ့ သြားေတြရွိတာေၾကာင့္ ထိခိုက္ဒဏ္ရာရႏိုင္တယ္လို႔ အဖြဲ႕က အြန္လိုင္းမွာ သတိေပးထားပါတယ္။ ဒီမေတာ္တဆမႈ ေတြဟာ လင္းပိုင္တစ္ေကာင္တည္းေၾကာင့္လား ဒါမွမဟုတ္ တစ္ေကာင္ထက္ပိုတဲ့ လင္းပိုင္ေတြေၾကာင့္လား ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိေသးဘူးလို႔ ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာပါတယ္။

Related news

© 2021. All rights reserved.