နိုင်ငံ့ဝန်ထမ်းလစာ Digital payroll စနစ်ကျင့်သုံးမည့်ကိစ္စ မဖြစ်မနေလုပ်ရမည့် လုပ်ငန်းအဖြစ် အကောင်းမြင်ကြိုဆို
7205
ယွန်း (NP News) - ဩဂုတ် ၂၈
ဝန်ထမ်းများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် လစာပေးမည့်အပေါ် သတင်းမှားထုတ်လွှင့်သူများကို စီးပွား လုပ်ငန်း ရှင် အသိုင်းအဝိုင်းက NP News မှ တစ်ဆင့် သုံးသပ်ပြောကြားလိုက်သည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်၊ မေလမှစ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ပေးချေဆောင် ရွက်မှုကို စတင်ခဲ့ရာ နေပြည်တော်ရှိ ဝန်ကြီးဌာန(၃၄)ခုရှိ နိုင်ငံ့ဝန်ထမ်းများ၏ လစဉ်လစာငွေကို Payroll Service ဖြင့် ပေးဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် မန္တလေးတိုင်းအတွင်းရှိ ဝန်ထမ်းများ၊ ပြည်နယ်/ တိုင်းဒေသ ကြီးအတွင်းရှိ ဝန်ထမ်းများ၏ လစာများကိုလည်း ဒီဂျစ်တယ်နည်းလမ်းဖြင့် ပေးချေလျက်ရှိရာ လစဉ်စုစုပေါင်း (၉)ဘီလျံ ကျော်အထိ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။ ‘တိုင်းပြည်တိုင်းက ဒီတိုင်းပဲလခပေးတာ။ အခုက ATM ကထုတ်ရင်လည်းရတယ်။ အဓိကကတော့ Digital Banking ပိုပြီးဖွံ့ဖြိုးအောင်လုပ်ပေး တာလည်းပါတယ်။ လစာထုတ်တဲ့အချိန်ကျရင် လုယက်ခံရတာမျိုးတွေကိုလည်း မပူပင်ရတော့ဘူး။ လစာထုတ်ပြီဆိုတာနဲ့ တကူးတကဘဏ်ကိုသွားပြီး Wallet ထဲကိုလည်း ပြန်သွားဖြည့်စရာ မလိုတော့ဘူး။ သူများတိုင်းပြည်တွေမှာဆို (၁၅)နှစ်လောက်တည်းက စောပြီးရှိနေတာ။ ဒီတိုင်းပြည်မှာက အခုမှဖြစ် တာ။ ဝန်ထမ်းအယောက်(၅၀ဝဝ)ကို လစာပေးမယ်ဆိုရင် တစ်ယောက်ချင်းစီထိုင်ပြီးတော့ ပိုက်ဆံပေးနေရင် ကြာနေ မယ်။ အခုလိုလုပ်လိုက်တာက အချိန်လည်း အရမ်းတိုသွားမယ်။ အလုပ်လည်းပိုတွင်ကျယ်တယ်’ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။
ဗဟိုဘဏ်အနေဖြင့် ကတ်ဖြင့် လစာငွေရ ယူသည့် ဝန်ထမ်းများလစာထုတ်ယူရာတွင် အဆင်ပြေစေရန် အတွက်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ATM စက်များတပ်ဆင်ပေးထားကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း (၁၉၀၈) လုံး၊ မန္တလေးတိုင်းဒေသကြီးအတွင်း (၇၀၇) လုံး၊ နေပြည် တော်တွင် (၃၃၂)လုံးတပ်ဆင်ထားပြီး လိုအပ်ပါက ထပ်မံတိုး ချဲ့ပေးမည်ဖြစ်ကြောင်း သိရသည်။ ‘အရင်တုန်းကတော့ အဲဒီလိုမျိုး လစာကို ဘဏ်နဲ့ပေးဖူးတယ်။ အဲဒီတုန်းကလည်း ATM ကနေ ပိုက်ဆံတွေထုတ် လိုက်သေးတယ်။ ကြားထဲမှာ ငွေသားပြန်ပေးတယ်။ အခုတော့ ဘဏ်နဲ့ပိုက်ဆံပြန် ပေးမယ်လို့ပြောတယ်’ ဟု အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၏ လစာပေးချေမှု များကို ဒီဂျစ်တယ် နည်းလမ်းဖြင့် ပေးချေနိုင်ရေးအတွက်လည်း တိုးချဲ့ဆောင်ရွက်နေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အတွင်းရှိ ဝန်ကြီးဌာန/အဖွဲ့အစည်းများ အနေဖြင့် အဆိုပါဒေသများရှိ ဝန်ထမ်းလစာ ပေးချေခြင်းကို ကတ်ဖြင့် ပေး ချေခြင်းအပါအဝင် ဘဏ်စာရင်းနှင့် မိုဘိုင်းငွေကြေးစာရင်းဖြင့် ပေးချေနိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
‘အဲဒီလိုလုပ်တာကောင်းပါတယ်။ အဓိကကတော့ ကတ်နဲ့သုံးလို့ရတဲ့ ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေကို ပိုရှိမယ် ဆိုရင်တော့ ပိုပြီးအဆင်ပြေတာပေါ့။ အဲဒီလိုဆိုရင် နိုင်ငံတကာနဲ့ပိုပြီးတော့ စံချိန်တူသွားတာပေါ့။ ငွေသားနဲ့ မပေးဘူး ဆိုတာကတော့ ပြဿနာမရှိဘူး။ ခက်တာက ကျွန်တော်တို့ဆီမှာက ဈေးထဲသွားမယ် ဈေးထဲမှာဝယ်ရင် ဆိုင်တိုင်းက Kpay နဲ့ မှမရတာ။ ATM စက်ကလည်း နေရာတိုင်း မှာလည်းမရှိဘူးလေ။ အဲဒီ System ကိုသုံးမယ်ဆိုရင် အဲဒီဟာ နဲ့ပတ်သက်တာတွေကို အရင်လုပ်ထားသင့်တယ်။ အခုကအားလုံးမပြီးသေးဘူးလေ။ မြန်မာပြည်မှာကျတော့ City Mark လောက်မှာပဲ ကတ်နဲ့ဝယ်လို့ရတာလေ။ ဝန်ထမ်းတွေအနေနဲ့ အကုန်လုံး အဲဒီမှာပဲဝယ်စားရမယ်ဆိုရင် ဘယ်အဆင် ပြေမလဲ။ ဝန်ထမ်းအားလုံးအတွက်ကတော့ အဆင်မပြေနိုင်ဘူး။ လူနည်းစုအတွက်ကတော့ အဆင်ပြေနိုင်ပေမယ့် အများစုအတွက်ကတော့ အဆင်မပြေနိုင်လောက် ဘူး’ဟု ပို့ကုန်တင်ပို့နေသည့် စီးပွားရေးလုပ်ငန်းရှင် ကြီးတစ်ဦးက ဆိုသည်။
လတ်တလောတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘဏ်ထဲတွင် ငွေသားမရှိတော့သည့်အတွက် အစိုးရမှ အထက်ပါကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကောလာဟလထုတ်လွှင်မှုများလည်းရှိနေပြီး ၎င်းတို့ကို သက်ဆိုင်ရာမှ ပြင်းပြင်းထန်ထန်ဖြင့် ထိရောက်စွာအရေးယူမှုများ ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
‘လူတွေပြောနေသလိုမျိုး ငွေသားမပေး နိုင်တာမဟုတ်ဘူး။ ဘဏ်ထဲမှာငွေမရှိတော့လို ဒီလိုမျိုးပေးတယ် ဆိုတာ လျှောက်ပြောနေကြတာ။ လက်ရှိနိုင်ငံရေး အခြေအနေအရ အဆိုးမြင်တဲ့အမြင်တွေ ဖြစ်နေကြတယ်။ ပျက်စီး စေချင်တဲ့အမြင်တွေဖြစ်နေကြတယ်။ အဲဒီလိုဖြစ်ရင်တော့ ပြည်သူပဲခံရမှာ။ ငွေ သားကို မပေးနိုင်တော့လို့ဆိုပြီး ဖွကြတယ်။ ဖွတဲ့သူ တွေက ပြည်ပကသူတွေရယ်၊ ပြည်ကိုပျက်စေချင်တဲ့ သူရယ်၊ ပြီးတော့ လူတွေကို မငြိမ်းမ ချမ်းဖြစ်စေချင် တဲ့သူတွေက မကောင်းတဲ့အမြင်နဲ့ ပြောကြတာ။ အဲဒီ လိုလူမျိုးတွေကို သက်ဆိုင်ရာကနေ ဥပဒေစိုးမိုးမှုနဲ့ ထိထိရောက်ရောက်လုပ်ရမယ်။ တရားဝင်အဖွဲ့ အစည်းကနေ မပြောဘဲနဲ့ ကောလာဟလပြောတဲ့သူ တွေကို စံပြအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်’ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ပေးချေရာတွင် မြန်မာ့စီးပွားရေးဘဏ်၊ AYA Bank, CB Bank PCL နှင့် KBZ ဘဏ် အပါအဝင် စုစုပေါင်းဝန်ဆောင်မှုလုပ်ငန်း (၂၀)နီးပါးဖြင့် ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။
zawgyi version
ႏိုင္ငံ့ဝန္ထမ္းလစာ Digital payroll စနစ္က်င့္သုံးမည့္ကိစၥ မျဖစ္မေနလုပ္ရမည့္ လုပ္ငန္းအျဖစ္ အေကာင္းျမင္ႀကိဳဆို
ယြန္း (NP News) - ဩဂုတ္ ၂၈
ဝန္ထမ္းမ်ားကို ဒီဂ်စ္တယ္နည္းလမ္းျဖင့္ လစာေပးမည့္အေပၚ သတင္းမွားထုတ္လႊင့္သူမ်ားကို စီးပြား လုပ္ငန္း ရွင္ အသိုင္းအဝိုင္းက NP News မွ တစ္ဆင့္ သုံးသပ္ေျပာၾကားလိုက္သည္။
ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္၊ ေမလမွစ၍ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ လစာကို ဒီဂ်စ္တယ္နည္းလမ္းျဖင့္ ေပးေခ်ေဆာင္ ႐ြက္မႈကို စတင္ခဲ့ရာ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန(၃၄)ခုရွိ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ လစဥ္လစာေငြကို Payroll Service ျဖင့္ ေပးေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ သိရသည္။
ထို႔ျပင္ ရန္ကုန္တိုင္းအတြင္းရွိ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ မႏၲေလးတိုင္းအတြင္းရွိ ဝန္ထမ္းမ်ား၊ ျပည္နယ္/ တိုင္းေဒသ ႀကီးအတြင္းရွိ ဝန္ထမ္းမ်ား၏ လစာမ်ားကိုလည္း ဒီဂ်စ္တယ္နည္းလမ္းျဖင့္ ေပးေခ်လ်က္ရွိရာ လစဥ္စုစုေပါင္း (၉)ဘီလ်ံ ေက်ာ္အထိ ေဆာင္႐ြက္ေပးေနရေၾကာင္း သိရသည္။ ‘တိုင္းျပည္တိုင္းက ဒီတိုင္းပဲလခေပးတာ။ အခုက ATM ကထုတ္ရင္လည္းရတယ္။ အဓိကကေတာ့ Digital Banking ပိုၿပီးဖြံ႕ၿဖိဳးေအာင္လုပ္ေပး တာလည္းပါတယ္။ လစာထုတ္တဲ့အခ်ိန္က်ရင္ လုယက္ခံရတာမ်ိဳးေတြကိုလည္း မပူပင္ရေတာ့ဘူး။ လစာထုတ္ၿပီဆိုတာနဲ႔ တကူးတကဘဏ္ကိုသြားၿပီး Wallet ထဲကိုလည္း ျပန္သြားျဖည့္စရာ မလိုေတာ့ဘူး။ သူမ်ားတိုင္းျပည္ေတြမွာဆို (၁၅)ႏွစ္ေလာက္တည္းက ေစာၿပီးရွိေနတာ။ ဒီတိုင္းျပည္မွာက အခုမွျဖစ္ တာ။ ဝန္ထမ္းအေယာက္(၅၀ဝဝ)ကို လစာေပးမယ္ဆိုရင္ တစ္ေယာက္ခ်င္းစီထိုင္ၿပီးေတာ့ ပိုက္ဆံေပးေနရင္ ၾကာေန မယ္။ အခုလိုလုပ္လိုက္တာက အခ်ိန္လည္း အရမ္းတိုသြားမယ္။ အလုပ္လည္းပိုတြင္က်ယ္တယ္’ဟု စီးပြားေရး လုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာဆိုထားသည္။
ဗဟိုဘဏ္အေနျဖင့္ ကတ္ျဖင့္ လစာေငြရ ယူသည့္ ဝန္ထမ္းမ်ားလစာထုတ္ယူရာတြင္ အဆင္ေျပေစရန္ အတြက္လည္း ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အလိုက္ ATM စက္မ်ားတပ္ဆင္ေပးထားေၾကာင္း သိရသည္။ ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း (၁၉၀၈) လုံး၊ မႏၲေလးတိုင္းေဒသႀကီးအတြင္း (၇၀၇) လုံး၊ ေနျပည္ ေတာ္တြင္ (၃၃၂)လုံးတပ္ဆင္ထားၿပီး လိုအပ္ပါက ထပ္မံတိုး ခ်ဲ႕ေပးမည္ျဖစ္ေၾကာင္း သိရသည္။ ‘အရင္တုန္းကေတာ့ အဲဒီလိုမ်ိဳး လစာကို ဘဏ္နဲ႔ေပးဖူးတယ္။ အဲဒီတုန္းကလည္း ATM ကေန ပိုက္ဆံေတြထုတ္ လိုက္ေသးတယ္။ ၾကားထဲမွာ ေငြသားျပန္ေပးတယ္။ အခုေတာ့ ဘဏ္နဲ႔ပိုက္ဆံျပန္ ေပးမယ္လို႔ေျပာတယ္’ ဟု အစိုးရဝန္ထမ္းတစ္ဦးက ေျပာသည္။
ထို႔ျပင္ ဗဟိုဘဏ္အေနျဖင့္ ရန္ကုန္ႏွင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ လစာေပးေခ်မႈ မ်ားကို ဒီဂ်စ္တယ္ နည္းလမ္းျဖင့္ ေပးေခ်ႏိုင္ေရးအတြက္လည္း တိုးခ်ဲ႕ေဆာင္႐ြက္ေနၿပီး သက္ဆိုင္ရာ တိုင္းေဒသႀကီး အတြင္းရွိ ဝန္ႀကီးဌာန/အဖြဲ႕အစည္းမ်ား အေနျဖင့္ အဆိုပါေဒသမ်ားရွိ ဝန္ထမ္းလစာ ေပးေခ်ျခင္းကို ကတ္ျဖင့္ ေပး ေခ်ျခင္းအပါအဝင္ ဘဏ္စာရင္းႏွင့္ မိုဘိုင္းေငြေၾကးစာရင္းျဖင့္ ေပးေခ်ႏိုင္ေရးကိုလည္း ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
‘အဲဒီလိုလုပ္တာေကာင္းပါတယ္။ အဓိကကေတာ့ ကတ္နဲ႔သုံးလို႔ရတဲ့ ဆိုင္ေတြ၊ ေဈးဝယ္စင္တာေတြကို ပိုရွိမယ္ ဆိုရင္ေတာ့ ပိုၿပီးအဆင္ေျပတာေပါ့။ အဲဒီလိုဆိုရင္ ႏိုင္ငံတကာနဲ႔ပိုၿပီးေတာ့ စံခ်ိန္တူသြားတာေပါ့။ ေငြသားနဲ႔ မေပးဘူး ဆိုတာကေတာ့ ျပႆနာမရွိဘူး။ ခက္တာက ကြၽန္ေတာ္တို႔ဆီမွာက ေဈးထဲသြားမယ္ ေဈးထဲမွာဝယ္ရင္ ဆိုင္တိုင္းက Kpay နဲ႔ မွမရတာ။ ATM စက္ကလည္း ေနရာတိုင္း မွာလည္းမရွိဘူးေလ။ အဲဒီ System ကိုသုံးမယ္ဆိုရင္ အဲဒီဟာ နဲ႔ပတ္သက္တာေတြကို အရင္လုပ္ထားသင့္တယ္။ အခုကအားလုံးမၿပီးေသးဘူးေလ။ ျမန္မာျပည္မွာက်ေတာ့ City Mark ေလာက္မွာပဲ ကတ္နဲ႔ဝယ္လို႔ရတာေလ။ ဝန္ထမ္းေတြအေနနဲ႔ အကုန္လုံး အဲဒီမွာပဲဝယ္စားရမယ္ဆိုရင္ ဘယ္အဆင္ ေျပမလဲ။ ဝန္ထမ္းအားလုံးအတြက္ကေတာ့ အဆင္မေျပႏိုင္ဘူး။ လူနည္းစုအတြက္ကေတာ့ အဆင္ေျပႏိုင္ေပမယ့္ အမ်ားစုအတြက္ကေတာ့ အဆင္မေျပႏိုင္ေလာက္ ဘူး’ဟု ပို႔ကုန္တင္ပို႔ေနသည့္ စီးပြားေရးလုပ္ငန္းရွင္ ႀကီးတစ္ဦးက ဆိုသည္။
လတ္တေလာတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဘဏ္ထဲတြင္ ေငြသားမရွိေတာ့သည့္အတြက္ အစိုးရမွ အထက္ပါကဲ့သို႔ ေဆာင္႐ြက္ျခင္းျဖစ္သည္ဟု ေကာလာဟလထုတ္လႊင္မႈမ်ားလည္းရွိေနၿပီး ၎တို႔ကို သက္ဆိုင္ရာမွ ျပင္းျပင္းထန္ထန္ျဖင့္ ထိေရာက္စြာအေရးယူမႈမ်ား ေဆာင္႐ြက္သင့္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။
‘လူေတြေျပာေနသလိုမ်ိဳး ေငြသားမေပး ႏိုင္တာမဟုတ္ဘူး။ ဘဏ္ထဲမွာေငြမရွိေတာ့လို ဒီလိုမ်ိဳးေပးတယ္ ဆိုတာ ေလွ်ာက္ေျပာေနၾကတာ။ လက္ရွိႏိုင္ငံေရး အေျခအေနအရ အဆိုးျမင္တဲ့အျမင္ေတြ ျဖစ္ေနၾကတယ္။ ပ်က္စီး ေစခ်င္တဲ့အျမင္ေတြျဖစ္ေနၾကတယ္။ အဲဒီလိုျဖစ္ရင္ေတာ့ ျပည္သူပဲခံရမွာ။ ေငြ သားကို မေပးႏိုင္ေတာ့လို႔ဆိုၿပီး ဖြၾကတယ္။ ဖြတဲ့သူ ေတြက ျပည္ပကသူေတြရယ္၊ ျပည္ကိုပ်က္ေစခ်င္တဲ့ သူရယ္၊ ၿပီးေတာ့ လူေတြကို မၿငိမ္းမ ခ်မ္းျဖစ္ေစခ်င္ တဲ့သူေတြက မေကာင္းတဲ့အျမင္နဲ႔ ေျပာၾကတာ။ အဲဒီ လိုလူမ်ိဳးေတြကို သက္ဆိုင္ရာကေန ဥပေဒစိုးမိုးမႈနဲ႔ ထိထိေရာက္ေရာက္လုပ္ရမယ္။ တရားဝင္အဖြဲ႕ အစည္းကေန မေျပာဘဲနဲ႔ ေကာလာဟလေျပာတဲ့သူ ေတြကို စံျပအေနနဲ႔ ျပင္းျပင္းထန္ထန္အေရးယူသင့္တယ္’ဟု အထက္ပါစီးပြားေရးလုပ္ငန္းရွင္က ေျပာသည္။
ႏိုင္ငံ့ဝန္ထမ္းမ်ား၏ လစာေငြမ်ားကို ဒီဂ်စ္တယ္နည္းလမ္းျဖင့္ ေပးေခ်ရာတြင္ ျမန္မာ့စီးပြားေရးဘဏ္၊ AYA Bank, CB Bank PCL ႏွင့္ KBZ ဘဏ္ အပါအဝင္ စုစုေပါင္းဝန္ေဆာင္မႈလုပ္ငန္း (၂၀)နီးပါးျဖင့္ ေဆာင္႐ြက္ႏိုင္ေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။