တရုတ် Demand ကြောင့် မြန်မာအထည်ချုပ်လုပ်သား လစဉ်(၁၀)ရာခိုင် နှုန်းထက်မနည်း အလုပ်ထွက်နေ

 4084

ယွန်း (NP News) - ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် လုပ်သားရှားပါးမှု ယခင်ထက်ပိုမိုတိုးလာနေပြီး နည်းမျိုးစုံဖြင့်ဆွယ်ကာ လုပ်သားဖြည့်တင်းနေရကြောင်း အထည်ချုပ်လုပ်ငန်းရှင်အချို့ထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

ယခုနောက်ပိုင်းကာလများတွင် နိုင်ငံရေးအခြေအနေအကြောင်း ကြောင်းများကြောင့် အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် လုပ်သားရှားပါးမှုကို ပိုမို ရင်ဆိုင်လာခဲ့ရခြင်းဖြစ်ကာ စက်မှုဇုန်များတွင် ကျွမ်းကျင်လုပ်သားအပါအဝင် လုပ်သားရှားပါးမှု တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် လုပ်သားရရှိရေးအတွက် လစာတိုးပေးခြင်း အပြင် နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေသော်လည်း လုံလောက်မှုမရှိကြောင်းသိရသည်။

“ လုပ်သားရှားပါးမှုကိုတော့ လစာတိုးပေးတာတို့၊ နယ်ကနေခေါ်တာတို့နဲ့ အဆောင်နေရာ ပေးတာ တို့နဲ့ ဖြည့်နေရတယ်။ ဒါပေမဲ့လည်း လုံလောက်အောင် မရသေးဘူး။ ကျွန်တော်တို့ဘက် ကလည်း အလုပ်တွေခေါ်နေတယ်။ ဒါပေမဲ့ ထွက်တဲ့သူနဲ့၊ ဝင်လာတဲ့သူနဲ့ဆို ထွက်သွားတဲ့သူက များနေ တယ်။ အလုပ်သမားတွေက တော်တော်လိုနေတယ်။ တရုတ် ဘက်က နေ့စားစရိတ်ငြိမ်းကို (၁၀)သိန်း လောက် ပေးတယ်။ အဲဒီဘက်ကိုသွားကြတယ်။ တစ်ယောက်လောက် အရင်သွားလိုက်တယ်။ ပြီးရင် သူ့အဆက်အသွယ်နဲ့ နောက်ကလူတွေကလည်းလိုက်ကြတယ်။ စက်ရုံတိုင်းလိုလိုဖြစ်ကြတယ်။ စက်ရုံ တစ်ရုံဆိုရင် မထွက်ဘူးဆိုရင်တောင် တစ်လကို (၁၀)ရာခိုင်နှုန်း လောက်ထွက်ကြတယ်။ တရုတ်နယ်စပ် ကကျတော့ ဗီဇာလည်းမလိုဘူး တန်းပြီးဝင်လို့ရတယ်လေ” ဟု အထည်ချုပ်စက်ရုံလုပ်ငန်းရှင်ကြီး တစ်ဦးကဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်(၂၉)ခု၌ လုပ်သားအင်အား(၈)သိန်းနီးပါးခန့် အလုပ်လုပ် ကိုင်နေပြီး အလုပ်သမားများအနေဖြင့် လက်ရှိတွင် လုပ်ခလစာနည်းပါးမှုကြောင့် တရုတ်နယ်စပ်ရှိ အထည်ချုပ်စက်ရုံများနှင့် ထိုင်းနိုင်ငံတို့သို့ ပြောင်းရွှေ့လုပ်ကိုင်လာကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌အထည်အော်ဒါရရှိမှု များပြားနေပြီး လာမည့်ဒီဇင်ဘာလအထိ အော်ဒါများ ပြည့်နေသော်လည်း စက်မှုဇုန်များရှိ စက်ရုံတစ်ရုံလျှင် ကျွမ်းကျင်လုပ်သားလိုအပ်ချက် အနည်းဆုံး ၂၀ ရာ ခိုင်နှုန်းခန့်အထိရှိနေကြောင်း စက်မှုဇုန်လုပ်ငန်းရှင် အချို့၏ပြောကြားချက်အရ သိရသည်။

ပြည်တွင်းမှအထည်ချုပ်လုပ်ငန်းအများစုမှာ လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေခြင်းဖြစ်သကဲ့သို့ အထည် ချုပ်လုပ်ငန်း (၈၀)ရာခိုင်နှုန်းကျော်မှာ ရန်ကုန်မြို့၌ တည်ရှိနေပြီး လုပ်သားပေါင်း(၈)သိန်းနီးပါး ကို အလုပ်အကိုင်အခွင့်အလမ်းများပေးထားကြောင်း သိရသည်။ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါရိုက်ခတ်မှုအပါ အဝင် နိုင်ငံရေးပဋိပက္ခများကြောင့် အထည်ချုပ် စက်ရုံများတွင် အော်ဒါမရရှိမှုနှင့် ကုန်ကြမ်းပြတ်လပ်မှုများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအထိ ရင်ဆိုင်ခဲ့ ရသည်။

zawgyi version
တ႐ုတ္ Demand ေၾကာင့္ ျမန္မာအထည္ခ်ဳပ္လုပ္သား လစဥ္(၁၀)ရာခိုင္ ႏႈန္းထက္မနည္း အလုပ္ထြက္ေန
ယြန္း (NP News) - ဩဂုတ္ ၂၉

ရန္ကုန္တိုင္းေဒသႀကီးရွိ စက္မႈဇုန္မ်ားတြင္ လုပ္သားရွားပါးမႈ ယခင္ထက္ပိုမိုတိုးလာေနၿပီး နည္းမ်ိဳးစုံျဖင့္ဆြယ္ကာ လုပ္သားျဖည့္တင္းေနရေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္အခ်ိဳ႕ထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

ယခုေနာက္ပိုင္းကာလမ်ားတြင္ ႏိုင္ငံေရးအေျခအေနအေၾကာင္း ေၾကာင္းမ်ားေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအေနျဖင့္ လုပ္သားရွားပါးမႈကို ပိုမို ရင္ဆိုင္လာခဲ့ရျခင္းျဖစ္ကာ စက္မႈဇုန္မ်ားတြင္ ကြၽမ္းက်င္လုပ္သားအပါအဝင္ လုပ္သားရွားပါးမႈ တိုးျမင့္လာခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအေနျဖင့္ လုပ္သားရရွိေရးအတြက္ လစာတိုးေပးျခင္း အျပင္ နည္းလမ္းမ်ိဳးစုံျဖင့္ ျဖည့္တင္းေနေသာ္လည္း လုံေလာက္မႈမရွိေၾကာင္းသိရသည္။

“ လုပ္သားရွားပါးမႈကိုေတာ့ လစာတိုးေပးတာတို႔၊ နယ္ကေနေခၚတာတို႔နဲ႔ အေဆာင္ေနရာ ေပးတာ တို႔နဲ႔ ျဖည့္ေနရတယ္။ ဒါေပမဲ့လည္း လုံေလာက္ေအာင္ မရေသးဘူး။ ကြၽန္ေတာ္တို႔ဘက္ ကလည္း အလုပ္ေတြေခၚေနတယ္။ ဒါေပမဲ့ ထြက္တဲ့သူနဲ႔၊ ဝင္လာတဲ့သူနဲ႔ဆို ထြက္သြားတဲ့သူက မ်ားေန တယ္။ အလုပ္သမားေတြက ေတာ္ေတာ္လိုေနတယ္။ တ႐ုတ္ ဘက္က ေန႔စားစရိတ္ၿငိမ္းကို (၁၀)သိန္း ေလာက္ ေပးတယ္။ အဲဒီဘက္ကိုသြားၾကတယ္။ တစ္ေယာက္ေလာက္ အရင္သြားလိုက္တယ္။ ၿပီးရင္ သူ႔အဆက္အသြယ္နဲ႔ ေနာက္ကလူေတြကလည္းလိုက္ၾကတယ္။ စက္႐ုံတိုင္းလိုလိုျဖစ္ၾကတယ္။ စက္႐ုံ တစ္႐ုံဆိုရင္ မထြက္ဘူးဆိုရင္ေတာင္ တစ္လကို (၁၀)ရာခိုင္ႏႈန္း ေလာက္ထြက္ၾကတယ္။ တ႐ုတ္နယ္စပ္ ကက်ေတာ့ ဗီဇာလည္းမလိုဘူး တန္းၿပီးဝင္လို႔ရတယ္ေလ” ဟု အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းရွင္ႀကီး တစ္ဦးကဆိုသည္။

ရန္ကုန္တိုင္းအတြင္းရွိ စက္မႈဇုန္(၂၉)ခု၌ လုပ္သားအင္အား(၈)သိန္းနီးပါးခန႔္ အလုပ္လုပ္ ကိုင္ေနၿပီး အလုပ္သမားမ်ားအေနျဖင့္ လက္ရွိတြင္ လုပ္ခလစာနည္းပါးမႈေၾကာင့္ တ႐ုတ္နယ္စပ္ရွိ အထည္ခ်ဳပ္စက္႐ုံမ်ားႏွင့္ ထိုင္းႏိုင္ငံတို႔သို႔ ေျပာင္းေ႐ႊ႕လုပ္ကိုင္လာေၾကာင္း သိရသည္။ လက္ရွိတြင္ ျပည္တြင္း၌အထည္ေအာ္ဒါရရွိမႈ မ်ားျပားေနၿပီး လာမည့္ဒီဇင္ဘာလအထိ ေအာ္ဒါမ်ား ျပည့္ေနေသာ္လည္း စက္မႈဇုန္မ်ားရွိ စက္႐ုံတစ္႐ုံလွ်င္ ကြၽမ္းက်င္လုပ္သားလိုအပ္ခ်က္ အနည္းဆုံး ၂၀ ရာ ခိုင္ႏႈန္းခန႔္အထိရွိေနေၾကာင္း စက္မႈဇုန္လုပ္ငန္းရွင္ အခ်ိဳ႕၏ေျပာၾကားခ်က္အရ သိရသည္။

ျပည္တြင္းမွအထည္ခ်ဳပ္လုပ္ငန္းအမ်ားစုမွာ လက္ခစားစနစ္ျဖင့္ ခ်ဳပ္လုပ္ေနျခင္းျဖစ္သကဲ့သို႔ အထည္ ခ်ဳပ္လုပ္ငန္း (၈၀)ရာခိုင္ႏႈန္းေက်ာ္မွာ ရန္ကုန္ၿမိဳ႕၌ တည္ရွိေနၿပီး လုပ္သားေပါင္း(၈)သိန္းနီးပါး ကို အလုပ္အကိုင္အခြင့္အလမ္းမ်ားေပးထားေၾကာင္း သိရသည္။ ျပည္တြင္း၌ ကိုဗစ္-၁၉ ေရာဂါ႐ိုက္ခတ္မႈအပါ အဝင္ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ အထည္ခ်ဳပ္ စက္႐ုံမ်ားတြင္ ေအာ္ဒါမရရွိမႈႏွင့္ ကုန္ၾကမ္းျပတ္လပ္မႈမ်ားကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအထိ ရင္ဆိုင္ခဲ့ ရသည္။

Related news

© 2021. All rights reserved.