နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေများကို တိုးမြှင့်ကောက်ခံမည်

 2628

ယွန်း(NP News) - သြဂုတ် ၂၉

နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေများကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ယနေ့(သြဂုတ် ၂၉ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်း၌ သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုနှင့် ပတ် သက်၍ လာမည့် စက်တင်ဘာ(၁)ရက်မှစ၍ စာအုပ်ဖိုးငွေများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်အရ ယခင် စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် Online Booking စနစ်လျှောက်ထားခြင်းကို ယခင်က ရန်ကုန် အပါအဝင် နေပြည်တော်၊ မန္တလေး၊ ပုသိမ် နှင့် ပဲခူးတို့တွင်သာ ဆောင်ရွက်ခွင့်ပြုခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် မေလမှစ၍ မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ ‌မော်လမြိုင်၊ ထားဝယ်နှင့် မကွေးတို့ကို Online Booking စနစ်လျှောက်ထားနိုင်ရန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ပသို့အမြန်ထွက်ခွာလိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်များကို အမြန်ရရှိနိုင်ရေး ဆောင်ရွက်လာကြရာ နိုင်ငံကူးလက်မှတ် အမြန်ရရှိ မည်ဟုဆိုကာ ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများဖြစ်ပေါ်နေပြီး အကြမ်းဖျင်း တစ်ရက်လျှင် ပျမ်းမျှ (၃)ဦးထက်မနည်း အလိမ်ခံနေရကြောင်း သိရသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္စာအုပ္ဖိုးေငြမ်ားကို တိုးျမႇင့္ေကာက္ခံမည္

ယြန္း(NP News) - ၾသဂုတ္ ၂၉

ႏိုင္ငံကူးလက္မွတ္စာအုပ္ဖိုးေငြမ်ားကို တိုးျမႇင့္ေကာက္ခံသြားမည္ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွ ယေန႔(ၾသဂုတ္ ၂၉ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

ျပည္တြင္း၌ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈႏွင့္ ပတ္ သက္၍ လာမည့္ စက္တင္ဘာ(၁)ရက္မွစ၍ စာအုပ္ဖိုးေငြမ်ားကို တိုးျမႇင့္ေကာက္ခံမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါထုတ္ျပန္ခ်က္အရ ယခင္ စာအုပ္ဖိုးေငြ ၃၅၀၀၀ က်ပ္မွ ၄၀၀၀၀ က်ပ္သို႔ ေျပာင္းလဲသတ္မွတ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ရန္အတြက္ Online Booking စနစ္ေလွ်ာက္ထားျခင္းကို ယခင္က ရန္ကုန္ အပါအဝင္ ေနျပည္ေတာ္၊ မႏၲေလး၊ ပုသိမ္ ႏွင့္ ပဲခူးတို႔တြင္သာ ေဆာင္႐ြက္ခြင့္ျပဳခဲ့သည္။

ထို႔ေနာက္ ၿပီးခဲ့သည့္ ေမလမွစ၍ ျမစ္ႀကီးနား၊ မုံ႐ြာ၊ လားရႈိး၊ ေတာင္ႀကီး၊ က်ိဳင္းတုံ၊ စစ္ေတြ၊ ဟားခါး၊ ဘားအံ၊ ‌ေမာ္လၿမိဳင္၊ ထားဝယ္ႏွင့္ မေကြးတို႔ကို Online Booking စနစ္ေလွ်ာက္ထားႏိုင္ရန္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ျပည္ပသို႔အျမန္ထြက္ခြာလိုသူမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ားကို အျမန္ရရွိႏိုင္ေရး ေဆာင္႐ြက္လာၾကရာ ႏိုင္ငံကူးလက္မွတ္ အျမန္ရရွိ မည္ဟုဆိုကာ ပုံစံမ်ိဳးစုံျဖင့္ ေငြေၾကးလိမ္လည္မႈမ်ားျဖစ္ေပၚေနၿပီး အၾကမ္းဖ်င္း တစ္ရက္လွ်င္ ပ်မ္းမွ် (၃)ဦးထက္မနည္း အလိမ္ခံေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.