မလှိုင်မြို့နယ်ရှိ ကျေးရွာဆယ်အိမ်မှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
973
ချယ်ရီ (NP News) - ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ ကျေးရွာဆယ်အိမ်မှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၅ရက်၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ် အချိန်ခန့်က မလှိုင်မြို့နယ်၊ ဂွေးညိုဝင်း ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ကျေးရွာဆယ်အိမ်မှူးဖြစ်သူ ဦးဝင်းအောင် (၅၅)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမား (၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၉ နာရီအချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သက်လယ်ကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေ(၅၆)နှစ်သည် ၎င်း၏သမီးဖြစ်သူ ဒေါ်တင်တင်ထား၏ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့က ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထို့သို့ ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်များမှ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
zawgyi version
မလႈိင္ၿမိဳ႕နယ္ရွိ ေက်း႐ြာဆယ္အိမ္မႉးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
ခ်ယ္ရီ (NP News) - ဩဂုတ္ ၂၉
မႏၲေလးတိုင္းေဒသႀကီး၊ မလႈိင္ၿမိဳ႕နယ္ရွိ ေက်း႐ြာဆယ္အိမ္မႉးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာ့ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ဩဂုတ္လ ၂၅ရက္၊ မြန္းလြဲ ၃ နာရီ ၄၅ မိနစ္ အခ်ိန္ခန႔္က မလႈိင္ၿမိဳ႕နယ္၊ ေဂြးညိဳဝင္း ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ ေက်း႐ြာဆယ္အိမ္မႉးျဖစ္သူ ဦးဝင္းေအာင္ (၅၅)ႏွစ္သည္ ၎၏ေနအိမ္၌ရွိေနစဥ္ PDF အမည္ခံ အၾကမ္းဖက္ သမား (၄)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးဝင္းေအာင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ည ၉ နာရီအခ်ိန္ခန႔္ကလည္း မေကြးတိုင္းေဒသႀကီး၊ ေစတုတၱရာၿမိဳ႕နယ္၊ သက္လယ္ေက်း႐ြာတြင္ ေနထိုင္သည့္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေ႐ႊ(၅၆)ႏွစ္သည္ ၎၏သမီးျဖစ္သူ ေဒၚတင္တင္ထား၏ ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕က ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။ ထို႔သို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးသိန္းေ႐ႊတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
အထက္ပါျဖစ္စဥ္မ်ားမွ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္ သမားမ်ားအားေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။