မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသ နှင့် တောင်ပိုင်းဒေသများတွင် မိုးအနည်းငယ်ပိုနိုင်

 2940

စော (NP News) - ဩဂုတ် ၂၉

မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် နှင့် တောင်ပိုင်းဒေသများတွင် မိုးအနည်းငယ်ပိုနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မိုးဇလ၏ ယနေ့ (ဩဂုတ်လ ၂၉ ရက်နေ့) ၊ မွန်းလွဲ (၂)နာရီခွဲအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မနက်ဖြန် (ဩဂုတ်လ ၃၀ ရက်)နေ့တွင် ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ၎င်းနှင့်ဆက် စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့မှတစ်ဆင့် လာမည့် စက်တင်ဘာ ၁ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးဇလမှ ခန့် မှန်းသုံးသပ်ထားသည်။

“မုန်တိုင်းကတော့ မြန်မာနိုင်ငံဘက်ကိုတော့မလာဘူး။ သို့သော် ဖြစ်လာမယ့် အရှိန်ကြောင့်ကော၊ ကာလကလည်း မုတ်သုံကာလဆိုတော့ မြန်မာ နိုင်ငံ ရခိုင်ဒေသတို့၊ မြစ်ဝကျွန်းပေါ်ဒေသတို့ ၊ တောင်ပိုင်းတို့ အဲဒီနေရာမှာ မိုးနည်းနည်းလေး ပိုနိုင်ပါတယ်။ ပင်လယ်ပြင်မှာတော့ မုန်တိုင်းအရှိန်ကြောင့်တော့ မိုးသက်လေပြင်းကျမယ်။ လှိုင်းကြီးတာတွေတော့ ရှိမယ်”ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။

လာမည့် (၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန် ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် (၂)ပေကျော် ကျော်လွန်နေ၍ လာမည့် တစ်ရက်အတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

အလားတူ အဆိုပါမြစ်ရေသည် မဒေါက်မြို့ နှင့် ဘားအံမြို့တို့တွင်လည်း လာမည့် တစ်ရက်အတွင်း (၂)လက်မခန့် ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

zawgyi version
မုန္တိုင္းငယ္အရွိန္ေၾကာင့္ ရခိုင္ျပည္နယ္၊ ျမစ္ဝကြၽန္းေပၚေဒသ ႏွင့္ ေတာင္ပိုင္းေဒသမ်ားတြင္ မိုးအနည္းငယ္ပိုႏိုင္

ေစာ (NP News) - ဩဂုတ္ ၂၉

မုန္တိုင္းငယ္အရွိန္ေၾကာင့္ ရခိုင္ျပည္နယ္၊ ျမစ္ဝကြၽန္းေပၚ ႏွင့္ ေတာင္ပိုင္းေဒသမ်ားတြင္ မိုးအနည္းငယ္ပိုႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

မိုးဇလ၏ ယေန႔ (ဩဂုတ္လ ၂၉ ရက္ေန႔) ၊ မြန္းလြဲ (၂)နာရီခြဲအခ်ိန္တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အလယ္ပိုင္း ႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတို႔တြင္ ေလဖိအားနည္း ရပ္ဝန္းတစ္ခု ျဖစ္ေပၚေနေၾကာင္း သိရသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး မနက္ျဖန္ (ဩဂုတ္လ ၃၀ ရက္)ေန႔တြင္ ပိုမိုအားေကာင္းလာႏိုင္ကာ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းႏွင့္ ၎ႏွင့္ဆက္ စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္းတို႔သို႔ ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။ ထို႔မွတစ္ဆင့္ လာမည့္ စက္တင္ဘာ ၁ ရက္ေန႔တြင္ မုန္တိုင္းငယ္အျဖစ္သို႔ ပိုမိုအားေကာင္းလာႏိုင္ေၾကာင္း မိုးဇလမွ ခန႔္ မွန္းသုံးသပ္ထားသည္။

“မုန္တိုင္းကေတာ့ ျမန္မာႏိုင္ငံဘက္ကိုေတာ့မလာဘူး။ သို႔ေသာ္ ျဖစ္လာမယ့္ အရွိန္ေၾကာင့္ေကာ၊ ကာလကလည္း မုတ္သုံကာလဆိုေတာ့ ျမန္မာ ႏိုင္ငံ ရခိုင္ေဒသတို႔၊ ျမစ္ဝကြၽန္းေပၚေဒသတို႔ ၊ ေတာင္ပိုင္းတို႔ အဲဒီေနရာမွာ မိုးနည္းနည္းေလး ပိုႏိုင္ပါတယ္။ ပင္လယ္ျပင္မွာေတာ့ မုန္တိုင္းအရွိန္ေၾကာင့္ေတာ့ မိုးသက္ေလျပင္းက်မယ္။ လႈိင္းႀကီးတာေတြေတာ့ ရွိမယ္”ဟု မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။

လာမည့္ (၂)ရက္အတြက္ ခန႔္မွန္းခ်က္အေနျဖင့္ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ ႏွင့္ မြန္ ျပည္နယ္တို႔တြင္ မိုးပိုလာႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ ထို႔ျပင္ စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူၿမိဳ႕တြင္ စိုးရိမ္ေရမွတ္အထက္ (၂)ေပေက်ာ္ ေက်ာ္လြန္ေန၍ လာမည့္ တစ္ရက္အတြင္း (၃)လက္မခန႔္ ျမင့္တက္လာႏိုင္ၿပီး စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း သိရသည္။

အလားတူ အဆိုပါျမစ္ေရသည္ မေဒါက္ၿမိဳ႕ ႏွင့္ ဘားအံၿမိဳ႕တို႔တြင္လည္း လာမည့္ တစ္ရက္အတြင္း (၂)လက္မခန႔္ က်ဆင္းလာႏိုင္ၿပီး စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.