ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၂)
616
ဒေါက်တာအေးမောင် (NP News) - ဩဂုတ် ၃ဝ
မြို့သိမ်းတိုက်ပွဲနှင့် စစ်မီးလျှံကြားက မြို့ပြများ၏ နင်းခြေခံဘဝများ
၈။ စစ်ဆင်ရေး (၁၀၂၇) (ပထမလှိုင်း)သည် (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် AA က ရသေ့တောင်မြို့နယ် ဒုံးပိုက် နခခ စခန်းကို ဝင်တိုက်ခြင်းဖြင့် ရခိုင်သို့စစ်နယ်ချဲ့၏။ ယင်းနောက် မည်သည့် တပ်ရင်းတပ်ဖွဲ့စခန်းမှ အခြေမစိုက်သော ပေါက်တောမြို့၏ မြို့မ၊ မြို့နယ်ရဲစခန်းနှင့် ဘဏ်များကိုဝင်စီးခြင်းဖြင့် ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှုသည် အစပြု၏။
ပေါက်တောမြို့လူထုသည် စစ်ဘေးရှောင် ကြရန် ခွင့်ပြုချိန်(၁)နာရီအတွင်း မိမိတို့၏ အတွင်း ပစ္စည်းများရယူပြီး ကိုယ်လွတ်ရုန်းကြရာ စစ်မီးသင့်သည်နှင့်အမျှ မြို့ပြသည် စစ်မီးလျှံကြား၌ ပြိုပျက်၏။ မြို့ပြလူထု၏ဘဝများစွာ သည်လည်း နင်းခြေခြင်းခံ ရပြီးနောက် သူခိုးတောကြောင်များ၏ ခိုးဝှက်လုယူ မှုကြောင့် ပေါက်တောမြို့သည် ရခိုင်ဒေသ၏ ပထမ ဆုံး အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးကြရသည့် မြို့ပြဖြစ်သွား၏။ လူမျိုးတူ သူခိုး သူဝှက်များ၏ နမူနာပြ ဖောက်ထွင်းခိုးယူမှု၊ တံခါး၊ ပြတင်း၊ ကျီးဘောင်၊ ကြမ်းခင်းသစ်သား၊ သွပ်ပြားမှစ ဖြိုဖျက်ခိုးယူမှုတို့ သည် နှစ်ဖက် စစ်မက်ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းများအကြား ရခိုင်ဒေသ ၏ စံနမူနာပြ စစ်ဒဏ်ခံ နင်းခြေခံ သမိုင်းဝင် မြို့ပြ ဖြစ်သွားရပေ၏။ ဒုတိယ စစ်ဒဏ်ခံ မြို့သည် ရမ်းဗြဲဖြစ်၏။
စစ်ဒဏ်ခံမြို့ပြတိုင်း၌ အလားတူဖြစ်ပျက် မှုသည်ရှိ၏။ မြို့ပျက်သည်နှင့် လူတန်းစားအလွှာ အလိုက် ဘဝသည် ပုံစံပြောင်းသွား၏။ ချမ်းသာသူ သည် မြို့ပြောင်း၊ အိမ်ပြောင်း၊ စီးပွားပြောင်းရုံဖြင့် ဘဝရှင်သန်ရေး လှုပ်ရှားနိုင်၏။ အောက်ခြေအလွှာ သည် စစ်ဒဏ်ခံ စစ်ဘေးဒုက္ခသည်ဖြစ်သွား၏။ စား ဝတ်နေရေးသည် လုံးဝအမှီခိုခံဘဝအဖြစ်ဖြင့်သာ ရှင်သန်ခွင့်ရတော့၏။ အုပ်ချုပ်သူနှင့် အလှူရှင်များ အပေါ် လုံးဝမှီခိုသွားကြရ၏။ ပိတ်ပင်မှုများကြား၌ အလှူရှင်သည် စစ်ပွဲများအကြား လှုပ်ရှားကူညီရန် အလွန်ခက်ခဲ၏။ စစ်ဒဏ်ကြောင့် ဘဝပေါင်းများစွာသည် နင်းခြေခံဘဝအဖြစ်သို့ အလိုလိုရောက်ရှိသွား ကြရရာ သံဝေဂရယူဖွယ်ဖြစ်၏။
AA သည် အိန္ဒိယ နယ်စပ်မှ ဗျူဟာကုန်း များဖြစ်ကြသည့် ထရွန်အိုင်၊ ပွိုင့်-၃၇၇၊ ရှင်းလက်ဝ၊ နာဗူးကာ ကင်းစခန်း၊ ခဝဲ၊ မီးဝနှင့် ဆမီး ဗျူဟာကုန်း စသည်တို့ကိုရရှိပြီးနောက် (၂၀၂၄)ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ပလက်ဝဒေသတစ်ခုလုံးကို ထိန်း ချုပ်နိုင်ခဲ့၏။ မြန်မာ့တပ်မတော်သည် ခံစစ်မှသည် ခွာစစ်ဆင်တိုင်း AA က မြို့သိမ်းသည်ဟု ကြေညာလာသည်မှာ ပလက်ဝ၊ ပေါက်တော၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံနှင့် ဘူးသီးတောင် စသည့် မြို့(၁၀)မြို့ရှိပြီ ဖြစ်၏။ မောင်တောနှင့်သံတွဲသည် နှစ်ဖက် စစ်မက် ပြိုင်ဆိုင်ဆဲဖြစ်၏။ မြန်မာ့တပ်မတော်မှ ထိန်းချုပ် ထားဆဲမြို့များမှာ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင် ကုတ်၊ မာန်အောင်၊ ဂွ နှင့် မောင်တောတို့ဖြစ်၏။
အချို့မြို့များသည် စစ်ဒဏ်မခံရသော်လည်း AA မှ မည်သည့် ရက်/လ၌ ဝင်သိမ်းမည်ဟု သတိပေးသည်ကို စိုးရိမ်ကြီးကြသလို ယုံမှတ်ကြပြီး အိုးစွန့်၊ အိမ်စွန့်၊ လုပ်ငန်းစွန့်၊ မြို့ကိုစွန့်ပြီး အေးချမ်း တည်ငြိမ်သည့်အရပ်သို့ ခိုအောင်းရန် မိသားစုလိုက် ပြောင်းရွှေ့ကြ၏။ ပညာရေး၊ ကျန်းမာရေး၊ ဘဝရှင်သန်ရေးအတွက် လုပ်ငန်းပြောင်းသင့်က ပြောင်းကြရ၏။ နဂိုလုပ်ငန်းကို ပြန်လည်အသက်သွင်းကြသူက သွင်းကြ၏။ အဆိုပါ ခေတ္တစစ်ဘေးရှောင်သွားကြရ သည့်သူများ၏ ကျန်ရစ်အိုးအိမ်များကို မရွှေ့ပြောင်းဘဲ ကျန်ရစ်သူအချို့ကလည်းကောင်း၊ တမင်ရည်စူးပြီး ဝင်ရောက် လာသူအချို့ကလည်းကောင်း အုပ်စုဖွဲ့ပြီး ဖြိုဖျက်ခိုးယူမှု တုတ်၊ ဓားပြကာ အတင်းရယူမှု ဖြစ်စဉ်များသည် စစ်ဒဏ်မခံရ သေးသောမြို့အချို့တွင် ဖြစ်ပွား၏။
စစ်တွေသည် ပြည်နယ်မြို့တော်ဖြစ်၏။ အုပ်ချုပ်ရေးလျော့ရဲသည်ကိုအခွင့်ကောင်းယူကာ လူမျိုးတူ သူခိုးဓားပြများသည် တုတ်၊ ဓား လက်နက်ရယူကာ ဖြိုဖျက်ဝင်ရောက်ပြီး ရေခဲသေတ္တာ၊ မီးကြိုး၊ အိပ်ခုတင်၊ သံပန်း/ သံတံခါးကအစဖြုတ်ပြီး ခိုးယူကြ၏။ တားမြစ်သူကို ရန်ရှာကြ၏။ သူခိုးများ၏ ခိုးယူပစ္စည်းများကို လက်ခံဝယ်ယူ သူရှိကြ၏။ သံမျိုးစုံကို စုပြီး ရန်ကုန်သို့ သင်္ဘောဖြင့်တင်ပို့သည့်အဖွဲ့များ ရှိ သည်ဟုကြားရ၏။
ထိန်းချုပ်ခံဒေသ၏ လူမှုစီးပွား ဘဝ အခြေအနေ
၉။ မြန်မာ့တပ်မတော်၏ တပ်မ၊ စကခ၊ စစ်ဗျူဟာ၊ တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းနှင့် အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့အဆင့်အဆင့်တို့ တပ်ဆုတ်သွားရုံဖြင့် အဆိုပါ နယ်မြေသည် မိမိတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိ ပြီဟု ယုံကြည်သူများ၏။ ယုံကြည်အောင်လည်း မသိ နားမလည်ကြသည့် ကျေးလက်နေ ပြည်သူလူထုကို အယုံသွင်း၏။ လွတ်လပ်၊ လွတ်မြောက်သည့်နယ်မြေ ဟု ထင်မှတ်သူပင်ရှိနိုင်၏။ ကြည်းတပ် နောက်ဆုတ် ရုံမျှဖြင့် ဝေဟင်နှင့်ရေပြင် စိုးမိုးထားသည့် မြန်မာ့ တပ်မတော်သည် ထိုးစစ်ကြီး သို့မဟုတ် ပြောက်ကျား စစ်ဗျူဟာများဖြင့် ထိုးဖောက်ခြင်း၊ ဝေဟင်နှင့်ရေ ပြင်မှ စစ်ကူပစ်ကူများဖြင့် ဆုံးရှုံးနယ်မြေတိုင်းကို ကာလတို သို့မဟုတ် ကာလရှည်အလိုက် ပြန်လည် ရယူနိုင်၏။ ရေရှည်စစ်၏ ထောက်ပို့လုပ်ငန်းအားလုံး တွင် ဓနအင်အားသည် အခရာကျ၏။
AA ထိန်းချုပ်နယ်မြေများတွင် တရားစီ ရင်ရေးနှင့် အုပ်ချုပ်ရေးကို ပြည်သူ့အုပ်ချုပ်ရေးအာ ဏာပိုင်အဖွဲ့တို့ဖြင့် အစားသွင်း၏။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ပြည်သူ့လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ငွေကြေးစနစ် မည်ကဲ့သို့လျှင် လည်ပတ်လျက် ပြန်လည်ထူထောင်ရေး ဆောင်ရွက် မှုပြုသည်။ လယ်ယာလုပ်ငန်းနှင့်မွေးမြူရေး အစရှိ သည့် ကျေးလက်ဒေသဖွံဖြိုးရေး မည်ကဲ့သို့ ဆောင် ရွက်နေကြသည်ကိုမှု ထိန်းချုပ်မီဒီယာများမှလည်း ကောင်း၊ သတင်းစာရှင်းလင်းပွဲများမှလည်းကောင်း ရှင်းလင်းတင်ပြသည်ကို ယနေ့အထိမတွေ့ရသေး သည်ကို သတိပြု မှတ်သားမိဖြစ်၏။
AA သည် ရခိုင်ဒေသတွင် လက်နက်ကိုင် တစ်ဖွဲ့တည်းရှိရေးမူဝါဒနှင့် ရခိုင်ဒေသတစ်ခုလုံး သိမ်းပိုက်ရေးမှုဝါဒ ချမှတ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ သံတွဲ၊ ဂွနှင့် ကျန်မြို့များသို့ စစ်နယ်ချဲ့ ရန်ရှိကြောင်း လူထုကို သတိပေးမှု အကြိမ်ကြိမ်ပြု ခြင်းတို့ကိုမှု ထိန်းချုပ်မီဒီယာများမှတစ်ဆင့် သတင်းအဖြစ် အမြဲရေးသည်ကိုတွေ့ရ၏။ သိမ်းဆည်းခံ မြို့ များ၏ ပြည်သူ့အုပ်ချုပ်ရေးသည် ပီပြင်ပုံမရ၊ နစက၏ ပိတ်ဆို့ခြင်းများကြောင့် လူထုသည် ကျပ်တည်းသည် ထက် ပိုကျပ်တည်းလာပုံရ၏။ ရေဘေးသင့် ပြည်သူ များ၏လူမှုဘဝ ပြန်လည်ထူထောင်ရေး၊ ကူညီမှုများ လိုအပ်ကြောင်း သတင်းများ၌တွေ့ရ၏။ နစက၏ ပိတ်ဆို့ထားခြင်းခံရသည့် ဒေသများဖြစ်ရာ ကူညီ ကယ်ဆယ်မှုများ ထိရောက်ပုံမရချေ။ ရေရှည်စစ်ဆင် နွှဲလာမည့် နစက၏မဟာဗျူဟာကို လူထုသည် အထူး စိုးရိမ်ပုံလည်းရ၏။
ယနေ့အထိ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နယ် စပ်၏ ပူးပေါင်းကူညီမှုလည်း ရပုံမပေါ်ချေ။ လယ်ယာလုပ်ငန်း သွင်းအားစုနှင့် အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးသည် ရခိုင်လူထုအတွက် အထူးစိန်ခေါ်မှု ကြီးဖြစ်လာပုံရ၏။ ဆေးဝါးနှင့် ငွေကြေးလည်ပတ် စီးဆင်းမှု ရပ်စဲခါနီး ဖြစ်ပုံလည်းရ၏။ လူထုသည် စစ်ဒဏ်ကင်းသည့်ပြည်မသို့ နည်းမျိုးစုံဖြင့် ခိုလှုံလာ ကြာသည်ကိုမှု တွေ့မြဲတွေ့ရ၏။ ရခိုင်ဒေသအပေါ် နစက ကဆင်နွှဲလာမည့် ရေရှည်စစ်ကို AA သည် ပြင်ဆင်ထားပုံ မရသလို ရေရှည်စစ်၌ အနိုင်ရနိုင်ခြေသည် အလွန်နည်းသည်ဟု မြင်၏။
AA ပါဝင်သည့် FPNCC ၏ ဥက္ကဋ္ဌ တာဝန်ရယူထားသော ‘ဝ’ သည် ငြိမ်းချမ်းရေးရယူရန် အပစ်ရပ် သဘောတူညီမှုကို ‘နဝတ’နှင့် ရယူခဲ့၏။ ငြိမ်းချမ်းရေးရယူမှုနှင့်အတူ ဒေသဖွံ့ဖြိုးရေး၊ မိမိ အဖွဲ့အစည်း တည်ဆောက် ရေးကို ပြိုင်တူဆောင် ရွက်ကြ၏။ ဆင်ခြင်မှုအသိ အပြည့်ပါသော နိုင်ငံရေး ရွှေ့ကွက်ဖြစ်၏။ ပြည်ထောင်စုမှ မခွဲထွက်ဟု ‘နစက’ ဥက္ကဋ္ဌကို အာမခံ၏။ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ကိုကျော်လွှားနိုင်သည့် တစ်ခုတည်းသော စံနမှုနာပြသည် ‘ဝ’ ၏ Model ဖြစ်၏။
မဟာမိတ်များနှင့် ရခိုင်စစ်ပွဲ၏ လားရာ
၁၀။ ရှမ်းမြောက်မှ မဟာမိတ်များ၊ မကွေး-မင်းဘူး မှ PDFs များ၊ ချင်းဒေသမှ PDFs များနှင့် လက်နက်ကိုင်အဖွဲ့များသည် ရခိုင်တိုက်ပွဲများ၌များစွာ ရှေ့တန်းမှပါဝင်ကြကြောင်း၊ မြန်မာ့တပ်မတော်၏ ရေကြောင်းနှင့် လေကြောင်းချီ၊ လက်နက် ကြီးများနှင့် ပြင်းထန်ခုခံစစ်တို့ကြောင့် သေဆုံးကျရှုံးမှု မြင့်မား ကြောင်း ကြားသိရသော်လည်း AA ၏ ထိုးစစ် အရှိန်သည် လျော့ကျသွားခြင်းမရှိသည်ကိုတွေ့ရ၏။
(၂၀၂၄) ခုနှစ် မေလ (၁၈) ရက်နေ့ ဘူးသီးတောင်မြို့သိမ်းဖြစ်စဉ်တွင် ဘင်္ဂါလီ အိမ်ခြေ (၈၅၀ဝ)ခန့် မီးရှို့ခံခဲ့ ရခြင်း၏။ ယင်းဖြစ်စဉ်မတိုင်မီ ရခိုင်နှင့်ဟိန္ဒူ အိမ်ခြေ (၂၀ဝဝ) ကျော်ခန့် မီးရှို့ခံခဲ့ရ သည့်ဖြစ်စဉ်သည်ရှိခဲ့၏။ ထို့အတူ AA သည် ရိုဟင် ဂျာများအပေါ် မုဒိမ်းကျင့်၊ လူမျိုးတုံး သတ်ဖြတ်မှုကျူး လွန်ကြောင်း ကမ္ဘာ့ ရိုဟင်ဂျာအဖွဲ့များ၊ လူ့အခွင့် အ ရေးအဖွဲ့များ၏ စွပ်စွဲချက်များစွာသည် ကမ္ဘာ့မီဒီယာ စုံမှ ဆူညံစွာဖြင့်ထွက်ပေါ်လာပြီးနောက် AA သည် မောင်တောသို့ ထိုးစစ်ချီရာတွင် အထူးသတိထားပုံရ လာ၏။ AA သည် (၂၀၂၄) ခုနှစ် ဇွန် လ(၁၆)ရက်နေ့ မှစ၍ ကြိုတင်ကြေညာပြီး မောင် တောကိုထိုးစစ်ဆင် နေသည်မှာ နှစ်လနီးပါး ကြာမြင့်လာပြီလည်း ဖြစ်၏။
မောင်တော၏အနာဂတ်သည် ဘင်္ဂလား ဒေ့ရှ်ရောက် ဘင်္ဂါလီ (၈) သိန်းခန့်( ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများက (၁.၂)သန်းဟုဖော်ပြ) နှင့်ဆက်စပ်နေရာ AA သည် လာလတ္တံ့သော လူမျိုး တုံးထောက်ချောက်ကို အထူးသတိထား အာရုံပြုမိပုံ လည်းရ၏။ မောင်တောမြို့၏ ရှေ့တန်း ကာကင်း ဖြစ်သည့် နခခ-၂ (၄မိုင်)နှင့် ကညင်ချောင်း၊ ရွှေဇား စခန်းကျပြီးနောက် နခခ-၅(မြို့သူကြီး)သည် အလွန် အရေးပါလာ၏။
မောင်တောမြို့ခံ မွတ်စလင်လက်နက်ကိုင် များစွာဖြင့်(၅၀ဝ၀ ခန့်ဖြင့်) မြို့မကျရေး ကာကွယ်ပေးနေသည်ဟု ကြားရ၏။ အမှတ်(၁) ဝင်ထွက် စခန်း၊ မောင်နီရွာ ကာကင်း၊ နခခ-၅၊ နတ်မြစ်ဝရှိ စစ်သင်္ဘောများနှင့် တပ်မတော်လေတို့ သည် အချိတ်အဆက်မိမိဖြင့် AA ထိုးစစ်ကို ခုခံနေပုံရ၏။ မောင်တောစစ်ပွဲ၏ပုံသဏ္ဌာန်သည် မြို့တွင်းနေဘင်္ဂါလီများက မြို့လုံးကျွတ် အချိန်မရွေးနတ်မြစ်ကူးကာ ဘင်္ဂလားဒေ့ရှ်၌ စစ်ပြေးဒုက္ခသည်များအဖြစ်ခံယူခြင်း မျိုးဖြင့် ကမ္ဘာ့ပြဿနာ အဖြစ်သို့ အချိန်မရွေးပြောင်းလဲနိုင်၏။ အကယ်၍ မောင်တောမြို့သည် AA က Drone ဖြင့် Drop Bomb ချခြင်း ကြောင့်လည်း ကောင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းကြောင့် လည်းကောင်း ဘူးသီးတောင်မြို့ကဲ့သို့ မီးလောင်ပြီး မြို့ပျက်ခဲ့ပါက ကမ္ဘာ့မီဒီယာများနှင့် မွတ်စလင်ကမ္ဘာ ၏အသံသည် (၂၀၁၇) လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်ဟု စွပ်စွဲခဲ့သည့် ICJ ရောက်ဖြစ်စဉ်မျိုးအဖြစ် ပုံဖော်လာ ဦးမည်ကို ပါဝင်ပတ်သက်သူများ သတိမူရန် လိုအပ် မည်ဟုထင်မှတ်၏။ ဆင်ခြင် အပ်၏။
ဩဂုတ်လ (၅) ရက်နေ့ RFA ၏ သတင်း တင်ဆက်မှုတွင် စက်လှေဖြင့် နတ်မြစ်တစ်ဖက်ကမ်း သို့ကူးရန် စောင့်ဆိုင်းနေသည့် ထောင်ပေါင်းများစွာ ရှိသောလူအုပ်ထဲသို့ AA က Drone ဖြင့် Drop Bomb ချသဖြင့် စောင့်နေသည့် ဘင်္ဂါလီဒုက္ခသည် (၂၀ဝ)ကျော်သေဆုံးပြီး များစွာဒဏ်ရာရရှိကြောင်း သတင်းသည် အတော်လှုပ်ခတ်သွားပုံရ၏။ ဩဂုတ် လ(၇)ရက်နေ့တွင် AA သည် NP News ထုတ်ကာ ချက်ချင်းငြင်းဆိုသည်ကိုတွေ့ရပြီး၊ တပ်မတော်က မြို့တွင်း၌ လူသားဒိုင်းကာ ပြုလုပ်ထားသည်ဟု ညွှန်းဆိုသည့် ဘင်္ဂါလီ (၃၀ဝ)ခန့်ကို AA ထိန်းချုပ်နယ်မြေသို့ ချီပိုးကူညီ ကယ်ထုတ်နေပုံ ဗီဒီယိုသည် AA ထိန်းချုပ်မီဒီယာများမှတစ်ဆင့် ဩဂုတ် လ(၈)ရက်နေ့တွင် ကြိမ်ဖန်များစွာ ထုတ်လွှင့် နေသည်ကိုတွေ့မြင်ရရာ ကမ္ဘာ့မွတ်စလင်လောက၏တုံ့ ပြန်မှုသည် အတော့်ကို ပြင်းထန်ခဲ့ပုံရ၏။
ရခိုင်စစ်ပွဲ၏လားရာသည် အောက်ပါဖြစ် စဉ်များနှင့် နှီးနွယ်ဆက်စပ်ပြီး အချိန်မရွေး ပြောင်းလဲနိုင်၏။
(က) (၂၀၂၄)ခုနှစ် ဩဂုတ်လ (၅) ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲသည် နယ်စပ်ချင်း ထိစပ်ပြီး စစ်မက်ပြိုင်ဆိုင်မှုပြင်းထန်နေသည့် ရခိုင်ဒေသ၏ စစ်ရေးနိုင်ငံရေးချိန်ခွင်လျှာကိုပြောင်း လဲနိုင်သည့် စိန်ခေါ်မှု ဖြစ်လာနိုင်၏။
(ခ) အကယ်၍ မြန်မာ့တပ်မတော်သည် မောင်တောဒေသမှ စစ်ပွဲ၏ရလဒ် အပြောင်းအလဲကြောင့် မောင်တောဒေသကို လုံးဝ နောက်ဆုတ်ခဲ့၊ စွန့်လွှတ်ခဲ့ရပါက AA သည် သူတို့၏ လွတ်မြောက်နယ်မြေ မောင်တော ဒေသ၌ ဘင်္ဂါလီဒုက္ခသည် (၈)သိန်းခန့်(ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ၁.၂ သန်းဟု ဖော်ပြ)ကို ဘင်္ဂလားဒေ့ရှ် အစိုးရသစ်နှင့် ညှိနှိုင်းပြီး ပြန်လည်လက်ခံခြင်းအားဖြင့် နိုင်ငံတကာ၏ လူသားချင်း ကိုယ်ချင်းစာနာမှုအကူအညီ၊ လုံခြုံမှု ထီးရိပ်နှင့် မွတ်စလင်ကမ္ဘာ၏ တုံ့ပြန်မေတ္တာတို့ကို ချက်ချင်းလျင်မြန်စွာ ရနိုင်ခြေရှိ၏။
(ဂ) ဤသို့ဖြင့် နေရပ်စွန့်ခွာခဲ့ရသည်မှာ (၇)နှစ်ကြာ ခဲ့ပြီဖြစ်သော ဘင်္ဂါလီဒုက္ခသည်(၈)သိန်းခန့် (ကုလ သမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ၁.၂ သန်း ဟုဖော်ပြ)၏ ပြန်လည်လက်ခံရေးကိစ္စ ရှေ့မတိုးနိုင် သေးသည့် ဒုက္ခသည် ပြဿနာ ဖြေရှင်းမှုပုံသဏ္ဌာန်သည်လည်း ပြောင်းလဲသွားနိုင်ခြေရှိ၏။
(ဃ) နည်းတူ လက်ရှိ ရခိုင်ဒေသနေ ဘင်္ဂါလီများသည် AA ၏အုပ်ချုပ်မှုအောက်၌ မနေလိုကြသဖြင့် (၂၀၁၇)ခုနှစ် ဖြစ်စဉ်အတိုင်း တစ်ဖက်နိုင်ငံသို့ လူအုပ်စုအလိုက် နေရပ်စွန့်ခွာကာ ဒုက္ခသည်အဖြစ် ခံယူကြရန် ထပ်မံထွက်ပြေးခိုလှုံကြ သည့်ဖြစ်စဉ်သည်လည်း အချိန်မရွေးဖြစ်ပွားလာနိုင်ခြေရှိ၏။
(င) ရခိုင်ဒေသစစ်ပွဲ၏ ပုံသဏ္ဌာန်နှင့်လားရာသည် အစိုးရ၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံခင်းတမန် ခင်းကဏ္ဍ မည်မျှ ကျွမ်းကျင်မှုရှိသည်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံ့နယ်နိမိတ်မျဉ်း၏ ဂုဏ်သိက္ခာအပေါ် မည်ကဲ့သို့ ရပ်တည်ခံယူသည်နှင့်လည်း တိုက်ရိုက် စပ်ဆိုင်မည်ဟု သုံးသပ်၍ရ၏။
( စ ) နည်းတူ AA နှင့်ဘင်္ဂါလီတို့သည် နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေးအသိ ကြွယ်ဝမှုနှင့်စစ်ရေး ဗျူဟာပညာရပ်တို့၌ မည်မျှကျွမ်းကျင်စွာ ကစားတတ် ကြသည်အပေါ်မှီပြီး ရခိုင်ဒေသစစ်ပွဲ၏လားရာသည် အချိန်မရွေးပြောင်းလဲနိုင်၏။ မည်သို့ပင်ဆိုပါစေ AA ၏ မောင်တောမြို့သိမ်းတိုက်ပွဲဖော်ဆောင်မှုသည် ဘင်္ဂါလီများကို ရခိုင်ဒေသစစ်ပွဲ၌ Joker အဖြစ်သို့ ချက်ချင်းပြောင်းလဲစေသည်ကိုမူ မည်သူမျှငြင်းနိုင် မည်မဟုတ်ဟု မှတ်ချက်ပြုလို၏။
( ဆ ) ‘နစက’သည် ဘင်္ဂါလီနှင့်ဘင်္ဂါလီဒုက္ခသည် ပြဿနာ၏ အတိမ်အနက် ဖြေရှင်းရမည့်နည်းလမ်း သိမ်မွေ့ရှုပ်ထွေး သလောက် နက်နဲမှုတို့ကို ဆင်ခြင်ပြီး ဖြေရှင်းတတ်ပါက မြန်မာ့နိုင်ငံရေး စစ်ရေးအကျပ် အတည်းကို ဖြေရှင်းပြီးဖြစ် သွားနိုင်သည့် ဂိမ်းမာစတာ နေရာသို့ရောက်သွားနိုင်သည်ဟုလည်း သုံးသပ်မိရပါ၏။
စစ်ဆင်ရေး (၁၀၂၇)(ဒုတိယလှိုင်း)၏ ရိုက်ခတ်မှု
၁၁။ စစ်ဆင်ရေး (၁၀၂၇)(ဒုတိယလှိုင်း)သည် TNLA နှင့် PDFs များက ၂၀၂၄ ခုနှစ် ဇွန်လ(၂၅) ရက်နေ့တွင် ကျောက်မဲ၊ နောင်ချိုသို့ စစ်ကြောင်းချီလျက် ထိုးစစ်ဆင်ခြင်းမှစ၏။ (၁၀၂၇)၏ ပထမ လှိုင်းမှာ MNDAA သည် ချင်းရွှေဟော်၊ လောက် ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံနှင့် သိန္နီ (၈) မြို့ကိုသိမ်း၏။ TNLA သည် နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံနှင့် မိုင်းငေါ့ (၇)မြို့ကိုသိမ်း၏။ UWSA သည် ဟိုပန်နှင့် ပန်လုံကို မဟာမိတ် (၃)ဖွဲ့ထံမှ (၂၀၂၄) ခုနှစ် ဇန်န ဝါရီလ(၅)ရက်နေ့တွင် လွှဲအပ်ပေး၍ (၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့တွင် သူတို့၏ အုပ်ချုပ်မှု သို့ သွတ်သွင်း၏။ KIA သည် မဘိမ်းကိုသိမ်း၏။
ပြင်ဦးလွင်သည် ရှမ်းမြောက်စစ်ဆင်ရေး စစ်နယ်ဝန်း၌ နစက၏ ခံစစ်ကြောင်း နောက်တန်း ဖြစ်ပုံရ၏။ နည်းတူ ရှေ့တန်းခံစစ်ကြောင်းသည် ရမခ တည်ရှိရာ လားရှိုးဖြစ်ပုံရ၏။ ရှမ်းမြောက်နှင့် ရှမ်းတောင်ဆက်သွယ်သည့် ကားလမ်း နှစ်သွယ်ကိုစိုးမိုး ထားသည့် နောင်ချိုရှိ ဒုံးတပ်ရင်း( ၆၀၆ )ကို TNLA သည် စုဖွဲ့မှုအင်အား ထောင်ပေါင်းများစွာ (၆၀ဝဝ)နှင့်အထက်ဖြင့်တိုက်စစ်ဖွင့်ကာ တဖြည်းဖြည်းချဉ်း ကပ်ခဲ့ပုံရ၏။ သတင်းများအရ TNLA, PDFs ထက် ဝက်ကျော်သည် စစ်ဆင်ရေးတွင် ကျဆုံးခဲ့ပုံပေါ်၏။ PDFs များ ပိုမိုကျဆုံးသည်ဟု ကြားရ၏။ တပ်မတော် စစ်သည်များ ဒုံးတပ်ရင်း( ၆၀၆)မှခွာစစ်ဆင်ပြီး TNLA က စခန်းကိုရပြီးမှသာ ယူဆထင်မှတ်ခဲ့သည့် လက်နက်ကြီးများ ဒုံးတပ်ရင်း (၆၀၆)တွင်မရှိဘဲ TNLA, PDFs တို့ အသက်များစွာပေးခဲ့ရသည့် အယောင်ပြစခန်းတစ်ခုဟုသာ ကြားရပါ၏။ (၂၀၂၄) ခုနှစ် ဇူလိုင်လ(၁၀) ရက်နေ့တွင် TNLA သည် နောင်ချိုမြို့ရှိ တပ်ရင်းတပ်ဖွဲ့အားလုံးကို သိမ်းပိုက်ရ ရှိခဲ့၏။
စစ်ဆင်ရေးနယ်ပယ်တွင် အယောင်ပြခံ စစ်၊ ခွာစစ်၊ ထိုးစစ်တို့ရှိ၏ဟု ကြားဖူးပါ၏။ ‘တိမ်တောင်သဖွယ် မင်းရေးကျယ်၏’ဟုလည်း ပြောစ မှတ်ပြုကြ၏။ လားရှိုးကို (၂၀၂၄) ခုနှစ် ဇူလိုင်လ (၃) ရက်နေ့မှစ၍ MNDAA သည် အင်အား သောင်းကျော်ဖြင့် ဝိုင်းပိတ်ထားသည်ဟုကြားရ၏။ ဇူလိုင်လ (၂၃)ရက်နေ့တွင် ပြင်းထန်စွာထိုးစစ်ဆင်၏။ ဇူလိုင် လ(၂၅)ရက်နေ့တွင် ထိန်းချုပ်နိုင်ပြီဟုကြေညာ၏။ ဇူလိုင်လ(၂၈)ရက်နေ့တွင် UWSA သည် တန့်ယန်းမှတစ်ဆင့် လားရှိုးသို့ တပ်မတော်၏ သဘောတူညီ ချက်ဖြင့် ဝင်ရောက်လာ၏။ ဇူလိုင်လ(၂၉) ရက်နေ့၌ ‘ဝ’ တပ်ဖွဲ့မှ ကြေညာသည်မှာ ‘ဘက်မလိုက် မူဝါဒ နှင့်ရပ်တည်သည်။ နှစ်ဖက် ညှိနှိုင်းအကြောင်းကြား ပြီးမှ မိမိတို့၏တပ်ဖွဲ့ အကျိုး စီးပွားကိုကာကွယ်ရန် နှင့် ငြိမ်းချမ်းမှုလိုအပ်ချက်အရ ဝင်ရောက်ခြင်းဖြစ် သည်}ထုတ်ပြန်၏။
FPNCC ၏ ဦးဆောင်သူဖြစ်သော UWSA သည် တန့်ယန်းသို့ (၂၀၂၄) ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် လည်း ကောင်း၊ FPNCC ၏ အဖွဲ့ဝင်များဖြစ်ကြသော SSPP သည် မိုင်းရယ်သို့ ဇူလိုင် လ(၁၀)ရက်နေ့တွင်လည်းကောင်း၊ NDAA သည် မိုင်ယောင်းသို့ ဇူလိုင်လ(၂၄)ရက်နေ့တွင်လည်းကောင်း ဝင်ရောက်ကြပြီး လားရှိုးသို့ဝင်ရောက်နိုင်သည့် သံလွင် မြစ် တစ်လျှောက် အနောက်ခြမ်းလမ်းကို ထိန်းချုပ်ရေး ကြိုပြင်ကြ၏။
နည်းတူ လားရှိုး-ပြင်ဦးလွင်သွား ကားလမ်းရှိ သီပေါ-ကျောက်မဲ-နောင်ချိုလမ်းပိုင်းတွင် TNLA သည် ထိုးစစ်ကြီး ဆင်လျက် လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးပမ်းကြ၏။ MNDAA သည် (၂၀၂၄) ခုနှစ် ဩဂုတ်လ(၃) ရက်နေ့တွင် ရမခ ကို ထိန်းချုပ်ရမိပြီဟုကြေညာ၏။ ရမခအနီးရှိတပ်မ တော် ခုတင်(၁၀ဝ) ဆေးရုံကို ဩဂုတ်လ(၂) ရက် နေ့တွင် ဝင်စီးသည့် ဖြစ်စဉ်သည် အလွန်ဆိုးရွား၏။ စစ်ရာဇဝတ်မှု မြောက်၏။ သတင်းများအရ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းများနှင့် ကိုယ်ဝန်ဆောင်မိခင် များသည် ပစ်သတ်ခြင်းခံရ၏။ အရပ်သားနှင့် တပ် မတော်သား လူနာများစွာဖမ်းဆီးခြင်းခံရ၊ သုံ့ပန်းဖြစ် ကြရ၏။
တစ်ဖက်နှင့်တစ်ဖက်သည် နောင်တွင် အချင်းချင်းညှိနှိုင်း၍မရလောက်အောင် နာကျည်းမှု၊ မုန်းတီးမှု၊ ဇာတ်ရှိန် ကို ပိုမိုမြင့်မားစေနိုင်သည့် လူမျိုးရေးပဋိပက္ခ မဖြစ်စေရေး တားဆီးကာကွယ်ကြရ မည်ဖြစ်သလို၊ လူမျိုးရေး ပဋိပက္ခဖြစ်စေမည့် ကိစ္စရပ်တိုင်းကို အထူးရှောင်ကြည်ကြရန်လိုအပ်၏။ MNDAA သည် ဆေးရုံကို ရှော့တိုက်ဒုံးများ Drop Bombs များဖြင့် အကြိမ်များစွာပစ်ခတ်ပြီးမှသာ လွန်အင်အားဖြင့် ဝင်စီးကာ သိမ်းပိုက်ရရှိပုံပေါ်၏။ (၂၀၂၄) ခုနှစ် ဩဂုတ်လ(၄) ရက်နေ့တွင် နစကမှလည်း ရမခ လားရှိုးကျကြောင်းနှင့် ဩဂုတ်လ(၃)ရက် ညနေ(၆)နာရီခွဲမှစ၍ အရာရှိကြီးများနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်းပြော၏။ MNDAA ဖမ်းဆီးသွားသူများကို UWSA မှတစ် ဆင့် SSPP က တာဝန်ရှိအဖွဲ့အစည်းများသို့ နောက်ပိုင်းတွင် အပ်နှံခဲ့ကြောင်း သတင်းအဖြစ်ကြားရရာ မည်သို့ပင် ဆိုပါစေ ဝမ်းမြောက်မှုဖြစ်ရပါ၏။
အပိုင်း (၂) ပြီး၏
zawgyi version
ရွမ္းေျမာက္(အေရွ႕ေျမာက္ေဒသ) စစ္ဆင္ေရး၏ အဆုတ္-အတက္ႏွင့္
ျမန္မာ့ႏိုင္ငံေရးကို ေရွ႕သို႔ ေမွ်ာ္ၾကည့္ျခင္း (အပိုင္း-၂)
ေဒါက္တာေအးေမာင္ (NP News) - ဩဂုတ္ ၃ဝ
ၿမိဳ႕သိမ္းတိုက္ပြဲႏွင့္ စစ္မီးလွ်ံၾကားက ၿမိဳ႕ျပမ်ား၏ နင္းေျခခံဘဝမ်ား
၈။ စစ္ဆင္ေရး (၁၀၂၇) (ပထမလႈိင္း)သည္ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလ (၁၃) ရက္ေန႔တြင္ AA က ရေသ့ေတာင္ၿမိဳ႕နယ္ ဒုံးပိုက္ နခခ စခန္းကို ဝင္တိုက္ျခင္းျဖင့္ ရခိုင္သို႔စစ္နယ္ခ်ဲ႕၏။ ယင္းေနာက္ မည္သည့္ တပ္ရင္းတပ္ဖြဲ႕စခန္းမွ အေျခမစိုက္ေသာ ေပါက္ေတာၿမိဳ႕၏ ၿမိဳ႕မ၊ ၿမိဳ႕နယ္ရဲစခန္းႏွင့္ ဘဏ္မ်ားကိုဝင္စီးျခင္းျဖင့္ ရခိုင္ေဒသ ၿမိဳ႕သိမ္းတိုက္ပြဲ ဆင္ႏႊဲမႈသည္ အစျပဳ၏။
ေပါက္ေတာၿမိဳ႕လူထုသည္ စစ္ေဘးေရွာင္ ၾကရန္ ခြင့္ျပဳခ်ိန္(၁)နာရီအတြင္း မိမိတို႔၏ အတြင္း ပစၥည္းမ်ားရယူၿပီး ကိုယ္လြတ္႐ုန္းၾကရာ စစ္မီးသင့္သည္ႏွင့္အမွ် ၿမိဳ႕ျပသည္ စစ္မီးလွ်ံၾကား၌ ၿပိဳပ်က္၏။ ၿမိဳ႕ျပလူထု၏ဘဝမ်ားစြာ သည္လည္း နင္းေျချခင္းခံ ရၿပီးေနာက္ သူခိုးေတာေၾကာင္မ်ား၏ ခိုးဝွက္လုယူ မႈေၾကာင့္ ေပါက္ေတာၿမိဳ႕သည္ ရခိုင္ေဒသ၏ ပထမ ဆုံး အသက္အိုးအိမ္စည္းစိမ္မ်ားစြာ ဆုံးရႈံးၾကရသည့္ ၿမိဳ႕ျပျဖစ္သြား၏။ လူမ်ိဳးတူ သူခိုး သူဝွက္မ်ား၏ နမူနာျပ ေဖာက္ထြင္းခိုးယူမႈ၊ တံခါး၊ ျပတင္း၊ က်ီးေဘာင္၊ ၾကမ္းခင္းသစ္သား၊ သြပ္ျပားမွစ ၿဖိဳဖ်က္ခိုးယူမႈတို႔ သည္ ႏွစ္ဖက္ စစ္မက္ၿပိဳင္ဆိုင္မႈ ျပင္းထန္ျခင္းမ်ားအၾကား ရခိုင္ေဒသ ၏ စံနမူနာျပ စစ္ဒဏ္ခံ နင္းေျခခံ သမိုင္းဝင္ ၿမိဳ႕ျပ ျဖစ္သြားရေပ၏။ ဒုတိယ စစ္ဒဏ္ခံ ၿမိဳ႕သည္ ရမ္းၿဗဲျဖစ္၏။
စစ္ဒဏ္ခံၿမိဳ႕ျပတိုင္း၌ အလားတူျဖစ္ပ်က္ မႈသည္ရွိ၏။ ၿမိဳ႕ပ်က္သည္ႏွင့္ လူတန္းစားအလႊာ အလိုက္ ဘဝသည္ ပုံစံေျပာင္းသြား၏။ ခ်မ္းသာသူ သည္ ၿမိဳ႕ေျပာင္း၊ အိမ္ေျပာင္း၊ စီးပြားေျပာင္း႐ုံျဖင့္ ဘဝရွင္သန္ေရး လႈပ္ရွားႏိုင္၏။ ေအာက္ေျခအလႊာ သည္ စစ္ဒဏ္ခံ စစ္ေဘးဒုကၡသည္ျဖစ္သြား၏။ စား ဝတ္ေနေရးသည္ လုံးဝအမွီခိုခံဘဝအျဖစ္ျဖင့္သာ ရွင္သန္ခြင့္ရေတာ့၏။ အုပ္ခ်ဳပ္သူႏွင့္ အလႉရွင္မ်ား အေပၚ လုံးဝမွီခိုသြားၾကရ၏။ ပိတ္ပင္မႈမ်ားၾကား၌ အလႉရွင္သည္ စစ္ပြဲမ်ားအၾကား လႈပ္ရွားကူညီရန္ အလြန္ခက္ခဲ၏။ စစ္ဒဏ္ေၾကာင့္ ဘဝေပါင္းမ်ားစြာသည္ နင္းေျခခံဘဝအျဖစ္သို႔ အလိုလိုေရာက္ရွိသြား ၾကရရာ သံေဝဂရယူဖြယ္ျဖစ္၏။
AA သည္ အိႏၵိယ နယ္စပ္မွ ဗ်ဴဟာကုန္း မ်ားျဖစ္ၾကသည့္ ထ႐ြန္အိုင္၊ ပြိဳင့္-၃၇၇၊ ရွင္းလက္ဝ၊ နာဗူးကာ ကင္းစခန္း၊ ခဝဲ၊ မီးဝႏွင့္ ဆမီး ဗ်ဴဟာကုန္း စသည္တို႔ကိုရရွိၿပီးေနာက္ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလ (၁၄)ရက္ေန႔တြင္ ပလက္ဝေဒသတစ္ခုလုံးကို ထိန္း ခ်ဳပ္ႏိုင္ခဲ့၏။ ျမန္မာ့တပ္မေတာ္သည္ ခံစစ္မွသည္ ခြာစစ္ဆင္တိုင္း AA က ၿမိဳ႕သိမ္းသည္ဟု ေၾကညာလာသည္မွာ ပလက္ဝ၊ ေပါက္ေတာ၊ ရမ္းၿဗဲ၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ မင္းျပား၊ ေျမပုံႏွင့္ ဘူးသီးေတာင္ စသည့္ ၿမိဳ႕(၁၀)ၿမိဳ႕ရွိၿပီ ျဖစ္၏။ ေမာင္ေတာႏွင့္သံတြဲသည္ ႏွစ္ဖက္ စစ္မက္ ၿပိဳင္ဆိုင္ဆဲျဖစ္၏။ ျမန္မာ့တပ္မေတာ္မွ ထိန္းခ်ဳပ္ ထားဆဲၿမိဳ႕မ်ားမွာ စစ္ေတြ၊ ေက်ာက္ျဖဴ၊ အမ္း၊ ေတာင္ ကုတ္၊ မာန္ေအာင္၊ ဂြ ႏွင့္ ေမာင္ေတာတို႔ျဖစ္၏။
အခ်ိဳ႕ၿမိဳ႕မ်ားသည္ စစ္ဒဏ္မခံရေသာ္လည္း AA မွ မည္သည့္ ရက္/လ၌ ဝင္သိမ္းမည္ဟု သတိေပးသည္ကို စိုးရိမ္ႀကီးၾကသလို ယုံမွတ္ၾကၿပီး အိုးစြန႔္၊ အိမ္စြန႔္၊ လုပ္ငန္းစြန႔္၊ ၿမိဳ႕ကိုစြန႔္ၿပီး ေအးခ်မ္း တည္ၿငိမ္သည့္အရပ္သို႔ ခိုေအာင္းရန္ မိသားစုလိုက္ ေျပာင္းေ႐ႊ႕ၾက၏။ ပညာေရး၊ က်န္းမာေရး၊ ဘဝရွင္သန္ေရးအတြက္ လုပ္ငန္းေျပာင္းသင့္က ေျပာင္းၾကရ၏။ နဂိုလုပ္ငန္းကို ျပန္လည္အသက္သြင္းၾကသူက သြင္းၾက၏။ အဆိုပါ ေခတၱစစ္ေဘးေရွာင္သြားၾကရ သည့္သူမ်ား၏ က်န္ရစ္အိုးအိမ္မ်ားကို မေ႐ႊ႕ေျပာင္းဘဲ က်န္ရစ္သူအခ်ိဳ႕ကလည္းေကာင္း၊ တမင္ရည္စူးၿပီး ဝင္ေရာက္ လာသူအခ်ိဳ႕ကလည္းေကာင္း အုပ္စုဖြဲ႕ၿပီး ၿဖိဳဖ်က္ခိုးယူမႈ တုတ္၊ ဓားျပကာ အတင္းရယူမႈ ျဖစ္စဥ္မ်ားသည္ စစ္ဒဏ္မခံရ ေသးေသာၿမိဳ႕အခ်ိဳ႕တြင္ ျဖစ္ပြား၏။
စစ္ေတြသည္ ျပည္နယ္ၿမိဳ႕ေတာ္ျဖစ္၏။ အုပ္ခ်ဳပ္ေရးေလ်ာ့ရဲသည္ကိုအခြင့္ေကာင္းယူကာ လူမ်ိဳးတူ သူခိုးဓားျပမ်ားသည္ တုတ္၊ ဓား လက္နက္ရယူကာ ၿဖိဳဖ်က္ဝင္ေရာက္ၿပီး ေရခဲေသတၱာ၊ မီးႀကိဳး၊ အိပ္ခုတင္၊ သံပန္း/ သံတံခါးကအစျဖဳတ္ၿပီး ခိုးယူၾက၏။ တားျမစ္သူကို ရန္ရွာၾက၏။ သူခိုးမ်ား၏ ခိုးယူပစၥည္းမ်ားကို လက္ခံဝယ္ယူ သူရွိၾက၏။ သံမ်ိဳးစုံကို စုၿပီး ရန္ကုန္သို႔ သေဘၤာျဖင့္တင္ပို႔သည့္အဖြဲ႕မ်ား ရွိ သည္ဟုၾကားရ၏။
ထိန္းခ်ဳပ္ခံေဒသ၏ လူမႈစီးပြား ဘဝ အေျခအေန
၉။ ျမန္မာ့တပ္မေတာ္၏ တပ္မ၊ စကခ၊ စစ္ဗ်ဴဟာ၊ တပ္ရင္း၊ တပ္ဖြဲ႕၊ ရဲစခန္းႏွင့္ အရပ္ဘက္ အုပ္ခ်ဳပ္ေရး အဖြဲ႕အဆင့္အဆင့္တို႔ တပ္ဆုတ္သြား႐ုံျဖင့္ အဆိုပါ နယ္ေျမသည္ မိမိတို႔၏ ထိန္းခ်ဳပ္မႈေအာက္ ေရာက္ရွိ ၿပီဟု ယုံၾကည္သူမ်ား၏။ ယုံၾကည္ေအာင္လည္း မသိ နားမလည္ၾကသည့္ ေက်းလက္ေန ျပည္သူလူထုကို အယုံသြင္း၏။ လြတ္လပ္၊ လြတ္ေျမာက္သည့္နယ္ေျမ ဟု ထင္မွတ္သူပင္ရွိႏိုင္၏။ ၾကည္းတပ္ ေနာက္ဆုတ္ ႐ုံမွ်ျဖင့္ ေဝဟင္ႏွင့္ေရျပင္ စိုးမိုးထားသည့္ ျမန္မာ့ တပ္မေတာ္သည္ ထိုးစစ္ႀကီး သို႔မဟုတ္ ေျပာက္က်ား စစ္ဗ်ဴဟာမ်ားျဖင့္ ထိုးေဖာက္ျခင္း၊ ေဝဟင္ႏွင့္ေရ ျပင္မွ စစ္ကူပစ္ကူမ်ားျဖင့္ ဆုံးရႈံးနယ္ေျမတိုင္းကို ကာလတို သို႔မဟုတ္ ကာလရွည္အလိုက္ ျပန္လည္ ရယူႏိုင္၏။ ေရရွည္စစ္၏ ေထာက္ပို႔လုပ္ငန္းအားလုံး တြင္ ဓနအင္အားသည္ အခရာက်၏။
AA ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ တရားစီ ရင္ေရးႏွင့္ အုပ္ခ်ဳပ္ေရးကို ျပည္သူ႔အုပ္ခ်ဳပ္ေရးအာ ဏာပိုင္အဖြဲ႕တို႔ျဖင့္ အစားသြင္း၏။ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး၊ ျပည္သူ႔လုံၿခဳံေရး၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ ေငြေၾကးစနစ္ မည္ကဲ့သို႔လွ်င္ လည္ပတ္လ်က္ ျပန္လည္ထူေထာင္ေရး ေဆာင္႐ြက္ မႈျပဳသည္။ လယ္ယာလုပ္ငန္းႏွင့္ေမြးျမဴေရး အစရွိ သည့္ ေက်းလက္ေဒသဖြံၿဖိဳးေရး မည္ကဲ့သို႔ ေဆာင္ ႐ြက္ေနၾကသည္ကိုမႈ ထိန္းခ်ဳပ္မီဒီယာမ်ားမွလည္း ေကာင္း၊ သတင္းစာရွင္းလင္းပြဲမ်ားမွလည္းေကာင္း ရွင္းလင္းတင္ျပသည္ကို ယေန႔အထိမေတြ႕ရေသး သည္ကို သတိျပဳ မွတ္သားမိျဖစ္၏။
AA သည္ ရခိုင္ေဒသတြင္ လက္နက္ကိုင္ တစ္ဖြဲ႕တည္းရွိေရးမူဝါဒႏွင့္ ရခိုင္ေဒသတစ္ခုလုံး သိမ္းပိုက္ေရးမႈဝါဒ ခ်မွတ္ၿပီး စစ္ေတြ၊ ေက်ာက္ျဖဴ၊ ေမာင္ေတာ၊ သံတြဲ၊ ဂြႏွင့္ က်န္ၿမိဳ႕မ်ားသို႔ စစ္နယ္ခ်ဲ႕ ရန္ရွိေၾကာင္း လူထုကို သတိေပးမႈ အႀကိမ္ႀကိမ္ျပဳ ျခင္းတို႔ကိုမႈ ထိန္းခ်ဳပ္မီဒီယာမ်ားမွတစ္ဆင့္ သတင္းအျဖစ္ အၿမဲေရးသည္ကိုေတြ႕ရ၏။ သိမ္းဆည္းခံ ၿမိဳ႕ မ်ား၏ ျပည္သူ႔အုပ္ခ်ဳပ္ေရးသည္ ပီျပင္ပုံမရ၊ နစက၏ ပိတ္ဆို႔ျခင္းမ်ားေၾကာင့္ လူထုသည္ က်ပ္တည္းသည္ ထက္ ပိုက်ပ္တည္းလာပုံရ၏။ ေရေဘးသင့္ ျပည္သူ မ်ား၏လူမႈဘဝ ျပန္လည္ထူေထာင္ေရး၊ ကူညီမႈမ်ား လိုအပ္ေၾကာင္း သတင္းမ်ား၌ေတြ႕ရ၏။ နစက၏ ပိတ္ဆို႔ထားျခင္းခံရသည့္ ေဒသမ်ားျဖစ္ရာ ကူညီ ကယ္ဆယ္မႈမ်ား ထိေရာက္ပုံမရေခ်။ ေရရွည္စစ္ဆင္ ႏႊဲလာမည့္ နစက၏မဟာဗ်ဴဟာကို လူထုသည္ အထူး စိုးရိမ္ပုံလည္းရ၏။
ယေန႔အထိ အိႏၵိယႏွင့္ဘဂၤလားေဒ့ရွ္နယ္ စပ္၏ ပူးေပါင္းကူညီမႈလည္း ရပုံမေပၚေခ်။ လယ္ယာလုပ္ငန္း သြင္းအားစုႏွင့္ အနာဂတ္ စားနပ္ရိကၡာ ဖူလုံေရးသည္ ရခိုင္လူထုအတြက္ အထူးစိန္ေခၚမႈ ႀကီးျဖစ္လာပုံရ၏။ ေဆးဝါးႏွင့္ ေငြေၾကးလည္ပတ္ စီးဆင္းမႈ ရပ္စဲခါနီး ျဖစ္ပုံလည္းရ၏။ လူထုသည္ စစ္ဒဏ္ကင္းသည့္ျပည္မသို႔ နည္းမ်ိဳးစုံျဖင့္ ခိုလႈံလာ ၾကာသည္ကိုမႈ ေတြ႕ၿမဲေတြ႕ရ၏။ ရခိုင္ေဒသအေပၚ နစက ကဆင္ႏႊဲလာမည့္ ေရရွည္စစ္ကို AA သည္ ျပင္ဆင္ထားပုံ မရသလို ေရရွည္စစ္၌ အႏိုင္ရႏိုင္ေျခသည္ အလြန္နည္းသည္ဟု ျမင္၏။
AA ပါဝင္သည့္ FPNCC ၏ ဥကၠ႒ တာဝန္ရယူထားေသာ ‘ဝ’ သည္ ၿငိမ္းခ်မ္းေရးရယူရန္ အပစ္ရပ္ သေဘာတူညီမႈကို ‘နဝတ’ႏွင့္ ရယူခဲ့၏။ ၿငိမ္းခ်မ္းေရးရယူမႈႏွင့္အတူ ေဒသဖြံ႕ၿဖိဳးေရး၊ မိမိ အဖြဲ႕အစည္း တည္ေဆာက္ ေရးကို ၿပိဳင္တူေဆာင္ ႐ြက္ၾက၏။ ဆင္ျခင္မႈအသိ အျပည့္ပါေသာ ႏိုင္ငံေရး ေ႐ႊ႕ကြက္ျဖစ္၏။ ျပည္ေထာင္စုမွ မခြဲထြက္ဟု ‘နစက’ ဥကၠ႒ကို အာမခံ၏။ ျမန္မာ့ႏိုင္ငံေရးအက်ပ္အတည္း ကိုေက်ာ္လႊားႏိုင္သည့္ တစ္ခုတည္းေသာ စံနမႈနာျပသည္ ‘ဝ’ ၏ Model ျဖစ္၏။
မဟာမိတ္မ်ားႏွင့္ ရခိုင္စစ္ပြဲ၏ လားရာ
၁၀။ ရွမ္းေျမာက္မွ မဟာမိတ္မ်ား၊ မေကြး-မင္းဘူး မွ PDFs မ်ား၊ ခ်င္းေဒသမွ PDFs မ်ားႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားသည္ ရခိုင္တိုက္ပြဲမ်ား၌မ်ားစြာ ေရွ႕တန္းမွပါဝင္ၾကေၾကာင္း၊ ျမန္မာ့တပ္မေတာ္၏ ေရေၾကာင္းႏွင့္ ေလေၾကာင္းခ်ီ၊ လက္နက္ ႀကီးမ်ားႏွင့္ ျပင္းထန္ခုခံစစ္တို႔ေၾကာင့္ ေသဆုံးက်ရႈံးမႈ ျမင့္မား ေၾကာင္း ၾကားသိရေသာ္လည္း AA ၏ ထိုးစစ္ အရွိန္သည္ ေလ်ာ့က်သြားျခင္းမရွိသည္ကိုေတြ႕ရ၏။
(၂၀၂၄) ခုႏွစ္ ေမလ (၁၈) ရက္ေန႔ ဘူးသီးေတာင္ၿမိဳ႕သိမ္းျဖစ္စဥ္တြင္ ဘဂၤါလီ အိမ္ေျခ (၈၅၀ဝ)ခန႔္ မီးရႈိ႕ခံခဲ့ ရျခင္း၏။ ယင္းျဖစ္စဥ္မတိုင္မီ ရခိုင္ႏွင့္ဟိႏၵဴ အိမ္ေျခ (၂၀ဝဝ) ေက်ာ္ခန႔္ မီးရႈိ႕ခံခဲ့ရ သည့္ျဖစ္စဥ္သည္ရွိခဲ့၏။ ထို႔အတူ AA သည္ ႐ိုဟင္ ဂ်ာမ်ားအေပၚ မုဒိမ္းက်င့္၊ လူမ်ိဳးတုံး သတ္ျဖတ္မႈက်ဴး လြန္ေၾကာင္း ကမာၻ႔ ႐ိုဟင္ဂ်ာအဖြဲ႕မ်ား၊ လူ႔အခြင့္ အ ေရးအဖြဲ႕မ်ား၏ စြပ္စြဲခ်က္မ်ားစြာသည္ ကမာၻ႔မီဒီယာ စုံမွ ဆူညံစြာျဖင့္ထြက္ေပၚလာၿပီးေနာက္ AA သည္ ေမာင္ေတာသို႔ ထိုးစစ္ခ်ီရာတြင္ အထူးသတိထားပုံရ လာ၏။ AA သည္ (၂၀၂၄) ခုႏွစ္ ဇြန္ လ(၁၆)ရက္ေန႔ မွစ၍ ႀကိဳတင္ေၾကညာၿပီး ေမာင္ ေတာကိုထိုးစစ္ဆင္ ေနသည္မွာ ႏွစ္လနီးပါး ၾကာျမင့္လာၿပီလည္း ျဖစ္၏။
ေမာင္ေတာ၏အနာဂတ္သည္ ဘဂၤလား ေဒ့ရွ္ေရာက္ ဘဂၤါလီ (၈) သိန္းခန႔္( ကုလသမဂၢႏွင့္ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားက (၁.၂)သန္းဟုေဖာ္ျပ) ႏွင့္ဆက္စပ္ေနရာ AA သည္ လာလတၱံ့ေသာ လူမ်ိဳး တုံးေထာက္ေခ်ာက္ကို အထူးသတိထား အာ႐ုံျပဳမိပုံ လည္းရ၏။ ေမာင္ေတာၿမိဳ႕၏ ေရွ႕တန္း ကာကင္း ျဖစ္သည့္ နခခ-၂ (၄မိုင္)ႏွင့္ ကညင္ေခ်ာင္း၊ ေ႐ႊဇား စခန္းက်ၿပီးေနာက္ နခခ-၅(ၿမိဳ႕သူႀကီး)သည္ အလြန္ အေရးပါလာ၏။
ေမာင္ေတာၿမိဳ႕ခံ မြတ္စလင္လက္နက္ကိုင္ မ်ားစြာျဖင့္(၅၀ဝ၀ ခန႔္ျဖင့္) ၿမိဳ႕မက်ေရး ကာကြယ္ေပးေနသည္ဟု ၾကားရ၏။ အမွတ္(၁) ဝင္ထြက္ စခန္း၊ ေမာင္နီ႐ြာ ကာကင္း၊ နခခ-၅၊ နတ္ျမစ္ဝရွိ စစ္သေဘၤာမ်ားႏွင့္ တပ္မေတာ္ေလတို႔ သည္ အခ်ိတ္အဆက္မိမိျဖင့္ AA ထိုးစစ္ကို ခုခံေနပုံရ၏။ ေမာင္ေတာစစ္ပြဲ၏ပုံသဏၭာန္သည္ ၿမိဳ႕တြင္းေနဘဂၤါလီမ်ားက ၿမိဳ႕လုံးကြၽတ္ အခ်ိန္မေ႐ြးနတ္ျမစ္ကူးကာ ဘဂၤလားေဒ့ရွ္၌ စစ္ေျပးဒုကၡသည္မ်ားအျဖစ္ခံယူျခင္း မ်ိဳးျဖင့္ ကမာၻ႔ျပႆနာ အျဖစ္သို႔ အခ်ိန္မေ႐ြးေျပာင္းလဲႏိုင္၏။ အကယ္၍ ေမာင္ေတာၿမိဳ႕သည္ AA က Drone ျဖင့္ Drop Bomb ခ်ျခင္း ေၾကာင့္လည္း ေကာင္း၊ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္ျခင္းေၾကာင့္ လည္းေကာင္း ဘူးသီးေတာင္ၿမိဳ႕ကဲ့သို႔ မီးေလာင္ၿပီး ၿမိဳ႕ပ်က္ခဲ့ပါက ကမာၻ႔မီဒီယာမ်ားႏွင့္ မြတ္စလင္ကမာၻ ၏အသံသည္ (၂၀၁၇) လူမ်ိဳးတုံးသတ္ျဖတ္ခဲ့သည့္ဟု စြပ္စြဲခဲ့သည့္ ICJ ေရာက္ျဖစ္စဥ္မ်ိဳးအျဖစ္ ပုံေဖာ္လာ ဦးမည္ကို ပါဝင္ပတ္သက္သူမ်ား သတိမူရန္ လိုအပ္ မည္ဟုထင္မွတ္၏။ ဆင္ျခင္ အပ္၏။
ဩဂုတ္လ (၅) ရက္ေန႔ RFA ၏ သတင္း တင္ဆက္မႈတြင္ စက္ေလွျဖင့္ နတ္ျမစ္တစ္ဖက္ကမ္း သို႔ကူးရန္ ေစာင့္ဆိုင္းေနသည့္ ေထာင္ေပါင္းမ်ားစြာ ရွိေသာလူအုပ္ထဲသို႔ AA က Drone ျဖင့္ Drop Bomb ခ်သျဖင့္ ေစာင့္ေနသည့္ ဘဂၤါလီဒုကၡသည္ (၂၀ဝ)ေက်ာ္ေသဆုံးၿပီး မ်ားစြာဒဏ္ရာရရွိေၾကာင္း သတင္းသည္ အေတာ္လႈပ္ခတ္သြားပုံရ၏။ ဩဂုတ္ လ(၇)ရက္ေန႔တြင္ AA သည္ NP News ထုတ္ကာ ခ်က္ခ်င္းျငင္းဆိုသည္ကိုေတြ႕ရၿပီး၊ တပ္မေတာ္က ၿမိဳ႕တြင္း၌ လူသားဒိုင္းကာ ျပဳလုပ္ထားသည္ဟု ၫႊန္းဆိုသည့္ ဘဂၤါလီ (၃၀ဝ)ခန႔္ကို AA ထိန္းခ်ဳပ္နယ္ေျမသို႔ ခ်ီပိုးကူညီ ကယ္ထုတ္ေနပုံ ဗီဒီယိုသည္ AA ထိန္းခ်ဳပ္မီဒီယာမ်ားမွတစ္ဆင့္ ဩဂုတ္ လ(၈)ရက္ေန႔တြင္ ႀကိမ္ဖန္မ်ားစြာ ထုတ္လႊင့္ ေနသည္ကိုေတြ႕ျမင္ရရာ ကမာၻ႔မြတ္စလင္ေလာက၏တုံ႔ ျပန္မႈသည္ အေတာ့္ကို ျပင္းထန္ခဲ့ပုံရ၏။
ရခိုင္စစ္ပြဲ၏လားရာသည္ ေအာက္ပါျဖစ္ စဥ္မ်ားႏွင့္ ႏွီးႏြယ္ဆက္စပ္ၿပီး အခ်ိန္မေ႐ြး ေျပာင္းလဲႏိုင္၏။
(က) (၂၀၂၄)ခုႏွစ္ ဩဂုတ္လ (၅) ရက္ေန႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္စဥ္အေျပာင္းအလဲသည္ နယ္စပ္ခ်င္း ထိစပ္ၿပီး စစ္မက္ၿပိဳင္ဆိုင္မႈျပင္းထန္ေနသည့္ ရခိုင္ေဒသ၏ စစ္ေရးႏိုင္ငံေရးခ်ိန္ခြင္လွ်ာကိုေျပာင္း လဲႏိုင္သည့္ စိန္ေခၚမႈ ျဖစ္လာႏိုင္၏။
(ခ) အကယ္၍ ျမန္မာ့တပ္မေတာ္သည္ ေမာင္ေတာေဒသမွ စစ္ပြဲ၏ရလဒ္ အေျပာင္းအလဲေၾကာင့္ ေမာင္ေတာေဒသကို လုံးဝ ေနာက္ဆုတ္ခဲ့၊ စြန႔္လႊတ္ခဲ့ရပါက AA သည္ သူတို႔၏ လြတ္ေျမာက္နယ္ေျမ ေမာင္ေတာ ေဒသ၌ ဘဂၤါလီဒုကၡသည္ (၈)သိန္းခန႔္(ကုလသမဂၢ ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ၁.၂ သန္းဟု ေဖာ္ျပ)ကို ဘဂၤလားေဒ့ရွ္ အစိုးရသစ္ႏွင့္ ညႇိႏႈိင္းၿပီး ျပန္လည္လက္ခံျခင္းအားျဖင့္ ႏိုင္ငံတကာ၏ လူသားခ်င္း ကိုယ္ခ်င္းစာနာမႈအကူအညီ၊ လုံၿခဳံမႈ ထီးရိပ္ႏွင့္ မြတ္စလင္ကမာၻ၏ တုံ႔ျပန္ေမတၱာတို႔ကို ခ်က္ခ်င္းလ်င္ျမန္စြာ ရႏိုင္ေျခရွိ၏။
(ဂ) ဤသို႔ျဖင့္ ေနရပ္စြန႔္ခြာခဲ့ရသည္မွာ (၇)ႏွစ္ၾကာ ခဲ့ၿပီျဖစ္ေသာ ဘဂၤါလီဒုကၡသည္(၈)သိန္းခန႔္ (ကုလ သမဂၢႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ၁.၂ သန္း ဟုေဖာ္ျပ)၏ ျပန္လည္လက္ခံေရးကိစၥ ေရွ႕မတိုးႏိုင္ ေသးသည့္ ဒုကၡသည္ ျပႆနာ ေျဖရွင္းမႈပုံသဏၭာန္သည္လည္း ေျပာင္းလဲသြားႏိုင္ေျခရွိ၏။
(ဃ) နည္းတူ လက္ရွိ ရခိုင္ေဒသေန ဘဂၤါလီမ်ားသည္ AA ၏အုပ္ခ်ဳပ္မႈေအာက္၌ မေနလိုၾကသျဖင့္ (၂၀၁၇)ခုႏွစ္ ျဖစ္စဥ္အတိုင္း တစ္ဖက္ႏိုင္ငံသို႔ လူအုပ္စုအလိုက္ ေနရပ္စြန႔္ခြာကာ ဒုကၡသည္အျဖစ္ ခံယူၾကရန္ ထပ္မံထြက္ေျပးခိုလႈံၾက သည့္ျဖစ္စဥ္သည္လည္း အခ်ိန္မေ႐ြးျဖစ္ပြားလာႏိုင္ေျခရွိ၏။
(င) ရခိုင္ေဒသစစ္ပြဲ၏ ပုံသဏၭာန္ႏွင့္လားရာသည္ အစိုးရ၏ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ သံခင္းတမန္ ခင္းက႑ မည္မွ် ကြၽမ္းက်င္မႈရွိသည္ႏွင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ ႏိုင္ငံ့နယ္နိမိတ္မ်ဥ္း၏ ဂုဏ္သိကၡာအေပၚ မည္ကဲ့သို႔ ရပ္တည္ခံယူသည္ႏွင့္လည္း တိုက္႐ိုက္ စပ္ဆိုင္မည္ဟု သုံးသပ္၍ရ၏။
( စ ) နည္းတူ AA ႏွင့္ဘဂၤါလီတို႔သည္ ႏိုင္ငံတကာ ဆက္ဆံေရး၊ ႏိုင္ငံေရးအသိ ႂကြယ္ဝမႈႏွင့္စစ္ေရး ဗ်ဴဟာပညာရပ္တို႔၌ မည္မွ်ကြၽမ္းက်င္စြာ ကစားတတ္ ၾကသည္အေပၚမွီၿပီး ရခိုင္ေဒသစစ္ပြဲ၏လားရာသည္ အခ်ိန္မေ႐ြးေျပာင္းလဲႏိုင္၏။ မည္သို႔ပင္ဆိုပါေစ AA ၏ ေမာင္ေတာၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္မႈသည္ ဘဂၤါလီမ်ားကို ရခိုင္ေဒသစစ္ပြဲ၌ Joker အျဖစ္သို႔ ခ်က္ခ်င္းေျပာင္းလဲေစသည္ကိုမူ မည္သူမွ်ျငင္းႏိုင္ မည္မဟုတ္ဟု မွတ္ခ်က္ျပဳလို၏။
( ဆ ) ‘နစက’သည္ ဘဂၤါလီႏွင့္ဘဂၤါလီဒုကၡသည္ ျပႆနာ၏ အတိမ္အနက္ ေျဖရွင္းရမည့္နည္းလမ္း သိမ္ေမြ႕ရႈပ္ေထြး သေလာက္ နက္နဲမႈတို႔ကို ဆင္ျခင္ၿပီး ေျဖရွင္းတတ္ပါက ျမန္မာ့ႏိုင္ငံေရး စစ္ေရးအက်ပ္ အတည္းကို ေျဖရွင္းၿပီးျဖစ္ သြားႏိုင္သည့္ ဂိမ္းမာစတာ ေနရာသို႔ေရာက္သြားႏိုင္သည္ဟုလည္း သုံးသပ္မိရပါ၏။
စစ္ဆင္ေရး (၁၀၂၇)(ဒုတိယလႈိင္း)၏ ႐ိုက္ခတ္မႈ
၁၁။ စစ္ဆင္ေရး (၁၀၂၇)(ဒုတိယလႈိင္း)သည္ TNLA ႏွင့္ PDFs မ်ားက ၂၀၂၄ ခုႏွစ္ ဇြန္လ(၂၅) ရက္ေန႔တြင္ ေက်ာက္မဲ၊ ေနာင္ခ်ိဳသို႔ စစ္ေၾကာင္းခ်ီလ်က္ ထိုးစစ္ဆင္ျခင္းမွစ၏။ (၁၀၂၇)၏ ပထမ လႈိင္းမွာ MNDAA သည္ ခ်င္းေ႐ႊေဟာ္၊ ေလာက္ ကိုင္၊ ကုန္းၾကမ္း၊ ေဖာင္းဆိုင္၊ မုန္းကိုး၊ ပန္ဆိုင္း၊ ကြမ္းလုံႏွင့္ သိႏၷီ (၈) ၿမိဳ႕ကိုသိမ္း၏။ TNLA သည္ နမၼတူ၊ နမ့္ဆန္၊ နမ့္ခမ္း၊ ကြတ္ခိုင္၊ မန္တုံ၊ မိုင္းလုံႏွင့္ မိုင္းေငါ့ (၇)ၿမိဳ႕ကိုသိမ္း၏။ UWSA သည္ ဟိုပန္ႏွင့္ ပန္လုံကို မဟာမိတ္ (၃)ဖြဲ႕ထံမွ (၂၀၂၄) ခုႏွစ္ ဇန္န ဝါရီလ(၅)ရက္ေန႔တြင္ လႊဲအပ္ေပး၍ (၂၀၂၄) ခုႏွစ္ ဇန္နဝါရီလ (၁၃) ရက္ေန႔တြင္ သူတို႔၏ အုပ္ခ်ဳပ္မႈ သို႔ သြတ္သြင္း၏။ KIA သည္ မဘိမ္းကိုသိမ္း၏။
ျပင္ဦးလြင္သည္ ရွမ္းေျမာက္စစ္ဆင္ေရး စစ္နယ္ဝန္း၌ နစက၏ ခံစစ္ေၾကာင္း ေနာက္တန္း ျဖစ္ပုံရ၏။ နည္းတူ ေရွ႕တန္းခံစစ္ေၾကာင္းသည္ ရမခ တည္ရွိရာ လားရႈိးျဖစ္ပုံရ၏။ ရွမ္းေျမာက္ႏွင့္ ရွမ္းေတာင္ဆက္သြယ္သည့္ ကားလမ္း ႏွစ္သြယ္ကိုစိုးမိုး ထားသည့္ ေနာင္ခ်ိဳရွိ ဒုံးတပ္ရင္း( ၆၀၆ )ကို TNLA သည္ စုဖြဲ႕မႈအင္အား ေထာင္ေပါင္းမ်ားစြာ (၆၀ဝဝ)ႏွင့္အထက္ျဖင့္တိုက္စစ္ဖြင့္ကာ တျဖည္းျဖည္းခ်ဥ္း ကပ္ခဲ့ပုံရ၏။ သတင္းမ်ားအရ TNLA, PDFs ထက္ ဝက္ေက်ာ္သည္ စစ္ဆင္ေရးတြင္ က်ဆုံးခဲ့ပုံေပၚ၏။ PDFs မ်ား ပိုမိုက်ဆုံးသည္ဟု ၾကားရ၏။ တပ္မေတာ္ စစ္သည္မ်ား ဒုံးတပ္ရင္း( ၆၀၆)မွခြာစစ္ဆင္ၿပီး TNLA က စခန္းကိုရၿပီးမွသာ ယူဆထင္မွတ္ခဲ့သည့္ လက္နက္ႀကီးမ်ား ဒုံးတပ္ရင္း (၆၀၆)တြင္မရွိဘဲ TNLA, PDFs တို႔ အသက္မ်ားစြာေပးခဲ့ရသည့္ အေယာင္ျပစခန္းတစ္ခုဟုသာ ၾကားရပါ၏။ (၂၀၂၄) ခုႏွစ္ ဇူလိုင္လ(၁၀) ရက္ေန႔တြင္ TNLA သည္ ေနာင္ခ်ိဳၿမိဳ႕ရွိ တပ္ရင္းတပ္ဖြဲ႕အားလုံးကို သိမ္းပိုက္ရ ရွိခဲ့၏။
စစ္ဆင္ေရးနယ္ပယ္တြင္ အေယာင္ျပခံ စစ္၊ ခြာစစ္၊ ထိုးစစ္တို႔ရွိ၏ဟု ၾကားဖူးပါ၏။ ‘တိမ္ေတာင္သဖြယ္ မင္းေရးက်ယ္၏’ဟုလည္း ေျပာစ မွတ္ျပဳၾက၏။ လားရႈိးကို (၂၀၂၄) ခုႏွစ္ ဇူလိုင္လ (၃) ရက္ေန႔မွစ၍ MNDAA သည္ အင္အား ေသာင္းေက်ာ္ျဖင့္ ဝိုင္းပိတ္ထားသည္ဟုၾကားရ၏။ ဇူလိုင္လ (၂၃)ရက္ေန႔တြင္ ျပင္းထန္စြာထိုးစစ္ဆင္၏။ ဇူလိုင္ လ(၂၅)ရက္ေန႔တြင္ ထိန္းခ်ဳပ္ႏိုင္ၿပီဟုေၾကညာ၏။ ဇူလိုင္လ(၂၈)ရက္ေန႔တြင္ UWSA သည္ တန႔္ယန္းမွတစ္ဆင့္ လားရႈိးသို႔ တပ္မေတာ္၏ သေဘာတူညီ ခ်က္ျဖင့္ ဝင္ေရာက္လာ၏။ ဇူလိုင္လ(၂၉) ရက္ေန႔၌ ‘ဝ’ တပ္ဖြဲ႕မွ ေၾကညာသည္မွာ ‘ဘက္မလိုက္ မူဝါဒ ႏွင့္ရပ္တည္သည္။ ႏွစ္ဖက္ ညႇိႏႈိင္းအေၾကာင္းၾကား ၿပီးမွ မိမိတို႔၏တပ္ဖြဲ႕ အက်ိဳး စီးပြားကိုကာကြယ္ရန္ ႏွင့္ ၿငိမ္းခ်မ္းမႈလိုအပ္ခ်က္အရ ဝင္ေရာက္ျခင္းျဖစ္ သည္}ထုတ္ျပန္၏။
FPNCC ၏ ဦးေဆာင္သူျဖစ္ေသာ UWSA သည္ တန႔္ယန္းသို႔ (၂၀၂၄) ခုႏွစ္ ဇူလိုင္လ (၁၀)ရက္ေန႔တြင္ လည္း ေကာင္း၊ FPNCC ၏ အဖြဲ႕ဝင္မ်ားျဖစ္ၾကေသာ SSPP သည္ မိုင္းရယ္သို႔ ဇူလိုင္ လ(၁၀)ရက္ေန႔တြင္လည္းေကာင္း၊ NDAA သည္ မိုင္ေယာင္းသို႔ ဇူလိုင္လ(၂၄)ရက္ေန႔တြင္လည္းေကာင္း ဝင္ေရာက္ၾကၿပီး လားရႈိးသို႔ဝင္ေရာက္ႏိုင္သည့္ သံလြင္ ျမစ္ တစ္ေလွ်ာက္ အေနာက္ျခမ္းလမ္းကို ထိန္းခ်ဳပ္ေရး ႀကိဳျပင္ၾက၏။
နည္းတူ လားရႈိး-ျပင္ဦးလြင္သြား ကားလမ္းရွိ သီေပါ-ေက်ာက္မဲ-ေနာင္ခ်ိဳလမ္းပိုင္းတြင္ TNLA သည္ ထိုးစစ္ႀကီး ဆင္လ်က္ လမ္းပိုင္းကို ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းၾက၏။ MNDAA သည္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ(၃) ရက္ေန႔တြင္ ရမခ ကို ထိန္းခ်ဳပ္ရမိၿပီဟုေၾကညာ၏။ ရမခအနီးရွိတပ္မ ေတာ္ ခုတင္(၁၀ဝ) ေဆး႐ုံကို ဩဂုတ္လ(၂) ရက္ ေန႔တြင္ ဝင္စီးသည့္ ျဖစ္စဥ္သည္ အလြန္ဆိုး႐ြား၏။ စစ္ရာဇဝတ္မႈ ေျမာက္၏။ သတင္းမ်ားအရ ဆရာဝန္၊ သူနာျပဳ၊ ေဆး႐ုံဝန္ထမ္းမ်ားႏွင့္ ကိုယ္ဝန္ေဆာင္မိခင္ မ်ားသည္ ပစ္သတ္ျခင္းခံရ၏။ အရပ္သားႏွင့္ တပ္ မေတာ္သား လူနာမ်ားစြာဖမ္းဆီးျခင္းခံရ၊ သုံ႔ပန္းျဖစ္ ၾကရ၏။
တစ္ဖက္ႏွင့္တစ္ဖက္သည္ ေနာင္တြင္ အခ်င္းခ်င္းညႇိႏႈိင္း၍မရေလာက္ေအာင္ နာက်ည္းမႈ၊ မုန္းတီးမႈ၊ ဇာတ္ရွိန္ ကို ပိုမိုျမင့္မားေစႏိုင္သည့္ လူမ်ိဳးေရးပဋိပကၡ မျဖစ္ေစေရး တားဆီးကာကြယ္ၾကရ မည္ျဖစ္သလို၊ လူမ်ိဳးေရး ပဋိပကၡျဖစ္ေစမည့္ ကိစၥရပ္တိုင္းကို အထူးေရွာင္ၾကည္ၾကရန္လိုအပ္၏။ MNDAA သည္ ေဆး႐ုံကို ေရွာ့တိုက္ဒုံးမ်ား Drop Bombs မ်ားျဖင့္ အႀကိမ္မ်ားစြာပစ္ခတ္ၿပီးမွသာ လြန္အင္အားျဖင့္ ဝင္စီးကာ သိမ္းပိုက္ရရွိပုံေပၚ၏။ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ(၄) ရက္ေန႔တြင္ နစကမွလည္း ရမခ လားရႈိးက်ေၾကာင္းႏွင့္ ဩဂုတ္လ(၃)ရက္ ညေန(၆)နာရီခြဲမွစ၍ အရာရွိႀကီးမ်ားႏွင့္ အဆက္အသြယ္ျပတ္ေတာက္သြားေၾကာင္းေျပာ၏။ MNDAA ဖမ္းဆီးသြားသူမ်ားကို UWSA မွတစ္ ဆင့္ SSPP က တာဝန္ရွိအဖြဲ႕အစည္းမ်ားသို႔ ေနာက္ပိုင္းတြင္ အပ္ႏွံခဲ့ေၾကာင္း သတင္းအျဖစ္ၾကားရရာ မည္သို႔ပင္ ဆိုပါေစ ဝမ္းေျမာက္မႈျဖစ္ရပါ၏။
အပိုင္း (၂) ၿပီး၏