တောင်ကိုရီးယား ဆိုးလ်မြို့ကားလမ်းမပေါ်မှာ မြေကျွံမှုဖြစ်ပွားခဲ့ရာ ကားတစ်စီးမြေထဲနစ်ဝင်သွားခဲ့

 1114

ရောင်နီ (NP News) - သြဂုတ် ၃ဝ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ကားလမ်းမတစ်ခုပေါ်မှာ ကြာသပတေးနေ့ (သြဂုတ်လ ၂၉ ရက်) က မြေကျွံမှု ဖြစ်ခဲ့ပြီး အဲဒီမြေကျွံထားတဲ့ ချိုင့်ထဲကို ကားတစ်စီးလည်း ဘေးတစောင်း နစ်ဝင်သွားခဲ့ကာ လူနှစ်ဦး ဒဏ်ရာရခဲ့ တယ်လို့ သိရပါတယ်။

အဲဒီနေရာဟာ ဆိုးလ်မြို့၊ အနောက်ဘက်ရှိ ဆိုဒန်မန်ခရိုင်ရှိ ကားလမ်းတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ မြေကျွံမှုနဲ့အတူ ချိုင့်ခွက်ထဲ ကျွံဝင်သွားခဲ့တဲ့ ကားထဲမှာ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၈၀ အရွယ် အမျိုးသား တစ်ဦး ရှိခဲ့ပြီး ဒဏ်ရာကိုယ်စီရရှိခဲ့တာကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီမြေကျွံမှုဖြစ်ရတဲ့ အကြောင်းအရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး ဒီအဖြစ်အပျက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့(ဩဂုတ်လ ၂၃ ရက်) ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ အသက် ၄၈ နှစ်အရွယ် အိန္ဒိယခရီးသွားတစ်ဦး ခြေလျင်လမ်းလျှောက်နေရင်း မြေကျွံမှုနဲ့အတူ တွင်းနက်ထဲ ပြုတ်ကျပျောက်ဆုံး သွားခဲ့တဲ့ အဖြစ်အပျက် ရှိခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား ဆိုးလ္ၿမိဳ႕ကားလမ္းမေပၚမွာ ေျမကြၽံမႈျဖစ္ပြားခဲ့ရာ ကားတစ္စီးေျမထဲနစ္ဝင္သြားခဲ့
ေရာင္နီ (NP News) - ၾသဂုတ္ ၃ဝ

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ကားလမ္းမတစ္ခုေပၚမွာ ၾကာသပေတးေန႔ (ၾသဂုတ္လ ၂၉ ရက္) က ေျမကြၽံမႈ ျဖစ္ခဲ့ၿပီး အဲဒီေျမကြၽံထားတဲ့ ခ်ိဳင့္ထဲကို ကားတစ္စီးလည္း ေဘးတေစာင္း နစ္ဝင္သြားခဲ့ကာ လူႏွစ္ဦး ဒဏ္ရာရခဲ့ တယ္လို႔ သိရပါတယ္။

အဲဒီေနရာဟာ ဆိုးလ္ၿမိဳ႕၊ အေနာက္ဘက္ရွိ ဆိုဒန္မန္ခ႐ိုင္ရွိ ကားလမ္းတစ္ခုမွာ ျဖစ္ပြားခဲ့တာပါ။ ေျမကြၽံမႈနဲ႔အတူ ခ်ိဳင့္ခြက္ထဲ ကြၽံဝင္သြားခဲ့တဲ့ ကားထဲမွာ အသက္ ၇၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၈၀ အ႐ြယ္ အမ်ိဳးသား တစ္ဦး ရွိခဲ့ၿပီး ဒဏ္ရာကိုယ္စီရရွိခဲ့တာေၾကာင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒီေျမကြၽံမႈျဖစ္ရတဲ့ အေၾကာင္းအရင္းကို အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနၿပီး ဒီအျဖစ္အပ်က္ေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ လည္း ရွိခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔(ဩဂုတ္လ ၂၃ ရက္) ကလည္း မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ေတာ္မွာ အသက္ ၄၈ ႏွစ္အ႐ြယ္ အိႏၵိယခရီးသြားတစ္ဦး ေျခလ်င္လမ္းေလွ်ာက္ေနရင္း ေျမကြၽံမႈနဲ႔အတူ တြင္းနက္ထဲ ျပဳတ္က်ေပ်ာက္ဆုံး သြားခဲ့တဲ့ အျဖစ္အပ်က္ ရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.