တောင်ငူမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသတွင်း စာသင်ကျောင်းအချို့ယာယီပိတ်ထားရပြီး လူဦးရေ(၆၀၀၀)ခန့်ရေဘေးသင့်နေ

 261

သန့်ဇင် (NP News) - ဩဂုတ် ၃ဝ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသတွင်း စာသင်ကျောင်းအချို့ ယာယီပိတ်ထားရပြီး လူဦးရေ (၆၀၀၀)ခန့်ရေဘေးသင့်နေကြောင်း ရေဘေးကူညီကယ်ဆယ်မှုများလုပ်ဆောင်နေသည့် ဒေသခံလူမှုကူညီရေးအသင်းများထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် စစ်တောင်းမြစ်ရေနှင့် ဆွာဆည်ရေမြင့်တက်လာကာ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့မှစတင်၍ တောင်ငူမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခု ရေကစိုးရိမ်ရေအမှတ်ထက်မှာ (၆၆၇)စင်တီမီတာအထိ တက်နေတာပါ။ အဲဒါကို ရေကကျဆင်းခြင်းမရှိပဲ တစ်ညလုံးလည်း မိုးကရွာလိုက်တိတ်လိုက်နဲ့ ဖြစ်နေတာ။ မြစ်ရေက မကျဘဲနဲ့ ရေတန့်နေတာတော့ ရှိနေတယ်။ အဲဒီရေဝင်နေတဲ့ရပ်ကွက်တွေထဲမှာလည်း အိမ်စောင့်ဆိုပြီး နေခဲ့တဲ့လူတွေလည်းရှိတယ်။ စစ်တောင်းမြစ်ကမ်းနဘေးရှိတဲ့နေရာတွေတော်တော်များများကို ဖြစ်သွားတာပါ”ဟု တောင်ငူမြို့မှ ကရုဏာရင်ခွင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် တောင်ငူမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေစခန်း (၁၀)ခုထက်မနည်းဖွင့်လှစ်ထားကာ လူဦးရေ(၆၀၀၀)ခန့်ကို အဆိုပါကယ် ဆယ်ရေးစခန်းများတွင် နေရာချထားပေးရပြီး အခြေခံပညာစာသင်ကျောင်းအချို့လည်း ယာယီပိတ်ထားရကြောင်း သိရသည်။

“ဥသျှစ်တန်းမူလွန်ကျောင်းမှာ အိမ်ထောင်စု‌ရေ(၁၁၉)စု၊ လူဦးရေ(၅၄၀) ထား ထားပါတယ်။ နောက်ပြီး ပေါ်တော်မူဘုရားဝန်းထဲမှာ လူဦးရေ(၈၅၀) ကျော်ထားထားပါတယ်။ နောက် အမှတ်(၆)ကျောင်းမှာ လူဦးရေ(၁၀၀၀) ဂဏန်းနီးပါးထားထားပါတယ်။ အဲဒီကျောင်းတွေကလည်း ယာယီပိတ်ထားရတာပေါ့။ နောက်ပြီး အမှတ်(၁)အလယ်တန်းကျောင်းမှာ လူဦးရေ (၅၄၀) ထားထားပါတယ်။ နောက်ပြီး အရှေ့ဘက်ကမ်းက ကသဲစုမြို့ဦးဘုန်းကြီး ကျောင်းမှာလည်း ကယ်ဆယ်ရးစခန်းဖွင့်ထားပါတယ်။ နောက်ပြီး ကသဲစုစာသင် ကျောင်းမှာလည်း ထပ်ဖွင့်ထားပါတယ်။ အဲဒီမှာ (၂)ရွာပေါင်းလူဦးရေ ၆၀၀ ကျော်ထားထားပါတယ်။ ထက်ပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေလည်း ဖွင့်ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြေသည်။

ထို့ပြင် တောင်ငူမြို့နယ်တွင် (၃)ပတ်ဆက်တိုက်ဆက်လက်မိုးရွာသွန်း လျက်ရှိကာ စစ်တောင်းမြစ်နှင့် ဆွာဆည်မှရေများလည်း ပြန်လည် ကျဆင်းခြင်း မရှိသေးသည့် အတွက် အနိမ့်ပိုင်းဒေသအချို့မှသီးနှံစိုက်ပျိုးခင်းများလည်းရေလွမ်းမိုးလျက်ရှိကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၃၀ ရက် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ် ရေမှတ်အထက် ၂ ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း တစ်လက်မခန့်သာပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

အလားတူ အဆိုပါမြစ်ရေသည် မဒေါက်မြို့တွင်လည်း စိုးရိမ်ရေအမှတ်ထက်သို့ တစ်ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (၂)လက်မခန့်ကျဆင်းနိုင်ကြောင်း သိရသည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ဩဂုတ်လ ၁၇ ရက်နေ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၃၉၃၀၀၀) ခန့် ရေးဘေးသင့်ခဲ့ကြောင်း သိရသည်။

zawgyi version
ေတာင္ငူၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈျဖစ္ကာ ေဒသတြင္း စာသင္ေက်ာင္းအခ်ိဳ႕ယာယီပိတ္ထားရၿပီး လူဦးေရ(၆၀၀၀)ခန႔္ေရေဘးသင့္ေန
သန႔္ဇင္ (NP News) - ဩဂုတ္ ၃ဝ

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ကာ ေဒသတြင္း စာသင္ေက်ာင္းအခ်ိဳ႕ ယာယီပိတ္ထားရၿပီး လူဦးေရ (၆၀၀၀)ခန႔္ေရေဘးသင့္ေနေၾကာင္း ေရေဘးကူညီကယ္ဆယ္မႈမ်ားလုပ္ေဆာင္ေနသည့္ ေဒသခံလူမႈကူညီေရးအသင္းမ်ားထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ စစ္ေတာင္းျမစ္ေရႏွင့္ ဆြာဆည္ေရျမင့္တက္လာကာ ၿပီးခဲ့သည့္ ဩဂုတ္လ ၂၃ ရက္ႏွင့္ ၂၄ ရက္ေန႔မွစတင္၍ ေတာင္ငူၿမိဳ႕နယ္အတြင္းရွိ အနိမ့္ပိုင္းေဒသအခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အခု ေရကစိုးရိမ္ေရအမွတ္ထက္မွာ (၆၆၇)စင္တီမီတာအထိ တက္ေနတာပါ။ အဲဒါကို ေရကက်ဆင္းျခင္းမရွိပဲ တစ္ညလုံးလည္း မိုးက႐ြာလိုက္တိတ္လိုက္နဲ႔ ျဖစ္ေနတာ။ ျမစ္ေရက မက်ဘဲနဲ႔ ေရတန႔္ေနတာေတာ့ ရွိေနတယ္။ အဲဒီေရဝင္ေနတဲ့ရပ္ကြက္ေတြထဲမွာလည္း အိမ္ေစာင့္ဆိုၿပီး ေနခဲ့တဲ့လူေတြလည္းရွိတယ္။ စစ္ေတာင္းျမစ္ကမ္းနေဘးရွိတဲ့ေနရာေတြေတာ္ေတာ္မ်ားမ်ားကို ျဖစ္သြားတာပါ”ဟု ေတာင္ငူၿမိဳ႕မွ က႐ုဏာရင္ခြင္လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေရႀကီးေရလွ်ံမႈေၾကာင့္ ေတာင္ငူၿမိဳ႕နယ္တြင္ ေရေဘးကယ္ဆယ္ေရစခန္း (၁၀)ခုထက္မနည္းဖြင့္လွစ္ထားကာ လူဦးေရ(၆၀၀၀)ခန႔္ကို အဆိုပါကယ္ ဆယ္ေရးစခန္းမ်ားတြင္ ေနရာခ်ထားေပးရၿပီး အေျခခံပညာစာသင္ေက်ာင္းအခ်ိဳ႕လည္း ယာယီပိတ္ထားရေၾကာင္း သိရသည္။

“ဥသွ်စ္တန္းမူလြန္ေက်ာင္းမွာ အိမ္ေထာင္စု‌ေရ(၁၁၉)စု၊ လူဦးေရ(၅၄၀) ထား ထားပါတယ္။ ေနာက္ၿပီး ေပၚေတာ္မူဘုရားဝန္းထဲမွာ လူဦးေရ(၈၅၀) ေက်ာ္ထားထားပါတယ္။ ေနာက္ အမွတ္(၆)ေက်ာင္းမွာ လူဦးေရ(၁၀၀၀) ဂဏန္းနီးပါးထားထားပါတယ္။ အဲဒီေက်ာင္းေတြကလည္း ယာယီပိတ္ထားရတာေပါ့။ ေနာက္ၿပီး အမွတ္(၁)အလယ္တန္းေက်ာင္းမွာ လူဦးေရ (၅၄၀) ထားထားပါတယ္။ ေနာက္ၿပီး အေရွ႕ဘက္ကမ္းက ကသဲစုၿမိဳ႕ဦးဘုန္းႀကီး ေက်ာင္းမွာလည္း ကယ္ဆယ္ရးစခန္းဖြင့္ထားပါတယ္။ ေနာက္ၿပီး ကသဲစုစာသင္ ေက်ာင္းမွာလည္း ထပ္ဖြင့္ထားပါတယ္။ အဲဒီမွာ (၂)႐ြာေပါင္းလူဦးေရ ၆၀၀ ေက်ာ္ထားထားပါတယ္။ ထက္ၿပီး ေရေဘးကယ္ဆယ္ေရး စခန္းေတြလည္း ဖြင့္ထားပါတယ္”ဟု ၎က ဆက္လက္ေျပသည္။

ထို႔ျပင္ ေတာင္ငူၿမိဳ႕နယ္တြင္ (၃)ပတ္ဆက္တိုက္ဆက္လက္မိုး႐ြာသြန္း လ်က္ရွိကာ စစ္ေတာင္းျမစ္ႏွင့္ ဆြာဆည္မွေရမ်ားလည္း ျပန္လည္ က်ဆင္းျခင္း မရွိေသးသည့္ အတြက္ အနိမ့္ပိုင္းေဒသအခ်ိဳ႕မွသီးႏွံစိုက္ပ်ိဳးခင္းမ်ားလည္းေရလြမ္းမိုးလ်က္ရွိေၾကာင္း သိရသည္။ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ဩဂုတ္ ၃၀ ရက္ တိုင္းထြာခ်က္အရ စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူၿမိဳ႕တြင္ စိုးရိမ္ ေရမွတ္အထက္ ၂ ေပခြဲခန႔္ ေက်ာ္လြန္ ေရာက္ရွိေနၿပီး ေနာက္တစ္ရက္အတြင္း တစ္လက္မခန႔္သာျပန္လည္က်ဆင္းႏိုင္ေၾကာင္း သိရသည္။

အလားတူ အဆိုပါျမစ္ေရသည္ မေဒါက္ၿမိဳ႕တြင္လည္း စိုးရိမ္ေရအမွတ္ထက္သို႔ တစ္ေပခန႔္ေက်ာ္လြန္ေရာက္ရွိေနၿပီး ေနာက္တစ္ရက္အတြင္း (၂)လက္မခန႔္က်ဆင္းႏိုင္ေၾကာင္း သိရသည္။ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး(UNOCHA)က ဩဂုတ္လ ၁၇ ရက္ေန႔၏ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတစ္ဝန္းလုံးတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူဦးေရ (၃၉၃၀၀၀) ခန႔္ ေရးေဘးသင့္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.