ကမ္ဘာပေါ်မှာ အမေရိကန်ဟာ ဒီဂျစ်တယ်ငွေကြေးမြို့တော် ဖြစ်လာလိမ့်မယ်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့် ပြော
633
Pika (NP News) - ဩဂုတ် ၃၁
ကမ္ဘာပေါ်တွင် အမေရိကန်ကို ဒီဂျစ်တယ်ငွေကြေးမြို့တော်ဖြစ်လာအောင် လုပ်ဆောင်မည့် အစီအစဉ်ကို ထုတ်ပြန်ပြသသွားမည်ဖြစ်ကြောင်း ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က 'ဒီနေ့မွန်းလွဲပိုင်းမှာတော့ အမေရိကန်ကို ကမ္ဘာပေါ်မှာ ဒီဂျစ်တယ်ငွေကြေးမြို့တော်ဖြစ်လာအောင်လုပ်ဆောင်မယ့် ကျွန်တော့်ရဲ့ အစီအစဉ်ကို ရေးဆွဲနေပါတယ်။ ဒီလိုအစီအစဉ်တွေကို နှောင့်ယှက်ချင်တဲ့လူတွေရှိနေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ အဲဒီလိုဖြစ်ခံမှာမဟုတ်ပါဘူး”ဟု X(တွစ်တာ)တွင် ရေးသားဖော်ပြခဲ့သည်။ထို့ပြင် ဒေါ်နယ်ထရမ့်သည် ၎င်းအတွက် အလှူငွေများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လက်ခံသည့် ပထမဆုံးသမ္မတလောင်းဖြစ်ကြောင်းလည်း သိရသည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်လကကျင်းပခဲ့သော Bitcoin ညီလာခံပွဲတွင် ဟောပြောသူအဖြစ် ပါဝင်ခဲ့ပြီး အလှူရှင်များသည် ၎င်းနှင့်အတူ စားပွဲဝိုင်းတစ်ဝိုင်းထဲတွင် ထိုင်ရမည့်ခုံတစ်ခုံအတွက် အမေရိကန်ဒေါ်လာ (၈၄၄၆၀၀) ဒေါ်လာပေးခဲ့ရကြောင်းသိရသည်။
ထို့ပြင် လာမည့်အနာဂတ်တွင် ၎င်း၏အမေရိကန်အမြင်အတွက် ဒီဂျစ်တယ်ငွေကြေးမှာ မရှိမဖြစ်လိုအပ်ကြောင်းလည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။ လာမည့်သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ်ရွေးချယ်ခံရမည်ဆိုပါက အမေရိကန်အစိုးရသည် ၎င်း၏လက်ထဲတွင်ရှိသော Bitcoin များကို မည်သည့်အခါမှမရောင်းချရန် နှင့် အရန် Bitcoin များကို ဖန်တီးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လတွင် ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ဖူးသည်။ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် သမ္မတအဖြစ်ရွေးချယ်ခံရမည်ဆိုပါက ရုရှား-ယူကရိန်းစစ်ပွဲကို အချိန်(၂၄)နာရီအတွင်း ပြီးဆုံးသွားအောင် အဆုံးသတ်ပေးနိုင်ကြောင်း ပြီးခဲ့သည့်လများအတွင်း အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့ဖူးသည်။
zawgyi version
ကမာၻေပၚမွာ အေမရိကန္ဟာ ဒီဂ်စ္တယ္ေငြေၾကးၿမိဳ႕ေတာ္ ျဖစ္လာလိမ့္မယ္လို႔ ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္ ေျပာ
Pika (NP News) - ဩဂုတ္ ၃၁
ကမာၻေပၚတြင္ အေမရိကန္ကို ဒီဂ်စ္တယ္ေငြေၾကးၿမိဳ႕ေတာ္ျဖစ္လာေအာင္ လုပ္ေဆာင္မည့္ အစီအစဥ္ကို ထုတ္ျပန္ျပသသြားမည္ျဖစ္ေၾကာင္း ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရမ့္က ကတိျပဳေျပာဆိုခဲ့သည္။
ေဒၚနယ္ထရမ့္က 'ဒီေန႔မြန္းလြဲပိုင္းမွာေတာ့ အေမရိကန္ကို ကမာၻေပၚမွာ ဒီဂ်စ္တယ္ေငြေၾကးၿမိဳ႕ေတာ္ျဖစ္လာေအာင္လုပ္ေဆာင္မယ့္ ကြၽန္ေတာ့္ရဲ႕ အစီအစဥ္ကို ေရးဆြဲေနပါတယ္။ ဒီလိုအစီအစဥ္ေတြကို ေႏွာင့္ယွက္ခ်င္တဲ့လူေတြရွိေနတယ္ဆိုတာ သိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ အဲဒီလိုျဖစ္ခံမွာမဟုတ္ပါဘူး”ဟု X(တြစ္တာ)တြင္ ေရးသားေဖာ္ျပခဲ့သည္။ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ ၎အတြက္ အလႉေငြမ်ားကို ဒီဂ်စ္တယ္ေငြေၾကးျဖင့္ လက္ခံသည့္ ပထမဆုံးသမၼတေလာင္းျဖစ္ေၾကာင္းလည္း သိရသည္။ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့သည့္လကက်င္းပခဲ့ေသာ Bitcoin ညီလာခံပြဲတြင္ ေဟာေျပာသူအျဖစ္ ပါဝင္ခဲ့ၿပီး အလႉရွင္မ်ားသည္ ၎ႏွင့္အတူ စားပြဲဝိုင္းတစ္ဝိုင္းထဲတြင္ ထိုင္ရမည့္ခုံတစ္ခုံအတြက္ အေမရိကန္ေဒၚလာ (၈၄၄၆၀၀) ေဒၚလာေပးခဲ့ရေၾကာင္းသိရသည္။
ထို႔ျပင္ လာမည့္အနာဂတ္တြင္ ၎၏အေမရိကန္အျမင္အတြက္ ဒီဂ်စ္တယ္ေငြေၾကးမွာ မရွိမျဖစ္လိုအပ္ေၾကာင္းလည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့သည္။ လာမည့္သမၼတေ႐ြးေကာက္ပြဲတြင္ သမၼတအျဖစ္ေ႐ြးခ်ယ္ခံရမည္ဆိုပါက အေမရိကန္အစိုးရသည္ ၎၏လက္ထဲတြင္ရွိေသာ Bitcoin မ်ားကို မည္သည့္အခါမွမေရာင္းခ်ရန္ ႏွင့္ အရန္ Bitcoin မ်ားကို ဖန္တီးသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္လတြင္ ေဒၚနယ္ထရမ့္က ကတိျပဳေျပာဆိုခဲ့ဖူးသည္။ေဒၚနယ္ထရမ့္က ၎အေနျဖင့္ သမၼတအျဖစ္ေ႐ြးခ်ယ္ခံရမည္ဆိုပါက ႐ုရွား-ယူကရိန္းစစ္ပြဲကို အခ်ိန္(၂၄)နာရီအတြင္း ၿပီးဆုံးသြားေအာင္ အဆုံးသတ္ေပးႏိုင္ေၾကာင္း ၿပီးခဲ့သည့္လမ်ားအတြင္း အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့ဖူးသည္။