ယာဉ်စည်းကမ်းချိုးဖောက်သော YBS ယာဉ်မောင်းများကို မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ / မရှိ စစ်ဆေးသွားမည်

 409

ပုံစာ - ရန်ကုန်မြို့တွင်း၌ ပြေးဆွဲလျက်ရှိသည့် YBS ကားများ

စော (NP News) - ဩဂုတ် ၃၁

ယာဉ်စည်းကမ်းအကြိမ်ကြိမ်ချိုးဖောက်သော YBS ယာဉ်မောင်းများကို မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ/မရှိ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ် မှုကော်မတီ(YRTC)ထံမှ သိရသည်။

ယခင်က YBS ယာဉ်မောင်းများကို မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ/မရှိကို စိတ်ကျန်းမာရေးဆေးရုံကြီး(ရွာသာကြီး)တွင် စစ်ဆေးဆောင်ရွက်ခဲ့၍ အဆိုပါဆေးရုံတွင် ဓာတ်ခွဲခန်းမရှိသဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL)သို့ပေးပို့ပြီး စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်တိုက်ခိုက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ။ တစ်ချို့ယာဉ်မောင်းတွေက အခုဆိုရင် ဘေးတံခါးဖွင့်မောင်းတာတို့၊ ယှဉ်ပြိုင်ကျော်တက်တာတို့ အဲဒါတွေက အများကြီးပဲ အကြိမ်ကြိမ်ချိုးဖောက်နေလို့။ အဲဒါတွေကို သင်တန်းပြန်ပေးပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ/မရှိ စစ်မယ်” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က NP News ကိုပြော သည်။

ထိုကဲ့သိုစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကုန်ကျမည့် စစ်ဆေးခများ နှင့် အခြားလိုအပ်သည်များကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။

YRTC အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင် စည်းကမ်းဖောက် ဖျက်သည့် YBS ယာဉ်မောင်း (၁၀၀)ဦးကို အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး စည်ကမ်းအကြိမ်ကြိမ်ချိုးဖောက်သည့် YBS ယာဉ်မောင်း (၂၀၀၀) ကျော်အနက်မှ အပတ်စဥ် (၁၀၀)ဦးမှ (၁၅၀)ဦးအထိ သင်တန်းပေးကာ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ၂၉ ရက်နေ့အထိ YBS ယာဉ်မတော်တ ဆမှုကြောင့် သေဆုံးသူ(၃၀)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၈၉)ဦး ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း (၁၃၁)လိုင်း၊ ယာဉ်စီးရေ (၃၈၀၀)စီးခန့်ဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ယာဥ္စည္းကမ္းခ်ိဳးေဖာက္ေသာ YBS ယာဥ္ေမာင္းမ်ားကို မူးယစ္ေဆးဝါးသုံးစြဲျခင္း ရွိ / မရွိ စစ္ေဆးသြားမည္

ေစာ (NP News) - ဩဂုတ္ ၃၁

ယာဥ္စည္းကမ္းအႀကိမ္ႀကိမ္ခ်ိဳးေဖာက္ေသာ YBS ယာဥ္ေမာင္းမ်ားကို မူးယစ္ေဆးဝါးသုံးစြဲျခင္း ရွိ/မရွိ ဓာတ္ခြဲခန္းတြင္ ဓာတ္ခြဲစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ မႈေကာ္မတီ(YRTC)ထံမွ သိရသည္။

ယခင္က YBS ယာဥ္ေမာင္းမ်ားကို မူးယစ္ေဆးဝါးသုံးစြဲျခင္း ရွိ/မရွိကို စိတ္က်န္းမာေရးေဆး႐ုံႀကီး(႐ြာသာႀကီး)တြင္ စစ္ေဆးေဆာင္႐ြက္ခဲ့၍ အဆိုပါေဆး႐ုံတြင္ ဓာတ္ခြဲခန္းမရွိသျဖင့္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(NHL)သို႔ေပးပို႔ၿပီး စစ္ေဆးေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“ယာဥ္တိုက္ခိုက္မႈမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ပါ။ တစ္ခ်ိဳ႕ယာဥ္ေမာင္းေတြက အခုဆိုရင္ ေဘးတံခါးဖြင့္ေမာင္းတာတို႔၊ ယွဥ္ၿပိဳင္ေက်ာ္တက္တာတို႔ အဲဒါေတြက အမ်ားႀကီးပဲ အႀကိမ္ႀကိမ္ခ်ိဳးေဖာက္ေနလို႔။ အဲဒါေတြကို သင္တန္းျပန္ေပးၿပီးေတာ့ မူးယစ္ေဆးဝါးသုံးစြဲျခင္းရွိ/မရွိ စစ္မယ္” ဟု YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က NP News ကိုေျပာ သည္။

ထိုကဲ့သိုစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနတြင္ ကုန္က်မည့္ စစ္ေဆးခမ်ား ႏွင့္ အျခားလိုအပ္သည္မ်ားကို ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC)မွ က်ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

YRTC အေနျဖင့္ ၿပီးခဲ့သည့္ ဩဂုတ္လ ၂၉ ရက္ေန႔တြင္ စည္းကမ္းေဖာက္ ဖ်က္သည့္ YBS ယာဥ္ေမာင္း (၁၀၀)ဦးကို အသိပညာေပးေဆြးေႏြးပြဲျပဳလုပ္ခဲ့ၿပီး စည္ကမ္းအႀကိမ္ႀကိမ္ခ်ိဳးေဖာက္သည့္ YBS ယာဥ္ေမာင္း (၂၀၀၀) ေက်ာ္အနက္မွ အပတ္စဥ္ (၁၀၀)ဦးမွ (၁၅၀)ဦးအထိ သင္တန္းေပးကာ မူးယစ္ေဆးဝါးသုံးစြဲျခင္း ရွိ/မရွိ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလမွ ဩဂုတ္လ၂၉ ရက္ေန႔အထိ YBS ယာဥ္မေတာ္တ ဆမႈေၾကာင့္ ေသဆုံးသူ(၃၀)ဦးရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ (၈၉)ဦး ရွိခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ YBS ယာဥ္လိုင္းေပါင္း (၁၃၁)လိုင္း၊ ယာဥ္စီးေရ (၃၈၀၀)စီးခန႔္ျဖင့္ ေန႔စဥ္ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.