ပေါ်တူဂီနိုင်ငံမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လူ(၄)ဦးသေဆုံးကာ (၁)ဦးပျောက်ဆုံးနေ

 323

Pika (NP News) - ဩဂုတ် ၃၁

ဩဂုတ်လ(၃၀)ရက်နေ့က မီးငြှိမ်းသတ်မှုတွေလုပ်ဆောင်ပြီးပြန်လာခဲ့တဲ့ ရဟတ်ယာဉ်တစ်စင်းဟာ ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း Douro မြစ်ထဲကို ပျက်ကျခဲ့ရာ အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီး အခြားလူတစ်ဦးမှာ ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျရာနေရာအနီးမှာရှိတဲ့ ခရီးသွားသင်္ဘောတစ်စင်းက လေယာဥ်မှူးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ အသက်ရှင်လျက်တွေ့ရှိခဲ့တဲ့ လေယာဉ်မှူးဟာ ခြေထောက်ကျိုးသွားခဲ့တာကြောင့် ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲဒီရဟတ်ယာဉ်ပေါ်မှာ လေယာဉ်မှူးအပြင် အရေးပေါ်ကာကွယ် ရေးနဲ့ကယ်ဆယ်ရေးဌာနက အထူးကျွမ်းကျင်သူ(၅)ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ လိုက်ပါလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Douro ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှူး Rui Silva Lampreia က 'ရဟတ် ယာဉ်အတွင်းပိုင်းမှာ ရုပ်အလောင်းနှစ်ခုကိုတွေ့ရှိခဲ့ပြီး အခြားရုပ်အလောင်းနှစ်ခုကို ရဟတ်ယာဉ်ရဲ့အမြီးပိုင်းနားမှာတွေ့ရှိခဲ့ပါတယ်။ ပျက်ကျချိန်အတွင်းမှာ ရဟတ်ယာဉ်က နှစ်ခြမ်းကွဲထွက်သွားခဲ့ပါတယ်။ ရဟတ်ယာဉ်နဲ့ ကမ်းနားပိုင်းမှာ ရေအောက်ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှု ဘာကြောင့်ဖြစ်သွားရတယ်ဆိုတဲ့အချက်ကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ သိရပါတယ်။ ဒါဇင်နဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေ၊ ရေကြောင်းရဲတွေ၊ ရေငုပ်သမားတွေ နဲ့ လေတပ်ရဟတ်ယာဉ်နှစ်စင်းတို့ဟာ မြစ်အတွင်းမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

zawgyi version
ေပၚတူဂီႏိုင္ငံမွာ ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး လူ(၄)ဦးေသဆုံးကာ (၁)ဦးေပ်ာက္ဆုံးေန
Pika (NP News) - ဩဂုတ္ ၃၁

ဩဂုတ္လ(၃၀)ရက္ေန႔က မီးျငႇိမ္းသတ္မႈေတြလုပ္ေဆာင္ၿပီးျပန္လာခဲ့တဲ့ ရဟတ္ယာဥ္တစ္စင္းဟာ ေပၚတူဂီႏိုင္ငံ ေျမာက္ပိုင္း Douro ျမစ္ထဲကို ပ်က္က်ခဲ့ရာ အနည္းဆုံးလူ(၄)ဦးေသဆုံးခဲ့ၿပီး အျခားလူတစ္ဦးမွာ ေပ်ာက္ဆုံးေနတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

ရဟတ္ယာဥ္ပ်က္က်ရာေနရာအနီးမွာရွိတဲ့ ခရီးသြားသေဘၤာတစ္စင္းက ေလယာဥ္မႉးကို အသက္ရွင္လ်က္ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အသက္ရွင္လ်က္ေတြ႕ရွိခဲ့တဲ့ ေလယာဥ္မႉးဟာ ေျခေထာက္က်ိဳးသြားခဲ့တာေၾကာင့္ ေဆး႐ုံကို အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ရတယ္လို႔လည္း သိရပါတယ္။ အဲဒီရဟတ္ယာဥ္ေပၚမွာ ေလယာဥ္မႉးအျပင္ အေရးေပၚကာကြယ္ ေရးနဲ႔ကယ္ဆယ္ေရးဌာနက အထူးကြၽမ္းက်င္သူ(၅)ဦးပါဝင္တဲ့အဖြဲ႕တစ္ဖြဲ႕ လိုက္ပါလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Douro ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕မႉး Rui Silva Lampreia က 'ရဟတ္ ယာဥ္အတြင္းပိုင္းမွာ ႐ုပ္အေလာင္းႏွစ္ခုကိုေတြ႕ရွိခဲ့ၿပီး အျခား႐ုပ္အေလာင္းႏွစ္ခုကို ရဟတ္ယာဥ္ရဲ႕အၿမီးပိုင္းနားမွာေတြ႕ရွိခဲ့ပါတယ္။ ပ်က္က်ခ်ိန္အတြင္းမွာ ရဟတ္ယာဥ္က ႏွစ္ျခမ္းကြဲထြက္သြားခဲ့ပါတယ္။ ရဟတ္ယာဥ္နဲ႔ ကမ္းနားပိုင္းမွာ ေရေအာက္ရွာေဖြမႈေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

ရဟတ္ယာဥ္ပ်က္က်မႈ ဘာေၾကာင့္ျဖစ္သြားရတယ္ဆိုတဲ့အခ်က္ကိုေတာ့ ယခုအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ သိရပါတယ္။ ဒါဇင္နဲ႔ခ်ီတဲ့ ကယ္ဆယ္ေရးသမားေတြ၊ ေရေၾကာင္းရဲေတြ၊ ေရငုပ္သမားေတြ နဲ႔ ေလတပ္ရဟတ္ယာဥ္ႏွစ္စင္းတို႔ဟာ ျမစ္အတြင္းမွာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.