စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ dump truck နဲ့တိုက်မိပြီး ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံး

 360

ရောင်နီ (NP News) - သြဂုတ် ၃ဝ

စင်ကာပူနိုင်ငံ၊ တာနက်မာရက်ဟ် ကမ်းရိုးတန်းလမ်းနဲ့ အရှေ့ရှန်ဂီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းဆုံရှိ ဆောက်လုပ်ရေး ဆိုက်ဒ်နေရာတစ်ခုမှာ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၈ ရက်) က dump truck နဲ့ တိုက်မိပြီး အသက် ၃၅ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ လူအင်အားဝန်ကြီးဌာန (MOM) က ပြောကြားခဲ့ပါတယ်။

အဲဒီဆောက်လုပ်ရေးလုပ်သားဟာ တရုတ်နိုင်ငံသားဖြစ်ပြီး အခင်းဖြစ်ရာနေရာတင် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ နဲ့ စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က ပြောပါတယ်။ ဒီအဖြစ်အပျက်အတွက် တာဝန်ရှိတဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပေါ့ဆမှု၊ လူသေဆုံးစေမှုနဲ့ ဖမ်းဆီးခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသွားတဲ့ဆောက်လုပ်ရေးလုပ်သားဟာ Hua Hao Development မှ အလုပ်ခန့်ထားတဲ့ဝန်ထမ်းဖြစ်ပြီး "အထွေထွေဘေးကင်းရေး အတိုင်းအတာတစ်ခုအနေနဲ့ လိုအပ်ရင် ဆိုက်ဒ်အတွင်း ယာဉ်လမ်းညွှန်ရေးအတွက် လေ့ကျင့်သင်ကြားထားတဲ့ဝန်ထမ်းတစ်ဦး နေရာချထားပေး ခြင်း အပါအဝင် လုပ်ငန်းခွင်အတွင်း ယာဉ်နဲ့ လမ်းသွားလမ်းလာတွေ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး သေချာ စေဖို့ အကောင်အထည်ဖော်ရမှာဖြစ်တယ်" လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
MOM ကလည်း ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ dump truck နဲ႔တိုက္မိၿပီး ေဆာက္လုပ္ေရးလုပ္သားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၃ဝ

စင္ကာပူႏိုင္ငံ၊ တာနက္မာရက္ဟ္ ကမ္း႐ိုးတန္းလမ္းနဲ႔ အေရွ႕ရွန္ဂီ ဖြံ႕ၿဖိဳးတိုးတက္ေရးလမ္းဆုံရွိ ေဆာက္လုပ္ေရး ဆိုက္ဒ္ေနရာတစ္ခုမွာ ဗုဒၶဟူးေန႔ (ၾသဂုတ္ ၂၈ ရက္) က dump truck နဲ႔ တိုက္မိၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ ေဆာက္လုပ္ေရးလုပ္သားတစ္ဦး ေသဆုံးသြားခဲ့တယ္လို႔ လူအင္အားဝန္ႀကီးဌာန (MOM) က ေျပာၾကားခဲ့ပါတယ္။

အဲဒီေဆာက္လုပ္ေရးလုပ္သားဟာ တ႐ုတ္ႏိုင္ငံသားျဖစ္ၿပီး အခင္းျဖစ္ရာေနရာတင္ ေသဆုံးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ နဲ႔ စကၤာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) က ေျပာပါတယ္။ ဒီအျဖစ္အပ်က္အတြက္ တာဝန္ရွိတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ေပါ့ဆမႈ၊ လူေသဆုံးေစမႈနဲ႔ ဖမ္းဆီးခံခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ေသဆုံးသြားတဲ့ေဆာက္လုပ္ေရးလုပ္သားဟာ Hua Hao Development မွ အလုပ္ခန႔္ထားတဲ့ဝန္ထမ္းျဖစ္ၿပီး "အေထြေထြေဘးကင္းေရး အတိုင္းအတာတစ္ခုအေနနဲ႔ လိုအပ္ရင္ ဆိုက္ဒ္အတြင္း ယာဥ္လမ္းၫႊန္ေရးအတြက္ ေလ့က်င့္သင္ၾကားထားတဲ့ဝန္ထမ္းတစ္ဦး ေနရာခ်ထားေပး ျခင္း အပါအဝင္ လုပ္ငန္းခြင္အတြင္း ယာဥ္နဲ႔ လမ္းသြားလမ္းလာေတြ ေဘးကင္းလုံၿခဳံစြာ သြားလာႏိုင္ေရး ေသခ်ာ ေစဖို႔ အေကာင္အထည္ေဖာ္ရမွာျဖစ္တယ္" လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။
MOM ကလည္း ဒီျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.