ရန်ကုန်မြို့တွင် စက်သုံးဆီတန်းစီဝယ်ရမှုများထပ်မံဖြစ်ပွားလာပြီး ဈေးအနည်းငယ်မြင့်တက်လာကာ ဒေသခံများအခက်တွေ့နေ
4036
သန့်ဇင် (NP News) - ဩဂုတ် ၃၁
ရန်ကုန်မြို့တွင် စက်သုံးဆီတန်းစီဝယ်ရမှုများထပ်မံဖြစ်ပွားနေပြီး ဈေးနှုန်းမြင့်တက်လာကာ ဒေသခံများအခက်တွေ့နေကြောင်း NP News သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ဩဂုတ်လ ၃၀ ရက်မှစတင်၍ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကားများတန်းစီတိုးဝှေ့ဝယ်ယူနေရပြီး စက်သုံးဆီဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရသည်။
“မနေ့ကတည်းက တန်းစီပြီးဝယ်နေရတာ။ အစ်မတို့ရုံးက ကားသမားတွေတောင် တန်းစီရတာက အရင်လို ညအိပ်ပြီးတန်းစီဝယ်ရတော့ မလားဆိုပြီး ငြီးငြူနေကြတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် စက်သုံးဆီဈေးနှုန်းများမှာလည်း ယခင်ကထက် အနည်းငယ်ထပ်မံမြင့်တက်လာခဲ့ပြီး (92)ဓာတ်ဆီ တစ်လီတာလျှင် ကျပ် (၃၁၀၀)နှင့် (95)ဓာတ်ဆီ တစ်လီတာလျှင်( ၃၂၉၅) ကျပ်အထိ မြင့်တက်ခဲ့လာခဲ့ကြောင်း သိရသည်။
“ဓာတ်ဆီဈေးနှုန်းတွေကလည်း တက်လာတယ်။ ရန်ကုန်မှာက (92)ကိုတောင် ကျပ်(၃၁၀၀)ပေးဝယ်နေရတာ။ ကျွန်တော်က ဒီနေ့ ပုသိမ်သွားတော့ ပုသိမ်မှာလည်း ကျပ်(၃၁၆၀)ပေးဝယ်နေရတယ်။ ဒီမှာလည်း တန်းစီဝယ်နေရတာပဲ”ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့သည် စက်သုံးဆီအဓိကတင်သွင်းဖြန်ဖြူးမှုပြုလုပ်သည့် မြို့တစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့၌ စက်သုံးဆီပြတ်လပ်ပါက အခြားပြည်နယ်နှင့်တိုင်းရှိမြို့ကြီးများတွင် ရန်ကုန်မြို့ထက်ပို ဆိုးရွားစွာ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်မြို့အပါအဝင် အခြားတိုင်းနယ်ပြည်နယ်ရှိမြို့ကြီးများတွင် စက်သုံးဆီ တိုးဝှေ့တန်းစီဝယ်ယူခဲ့ရပြီးနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီ လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်း(၁၀ဝ)ပံ့ပိုးပေးခဲ့ရာ ပြန်လည်အဆင်ပြေခဲ့သော်လည်း ရက်ပိုင်းအတွင်းပင် ပြန်လည်တန်းစီဝယ်ယူရခြင်းများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စက်သုံးဆီတင်သွင်းသုံးစွဲမှုအရ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း(၄၀၀)ခန့် တင်သွင်းသုံးစွဲနေရကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ (၃၁)ရက်နေ့တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ(PPRD)က (၉၂ ) တစ်လီတာလျှင် (၃၁၀၀) ကျပ် နှင့်(၉၅)တစ်လီတာလျှင် (၃၁၂၄) ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင်(၂၆၅၅)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၉၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
zawgyi version
ရန္ကုန္ၿမိဳ႕တြင္ စက္သုံးဆီတန္းစီဝယ္ရမႈမ်ားထပ္မံျဖစ္ပြားလာၿပီး ေဈးအနည္းငယ္ျမင့္တက္လာကာ ေဒသခံမ်ားအခက္ေတြ႕ေန
သန႔္ဇင္ (NP News) - ဩဂုတ္ ၃၁
ရန္ကုန္ၿမိဳ႕တြင္ စက္သုံးဆီတန္းစီဝယ္ရမႈမ်ားထပ္မံျဖစ္ပြားေနၿပီး ေဈးႏႈန္းျမင့္တက္လာကာ ေဒသခံမ်ားအခက္ေတြ႕ေနေၾကာင္း NP News သတင္းဌာနက ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
ဩဂုတ္လ ၃၀ ရက္မွစတင္၍ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ကားမ်ားတန္းစီတိုးေဝွ႔ဝယ္ယူေနရၿပီး စက္သုံးဆီေဈးႏႈန္းမ်ားလည္း အနည္းငယ္ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
“မေန႔ကတည္းက တန္းစီၿပီးဝယ္ေနရတာ။ အစ္မတို႔႐ုံးက ကားသမားေတြေတာင္ တန္းစီရတာက အရင္လို ညအိပ္ၿပီးတန္းစီဝယ္ရေတာ့ မလားဆိုၿပီး ၿငီးျငဴေနၾကတယ္”ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။
ထို႔ျပင္ စက္သုံးဆီေဈးႏႈန္းမ်ားမွာလည္း ယခင္ကထက္ အနည္းငယ္ထပ္မံျမင့္တက္လာခဲ့ၿပီး (92)ဓာတ္ဆီ တစ္လီတာလွ်င္ က်ပ္ (၃၁၀၀)ႏွင့္ (95)ဓာတ္ဆီ တစ္လီတာလွ်င္( ၃၂၉၅) က်ပ္အထိ ျမင့္တက္ခဲ့လာခဲ့ေၾကာင္း သိရသည္။
“ဓာတ္ဆီေဈးႏႈန္းေတြကလည္း တက္လာတယ္။ ရန္ကုန္မွာက (92)ကိုေတာင္ က်ပ္(၃၁၀၀)ေပးဝယ္ေနရတာ။ ကြၽန္ေတာ္က ဒီေန႔ ပုသိမ္သြားေတာ့ ပုသိမ္မွာလည္း က်ပ္(၃၁၆၀)ေပးဝယ္ေနရတယ္။ ဒီမွာလည္း တန္းစီဝယ္ေနရတာပဲ”ဟု အျခားၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕သည္ စက္သုံးဆီအဓိကတင္သြင္းျဖန္ျဖဴးမႈျပဳလုပ္သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၌ စက္သုံးဆီျပတ္လပ္ပါက အျခားျပည္နယ္ႏွင့္တိုင္းရွိၿမိဳ႕ႀကီးမ်ားတြင္ ရန္ကုန္ၿမိဳ႕ထက္ပို ဆိုး႐ြားစြာ စက္သုံးဆီျပတ္လပ္မႈျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားတိုင္းနယ္ျပည္နယ္ရွိၿမိဳ႕ႀကီးမ်ားတြင္ စက္သုံးဆီ တိုးေဝွ႔တန္းစီဝယ္ယူခဲ့ရၿပီးေနာက္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ စက္သုံးဆီ လုပ္ငန္းရွင္မ်ားကို အေမရိကန္ေဒၚလာ သန္း(၁၀ဝ)ပံ့ပိုးေပးခဲ့ရာ ျပန္လည္အဆင္ေျပခဲ့ေသာ္လည္း ရက္ပိုင္းအတြင္းပင္ ျပန္လည္တန္းစီဝယ္ယူရျခင္းမ်ား ျဖစ္ေပၚလာခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ၏ စက္သုံးဆီတင္သြင္းသုံးစြဲမႈအရ တစ္လလွ်င္ အေမရိကန္ေဒၚလာ သန္း(၄၀၀)ခန႔္ တင္သြင္းသုံးစြဲေနရေၾကာင္း သိရသည္။ ယေန႔ ဩဂုတ္လ (၃၁)ရက္ေန႔တြင္ စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီ(PPRD)က (၉၂ ) တစ္လီတာလွ်င္ (၃၁၀၀) က်ပ္ ႏွင့္(၉၅)တစ္လီတာလွ်င္ (၃၁၂၄) က်ပ္၊ ႐ိုး႐ိုးဒီဇယ္ တစ္လီတာလွ်င္(၂၆၅၅)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာ ၃၂၉၅ က်ပ္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။