ဒေါ်လာသန်း ၁ဝဝ ဝန်းကျင်တန်ဖိုးရှိ ဆေးဝါးသွင်းကုန်လိုင်စင်များ အသစ်ပြန်လျှောက်ခိုင်း

 1912

NP News - စက်တင်ဘာ ၁

အမေရိကန်ဒေါ်လာ (၁ဝ၃.၈၂၂) သန်း တန်ဖိုးရှိ ဆေးဝါးသွင်းကုန် လိုင်စင်လျှောက်လွှာများအား မူဝါဒအသစ်ဖြင့် ပြန်လည်လျှောက်ထားရမည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းအား ညွှန်ကြားထားကြောင်း သိရသည်။
ဆေးဝါးဆိုင်ရာသွင်းကုန်လိုင်စင်များသည် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းက ၂ဝ၂၃ ခုနှစ် အောက်တိုဘာလအတွင်း လျှောက်ထားခဲ့သည့် ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာကုမ္ပဏီ ၁၁၆ ခု၏ စောင်ရေ ၇၁၆ စောင်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသင်းကနေ စိစစ်ပြီးသည့်အချိန်တွင် သွင်းကုန်လိုင်စင်လျှောက်လွှာပုံစံအသစ်ဖြင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) အစည်းအဝေးထံ ပိုကုန်ရငွေ (Export Earning) ပူးတွဲတင်ပြနိုင်မှသာ တင်သွင်း ခွင့်ပြုသွားမည်ဟု သိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာများကို ပိုကုန်ရငွေ နှင့် ပူးတွဲတင်ပြရန် ဆေးဝါးတင်သွင်းမယ့်ကုမ္ပဏီတွေထံသို့ အသိပေးသွားရန် မြန်မာနိုင်ငံဆေး နှင့် ဆေးပစ္စည်း လုပ်ငန်းရှင်အသင်း စီစဉ်နေသည်။

ကုန်သွယ်ရေးဦးစီးဌာနအွန်လိုင်း လိုင်စင်၊ Trade Net 2.0 စနစ်မှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ လျှောက်ထားသည့် ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာများအား စနစ်အတွင်းကနေ ပယ်ဖျက် (Delete) သွားမယ်လို့ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

Zawgyi Version;
ေဒၚလာသန္း ၁ဝဝ ဝန္းက်င္တန္ဖိုးရွိ ေဆးဝါးသြင္းကုန္လိုင္စင္မ်ား အသစ္ျပန္ေလွ်ာက္ခိုင္း
NP News - စက္တင္ဘာ ၁

အေမရိကန္ေဒၚလာ (၁ဝ၃.၈၂၂) သန္း တန္ဖိုးရွိ ေဆးဝါးသြင္းကုန္ လိုင္စင္ေလွ်ာက္လႊာမ်ားအား မူဝါဒအသစ္ျဖင့္ ျပန္လည္ေလွ်ာက္ထားရမည္ဟု ကုန္သြယ္ေရးဦးစီးဌာနမွ ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္အသင္းအား ၫႊန္ၾကားထားေၾကာင္း သိရသည္။
ေဆးဝါးဆိုင္ရာသြင္းကုန္လိုင္စင္မ်ားသည္ ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္အသင္းက ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလအတြင္း ေလွ်ာက္ထားခဲ့သည့္ ေဆးဝါးသြင္းကုန္လိုင္စင္ေလွ်ာက္လႊာကုမၸဏီ ၁၁၆ ခု၏ ေစာင္ေရ ၇၁၆ ေစာင္ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ အသင္းကေန စိစစ္ၿပီးသည့္အခ်ိန္တြင္ သြင္းကုန္လိုင္စင္ေလွ်ာက္လႊာပုံစံအသစ္ျဖင့္ ႏိုင္ငံျခားသုံးေငြ ႀကီးၾကပ္မႈေကာ္မတီ (FESC) အစည္းအေဝးထံ ပိုကုန္ရေငြ (Export Earning) ပူးတြဲတင္ျပႏိုင္မွသာ တင္သြင္း ခြင့္ျပဳသြားမည္ဟု သိရသည္။
၂၀၂၄ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္မွ စတင္ကာ ေဆးဝါးသြင္းကုန္လိုင္စင္ေလွ်ာက္လႊာမ်ားကို ပိုကုန္ရေငြ ႏွင့္ ပူးတြဲတင္ျပရန္ ေဆးဝါးတင္သြင္းမယ့္ကုမၸဏီေတြထံသို႔ အသိေပးသြားရန္ ျမန္မာႏိုင္ငံေဆး ႏွင့္ ေဆးပစၥည္း လုပ္ငန္းရွင္အသင္း စီစဥ္ေနသည္။

ကုန္သြယ္ေရးဦးစီးဌာနအြန္လိုင္း လိုင္စင္၊ Trade Net 2.0 စနစ္မွာ ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လအထိ ေလွ်ာက္ထားသည့္ ေဆးဝါးသြင္းကုန္လိုင္စင္ေလွ်ာက္လႊာမ်ားအား စနစ္အတြင္းကေန ပယ္ဖ်က္ (Delete) သြားမယ္လို႔ အသိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.