ဂါဇာတောင်ပိုင်းက ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်းမှာ အသတ်ခံထားရတဲ့ဓါးစာခံ(၆)ဦးရဲ့ရုပ်အလောင်းကို အစ္စရေးတပ်ဖွဲ့တွေ ရှာဖွေတွေ့ရှိ
2705
Pika (NP News) - စက်တင်ဘာ ၁
အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်းမှာ အသတ်ခံ ထားရတဲ့ ဓါးစာခံ(၆)ဦးရဲ့ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က စက်တင်ဘာလ(၁)ရက်နေ့ မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီဓါးစာခံတွေဟာ ၎င်းတို့မရောက်ခင် အချိန်ပိုင်းအလိုလောက်မှာ အသတ်ခံခဲ့ ရပုံပေါ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ်ဟက်ရီက “အစောပိုင်း ခန့်မှန်းချက်တွေအရ တော့ ဓါးစာခံတွေ ဖမ်းဆီးခံထားရတဲ့နေရာကို ကျွန်တော်တို့မရောက်ခင်အချိန်ပိုင်း အလိုလောက်မှာ ဟားမက် လက်နက်ကိုင်အဖွဲ့က သူတို့ကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပုံပေါ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အစ္စရေးနိုင်ငံတောင်ပိုင်း Bedouin အသိုင်းအဝိုင်းက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Qaid Farhan Alkadi ကို အစ္စရေးစစ်တပ်က ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ အသတ်ခံခဲ့ရတဲ့ ဓါးစာခံတွေဖြစ်တဲ့ Carmel Gat၊ Hersh Goldberg-Polin ၊Eden Yerushalmi၊ Alexander Lobanov၊ Almog Sarusi နဲ့ Ori Danino တို့ရဲ့ရုပ်အလောင်းတွေကို အစ္စရေးကိုပြန်သယ်လာခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အသတ်ခံရ တဲ့ဓါးစာခံတွေထဲမှာ အစ္စရေး-အမေရိကန်နိုင်ငံသား Hersh Goldberg-Polin ပါဝင်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
ဂျိုးဘိုင်ဒန် က “ကျွန်တော် စိတ်မကောင်းဖြစ်မိသလို တော်တော်လည်း စိတ်ဆိုးဒေါသဖြစ်နေပါတယ်” လို့ ပြောခဲ့ပါ တယ်။ ဓါးစာခံတွေ အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့က ချက်ချင်းပြန်လည်တုံ့ပြန် မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
Zawgyi Version;
ဂါဇာေတာင္ပိုင္းက ဥမင္လႈိဏ္ေခါင္းတစ္ခုအတြင္းမွာ အသတ္ခံထားရတဲ့ဓါးစာခံ(၆)ဦးရဲ႕႐ုပ္အေလာင္းကို အစၥေရးတပ္ဖြဲ႕ေတြ ရွာေဖြေတြ႕ရွိ
Pika (NP News) - စက္တင္ဘာ ၁
အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းမွာရွိတဲ့ ဥမင္လႈိဏ္ေခါင္းတစ္ခုအတြင္းမွာ အသတ္ခံ ထားရတဲ့ ဓါးစာခံ(၆)ဦးရဲ႕႐ုပ္အေလာင္းေတြကို ေတြ႕ရွိခဲ့ရတယ္လို႔ အစၥေရးစစ္တပ္က စက္တင္ဘာလ(၁)ရက္ေန႔ မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီဓါးစာခံေတြဟာ ၎တို႔မေရာက္ခင္ အခ်ိန္ပိုင္းအလိုေလာက္မွာ အသတ္ခံခဲ့ ရပုံေပၚတယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
အစၥေရးစစ္တပ္ေျပာေရးဆိုခြင့္ရွိသူ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး ဒန္နီယယ္ဟက္ရီက “အေစာပိုင္း ခန႔္မွန္းခ်က္ေတြအရ ေတာ့ ဓါးစာခံေတြ ဖမ္းဆီးခံထားရတဲ့ေနရာကို ကြၽန္ေတာ္တို႔မေရာက္ခင္အခ်ိန္ပိုင္း အလိုေလာက္မွာ ဟားမက္ လက္နက္ကိုင္အဖြဲ႕က သူတို႔ကို ရက္ရက္စက္စက္ သတ္ပစ္လိုက္ပုံေပၚပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက အစၥေရးႏိုင္ငံေတာင္ပိုင္း Bedouin အသိုင္းအဝိုင္းက အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Qaid Farhan Alkadi ကို အစၥေရးစစ္တပ္က ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အသတ္ခံခဲ့ရတဲ့ ဓါးစာခံေတြျဖစ္တဲ့ Carmel Gat၊ Hersh Goldberg-Polin ၊Eden Yerushalmi၊ Alexander Lobanov၊ Almog Sarusi နဲ႔ Ori Danino တို႔ရဲ႕႐ုပ္အေလာင္းေတြကို အစၥေရးကိုျပန္သယ္လာခဲ့တယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ အသတ္ခံရ တဲ့ဓါးစာခံေတြထဲမွာ အစၥေရး-အေမရိကန္ႏိုင္ငံသား Hersh Goldberg-Polin ပါဝင္တယ္လို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ေျပာၾကားခဲ့ပါတယ္။
ဂ်ိဳးဘိုင္ဒန္ က “ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္မိသလို ေတာ္ေတာ္လည္း စိတ္ဆိုးေဒါသျဖစ္ေနပါတယ္” လို႔ ေျပာခဲ့ပါ တယ္။ ဓါးစာခံေတြ အသတ္ခံရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။