စက်တင်ဘာလမှ စတင်ကာ စားအုန်းဆီစာအုပ်ဖြင့်သာ ရောင်းချပေးမည်

 2022

NP News - စက်တင်ဘာ ၁

စက်တင်ဘာလ (၁)ရက်မှစတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီစာအုပ်ဖြင့်သာ ရောင်းချ ပေးသွားမည်ဟုဖြစ်ကြောင်း စားအုံးဆီ တင်သွင်းရောင်းချသူများအသင်းမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့နှင့် ဆင်ခြေဖုန်းရပ်ကွက်များတွင် စားအုန်းဆီရောင်းချမှုကို ယခင်ကဲ့သို့ တရားဝင်ကိုယ်စားလှယ်ဆိုင်များတွင် အိမ်ထောင်စုဇယားဖြင့် တန်းစီဝယ်ယူမှုကို ရပ်နားထားကြောင်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှ အိမ်ထောင်စုတစ်ခုခြင်းအလိုက် စားအုန်းဆီ ဝယ်ယူခွင့် ဆီစာအုပ်များ ဖြင့်သာ ရောင်းချပေးမည်ဟု သိရသည်။

“လတ်တလောမှာ ဆီအသင်းက အိမ်တိုင်ရာရောက်စနစ်နဲ့ ပို့ဆောင်ပေးနေတာတော့ ရှိပါတယ်။ တစ်ရက်ကို အိမ်ထောင်စု သုံးသောင်းအထိ၊ ပိုတိုးရောင်းပေးနေတယ်။ စားအုန်းဆီ တန်းစီတဲ့စနစ်ကိုတော့ ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးနေပါတယ်။ အသေးစိတ်ကိုပြန်လည်ထုတ်ပြန်ပါ့မယ်” ဟု စားအုန်းဆီ တင်သွင်းရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံ၊ အရှေ့ဒဂုံနှင့် မြောက်ဥက္ကလာ စသောမြို့နယ်များရှိ ရပ်ကွက်အချို့တွင် စားအုန်းဆီစာအုပ် စတင်ပြုလုပ်ပေးနေကြောင်း သတင်းများထွက်ပေါ်နေသည်။
စားအုန်းဆီ တစ်ပိသာလျှင် ရည်ညွန်းဈေး ၆၁၂ဝ ကျပ်ဖြင့်ရောင်းချပေးနေပြီ တစ်လလျှင် တန်ချိန်ငါးထောင်ကျော် သုံးစွဲနေကြောင်း သိရသည်။

Zawgyi Version;
စက္တင္ဘာလမွ စတင္ကာ စားအုန္းဆီစာအုပ္ျဖင့္သာ ေရာင္းခ်ေပးမည္
NP News - စက္တင္ဘာ ၁

စက္တင္ဘာလ (၁)ရက္မွစတင္ကာ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ စားအုန္းဆီစာအုပ္ျဖင့္သာ ေရာင္းခ် ေပးသြားမည္ဟုျဖစ္ေၾကာင္း စားအုံးဆီ တင္သြင္းေရာင္းခ်သူမ်ားအသင္းမွ သိရသည္။

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕ႏွင့္ ဆင္ေျခဖုန္းရပ္ကြက္မ်ားတြင္ စားအုန္းဆီေရာင္းခ်မႈကို ယခင္ကဲ့သို႔ တရားဝင္ကိုယ္စားလွယ္ဆိုင္မ်ားတြင္ အိမ္ေထာင္စုဇယားျဖင့္ တန္းစီဝယ္ယူမႈကို ရပ္နားထားေၾကာင္း၊ သက္ဆိုင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး႐ုံးမွ အိမ္ေထာင္စုတစ္ခုျခင္းအလိုက္ စားအုန္းဆီ ဝယ္ယူခြင့္ ဆီစာအုပ္မ်ား ျဖင့္သာ ေရာင္းခ်ေပးမည္ဟု သိရသည္။

“လတ္တေလာမွာ ဆီအသင္းက အိမ္တိုင္ရာေရာက္စနစ္နဲ႔ ပို႔ေဆာင္ေပးေနတာေတာ့ ရွိပါတယ္။ တစ္ရက္ကို အိမ္ေထာင္စု သုံးေသာင္းအထိ၊ ပိုတိုးေရာင္းေပးေနတယ္။ စားအုန္းဆီ တန္းစီတဲ့စနစ္ကိုေတာ့ ျပဳျပင္ေျပာင္းလဲဖို႔ ေဆြးေႏြးေနပါတယ္။ အေသးစိတ္ကိုျပန္လည္ထုတ္ျပန္ပါ့မယ္” ဟု စားအုန္းဆီ တင္သြင္းေရာင္းခ်သူမ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ရန္ကုန္တိုင္းအတြင္းရွိ ေတာင္ဒဂုံ၊ အေရွ႕ဒဂုံႏွင့္ ေျမာက္ဥကၠလာ စေသာၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္အခ်ိဳ႕တြင္ စားအုန္းဆီစာအုပ္ စတင္ျပဳလုပ္ေပးေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
စားအုန္းဆီ တစ္ပိသာလွ်င္ ရည္ၫြန္းေဈး ၆၁၂ဝ က်ပ္ျဖင့္ေရာင္းခ်ေပးေနၿပီ တစ္လလွ်င္ တန္ခ်ိန္ငါးေထာင္ေက်ာ္ သုံးစြဲေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.