မြေလွတ်မြေရိုင်းများပေါ်၌ အကောင်အထည်ဖော်ရန် သတ်မှတ်ထားသည့် စီမံကိန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ အသိပေး

 1189

ယွန်း (NP News) - စက်တင်ဘာ ၂

မြေလွတ်မြေရိုင်းများပေါ်၌ အကောင်အထည်ဖော်ရန် သတ်မှတ်ထားသည့် စီမံကိန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက အသိပေး ထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ(၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဥ် အထက်ပါကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။

မြေလွတ်မြေရိုင်းများ အပေါ်၌ စီမံကိန်းများအကောင်အထည်ဖော် ဆောင် ရွက်ရာတွင် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းများကို အောင်မြင်ရေး အကောင်အထည်ဖော်‌ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက ပြော သည်။ ထိုသို့ဆောင်ရွက်ခြင်းမပြုဘဲ မြေယာများရယူထားမှုများကိုလည်း ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုကြောင်း အသိပေးထားသည်။

ထို့ပြင် လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲရန်အတွက် တိုင်း‌ဒေသကြီးအဆင့်ဖြင့် ဆောင်ရွက်၍ရသော်လည်း လယ်ယာမြေများကို အခြားနည်းဖြင့် ပြောင်းလဲသုံးစွဲမှုများကို နိုင်ငံတော်အစိုးရထံ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းများကြောင့် စိုက်ပျိုးမြေများလျော့နည်းလာပြီး စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်နိုင်ခြင်းကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြေယာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် စိစစ်ကြပ်မတ်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။

ထို့ပြင် မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဥပဒေများကို ပြန်လည်သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေျမလြတ္ေျမ႐ိုင္းမ်ားေပၚ၌ အေကာင္အထည္ေဖာ္ရန္ သတ္မွတ္ထားသည့္ စီမံကိန္းမ်ားကို သတ္မွတ္ကာလအတြင္း ေဆာင္႐ြက္ရန္ နစကဥကၠ႒ အသိေပး

ယြန္း (NP News) - စက္တင္ဘာ ၂

ေျမလြတ္ေျမ႐ိုင္းမ်ားေပၚ၌ အေကာင္အထည္ေဖာ္ရန္ သတ္မွတ္ထားသည့္ စီမံကိန္းမ်ားကို သတ္မွတ္ကာလအတြင္း ေဆာင္႐ြက္ရန္ နစကဥကၠ႒က အသိေပး ထားသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စက္တင္ဘာ(၁)ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ မဂၤလာခန္းမ၌ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္မ်ား အပါအဝင္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ အသိေပးခဲ့ျခင္းျဖစ္သည္။

ေျမလြတ္ေျမ႐ိုင္းမ်ား အေပၚ၌ စီမံကိန္းမ်ားအေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္ရာတြင္ သတ္မွတ္ထားသည့္ အခ်ိန္ကာလအတြင္း လုပ္ငန္းမ်ားကို ေအာင္ျမင္ေရး အေကာင္အထည္ေဖာ္‌ေဆာင္႐ြက္ရန္ နစကဥကၠ႒က ေျပာ သည္။ ထိုသို႔ေဆာင္႐ြက္ျခင္းမျပဳဘဲ ေျမယာမ်ားရယူထားမႈမ်ားကိုလည္း ဥပေဒႏွင့္အညီ စိစစ္ေဆာင္႐ြက္ရန္လိုေၾကာင္း အသိေပးထားသည္။

ထို႔ျပင္ လယ္ယာေျမမ်ားကို အျခားနည္းျဖင့္ သုံးစြဲရန္အတြက္ တိုင္း‌ေဒသႀကီးအဆင့္ျဖင့္ ေဆာင္႐ြက္၍ရေသာ္လည္း လယ္ယာေျမမ်ားကို အျခားနည္းျဖင့္ ေျပာင္းလဲသုံးစြဲမႈမ်ားကို ႏိုင္ငံေတာ္အစိုးရထံ ခြင့္ျပဳခ်က္ရယူရမည္ျဖစ္ေၾကာင္း သိရသည္။

လယ္ယာေျမမ်ားကို အျခားနည္းမ်ားျဖင့္ သုံးစြဲျခင္းမ်ားေၾကာင့္ စိုက္ပ်ိဳးေျမမ်ားေလ်ာ့နည္းလာၿပီး စိုက္ပ်ိဳးထုတ္လုပ္မႈကို ထိခိုက္ႏိုင္ျခင္းေၾကာင့္ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ေျမယာမ်ားႏွင့္ပတ္သက္၍ စနစ္တက်ျဖင့္ စိစစ္ၾကပ္မတ္ရန္ နစကဥကၠ႒က တိုက္တြန္းထားသည္။

ထို႔ျပင္ ေျမလြတ္ေျမ႐ိုင္းမ်ားႏွင့္ လယ္ယာေျမပိုင္ဆိုင္မႈမ်ားႏွင့္ ပတ္သက္၍ ဥပေဒမ်ားကို ျပန္လည္သုံးသပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.