ဆန်အိတ်ပုံပြိုကျ၍ အလုပ်သမားတစ်ဦး သေဆုံးမှု လှိုင်သာယာတွင် ဖြစ်ပွား

 6210

ချယ်ရီ (NP News) - စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြိုနယ်ရှိ ဆန်ဂိုထောင်တစ်ခုအတွင်း ဆန်အိတ်ပုံပြိုကျ၍ အလုပ်သမားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာတွဲလက်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂ ရက်)၊ နံနက် ၈ နာရီ ၃ဝ မိနစ်အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ ၂၂ ရပ်ကွက်၊ ကြက်ခြံဆန်ဂိုထောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားပေါ်ကနေသူတို့ ဆန်အိတ်ချနေတာ။ အဲဒါတွေကို ပုံထားတာလေ။ လိုတဲ့အချိန်ကျရင် ယူပြီးသုံးလို့ ရအောင်။ သူတို့ချနေရင်း တန်းလန်း အပုံကမြင့်လာတယ် တူပါတယ်။ ဆန်အိတ်က မရှိဘူးဆိုရင် သူတိုပြောတာ အိတ် (၁၀၀၀)လောက်တော့ ရှိမယ်တဲ့။ အဲဒီအပုံကြီးက ပြိုကျတာ” ဟု ကရုဏာတွဲလက်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက်(၂၈)နှစ်အရွယ် အမျိုးသားမှာ ပြိုကျခဲ့သည့် ဆန်အိတ်ပုံအတွင်း သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဖြစ်သွားတဲ့အခါ သူတို့သိလိုက်တာ တစ်ယောက်တည်း။ သူတို့သိတဲ့တစ်ယောက်ကို ကျွန်တော့်ကားနဲ့ မဟုတ်ဘူး။ ကျွန်တော်တို့မိတ်ဘက်က အသင်းက အစ်ကိုက သူ့ကားနဲ့ အရင်ပို့လိုက်တယ်။ ပို့ပြီးတော့ ဘာဖြစ်လဲဆိုတော့။ ပို့ပို့ချင်းတုန်းကတော့ လူမစစ်လိုက်ဘူး။ ပြီးတော့မှ လူလိုတယ်ဆိုပြီး စစ်လိုက်ခါမှ အဲဒါတစ်ယောက်က ဆန်ပုံ အောက်ထဲမှာ ပိနေတာ။ လူသိတာနောက်ကျသွားတဲ့ ပုံစံမျိုးပေါ့နော်၊ ပါးစပ်ထဲမှာလည်း ဆန်စေ့တွေနဲ့ဆိုတော့ အသက်ရှူကြပ်ပြီးသေသွားတာဖြစ်မယ်။ သေသွားတဲ့ ကောင်လေးရဲ့အမေငိုနေတဲ့အတိုင်းအတာကို ကြည့်ရမယ် ဆိုရင်တော့ သူ့ကိုတော်တော်အားကိုးပုံပေါ်တယ်။ အမေဆိုတော့ သူ့အပေါ် အားကိုးတကြီးနဲ့ အားကိုးထားတဲ့ သက်ရောက်တဲ့ပုံစံတော့ ရတယ်။ ” ဟု ၎င်းက ပြောသည်။

ဆန်အိတ်ပိမိ၍ သေဆုံးခဲ့သူအမျိုးသားမှာ မိခင်ဖြစ်သူ နှင့် ညီမဖြစ်သူတို့ကို ရှာဖွေကျွေးမွေးစောင့်ရှောက်နေသည့် လူလွတ်တစ်ဦးဖြစ်ကြောင်းလည်း အထက်ပါသတင်းအရင်းမြစ်က ဆိုသည်။
ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို မြေပြင်လူမှုကူညီရေးအသင်းများက လှိုင်သာယာဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဆန္အိတ္ပုံၿပိဳက်၍ အလုပ္သမားတစ္ဦး ေသဆုံးမႈ လႈိင္သာယာတြင္ ျဖစ္ပြား
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳနယ္ရွိ ဆန္ဂိုေထာင္တစ္ခုအတြင္း ဆန္အိတ္ပုံၿပိဳက်၍ အလုပ္သမားတစ္ဦး ေသဆုံးကာ တစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း က႐ုဏာတြဲလက္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂ ရက္)၊ နံနက္ ၈ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က လႈိင္သာယာၿမိဳ႕နယ္၊ ၂၂ ရပ္ကြက္၊ ၾကက္ၿခံဆန္ဂိုေထာင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားေပၚကေနသူတို႔ ဆန္အိတ္ခ်ေနတာ။ အဲဒါေတြကို ပုံထားတာေလ။ လိုတဲ့အခ်ိန္က်ရင္ ယူၿပီးသုံးလို႔ ရေအာင္။ သူတို႔ခ်ေနရင္း တန္းလန္း အပုံကျမင့္လာတယ္ တူပါတယ္။ ဆန္အိတ္က မရွိဘူးဆိုရင္ သူတိုေျပာတာ အိတ္ (၁၀၀၀)ေလာက္ေတာ့ ရွိမယ္တဲ့။ အဲဒီအပုံႀကီးက ၿပိဳက်တာ” ဟု က႐ုဏာတြဲလက္လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၂၈)ႏွစ္အ႐ြယ္ အမ်ိဳးသားမွာ ၿပိဳက်ခဲ့သည့္ ဆန္အိတ္ပုံအတြင္း ေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳးသားမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ျဖစ္သြားတဲ့အခါ သူတို႔သိလိုက္တာ တစ္ေယာက္တည္း။ သူတို႔သိတဲ့တစ္ေယာက္ကို ကြၽန္ေတာ့္ကားနဲ႔ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔မိတ္ဘက္က အသင္းက အစ္ကိုက သူ႔ကားနဲ႔ အရင္ပို႔လိုက္တယ္။ ပို႔ၿပီးေတာ့ ဘာျဖစ္လဲဆိုေတာ့။ ပို႔ပို႔ခ်င္းတုန္းကေတာ့ လူမစစ္လိုက္ဘူး။ ၿပီးေတာ့မွ လူလိုတယ္ဆိုၿပီး စစ္လိုက္ခါမွ အဲဒါတစ္ေယာက္က ဆန္ပုံ ေအာက္ထဲမွာ ပိေနတာ။ လူသိတာေနာက္က်သြားတဲ့ ပုံစံမ်ိဳးေပါ့ေနာ္၊ ပါးစပ္ထဲမွာလည္း ဆန္ေစ့ေတြနဲ႔ဆိုေတာ့ အသက္ရႉၾကပ္ၿပီးေသသြားတာျဖစ္မယ္။ ေသသြားတဲ့ ေကာင္ေလးရဲ႕အေမငိုေနတဲ့အတိုင္းအတာကို ၾကည့္ရမယ္ ဆိုရင္ေတာ့ သူ႔ကိုေတာ္ေတာ္အားကိုးပုံေပၚတယ္။ အေမဆိုေတာ့ သူ႔အေပၚ အားကိုးတႀကီးနဲ႔ အားကိုးထားတဲ့ သက္ေရာက္တဲ့ပုံစံေတာ့ ရတယ္။ ” ဟု ၎က ေျပာသည္။

ဆန္အိတ္ပိမိ၍ ေသဆုံးခဲ့သူအမ်ိဳးသားမွာ မိခင္ျဖစ္သူ ႏွင့္ ညီမျဖစ္သူတို႔ကို ရွာေဖြေကြၽးေမြးေစာင့္ေရွာက္ေနသည့္ လူလြတ္တစ္ဦးျဖစ္ေၾကာင္းလည္း အထက္ပါသတင္းအရင္းျမစ္က ဆိုသည္။
ထို႔ေၾကာင့္ ေသဆုံးသူ၏ ႐ုပ္အေလာင္း ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ေျမျပင္လူမႈကူညီေရးအသင္းမ်ားက လႈိင္သာယာေဆး႐ုံသို႔ ပိုေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.