လားရှိုးရုံးခွဲမှ နိုင်ငံကူးလက်မှတ် Online Appointment Date ရရှိထားသူများ ရန်ကုန်၊ မန္တလေး နှင့် တောင်ကြီးရုံးတို့တွင် ဆက်လက် လျှောက်ထားနိုင်

 484

ယွန်း (NP News) - စက်တင်ဘာ ၃

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(လားရှိုး)မှ နိုင်ငံကူးလက်မှတ် Online Appointment Date ရရှိထားသူများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးရုံးတို့တွင် ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန် မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေများကြောင့် လားရှိုးရုံးခွဲကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်ကာလတွင် ယခုကဲ့သို့ စီမံ‌ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

လားရှိုးရုံးခွဲတွင် Online Appointment Date ရရှိထားသူများအနေဖြင့် ရန်ကုန်ရုံးနှင့် တောင်ကြီးရုံးတို့တွင် လျှောက်ထားနိုင်သည့်အပြင် စက်တင်ဘာ (၂)ရက်နေ့မှစ၍ မန္တလေးရုံးခွဲတွင်လည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေရုံးခွဲ(မြစ်ကြီးနား)တွင် Online Appointment Date ရရှိထားသူများအနေဖြင့်လည်း မန္တလေးရုံးခွဲတွင် လျှောက်ထားနိုင်သည့်အပြင် ရန်ကုန်ရုံးတွင်လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ပြည်တွင်း၌ သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုနှင့် ပတ် သက်၍ စက်တင်ဘာ(၁)ရက်မှစ၍ ယခင် စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရေးရုံးက ပြီးခဲ့သည့် ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် Online Booking စနစ်လျှောက်ထားခြင်းကို ယခင်က ရန်ကုန် အပါအဝင် နေပြည်တော်၊ မန္တလေး၊ ပုသိမ် နှင့် ပဲခူးတို့တွင်သာ ဆောင်ရွက်ခွင့်ပြုခဲ့ရာ ပြီးခဲ့သည့် မေလမှစ၍ မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ ‌မော်လမြိုင်၊ ထားဝယ်နှင့် မကွေးတို့ကို Online Booking စနစ်လျှောက်ထားနိုင်ရန် ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

zawgyi version
လားရႈိး႐ုံးခြဲမွ ႏိုင္ငံကူးလက္မွတ္ Online Appointment Date ရရွိထားသူမ်ား ရန္ကုန္၊ မႏၲေလး ႏွင့္ ေတာင္ႀကီး႐ုံးတို႔တြင္ ဆက္လက္ ေလွ်ာက္ ထား ႏိုင္

ယြန္း (NP News) - စက္တင္ဘာ ၃

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးခြဲ(လားရႈိး)မွ ႏိုင္ငံကူးလက္မွတ္ Online Appointment Date ရရွိထားသူမ်ားအေနျဖင့္ ရန္ကုန္၊ မႏၲေလးႏွင့္ ေတာင္ႀကီး႐ုံးတို႔တြင္ ဆက္လက္ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း ျမန္ မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက အသိေပးထားသည္။

တိုက္ပြဲျဖစ္ပြားသည့္ အေျခအေနမ်ားေၾကာင့္ လားရႈိး႐ုံးခြဲကို ဖြင့္လွစ္ႏိုင္ျခင္းမရွိေသးသည့္ကာလတြင္ ယခုကဲ့သို႔ စီမံ‌ေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္းလည္း စုံစမ္းသိရွိရသည္။

လားရႈိး႐ုံးခြဲတြင္ Online Appointment Date ရရွိထားသူမ်ားအေနျဖင့္ ရန္ကုန္႐ုံးႏွင့္ ေတာင္ႀကီး႐ုံးတို႔တြင္ ေလွ်ာက္ထားႏိုင္သည့္အျပင္ စက္တင္ဘာ (၂)ရက္ေန႔မွစ၍ မႏၲေလး႐ုံးခြဲတြင္လည္း ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားခ်က္အရ သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရ႐ုံးခြဲ(ျမစ္ႀကီးနား)တြင္ Online Appointment Date ရရွိထားသူမ်ားအေနျဖင့္လည္း မႏၲေလး႐ုံးခြဲတြင္ ေလွ်ာက္ထားႏိုင္သည့္အျပင္ ရန္ကုန္႐ုံးတြင္လည္း ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ျပည္တြင္း၌ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈႏွင့္ ပတ္ သက္၍ စက္တင္ဘာ(၁)ရက္မွစ၍ ယခင္ စာအုပ္ဖိုးေငြ ၃၅၀၀၀ က်ပ္မွ ၄၀၀၀၀ က်ပ္သို႔ ေျပာင္းလဲသတ္မွတ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားေရး႐ုံးက ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားၿပီးျဖစ္သည္။

ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ရန္အတြက္ Online Booking စနစ္ေလွ်ာက္ထားျခင္းကို ယခင္က ရန္ကုန္ အပါအဝင္ ေနျပည္ေတာ္၊ မႏၲေလး၊ ပုသိမ္ ႏွင့္ ပဲခူးတို႔တြင္သာ ေဆာင္႐ြက္ခြင့္ျပဳခဲ့ရာ ၿပီးခဲ့သည့္ ေမလမွစ၍ ျမစ္ႀကီးနား၊ မုံ႐ြာ၊ လားရႈိး၊ ေတာင္ႀကီး၊ က်ိဳင္းတုံ၊ စစ္ေတြ၊ ဟားခါး၊ ဘားအံ၊ ‌ေမာ္လၿမိဳင္၊ ထားဝယ္ႏွင့္ မေကြးတို႔ကို Online Booking စနစ္ေလွ်ာက္ထားႏိုင္ရန္ ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.