ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ အမေရိကန်နိုင်ငံတဝန်းရှိ ဟိုတယ်(၂၅)ခုက အလုပ်သမားပေါင်း (၁)သောင်းကျော်ဟာ စက်တင်ဘာလ(၂)ရက်မှစတင်ပြီး ဆန္ဒပြပွဲတွေကို စတင်လုပ် ဆောင်ခဲ့ကြောင်း သိရပါတယ်။ အလုပ်သမားတွေဟာ ၎င်းတို့ရဲ့လုပ်ခလစာနဲ့ မျှတစွာရရှိစေဖို့ နဲ့ လုပ်ခလ စာတိုးမြှင့်ရစေဖို့ ရည်ရွယ်ချက်နဲ့ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်ကာလအတွင်း လုပ်ခလစာတွေလျှော့ချခံပေမယ့် လက်ရှိအချိန်မှာလည်းလုပ်ခလစာတိုးမြှင့်တာတွေမရှိဘူးလို့ ဆိုပါတယ်။ အလုပ်သမား ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ အလုပ်သမား ၁၀၀၀၀ ကျော်အနက် ၅၀၀၀ ဟာ ဟိုနိုလူလူအရပ်ဒေသကဖြစ်ပြီး အခြားအရပ်ဒေသက ဟိုတယ်ဝန်ထမ်းအလုပ်သမားတွေလည်း ဆန္ဒပြပွဲအတွင်း ပါဝင်လာဖွယ်ရှိနေပါတယ်။ ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးဖြစ်သော ကာနန်စီယာက လုပ်ခလစာတိုးမြှင့်ရရှိခြင်းမရှိသလို အလုပ်လုပ်ရတဲ့အချိန်တွေလည်း လျှော့ချခဲ့တဲ့အတွက် မိသားစုစားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေကြောင်းပြောပါတယ်။ ၎င်းက "ကျွန်မတို့မိသားစုတွေ၊ သွေးချွေးတွေအတွက် ဆန္ဒပြပွဲမှာပူးပေါင်းပါဝင်လာတာဖြစ်တယ်။ ကျွန်မတို့ရဲ့ကလေးတွေ၊ မိသားစုဝင်တွေစားဝတ်နေရေးအဆင်ပြေစေဖို့အတွက် ထိုက်သင့်တဲ့ လုပ်ခလစာရဖို့ ဆန္ဒပြပွဲမှာပါဝင်လာခဲ့တာပါ"လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံရှိ ဟိုတယ်အလုပ်သမားထောင်ချီဟာ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြပွဲကို သုံးရက်ကြာလုပ်ဆောင်သွားမှာဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်စကို၊ ဘော်စတွန်မြို့တို့အပါအဝင် အမေရိကန်နိုင်ငံရှိမြို့အချို့က ဟိုတယ်ဝန်ထမ်းများ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။
zawgyi version အေမရိကန္ႏိုင္ငံမွာ ဟိုတယ္ ဝန္ထမ္း အနည္းဆုံး (၁၀၀၀၀)ေက်ာ္ ဆႏၵျပ ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၃ အေမရိကန္ႏိုင္ငံတဝန္းရွိ ဟိုတယ္(၂၅)ခုက အလုပ္သမားေပါင္း (၁)ေသာင္းေက်ာ္ဟာ စက္တင္ဘာလ(၂)ရက္မွစတင္ၿပီး ဆႏၵျပပြဲေတြကို စတင္လုပ္ ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ အလုပ္သမားေတြဟာ ၎တို႔ရဲ႕လုပ္ခလစာနဲ႔ မွ်တစြာရရွိေစဖို႔ နဲ႔ လုပ္ခလ စာတိုးျမႇင့္ရေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ဆႏၵျပေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ အလုပ္သမားေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားခ်ိန္ကာလအတြင္း လုပ္ခလစာေတြေလွ်ာ့ခ်ခံေပမယ့္ လက္ရွိအခ်ိန္မွာလည္းလုပ္ခလစာတိုးျမႇင့္တာေတြမရွိဘူးလို႔ ဆိုပါတယ္။ အလုပ္သမား ဆႏၵျပပြဲေတြမွာ ပါဝင္ေနတဲ့ အလုပ္သမား ၁၀၀၀၀ ေက်ာ္အနက္ ၅၀၀၀ ဟာ ဟိုႏိုလူလူအရပ္ေဒသကျဖစ္ၿပီး အျခားအရပ္ေဒသက ဟိုတယ္ဝန္ထမ္းအလုပ္သမားေတြလည္း ဆႏၵျပပြဲအတြင္း ပါဝင္လာဖြယ္ရွိေနပါတယ္။ ဆႏၵျပပြဲမွာပါဝင္သူတစ္ဦးျဖစ္ေသာ ကာနန္စီယာက လုပ္ခလစာတိုးျမႇင့္ရရွိျခင္းမရွိသလို အလုပ္လုပ္ရတဲ့အခ်ိန္ေတြလည္း ေလွ်ာ့ခ်ခဲ့တဲ့အတြက္ မိသားစုစားဝတ္ေနေရးအတြက္အခက္အခဲျဖစ္ေနေၾကာင္းေျပာပါတယ္။ ၎က "ကြၽန္မတို႔မိသားစုေတြ၊ ေသြးေခြၽးေတြအတြက္ ဆႏၵျပပြဲမွာပူးေပါင္းပါဝင္လာတာျဖစ္တယ္။ ကြၽန္မတို႔ရဲ႕ကေလးေတြ၊ မိသားစုဝင္ေတြစားဝတ္ေနေရးအဆင္ေျပေစဖို႔အတြက္ ထိုက္သင့္တဲ့ လုပ္ခလစာရဖို႔ ဆႏၵျပပြဲမွာပါဝင္လာခဲ့တာပါ"လို႔ ေျပာပါတယ္။ အေမရိကန္ႏိုင္ငံရွိ ဟိုတယ္အလုပ္သမားေထာင္ခ်ီဟာ လုပ္ခလစာတိုးျမႇင့္ရရွိေရးအတြက္ ဆႏၵျပပြဲကို သုံးရက္ၾကာလုပ္ေဆာင္သြားမွာျဖစ္ၿပီး ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဖရန္စစ္စကို၊ ေဘာ္စတြန္ၿမိဳ႕တို႔အပါအဝင္ အေမရိကန္ႏိုင္ငံရွိၿမိဳ႕အခ်ိဳ႕က ဟိုတယ္ဝန္ထမ္းမ်ား ဆႏၵျပပြဲမွာ ပူးေပါင္းပါဝင္ခဲ့ေၾကာင္းသိရပါတယ္။
Kyauk Myat
04/09/2024 05:30
ိထေထျ,,,,,,,,ျ,ထ,,,,,,,ဖ,,
Related news
© 2021. All rights reserved.