မိုးဝင်ခိုနေသော လူငယ်အမျိုးသားကို အုပ်စုဖွဲ့ ဓားထောက်ကာ ဆိုင်ကယ် လုယက်သည့်ဖြစ်စဉ် မိတ္ထီလာ၌ ဖြစ်ပွား

 4533

ချယ်ရီ (NP News) - စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် မိုးဝင်ခိုနေသော လူငယ်အမျိုး သားကို အုပ်စုဖွဲ့ ဓားထောက်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း လုယက်ခံရသူ၏ မိသားစုဝင်တစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်)၊ နံနက်ပိုင်း ၅ နာရီခွဲ အချိန်ခန့်က မိတ္ထီလာမြို့၊ အထက(၂)ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“သာစည်ကို အလုပ်သွားလုပ်တယ်။ အိမ်ကိုပြန်လာတာ အဲဒီမှာမိုးရွာလို့ဆိုပြီး မိုးခိုလိုက်တာ ခိုတဲ့အချိန်မှာ အနောက်က (၃)ယောက်ကလိုက်လာပြီး ဓားထောက်ပြီးတော့လုပြီး ယူသွားတာပေါ့။ ဖုန်းပါသေးလားလို့မေးတယ်၊ ဖုန်းမပါဘူးဆိုတော့ တစ်ကိုယ်လုံးရှာပြီးတော့ ဆိုင်ကယ်စီးပြီး သူတို့လာရာလမ်းကို ပြန်လှည့်သွားတာတဲ့”ဟု ၎င်းကပြောသည်။

လုယက်ခံရသော ဆိုင်ကယ်အမျိုးအစားမှာ LOUJIA အမျိုးအစားဖြစ်ကာ ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစု၏ဆန္ဒအရ အမှုဖွင့်လှစ်ခြင်း မပြုတော့ကြောင်းလည်း သိရသည်။ အလားတူ ပြီးခဲ့သည့် (ဩ ဂုတ်လ ၂၃ ရက်) ည ၈နာရီခန့်ကလည်း မိတ္ထီလာမြို့၊ ပြည်သာယာ(တ)ရပ် ကွက်၊(၅)လမ်းတွင် သားအမိ(၂)ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို လုယက်လိုသည့် အမည်မသိလူ(၃)ဦးက တားဆီးရပ်တန့်ခိုင်းရာ ရပ်မပေးသည့် အတွက် လောက်လေးခွဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

မိတ္ထီလာမြို့တွင် ဆိုင်ကယ်ခိုးယူ၊ လုယက်မှုဖြစ်စဉ်များ ပြီးခဲ့သည့်နှစ်စပိုင်းမှစတင်ကာ ပိုမိုဖြစ်ပွားလာပြီး ယခုနောက်ပိုင်းကာလတွင် အကြမ်းဖက်လုယက်သည်အထိ ဆိုးရွာလာသည်မှာ တစ်လလျှင် (၁၀)ကြိမ်ထက်မနည်း ရှိနေကြောင်း ဒေသခံလူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

zawgyi version
မိုးဝင္ခိုေနေသာ လူငယ္အမ်ိဳးသားကို အုပ္စုဖြဲ႕ ဓားေထာက္ကာ ဆိုင္ကယ္ လုယက္သည့္ျဖစ္စဥ္ မိတၳီလာ၌ ျဖစ္ပြား
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၅

မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ မိုးဝင္ခိုေနေသာ လူငယ္အမ်ိဳး သားကို အုပ္စုဖြဲ႕ ဓားေထာက္ကာ ဆိုင္ကယ္လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း လုယက္ခံရသူ၏ မိသားစုဝင္တစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၄ ရက္)၊ နံနက္ပိုင္း ၅ နာရီခြဲ အခ်ိန္ခန႔္က မိတၳီလာၿမိဳ႕၊ အထက(၂)ေက်ာင္းေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
“သာစည္ကို အလုပ္သြားလုပ္တယ္။ အိမ္ကိုျပန္လာတာ အဲဒီမွာမိုး႐ြာလို႔ဆိုၿပီး မိုးခိုလိုက္တာ ခိုတဲ့အခ်ိန္မွာ အေနာက္က (၃)ေယာက္ကလိုက္လာၿပီး ဓားေထာက္ၿပီးေတာ့လုၿပီး ယူသြားတာေပါ့။ ဖုန္းပါေသးလားလို႔ေမးတယ္၊ ဖုန္းမပါဘူးဆိုေတာ့ တစ္ကိုယ္လုံးရွာၿပီးေတာ့ ဆိုင္ကယ္စီးၿပီး သူတို႔လာရာလမ္းကို ျပန္လွည့္သြားတာတဲ့”ဟု ၎ကေျပာသည္။

လုယက္ခံရေသာ ဆိုင္ကယ္အမ်ိဳးအစားမွာ LOUJIA အမ်ိဳးအစားျဖစ္ကာ ဆိုင္ကယ္လုယက္ခံရသည့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိသားစု၏ဆႏၵအရ အမႈဖြင့္လွစ္ျခင္း မျပဳေတာ့ေၾကာင္းလည္း သိရသည္။ အလားတူ ၿပီးခဲ့သည့္ (ဩ ဂုတ္လ ၂၃ ရက္) ည ၈နာရီခန႔္ကလည္း မိတၳီလာၿမိဳ႕၊ ျပည္သာယာ(တ)ရပ္ ကြက္၊(၅)လမ္းတြင္ သားအမိ(၂)ဦးစီးနင္းလာသည့္ ဆိုင္ကယ္ကို လုယက္လိုသည့္ အမည္မသိလူ(၃)ဦးက တားဆီးရပ္တန႔္ခိုင္းရာ ရပ္မေပးသည့္ အတြက္ ေလာက္ေလးခြျဖင့္ ပစ္ခတ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

မိတၳီလာၿမိဳ႕တြင္ ဆိုင္ကယ္ခိုးယူ၊ လုယက္မႈျဖစ္စဥ္မ်ား ၿပီးခဲ့သည့္ႏွစ္စပိုင္းမွစတင္ကာ ပိုမိုျဖစ္ပြားလာၿပီး ယခုေနာက္ပိုင္းကာလတြင္ အၾကမ္းဖက္လုယက္သည္အထိ ဆိုး႐ြာလာသည္မွာ တစ္လလွ်င္ (၁၀)ႀကိမ္ထက္မနည္း ရွိေနေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းတစ္သင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.