သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)

 3759

သုတကျော် (NP News) - စက်တင်ဘာ ၆

စစ်ပွဲကြောင့်ပျက်စီးခဲ့ရသော ထီးချိုင့်မြို့သည် ယခုအခါ ဒုတိယအကြိမ် စစ်ကိုပြန် လည်ကြုံတွေ့နေရပြန်ပြီဖြစ်သည်။ ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နှစ်ကုန်ပိုင်းက ထီးချိုင့်မြို့ကိုKIA ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သော်လည်း မရခဲ့ပေ။ သို့သော် မြို့မှာမူ အချိန်ယူ ပြန်လည်တည်ဆောက်လျှင်လည်း ဆယ်စုနှစ်ချီတည်ဆောက်ရမည့်အခြေအနေအထိ ဆိုက်ရောက်ပျက်စီးသွားခဲ့သည်။ ထို့အတူ မြို့ခံများသည်လည်း ဘဝများခက်ခဲသွားကြရသည်။ တစ်ဖက် တွင်မူ မြို့ကိုတိုက်ခိုက်ခဲ့ကြသူများအတွက် အမြတ် ထွက်သွားကြပြန်သည်။ ယခုအခါ ထီးချိုင့်မြို့ကို ဒုတိယအကြိမ်သိမ်းပိုက်ရန်အတွက် တိုက်ခိုက်မှုများ ပြုလုပ်နေ ကြောင်း ယခုစာရေးသားချိန် ဩဂုတ်လ (၂၈)ရက်တွင် သိရှိရသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ လူအများမသိကြသေးသည့်မြေပြင်အခြေအနေများကို ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။

မေး- ထီးချိုင့်မြို့ဆီ စစ်မီးမရောက်ခင်က မြို့ရဲ့အခြေအနေက ဘယ်လိုရှိပါသလဲဗျ။
ဖြေ- ထီးချိုင့်မြို့ကဆိုရင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတယ်။ ဗန်းမော်၊ မန္တလေး၊ ဧရာဝတီ မြစ်ကြောင်းကြီးမှာ ဗန်းမော်အောက်ရှိတာပေါ့။ အရင်တုန်းကတော့ သာယာဝပြောမှုရှိတယ်။ ဒေသမှာရှိတဲ့ သူတွေက စိတ်ထားတွေဖြူစင်တယ်။ သဘောထား တွေကောင်းတယ်။ သူတို့ရဲ့လုပ်ငန်းကိုင်ငန်းတွေက ပေါ်မြေတွေမှာ လုပ်စားတယ်။ အခင်းတို့၊ ကြံတို့လည်း စိုက်စားကြတယ်။ ဆန်စပါးလည်းပေါတော့ သာယာဝ ပြောတယ်။ ထီးချိုင့် မြို့သူမြို့သားတွေက အလှူအ တန်းတွေလည်း ရက်ရောကြတယ်။ ထီးချိုင့်မှာဆိုရင် မြန်မာနိုင်ငံမှာ ဘယ်နေရာမှမရှိတဲ့ ချစ်စရာဓလေ့လေး ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ထီးချိုင့်မြို့ထဲကို မနက်ဆို သံဃာတွေဆွမ်းကြွတဲ့အခါ လမ်းတိုင်း လမ်းတိုင်းကို ဆွမ်းခံကြွချိန်မှာ ဘာယာဉ်မှ စီးမရဘူး လမ်းဘေးရပ်ပေးရတယ်။ အဲဒါက ချစ်စရာကောင်း တယ်။ စီးပွားရေးဆိုရင်လည်း ထီးချိုင့်မြို့အပိုင်က ကျေးရွာတွေမှာဆိုရင်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုလည်းရှိတယ်။ သာယာဝပြောမှုလည်းရှိတယ်။ ချစ် ခင်ရင်းနှီးမှုလည်းရှိတယ်။ အညာသူ အညာသား ဓလေ့ကတော့ ရိုးသားမှုတွေရှိတယ်၊ ပွင့်လင်းမှုတွေ ရှိတယ်။ ကူညီချင်ကြတယ်။ ဒီလိုမျိုးမဖြစ်ခင်က ပျော် ဖို့ကောင်းတယ်။ လှေပြိုင်ပွဲတို့၊ ဘောလုံးပွဲတို့ လုပ်ကြ ပါတယ်။

မေး- တိုက်ပွဲမဖြစ်ခင်က ဖြစ်တော့မယ်ဆိုတဲ့အ ကြောင်းကို ထင်ထင်ရှားရှား သိရတာမျိုးရှိပါသလား။ ထီးချိုင့်မှာ ပဋိပက္ခတွေ စဖြစ်လာတဲ့အခြေအနေကို ပြောပြပေးပါလား။
ဖြေ - PDF တွေ စဖွဲ့ကြတယ်ဆိုတည်းက ထီးချိုင့် မှာ လှုပ်ရှားမှုတွေရှိနေတယ်ဆိုတာ သတင်းကြားမိ တယ်။ တစ်စွန်းတစ်စ နောက်ထပ် ကြားမိတာက KIA က ဆင်းလာတယ်။ ဆင်းလာပြီးတော့ သူတို့ကို ထီးချိုင့် ဘယ်တောင်မှာပေးတယ်၊ ဘယ်သူတွေက ခေါင်းဆောင်တယ်ဆိုတာတော့ သိလာရတယ်။ ဒါ ပေမဲ့လည်း နောက်ပိုင်းကျတော့ စာရင်းတွေထွက်ခဲ့ တာ။ ဒလန်ရှင်းလင်းရေးဆိုပြီး သတင်းတွေထွက်လာတာပဲ။

မေး - တည်ငြိမ်နေတဲ့ မြို့လေးမှာ စပြီး လှုပ်ရှားမှုတွေ ရှိလာတာလား။
ဖြေ - ဟုတ်တယ် စပြီပေါ့။ အဲဒီမှာ ထီးချိုင့် မော်ကွန်း တောင်မှာ KIA က သင်တန်းပေးတာပေါ့။ ထီးချိုင့်မှာ ကိုနေဝင်းအောင်တို့၊ ကိုစောဝင်းတို့ အပေါင်းအပါ အဖွဲ့တွေကို သင်တန်းပေးတယ်။ ယူနီဖောင်းပေး တယ်။ လက်နက်တချို့ပေးတယ်လို့ ကြားရတယ်။ အဲဒီသတင်းကို တပ်ကရတယ်။ ကိုစောဝင်းရှိတဲ့နေရာ သွားဝိုင်းတော့ ကိုစောဝင်းလွတ်သွားတယ်။ ကိုနေ ဝင်းအောင်ရှိတဲ့နေရာကို သွားဝိုင်းတော့ ထွက်ပြေးတာ။ ကိုနေဝင်းအောင်ကို တပ်ကပစ်တော့ သေသွားတာပေါ့။ အဲဒီကနေစပြီးတော့ ကိုနေဝင်းအောင် နာရေးကိစ္စချပြီးတော့ မရှေးမနှောင်းမှာ ဒလန်တွေ ဆိုပြီးရှင်းတာ။ ဒလန်ဆိုပြီးတော့လည်း စာရင်းတွေ လည်း ကြေညာတယ်ဗျ။

မေး - ဒလန်ဆိုပြီးတော့အသတ်ခံရတာ ထီးချိုင့်မှာ တော်တော်ပဲ များခဲ့သလား။
ဖြေ - တော်တော်များတယ်။ စံပြအုပ်ချုပ်ရေးမှူးဗျာ၊ သခွပ်ခြံအုပ်ချုပ်ရေးမှူး အများကြီးပဲ။ ထီးချိုင့် အရှေ့ ဘက်ကမ်းကလည်း အများကြီးပဲ။ တချို့ဆို ဘုန်းကြီး တွေကိုသတ်သွားတယ်။ နောက်တစ်ခါကျတော့ ထီးချိုင့်အရှေ့ဘက်ကမ်း၊ မန္တလေး-ဗန်းမော်လမ်းဘေး မှာ ဈေးဆိုင်ရောင်းနေတဲ့အိမ်ဆို တပ်ကစစ်ကြောင်း ထိုးတော့ လက်ဖက်ရည်ရောင်းတော့ ဝင်သောက်သွား တာ။ ဈေးဆိုင်ဆိုတော့ ရောင်းရတာပဲ။ အဲဒီ မိသားစု ကို အကုန်လုံးသတ်ပစ်တာ။ သူတို့နဲ့ အယူအဆမတူ ရင်တော့ ရန်သူပဲခင်ဗျာ။ အဲဒီအချိန် ကျွန်တော်တို့ ထီးချိုင့်မှာနေတဲ့ ငြိမ်းချမ်းမှုကိုလိုလားတဲ့သူတွေကတော့ သဲထိတ်ရင်ဖိုပဲနော်။

မေး - ဒလန်ရှင်းလင်းရေးဆိုပြီး သတ်တဲ့ဟာတွေမှာကော ဘာထူးခြားမှုတွေ တွေ့သေးလဲခင်ဗျ။
ဖြေ - လာသတ်တဲ့သူတွေကလည်း နယ်မြေခံတွေ မဟုတ်ဘူးဗျ။ တခြားကလာတဲ့ မျက်နှာစိမ်းတွေ။ ကြက်သွန်ခင်းရွာကလူဆို အရင်တုန်းက တပ်နဲ့ အဆက်အစပ်ရှိတော့ ပထမတစ်ခါလာပစ်တာ သေမသွားတော့ ဆေးရုံတက်တယ်ပေါ့။ အိမ်မှာ ပြန်ရောက်တော့ လာသတ်သွားတာ။ နောက်တစ်ခု ကျွန်တော် ပြောဖို့ကျန်သွားတာ ရှိသေးတယ်။ တပ်က အင်အား ဖြည့်လာပြီဆိုတော့ အဲဒီအချိန်တည်းက ထီးချိုင့်က ကားလမ်းမှာ တပ်ကကားလာရင် မိုင်းခွဲတာတို့၊ လာတဲ့စစ်ကြောင်းတွေ၊ လှုပ်ရှားတပ်ဖွဲ့တွေ ထိတွေ့မှု ဖြစ်တာတို့ ၊ မန္တလေး-မြစ်ကြီးနား ကားလမ်းဘေးက ဖြစ်နေပြီ။ ကျွန်တော်တို့ မြင်မိ၊ ကြားမိတာက KIA တွေရောက်နေပြီ၊ ထီးချိုင့်အနောက်ရိုးမှာတော့ AA တွေရောက်နေပြီ။

မေး - ထီးချိုင့်ကို ပထမအကြိမ်မတိုက်ခင် ဘယ် လောက်အချိန်တည်းက သူတို့တွေရောက်နေတာ လဲဗျ။
ဖြေ - တိုက်ပွဲမဖြစ်ခင် အရင်နှစ်နှစ်လောက်တည်းက ဒလန်တွေရှင်းတယ်ဆိုတည်းက ဒီကောင်တွေရှိတယ်။ စစ်ပညာတို့၊ လက်နက်တို့လည်း သူတို့ပေးတာပဲ။ မိုင်းထောင်တာလည်း သူတို့ပေးတာပဲ။ တပ်က စစ်ကြောင်းလှုပ်ရှားအဖွဲ့က မန္တလေး - မြစ်ကြီးနား ကားလမ်းတွေမှာ လှုပ်ရှားပြီး လုံခြုံရေးအတွက် လူသွားလူလာ စစ်တာတွေရှိတယ်။ နောက်တော့ တိုက်တော့ သူတို့မစိုးမိုးတော့ဘူး။ ထီးချိုင့် မြောက်ပြင် ခေါ်တာပေါ့ ။ အလယ်တောရွာနဲ့ လေသာ ရွာ။ ကားလမ်းဘေးမှာပဲရှိတာ။ အဲဒီမှာ သူတို့က ဂိတ်ဖွင့်တယ်။ လာသမျှကားတွေကို တောင်းတယ်။ ကျွန်တော်တို့သိသမျှဆို တစ်ရက် တစ်ရက်ကို သိန်းထောင်ကျော်ရတယ်။ သိန်းတစ် ထောင်ကျော် ရတာက KIA နဲ့ နယ်မြေခံ PDF က (၆၀)၊ (၄၀) လို့ ပြောတယ်။ လမ်းကြေးကောက်တာက ဆီဘောက်ဆာကားတွေရှိတယ်ဗျာ။ တစ်ဂါလန်ကို နှစ်ရာကျပ်ကောက်တယ်။ ဂါလန်ရှစ်ထောင်ဆို ဆယ့် ခြောက်သိန်း ချက်ချင်းပေးရတာ။ ထီးချိုင့်တစ်မြို့ တည်းနော်။ ဆက်သွားရင် မော်လူးတို့ဘက်ရှိနေပြီ။ ဒါက ဆီဘောက်ဆာပဲရှိသေးတယ်။ ကုန်တင်ကား တွေလည်း သူတို့ကိုပေးရတယ်လို့ပြောတယ်။

မေး - ပထမအကြိမ် သူတို့စတိုက်တုန်းက အခြေ အနေလေး သိပါရစေခင်ဗျာ။
ဖြေ - တိုက်ပွဲမစခင်တည်းက သေနတ်သံကြားတာ။ (၂၀၂၃)ခုနှစ် (၁၁)လပိုင်း (၈)ရက်မှာ သတင်းတွေ က သန့်သန့်သန့်သန့်ကြားတယ်။ မြို့သူမြို့သားတွေ က အောက်ပိုင်းခေါ်တာပေါ့။ မြင်းခြံတို့ မကွေးတိုင်းဘက်မှာ ဘယ်လိုဝင်တိုက်တယ်ဆိုပြီး ကြားနေရတယ်။ ထီးချိုင့်မြို့ကလူတွေတွက်ထားတာက သိမ်းလည်း ဘယ်လောက်မှမကြာဘူးပေါ့။ တိုက်ပွဲဖြစ်မယ် ကြားတော့ အကုန်လုံးပြေးကြတာ။ တချို့ဆို မဖြစ်နိုင်ပါဘူးဆိုပြီး မပြေးကြဘူး။ မပြေးတဲ့သူတွေလည်း ပြေးရတာပဲ။ (၈) ရက်နေ့မနက် (၉) နာရီလောက်တည်းက စပစ်တာ။ ဝင်တိုက်တော့ ပြေးရတာပေါ့။ မိသားစုကလည်း လေးငါးခြောက်ယောက်ဆိုတော့ ကားလေးငှားပေါ့။ ခွေးဘီလူးလေးငှားပြီး ကျွန်တော် တို့ကတော့ လာခဲ့တာပါ။ ဘာမှလည်း မပါခဲ့ဘူးခင်ဗျာ။ ပိုက်ဆံလေးလောက်ထည့်ပြီး လူချည်းလာခဲ့ရတာ။ အဝတ်အစားလေး နှစ်စုံ သုံးစုံ လောက်နဲ့။ တိုက်ပွဲစ ဖြစ်တော့မယ်လို့သိတာ။ ကျွန်တော်တို့က ပြေးလာပြီ။ မိတ်ဆွေတွေတော့ တချို့ကျန်ခဲ့တာပ။ ကျွန်တော် တို့ကစုငှားတော့ လမ်းမှာပတ်သွားပြီးခေါ်ရတော့ လမ်းမှာလူမရှိတော့ဘူး။ အိမ်တွေဆို အကုန်ပိတ်နေ တာ။ ကျန်ခဲ့တဲ့သူတော့ ကျန်နေခဲ့တာ။ တချို့ ကျွန် တော့်မိတ်ဆွေတချို့ဆို မဖြစ်နိုင်ပါဘူးဆိုပြီးကျန်ခဲ့ တာ။ ကျွန်တော်တို့က သပိတ်ကျင်းလည်းရောက်၊ ဖုန်းဆက်ကြည့်တော့ ခင်ဗျားတို့တော့ မလာတော့နဲ့၊ လာဖို့မစဉ်းစားနဲ့တော့ မောင်တောတိုက်ပွဲကလည်း အပြန်အလှန်ဖြစ်နေကြပြီ၊ ငါတို့လည်း နည်းနည်း ငြိမ်ရင်ထွက်မယ်ဆိုပြီး ပြောတာ။ တချို့ ပိတ်မိနေ တဲ့သူတွေလည်း တစ်လလောက်ကြာမှ ထွက်နိုင်တဲ့ သူလည်းရှိတယ်ဗျ။ ကျွန်တော်တို့ကတော့ မဖြစ်ခင် လက်မတင်လေး ထွက်ခဲ့တာပေါ့။

မေး - ထီးချိုင့်မြို့က ပထမတိုက်ပွဲကြောင့် (၈၀) ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ မြို့ကို ပြန်ထူထောင်ဖို့အတွက် ဖြစ်နိုင်ပါဦးမလား။
ဖြေ - မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ဘူး။ အရင်လို ပြန်ထူထောင်ဖို့အတွက်ကတော့ ဆယ်စုနှစ်တစ်ခု အ နည်းလေးပဲ။ မဖြစ်နိုင်တော့ဘူး။ ရပ်ကွက်လေးခု ရှိတယ်။ အမှတ် (၁) ရယ်၊ အမှတ် (၂) ရယ်၊ အမှတ် (၃) ရယ်၊ အမှတ် (၄) ရယ်။ အမှတ် (၁) လည်း ပျက် တယ်။ အမှတ် (၂) လည်းပျက်တယ်။ အမှတ် (၃) ရော အကုန်ပျက်တယ်။ အမှတ်(၁)ထဲမှာ နည်းနည်း ကျန်တယ်။ နောက်တစ်ကြိမ်ထပ်ဖြစ်နေတဲ့အနေအ ထားတစ်ခုမှာ မကောင်းနိုင်တော့ဘူး အစ်ကို။ မဖြစ် နိုင်တော့ဘူး။

မေး - အစ်ကိုတို့အိမ်လည်း မကျန်တော့ဘူးပေါ့။
ဖြေ - မကျန်တော့ဘူး အစ်ကို။ ကျွန်တော်တို့ အိမ် တွေမှမဟုတ် ရပ်ကွက်ထဲမှာရှိတဲ့အိမ်တွေက ဘယ် လိုဖြစ်သွားကြလဲဆိုတော့ တိုက်ပွဲတွေက အရမ်းမပြင်းထန်သေးဘူး ခင်ဗျာ။ ရဲစခန်းတောင်ပေါ်ကို အရင်ဝိုင်းပြီး တက်လုံးတဲ့အခါ နောက်မှာကျန်ခဲ့တဲ့ သူခိုးတွေပေါ့ဗျာ။ သူခိုးတွေရော PDF အဖွဲ့ခေါင်း ဆောင်တွေက အိမ်တွေ လိုက်ဖွင့်ပြီးတော့ ပစ္စည်း တွေကို ကားတွေနဲ့ကဲ့ထုတ်ပြီး အိမ်တွေကိုမီးရှို့ခဲ့ကြ တာ။ ထီးချိုင့်မြို့က တော်လှန်ရေးမှာဆိုရင် နံပတ်နှစ် အဆင့်လောက်ရှိတဲ့ နိုင်မျိုးအောင်။ သူဆိုရင် ထီးချိုင့် အမှတ်(၁)နဝရတ်ထဲက ဆန်စက်ထဲက ဆန်တွေတို့၊ ပစ္စည်းတွေတို့ကို သူကတိုက်လည်းတိုက်ပြီးတော့ ယူသွားတာ။ ပြီးတော့ သူထိန်းသိမ်းထားတယ်လို့ မပြောဘူး။ သူပြောသွားတာကိုသိတဲ့သူတွေကတော့ မကျေနပ်ကြဘူးပေါ့ခင်ဗျာ။ အဲဒီလိုတော့ရှိတယ်။ တချို့အိမ်တွေဆိုရင် မီးရှို့ခဲ့တာခင်ဗျာ။ မိရင် တပ်က မီးရှို့တယ်လို့ ခေါင်းစဉ်တပ်တယ်ခင်ဗျာ။

မေး - ထီးချိုင့်မြို့က တော်တော်လေး ဆိုးဆိုးရွားရွား ကြုံခဲ့ရတာလို့ ပြောနိုင်မလား။
ဖြေ - အများကြီး ဆိုးရွားတယ်။ ကျွန်တော်တို့ကြားတာ တချို့ဆိုရင် ကျုပ်တို့အညာဘက်ကဟာတွေက အ လုပ် တအားလုပ်တယ်။ ဂုဏ်ပကာသနဆိုတာလည်း မရှိဘူး။ ပိုက်ဆံတွေဘာတွေလည်း စုဆောင်းပြီး ခြစ်ခြစ်ကုပ်ကုပ်လုပ်တော့ တိုက်ပွဲဖြစ်မှာမို့လို့ ရွှေတွေ ငွေတွေမြှုပ်ထားခဲ့တာ။ ထီးချိုင့်မြို့ကို ပြန်မဝင် ရဘူးလည်းဆိုရော အဲဒါတွေကို သူတို့က ကိုယ့် ပစ္စည်းကိုဝင်ယူတော့ PDF တွေနဲ့တွေ့ရော။ ဘယ် သွားမလို့လဲဆိုတော့ ငါတို့မြှုပ်ထားတဲ့ပစ္စည်းတွေ သွားယူချင်လို့ဆိုတော့ လိုက်ခဲ့မယ်ဆိုပြီး မြှုပ်ထား တာတွေတူးလည်းပြီးရော အဲဒီလူတွေ ပျောက်သွား တယ် ပြောတာပဲခင်ဗျာ။ သတင်းကိုမရတော့ဘူးတဲ့။

မေး - ပထမ သူတို့ကထိုးစစ်ဆင်ပေမယ့် ဘာကြောင့် မထိန်းချုပ်နိုင်တာလဲ။
ဖြေ - ဗျူဟာအရကျတော့ ထီးချိုင့်မြို့က လုံခြုံရေး စခန်းက တောင်ကုန်းရှိတယ်၊ နောက်တစ်ခါ တပ်က ရဲစခန်းနဲ့သွားပေါင်းတာဗျာ။ ရဲစခန်းက ဧရာဝတီမြစ် ကမ်းဘေးမှာရှိတယ်။ ဆိုတဲ့အခါကျတော့ ကုန်းအမြင့် ကြီး။ ဘေးနားမှာကလည်း အပင်အကြီးကြီးတွေရှိ တော့ ဒရုန်းကနေ ဗုံးတွေလည်းချမရဘူးပြောတယ်။ နောက်တစ်ခါ သူတို့ အဲဒီလိုဝင်စီးတဲ့အခါ တပ်ရင်းမှူး ကလည်း ဗျူဟာတော်တော်ကောင်းတယ်ပြောတယ်။ လေယာဉ်ပစ်ကူကလည်း တော်တော်ကောင်းတယ် ပြောတယ်။ အဲဒီမှာ KIA၊ AA၊ PDFပူးပေါင်းအဖွဲ့ ကလည်း ပက်ပက်စက်စက်ကျတယ်။ မြို့တစ်မြို့လုံး ကလည်း အပုပ်နံ့တထောင်းထောင်းနဲ့လို့ပြောတယ်။ ထီးချိုင့်နယ်ခံတွေလည်း သေတယ်။ မိဘတွေက ဒီလိုဆိုရင်တော့ ငါတို့သားသမီးတွေကို အဆုံးရှုံးမ ခံနိုင်ဘူးဆိုပြီး သူတို့ကလေးတွေကို ပြန်ထုတ်တာရှိ တယ်။ နယ်ခံလေးတွေ ပေါင်ပြတ်၊ ခြေပြတ် အများ ကြီးလို့ပြောတယ်။ ပထမတစ်ခါက တစ်လလောက် တော့ကြာတယ်။ ဘယ်လိုမှမအောင်မြင်ဘဲ ဆုတ် သွားရတာ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့ခံတွေက လည်းမရဘဲနဲ့ မင်းတို့ဘာလို့လုပ်ကြတာလဲကွာ၊ မြို့ ပျက်တာပဲအဖတ်တင်တယ်ဆိုပြီး ထောက်ခံတဲ့၊အမာ ခံတွေက အများကြီးပြောကြတာရှိလာတာပေါ့ခင်ဗျာ။

မေး - မြို့က အခု စစ်ကြောင့်ပျက်စီးတော့ သူတို့PDF ပူးပေါင်းအဖွဲ့တွေကိုထောက်ခံတာ လျော့သွား တာလား။
ဖြေ - လျော့တယ် လျော့တယ်။ ထောက်ခံမှုတော့ နည်းသွားတယ်။ အခုလောလောဆယ်ကတော့ နီးရာ ဓား ကြောက်နေရတာ။ သူတို့မှာ သေနတ်ရှိတော့ သံယောင်မှေးလိုက်နေရတဲ့သူတွေ အများကြီးပဲ အစ်ကို။

မေး - လက်ရှိ အနေအထားအရပေါ့လေ။ ထီးချိုင့် နယ်မှာ KIA၊ PDFတွေကို ဘယ်လောက်အထိ ကြောက်နေရပါသလဲ။
ဖြေ - ကြောက်ရတာပေါ့ ခင်ဗျာ။ အရင်တုန်းကဆို တောပေါ်တောင်ပေါ်မှာ မျှစ်ရှာတို့၊ သစ်ခုတ်ဝါးခုတ် သူတွေကို ကန့်သတ်ပြီးတော့ မသွားရ၊ မလာရ ဆိုတော့ သူတို့လည်း ဒုက္ခရောက်တယ်ဗျာ။ သူတို့နဲ့ လက်သင့်ရာ စားတော်ခေါ်တာပေါ့။ သူတို့ ဘဝင်မ ကျဘူးဆိုတဲ့ လူတွေအပေါ်မှာ ညှဉ်းပန်းနှိပ်စက်တာ တွေရှိတယ်။ မတရား သတ်ဖြတ်တာတွေရှိတယ်။ နောက်ဟာကျတော့ အဲဒီ င်္ဏီ ခေါင်းဆောင်တွေ ကိုယ်တိုင်က မူးယစ်ဆေးဝါးတွေသုံးတယ်။ ထီးချိုင့် က ဘိန်းပေါတယ်ဗျာ။ မူးယစ်ဆေးဝါး ပေါတယ်ဗျာ။ ရာဘာပေါတယ်။

မေး - မူးယစ်ဆေးသုံးတယ်ဆိုတော့ စစ်တိုက်တဲ့ အခါမှာကော မူးယစ်ဆေးသုံးပြီး တိုက်ခိုင်းမယ်ထင် လား။ ဒေသခံတစ်ယောက်အနေနဲ့ ဒီလို တိုက်ခိုက် တယ်ဆိုတာမျိုးကော သိထားတာရှိလား။
ဖြေ - တိုက်ခိုင်းတယ် တိုက်ခိုင်းတယ် အစ်ကို။ ကျွန် တော်ကြားမိတာဆို ကျွန်တော့်သူငယ်ချင်း ထီး ချိုင့်မြို့မှာ ရှိတုန်းကပေါ့။ သူတို့ပုန်းနေတဲ့နေရာ လေးကကျတော့ တိုက်ပွဲဖြစ်တာကို အရှင်းသားမြင်ရ တာပေါ့။ သူတို့က ထီးချိုင့်တောင်ကုန်းပေါ်ကို တန်း စီလည်းပြီးရော တပ်တို့ ရဲတို့ကပစ်နေတာပေါ့။ သူတို့ ကလည်း သေမှာကိုမကြောက်ကြဘူးတဲ့။ မူးယစ်ဆေး ဝါးကိုသုံးပြီးတော့ သေနတ်နဲ့ ကျားထိုး တက်တာတဲ့။ မူးယစ်ဆေးဝါးသုံးပြီးတော့ တက်ခိုင်းတာတဲ့။ KIA ကတဲ့။ အတုန်းတုန်း အရုန်းရုန်းပဲ ကျသွားတယ်တဲ့။

မေး - PDF ခေါင်းဆောင်တွေ စီးပွားဖြစ်တယ်ဆိုတဲ့ ကိစ္စပေါ့။ သူတို့ ဘာတွေလုပ်လို့ စီးပွားဖြစ်တာလဲ၊ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နေကြပါသလဲ။
ဖြေ - စီးပွားဖြစ်တယ်ဆိုတဲ့ အနေအထားတစ်ခုက အစ်ကိုတို့လည်း သိမယ်။ တိုက်ပွဲဖြစ်မယ့်နေရာတိုင်းမှာ ကလေးတွေ စာသင်လို့မရဘူး၊ ပညာရေးချို့တဲ့ နေတယ်။ ဒါပေမဲ့ PDF ခေါင်းဆောင်တွေဗျာ ဘယ် သူတွေရှိလဲဆို ကိုစိုးသိန်း။ လွှတ်တော်ကိုယ်စားလှယ် ဟောင်းပေါ့။ သူတို့ သားသမီးတွေဆို မန္တလေးလာပြီး ကျောင်းတွေထားကြတယ်။ ခေါင်းကြီးပိုင်းတွေပေါ့။ ကျောင်းတွေထားတာ။ မန္တလေးမှာ တိုက်ခန်းတွေဝယ် တယ်။ ကားတွေဝယ်တယ်။ သူတို့ကတော့ သူတို့ စီးပွားရေးတွေ။ ထီးချိုင့် အရှေ့ဘက်ကမ်းက PDF ခေါင်းဆောင်တွေဆိုရင် ထွန်စက်တွေဝယ်တယ်၊ ယာတွေဝယ်တယ်။ ထီးချိုင့်အနောက်ဘက်ကမ်းက PDF ခေါင်းဆောင်တွေ ချမ်းသာကုန်ပြီ။ စီးပွားရေး တအားလုပ်နေကြပြီ။ 4 Wheel တွေ စီးနေကြပြီ။ တချို့ဆို ထီးချိုင့်မှာ ဆိုင်လေးတွေဖွင့်ပြီး ဆိုင်တွေ ရောင်းကြတာပေါ့။ ဒီလိုလူတွေဆီကနေ အခွန်တွေ ကောက်နေကြပြီ။KIA နဲ့ ပေါင်းကောက်တာပေါ့။ သူတို့ တအားချမ်းသာနေကြပြီ။ အဲဒီအပြင်ကိုမှ အရင်တည်းက ကားတွေကိုဂိတ်ကြေးကောက်တည်းက ချမ်းသာနေကြပြီ။

မေး - စစ်ပွဲကနေ အကျိုးအမြတ်ရသွားတယ်ပြော ရမှာပေါ့။ ဘဝတွေက ပြောင်းသွားတယ် ပြောရမလား။
ဖြေ - ပြောင်းတာကတော့ မပြောနဲ့ဗျာ။ သူတို့ဘဝက ခြေဖဝါး လက်ဖဝါးကောင်တွေကနေ အခုက ကား တွေနဲ့၊ ဝင်းတွေနဲ့ အဲဒီလိုတွေပေါ့။ အများကြီး ပြောင်း လဲသွားတယ် အစ်ကို။ သူတို့ထဲမှာ အုပ်ချုပ်နေတာ လည်း တချို့က ဆေးသမားတွေ။ PDF ခေါင်းဆောင် စောဝင်းဆိုတာလည်း အရင်တုန်းက ဘိန်းစား။ သစ် လုပ်တယ်။ ဆိုတဲ့အခါကျတော့ ဒီကောင်တွေပင်လျှင် မူးယစ်ဆေးဝါးနဲ့မကင်းဘူး။ ထီးချိုင့်မြို့မှာ လူကောင်း သူကောင်းစာရင်းထဲတော့ မပါဘူးဗျာ။ အများကြီး ချမ်းသာသွားကြပြီ။ ထီးချိုင့်က ကျွန်းသစ်ထွက်တယ်။ မြစ်ကြောင်းကနေ သစ်ကိုတက်ဝယ်တော့ မြစ် ကြောင်းကနေ အခွန်စည်းကြပ်တယ်။ ပိုက်ဆံတွေ အရမ်းရတာ။ အရမ်းတော့ ချမ်းသာနေကြပြီ အစ်ကို။

မေး - အောက်ခြေ PDF တွေရဲ့ဘဝကကော ဘယ် လိုရှိနေပါသလဲ။
ဖြေ - အောက်ခြေ PDF တွေရဲ့ဘဝကတော့ ဟိုလို မဟန်ဘူးပေါ့ဗျာ။ မင်းတို့ကောင်းစားဖို့ အတွက် ငါတို့ တိုက်ပေးနေရတယ်၊ ငါတို့အသက်မပေးနိုင်ဘူးဆိုပြီး တချို့မိဘတွေက ကလေးတွေကို လက်နက်တွေ ပြန်အပ်ခိုင်းပြီး ယာတို့ဘာတို့ ပြန်လုပ်နေကြတယ် ကြားတယ်။ ထွက်တဲ့သူတွေကိုတော့ ပြဿနာရှာ တယ်မကြားမိသေးဘူး။ ထွက်တဲ့သူ ဘေးရန်ကင်း လားအတိအကျတော့ မပြောနိုင်သေးဘူး။ နောက် တစ်ခုရှိတာက တချို့ဆိုရင် ပေါင်ပြတ်၊ လက်ပြတ်တွေ ရှိတယ်ဗျာ။ ပေါင်ပြတ်၊ လက်ပြတ်တွေကို ဆေးကု ပေးပြီး မိဘတွေနဲ့တွေ့ခွင့်မပေးတာ အဲဒါတွေကို တော့ကြားမိတယ်။

မေး - ပထမတိုက်ပွဲတုန်းက ပေါင်ပြတ် လက်ပြတ်ဖြစ် တဲ့သူတွေကိုလား။
ဖြေ - ဟုတ်ပါတယ်။ ပထမတိုက်ပွဲတုန်းကပါ။
မေး - အခုရက်ပိုင်းထဲဖြစ်နေတဲ့ ဒုတိယတိုက်ပွဲ မှာကော အကျအဆုံး ဘယ်လိုကြားမိပါသလဲ။
ဖြေ - အခုလည်း တိုက်နေဆဲပြောတယ်။ တော်တော် တော့ ကျတယ်ပြောတယ်။ လေသာမှာကို ဆေးခန်း ဖွင့်ပြီး CDM ဝင်ထားတဲ့ဆရာဝန်ကိုယ်တိုင် ကု ပေးနေရတယ်ပြောတယ်။

မေး - တိုက်ပွဲမှာ PDF တွေကိုKIA ကဘယ်လို အသုံးချနေပါသလဲ။
ဖြေ - ကျွန်တော်တို့ နားလည်သလောက်ပြောရရင် မှိုင်းပေါ့။ အမုန်းစိတ်ပေါ့။ အဲဒါထည့်ထားတယ်။ တပ်ကိုမုန်းရမယ်ဆိုတဲ့စိတ်ကို ထည့်ထားတာ။ လူငယ်ဆိုတာတော့ မဟုတ်ရင်မခံချင်ဘူးဗျာ။ အဲဒါကို မတရားဘူးဆိုတဲ့စိတ်ဖြစ်အောင်၊ ငါတို့ကို မတရားလုပ်တယ်ဆိုတဲ့ အမုန်းစိတ်ထည့်ပေးထား တော့ လူငယ်တွေက အမှန်မမြင်နိုင်ဘူးဗျာ။ နောက် ဒီဘက်မှာ တချို့ကလေးတွေက မူးယစ်ဆေးသမားတွေ များတယ်။ မူးယစ်ဆေးသမားများတော့ လွတ်လွတ်လပ်လပ်နေရတော့ PDF ထဲဝင်လာပြီး လုပ် ချင်တာလုပ်နေရတယ်ဆိုတဲ့ အပိုင်းလေးတွေနဲ့ အနေချောင် အစားချောင်နေကြတာတွေရှိတယ်။အဲဒီ လိုဟာမျိုးတွေ သေကြတာလည်း များတယ်။ ထီးချိုင့် မြို့သိမ်းတိုက်ပွဲမဖြစ်ခင်ကိုပဲ တပ်ကို မိုင်းထောင်တော့ ဆေးသမားလေးတွေ ထောင်ခိုင်းမိလို့ ကြိုးနီ၊ ကြိုး နက်မှားပြီးတော့ ရှော့ရိုက်မိလို့ နေရာတင်သေတာ အများကြီး။ အဲဒီဇာတ်လမ်းတွေ အများကြီး ရှိတယ်။

မေး - အစ်ကိုတို့မြို့ကို အခု တကယ်သိမ်းဖို့ လုပ်နေ တာကKIA လို့ထင်လား၊ PDFလို့ ထင်လား။
ဖြေ - အဲဒါကတော့ အစ်ကိုရာ ကျွန်တော်တို့ အမြင်ကတော PDF ဆိုတာ အမည်ခံပဲရှိတာ။ တောနေလူတန်းစာက မှိုင်းတိုက်ထားတော့ အမယ်လေး ငါတို့ PDF တွေနိုင်ပြီပေါ့။ သူတို့ တကယ်လို့ နိုင်သွားလို့ရှိရင် ထီးချိုင့်မြို့ကိုKIA နဲ့ PDF အုပ်ချုပ်မှာ။ သေနတ်နဲ့အုပ်ချုပ်မှာ။ သူတို့ကိုပဲ ကြောက်နေရတာပဲ။ အဆင်မပြေလို့ ချောက်တွန်းရင် သူတို့နဲ့နီးစပ်သူ စကားက အောင်မှာပဲ။ ထီးချိုင်မြို့ သိမ်းရင်တော့KIA တို့က အုပ်ချုပ်မှာ။ PDF ဘက်က လွှတ်တော်ကိုယ်စားလှယ်တို့ဆိုတာက လက်ညှိုးထောင် ခေါင်းညိတ်လောက်ပဲရှိမှာ။

မေး - နောက်ဆုံးမေးခွန်းပါခင်ဗျာ။ မြို့ခံ တစ်ယောက် အနေနဲ့ ကိုယ်မြို့နဲ့ပတ်သက်လို့ ဘယ်လို ဖြစ်ချင်ပါသလဲ။
ဖြေ - မြို့ခံတစ်ယောက်အနေနဲ့ တိုက်ပွဲမဖြစ်ချင်ဘူး။ အေးချမ်းချင်တယ်။ တိုက်ပွဲဖြစ်လို့လည်း ဘာမှ ဖြစ်မလာဘူး။ အခု တိုက်ပွဲဖြစ်တယ်ဗျာ ပေး ဆပ်လိုက်ရတာ။ ကျုပ်တို့ဘိုးဘွားတွေ အနှစ်နှစ် အလလကဆောက်ထားတာတွေ ပျက်သွားပြီဗျာ။ အဓိကဖြစ်စေချင်တာက ထီးချိုင့်မြို့ အေးချမ်း ချင်တယ်။ သူပုန်မလိုလားဘူးဗျာ။ အေးချမ်းမှုကို လိုလားတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

zawgyi version
သူတို႔ႏိုင္သြားရင္ ထီးခ်ိဳင့္ကို KIA ကပဲ အုပ္ခ်ဳပ္လိမ့္မယ္ (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - စက္တင္ဘာ ၆

စစ္ပြဲေၾကာင့္ပ်က္စီးခဲ့ရေသာ ထီးခ်ိဳင့္ၿမိဳ႕သည္ ယခုအခါ ဒုတိယအႀကိမ္ စစ္ကိုျပန္ လည္ႀကဳံေတြ႕ေနရျပန္ၿပီျဖစ္သည္။ ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္ ႏွစ္ကုန္ပိုင္းက ထီးခ်ိဳင့္ၿမိဳ႕ကိုKIA ၊ PDF ပူးေပါင္းအဖြဲ႕က တိုက္ခိုက္ခဲ့ေသာ္လည္း မရခဲ့ေပ။ သို႔ေသာ္ ၿမိဳ႕မွာမူ အခ်ိန္ယူ ျပန္လည္တည္ေဆာက္လွ်င္လည္း ဆယ္စုႏွစ္ခ်ီတည္ေဆာက္ရမည့္အေျခအေနအထိ ဆိုက္ေရာက္ပ်က္စီးသြားခဲ့သည္။ ထို႔အတူ ၿမိဳ႕ခံမ်ားသည္လည္း ဘဝမ်ားခက္ခဲသြားၾကရသည္။ တစ္ဖက္ တြင္မူ ၿမိဳ႕ကိုတိုက္ခိုက္ခဲ့ၾကသူမ်ားအတြက္ အျမတ္ ထြက္သြားၾကျပန္သည္။ ယခုအခါ ထီးခ်ိဳင့္ၿမိဳ႕ကို ဒုတိယအႀကိမ္သိမ္းပိုက္ရန္အတြက္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ေန ေၾကာင္း ယခုစာေရးသားခ်ိန္ ဩဂုတ္လ (၂၈)ရက္တြင္ သိရွိရသည္။ အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္၍ လူအမ်ားမသိၾကေသးသည့္ေျမျပင္အေျခအေနမ်ားကို ေဒသခံတစ္ဦးထံ ဆက္သြယ္ေမးျမန္းထားမႈမ်ားကို ေဖာ္ျပအပ္ပါသည္။

ေမး- ထီးခ်ိဳင့္ၿမိဳ႕ဆီ စစ္မီးမေရာက္ခင္က ၿမိဳ႕ရဲ႕အေျခအေနက ဘယ္လိုရွိပါသလဲဗ်။
ေျဖ- ထီးခ်ိဳင့္ၿမိဳ႕ကဆိုရင္ ဧရာဝတီျမစ္ အေနာက္ဘက္ကမ္းမွာရွိတယ္။ ဗန္းေမာ္၊ မႏၲေလး၊ ဧရာဝတီ ျမစ္ေၾကာင္းႀကီးမွာ ဗန္းေမာ္ေအာက္ရွိတာေပါ့။ အရင္တုန္းကေတာ့ သာယာဝေျပာမႈရွိတယ္။ ေဒသမွာရွိတဲ့ သူေတြက စိတ္ထားေတြျဖဴစင္တယ္။ သေဘာထား ေတြေကာင္းတယ္။ သူတို႔ရဲ႕လုပ္ငန္းကိုင္ငန္းေတြက ေပၚေျမေတြမွာ လုပ္စားတယ္။ အခင္းတို႔၊ ႀကံတို႔လည္း စိုက္စားၾကတယ္။ ဆန္စပါးလည္းေပါေတာ့ သာယာဝ ေျပာတယ္။ ထီးခ်ိဳင့္ ၿမိဳ႕သူၿမိဳ႕သားေတြက အလႉအ တန္းေတြလည္း ရက္ေရာၾကတယ္။ ထီးခ်ိဳင့္မွာဆိုရင္ ျမန္မာႏိုင္ငံမွာ ဘယ္ေနရာမွမရွိတဲ့ ခ်စ္စရာဓေလ့ေလး ရွိတယ္။ အဲဒါက ဘာလဲဆိုေတာ့ ထီးခ်ိဳင့္ၿမိဳ႕ထဲကို မနက္ဆို သံဃာေတြဆြမ္းႂကြတဲ့အခါ လမ္းတိုင္း လမ္းတိုင္းကို ဆြမ္းခံႂကြခ်ိန္မွာ ဘာယာဥ္မွ စီးမရဘူး လမ္းေဘးရပ္ေပးရတယ္။ အဲဒါက ခ်စ္စရာေကာင္း တယ္။ စီးပြားေရးဆိုရင္လည္း ထီးခ်ိဳင့္ၿမိဳ႕အပိုင္က ေက်း႐ြာေတြမွာဆိုရင္လည္း စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ မႈလည္းရွိတယ္။ သာယာဝေျပာမႈလည္းရွိတယ္။ ခ်စ္ ခင္ရင္းႏွီးမႈလည္းရွိတယ္။ အညာသူ အညာသား ဓေလ့ကေတာ့ ႐ိုးသားမႈေတြရွိတယ္၊ ပြင့္လင္းမႈေတြ ရွိတယ္။ ကူညီခ်င္ၾကတယ္။ ဒီလိုမ်ိဳးမျဖစ္ခင္က ေပ်ာ္ ဖို႔ေကာင္းတယ္။ ေလွၿပိဳင္ပြဲတို႔၊ ေဘာလုံးပြဲတို႔ လုပ္ၾက ပါတယ္။

ေမး- တိုက္ပြဲမျဖစ္ခင္က ျဖစ္ေတာ့မယ္ဆိုတဲ့အ ေၾကာင္းကို ထင္ထင္ရွားရွား သိရတာမ်ိဳးရွိပါသလား။ ထီးခ်ိဳင့္မွာ ပဋိပကၡေတြ စျဖစ္လာတဲ့အေျခအေနကို ေျပာျပေပးပါလား။
ေျဖ - PDF ေတြ စဖြဲ႕ၾကတယ္ဆိုတည္းက ထီးခ်ိဳင့္ မွာ လႈပ္ရွားမႈေတြရွိေနတယ္ဆိုတာ သတင္းၾကားမိ တယ္။ တစ္စြန္းတစ္စ ေနာက္ထပ္ ၾကားမိတာက KIA က ဆင္းလာတယ္။ ဆင္းလာၿပီးေတာ့ သူတို႔ကို ထီးခ်ိဳင့္ ဘယ္ေတာင္မွာေပးတယ္၊ ဘယ္သူေတြက ေခါင္းေဆာင္တယ္ဆိုတာေတာ့ သိလာရတယ္။ ဒါ ေပမဲ့လည္း ေနာက္ပိုင္းက်ေတာ့ စာရင္းေတြထြက္ခဲ့ တာ။ ဒလန္ရွင္းလင္းေရးဆိုၿပီး သတင္းေတြထြက္လာတာပဲ။

ေမး - တည္ၿငိမ္ေနတဲ့ ၿမိဳ႕ေလးမွာ စၿပီး လႈပ္ရွားမႈေတြ ရွိလာတာလား။
ေျဖ - ဟုတ္တယ္ စၿပီေပါ့။ အဲဒီမွာ ထီးခ်ိဳင့္ ေမာ္ကြန္း ေတာင္မွာ KIA က သင္တန္းေပးတာေပါ့။ ထီးခ်ိဳင့္မွာ ကိုေနဝင္းေအာင္တို႔၊ ကိုေစာဝင္းတို႔ အေပါင္းအပါ အဖြဲ႕ေတြကို သင္တန္းေပးတယ္။ ယူနီေဖာင္းေပး တယ္။ လက္နက္တခ်ိဳ႕ေပးတယ္လို႔ ၾကားရတယ္။ အဲဒီသတင္းကို တပ္ကရတယ္။ ကိုေစာဝင္းရွိတဲ့ေနရာ သြားဝိုင္းေတာ့ ကိုေစာဝင္းလြတ္သြားတယ္။ ကိုေန ဝင္းေအာင္ရွိတဲ့ေနရာကို သြားဝိုင္းေတာ့ ထြက္ေျပးတာ။ ကိုေနဝင္းေအာင္ကို တပ္ကပစ္ေတာ့ ေသသြားတာေပါ့။ အဲဒီကေနစၿပီးေတာ့ ကိုေနဝင္းေအာင္ နာေရးကိစၥခ်ၿပီးေတာ့ မေရွးမေႏွာင္းမွာ ဒလန္ေတြ ဆိုၿပီးရွင္းတာ။ ဒလန္ဆိုၿပီးေတာ့လည္း စာရင္းေတြ လည္း ေၾကညာတယ္ဗ်။

ေမး - ဒလန္ဆိုၿပီးေတာ့အသတ္ခံရတာ ထီးခ်ိဳင့္မွာ ေတာ္ေတာ္ပဲ မ်ားခဲ့သလား။
ေျဖ - ေတာ္ေတာ္မ်ားတယ္။ စံျပအုပ္ခ်ဳပ္ေရးမႉးဗ်ာ၊ သခြပ္ၿခံအုပ္ခ်ဳပ္ေရးမႉး အမ်ားႀကီးပဲ။ ထီးခ်ိဳင့္ အေရွ႕ ဘက္ကမ္းကလည္း အမ်ားႀကီးပဲ။ တခ်ိဳ႕ဆို ဘုန္းႀကီး ေတြကိုသတ္သြားတယ္။ ေနာက္တစ္ခါက်ေတာ့ ထီးခ်ိဳင့္အေရွ႕ဘက္ကမ္း၊ မႏၲေလး-ဗန္းေမာ္လမ္းေဘး မွာ ေဈးဆိုင္ေရာင္းေနတဲ့အိမ္ဆို တပ္ကစစ္ေၾကာင္း ထိုးေတာ့ လက္ဖက္ရည္ေရာင္းေတာ့ ဝင္ေသာက္သြား တာ။ ေဈးဆိုင္ဆိုေတာ့ ေရာင္းရတာပဲ။ အဲဒီ မိသားစု ကို အကုန္လုံးသတ္ပစ္တာ။ သူတို႔နဲ႔ အယူအဆမတူ ရင္ေတာ့ ရန္သူပဲခင္ဗ်ာ။ အဲဒီအခ်ိန္ ကြၽန္ေတာ္တို႔ ထီးခ်ိဳင့္မွာေနတဲ့ ၿငိမ္းခ်မ္းမႈကိုလိုလားတဲ့သူေတြကေတာ့ သဲထိတ္ရင္ဖိုပဲေနာ္။

ေမး - ဒလန္ရွင္းလင္းေရးဆိုၿပီး သတ္တဲ့ဟာေတြမွာေကာ ဘာထူးျခားမႈေတြ ေတြ႕ေသးလဲခင္ဗ်။
ေျဖ - လာသတ္တဲ့သူေတြကလည္း နယ္ေျမခံေတြ မဟုတ္ဘူးဗ်။ တျခားကလာတဲ့ မ်က္ႏွာစိမ္းေတြ။ ၾကက္သြန္ခင္း႐ြာကလူဆို အရင္တုန္းက တပ္နဲ႔ အဆက္အစပ္ရွိေတာ့ ပထမတစ္ခါလာပစ္တာ ေသမသြားေတာ့ ေဆး႐ုံတက္တယ္ေပါ့။ အိမ္မွာ ျပန္ေရာက္ေတာ့ လာသတ္သြားတာ။ ေနာက္တစ္ခု ကြၽန္ေတာ္ ေျပာဖို႔က်န္သြားတာ ရွိေသးတယ္။ တပ္က အင္အား ျဖည့္လာၿပီဆိုေတာ့ အဲဒီအခ်ိန္တည္းက ထီးခ်ိဳင့္က ကားလမ္းမွာ တပ္ကကားလာရင္ မိုင္းခြဲတာတို႔၊ လာတဲ့စစ္ေၾကာင္းေတြ၊ လႈပ္ရွားတပ္ဖြဲ႕ေတြ ထိေတြ႕မႈ ျဖစ္တာတို႔ ၊ မႏၲေလး-ျမစ္ႀကီးနား ကားလမ္းေဘးက ျဖစ္ေနၿပီ။ ကြၽန္ေတာ္တို႔ ျမင္မိ၊ ၾကားမိတာက KIA ေတြေရာက္ေနၿပီ၊ ထီးခ်ိဳင့္အေနာက္႐ိုးမွာေတာ့ AA ေတြေရာက္ေနၿပီ။

ေမး - ထီးခ်ိဳင့္ကို ပထမအႀကိမ္မတိုက္ခင္ ဘယ္ ေလာက္အခ်ိန္တည္းက သူတို႔ေတြေရာက္ေနတာ လဲဗ်။
ေျဖ - တိုက္ပြဲမျဖစ္ခင္ အရင္ႏွစ္ႏွစ္ေလာက္တည္းက ဒလန္ေတြရွင္းတယ္ဆိုတည္းက ဒီေကာင္ေတြရွိတယ္။ စစ္ပညာတို႔၊ လက္နက္တို႔လည္း သူတို႔ေပးတာပဲ။ မိုင္းေထာင္တာလည္း သူတို႔ေပးတာပဲ။ တပ္က စစ္ေၾကာင္းလႈပ္ရွားအဖြဲ႕က မႏၲေလး - ျမစ္ႀကီးနား ကားလမ္းေတြမွာ လႈပ္ရွားၿပီး လုံၿခဳံေရးအတြက္ လူသြားလူလာ စစ္တာေတြရွိတယ္။ ေနာက္ေတာ့ တိုက္ေတာ့ သူတို႔မစိုးမိုးေတာ့ဘူး။ ထီးခ်ိဳင့္ ေျမာက္ျပင္ ေခၚတာေပါ့ ။ အလယ္ေတာ႐ြာနဲ႔ ေလသာ ႐ြာ။ ကားလမ္းေဘးမွာပဲရွိတာ။ အဲဒီမွာ သူတို႔က ဂိတ္ဖြင့္တယ္။ လာသမွ်ကားေတြကို ေတာင္းတယ္။ ကြၽန္ေတာ္တို႔သိသမွ်ဆို တစ္ရက္ တစ္ရက္ကို သိန္းေထာင္ေက်ာ္ရတယ္။ သိန္းတစ္ ေထာင္ေက်ာ္ ရတာက KIA နဲ႔ နယ္ေျမခံ PDF က (၆၀)၊ (၄၀) လို႔ ေျပာတယ္။ လမ္းေၾကးေကာက္တာက ဆီေဘာက္ဆာကားေတြရွိတယ္ဗ်ာ။ တစ္ဂါလန္ကို ႏွစ္ရာက်ပ္ေကာက္တယ္။ ဂါလန္ရွစ္ေထာင္ဆို ဆယ့္ ေျခာက္သိန္း ခ်က္ခ်င္းေပးရတာ။ ထီးခ်ိဳင့္တစ္ၿမိဳ႕ တည္းေနာ္။ ဆက္သြားရင္ ေမာ္လူးတို႔ဘက္ရွိေနၿပီ။ ဒါက ဆီေဘာက္ဆာပဲရွိေသးတယ္။ ကုန္တင္ကား ေတြလည္း သူတို႔ကိုေပးရတယ္လို႔ေျပာတယ္။

ေမး - ပထမအႀကိမ္ သူတို႔စတိုက္တုန္းက အေျခ အေနေလး သိပါရေစခင္ဗ်ာ။
ေျဖ - တိုက္ပြဲမစခင္တည္းက ေသနတ္သံၾကားတာ။ (၂၀၂၃)ခုႏွစ္ (၁၁)လပိုင္း (၈)ရက္မွာ သတင္းေတြ က သန႔္သန႔္သန႔္သန႔္ၾကားတယ္။ ၿမိဳ႕သူၿမိဳ႕သားေတြ က ေအာက္ပိုင္းေခၚတာေပါ့။ ျမင္းၿခံတို႔ မေကြးတိုင္းဘက္မွာ ဘယ္လိုဝင္တိုက္တယ္ဆိုၿပီး ၾကားေနရတယ္။ ထီးခ်ိဳင့္ၿမိဳ႕ကလူေတြတြက္ထားတာက သိမ္းလည္း ဘယ္ေလာက္မွမၾကာဘူးေပါ့။ တိုက္ပြဲျဖစ္မယ္ ၾကားေတာ့ အကုန္လုံးေျပးၾကတာ။ တခ်ိဳ႕ဆို မျဖစ္ႏိုင္ပါဘူးဆိုၿပီး မေျပးၾကဘူး။ မေျပးတဲ့သူေတြလည္း ေျပးရတာပဲ။ (၈) ရက္ေန႔မနက္ (၉) နာရီေလာက္တည္းက စပစ္တာ။ ဝင္တိုက္ေတာ့ ေျပးရတာေပါ့။ မိသားစုကလည္း ေလးငါးေျခာက္ေယာက္ဆိုေတာ့ ကားေလးငွားေပါ့။ ေခြးဘီလူးေလးငွားၿပီး ကြၽန္ေတာ္ တို႔ကေတာ့ လာခဲ့တာပါ။ ဘာမွလည္း မပါခဲ့ဘူးခင္ဗ်ာ။ ပိုက္ဆံေလးေလာက္ထည့္ၿပီး လူခ်ည္းလာခဲ့ရတာ။ အဝတ္အစားေလး ႏွစ္စုံ သုံးစုံ ေလာက္နဲ႔။ တိုက္ပြဲစ ျဖစ္ေတာ့မယ္လို႔သိတာ။ ကြၽန္ေတာ္တို႔က ေျပးလာၿပီ။ မိတ္ေဆြေတြေတာ့ တခ်ိဳ႕က်န္ခဲ့တာပ။ ကြၽန္ေတာ္ တို႔ကစုငွားေတာ့ လမ္းမွာပတ္သြားၿပီးေခၚရေတာ့ လမ္းမွာလူမရွိေတာ့ဘူး။ အိမ္ေတြဆို အကုန္ပိတ္ေန တာ။ က်န္ခဲ့တဲ့သူေတာ့ က်န္ေနခဲ့တာ။ တခ်ိဳ႕ ကြၽန္ ေတာ့္မိတ္ေဆြတခ်ိဳ႕ဆို မျဖစ္ႏိုင္ပါဘူးဆိုၿပီးက်န္ခဲ့ တာ။ ကြၽန္ေတာ္တို႔က သပိတ္က်င္းလည္းေရာက္၊ ဖုန္းဆက္ၾကည့္ေတာ့ ခင္ဗ်ားတို႔ေတာ့ မလာေတာ့နဲ႔၊ လာဖို႔မစဥ္းစားနဲ႔ေတာ့ ေမာင္ေတာတိုက္ပြဲကလည္း အျပန္အလွန္ျဖစ္ေနၾကၿပီ၊ ငါတို႔လည္း နည္းနည္း ၿငိမ္ရင္ထြက္မယ္ဆိုၿပီး ေျပာတာ။ တခ်ိဳ႕ ပိတ္မိေန တဲ့သူေတြလည္း တစ္လေလာက္ၾကာမွ ထြက္ႏိုင္တဲ့ သူလည္းရွိတယ္ဗ်။ ကြၽန္ေတာ္တို႔ကေတာ့ မျဖစ္ခင္ လက္မတင္ေလး ထြက္ခဲ့တာေပါ့။

ေမး - ထီးခ်ိဳင့္ၿမိဳ႕က ပထမတိုက္ပြဲေၾကာင့္ (၈၀) ရာခိုင္ႏႈန္းေလာက္ပ်က္စီးသြားတယ္လို႔ သိရပါတယ္။ ၿမိဳ႕ကို ျပန္ထူေထာင္ဖို႔အတြက္ ျဖစ္ႏိုင္ပါဦးမလား။
ေျဖ - မျဖစ္ႏိုင္ဘူး။ မျဖစ္ႏိုင္ေတာ့ဘူး။ အရင္လို ျပန္ထူေထာင္ဖို႔အတြက္ကေတာ့ ဆယ္စုႏွစ္တစ္ခု အ နည္းေလးပဲ။ မျဖစ္ႏိုင္ေတာ့ဘူး။ ရပ္ကြက္ေလးခု ရွိတယ္။ အမွတ္ (၁) ရယ္၊ အမွတ္ (၂) ရယ္၊ အမွတ္ (၃) ရယ္၊ အမွတ္ (၄) ရယ္။ အမွတ္ (၁) လည္း ပ်က္ တယ္။ အမွတ္ (၂) လည္းပ်က္တယ္။ အမွတ္ (၃) ေရာ အကုန္ပ်က္တယ္။ အမွတ္(၁)ထဲမွာ နည္းနည္း က်န္တယ္။ ေနာက္တစ္ႀကိမ္ထပ္ျဖစ္ေနတဲ့အေနအ ထားတစ္ခုမွာ မေကာင္းႏိုင္ေတာ့ဘူး အစ္ကို။ မျဖစ္ ႏိုင္ေတာ့ဘူး။

ေမး - အစ္ကိုတို႔အိမ္လည္း မက်န္ေတာ့ဘူးေပါ့။
ေျဖ - မက်န္ေတာ့ဘူး အစ္ကို။ ကြၽန္ေတာ္တို႔ အိမ္ ေတြမွမဟုတ္ ရပ္ကြက္ထဲမွာရွိတဲ့အိမ္ေတြက ဘယ္ လိုျဖစ္သြားၾကလဲဆိုေတာ့ တိုက္ပြဲေတြက အရမ္းမျပင္းထန္ေသးဘူး ခင္ဗ်ာ။ ရဲစခန္းေတာင္ေပၚကို အရင္ဝိုင္းၿပီး တက္လုံးတဲ့အခါ ေနာက္မွာက်န္ခဲ့တဲ့ သူခိုးေတြေပါ့ဗ်ာ။ သူခိုးေတြေရာ PDF အဖြဲ႕ေခါင္း ေဆာင္ေတြက အိမ္ေတြ လိုက္ဖြင့္ၿပီးေတာ့ ပစၥည္း ေတြကို ကားေတြနဲ႔ကဲ့ထုတ္ၿပီး အိမ္ေတြကိုမီးရႈိ႕ခဲ့ၾက တာ။ ထီးခ်ိဳင့္ၿမိဳ႕က ေတာ္လွန္ေရးမွာဆိုရင္ နံပတ္ႏွစ္ အဆင့္ေလာက္ရွိတဲ့ ႏိုင္မ်ိဳးေအာင္။ သူဆိုရင္ ထီးခ်ိဳင့္ အမွတ္(၁)နဝရတ္ထဲက ဆန္စက္ထဲက ဆန္ေတြတို႔၊ ပစၥည္းေတြတို႔ကို သူကတိုက္လည္းတိုက္ၿပီးေတာ့ ယူသြားတာ။ ၿပီးေတာ့ သူထိန္းသိမ္းထားတယ္လို႔ မေျပာဘူး။ သူေျပာသြားတာကိုသိတဲ့သူေတြကေတာ့ မေက်နပ္ၾကဘူးေပါ့ခင္ဗ်ာ။ အဲဒီလိုေတာ့ရွိတယ္။ တခ်ိဳ႕အိမ္ေတြဆိုရင္ မီးရႈိ႕ခဲ့တာခင္ဗ်ာ။ မိရင္ တပ္က မီးရႈိ႕တယ္လို႔ ေခါင္းစဥ္တပ္တယ္ခင္ဗ်ာ။

ေမး - ထီးခ်ိဳင့္ၿမိဳ႕က ေတာ္ေတာ္ေလး ဆိုးဆိုး႐ြား႐ြား ႀကဳံခဲ့ရတာလို႔ ေျပာႏိုင္မလား။
ေျဖ - အမ်ားႀကီး ဆိုး႐ြားတယ္။ ကြၽန္ေတာ္တို႔ၾကားတာ တခ်ိဳ႕ဆိုရင္ က်ဳပ္တို႔အညာဘက္ကဟာေတြက အ လုပ္ တအားလုပ္တယ္။ ဂုဏ္ပကာသနဆိုတာလည္း မရွိဘူး။ ပိုက္ဆံေတြဘာေတြလည္း စုေဆာင္းၿပီး ျခစ္ျခစ္ကုပ္ကုပ္လုပ္ေတာ့ တိုက္ပြဲျဖစ္မွာမို႔လို႔ ေ႐ႊေတြ ေငြေတြျမႇဳပ္ထားခဲ့တာ။ ထီးခ်ိဳင့္ၿမိဳ႕ကို ျပန္မဝင္ ရဘူးလည္းဆိုေရာ အဲဒါေတြကို သူတို႔က ကိုယ့္ ပစၥည္းကိုဝင္ယူေတာ့ PDF ေတြနဲ႔ေတြ႕ေရာ။ ဘယ္ သြားမလို႔လဲဆိုေတာ့ ငါတို႔ျမႇဳပ္ထားတဲ့ပစၥည္းေတြ သြားယူခ်င္လို႔ဆိုေတာ့ လိုက္ခဲ့မယ္ဆိုၿပီး ျမႇဳပ္ထား တာေတြတူးလည္းၿပီးေရာ အဲဒီလူေတြ ေပ်ာက္သြား တယ္ ေျပာတာပဲခင္ဗ်ာ။ သတင္းကိုမရေတာ့ဘူးတဲ့။

ေမး - ပထမ သူတို႔ကထိုးစစ္ဆင္ေပမယ့္ ဘာေၾကာင့္ မထိန္းခ်ဳပ္ႏိုင္တာလဲ။
ေျဖ - ဗ်ဴဟာအရက်ေတာ့ ထီးခ်ိဳင့္ၿမိဳ႕က လုံၿခဳံေရး စခန္းက ေတာင္ကုန္းရွိတယ္၊ ေနာက္တစ္ခါ တပ္က ရဲစခန္းနဲ႔သြားေပါင္းတာဗ်ာ။ ရဲစခန္းက ဧရာဝတီျမစ္ ကမ္းေဘးမွာရွိတယ္။ ဆိုတဲ့အခါက်ေတာ့ ကုန္းအျမင့္ ႀကီး။ ေဘးနားမွာကလည္း အပင္အႀကီးႀကီးေတြရွိ ေတာ့ ဒ႐ုန္းကေန ဗုံးေတြလည္းခ်မရဘူးေျပာတယ္။ ေနာက္တစ္ခါ သူတို႔ အဲဒီလိုဝင္စီးတဲ့အခါ တပ္ရင္းမႉး ကလည္း ဗ်ဴဟာေတာ္ေတာ္ေကာင္းတယ္ေျပာတယ္။ ေလယာဥ္ပစ္ကူကလည္း ေတာ္ေတာ္ေကာင္းတယ္ ေျပာတယ္။ အဲဒီမွာ KIA၊ AA၊ PDFပူးေပါင္းအဖြဲ႕ ကလည္း ပက္ပက္စက္စက္က်တယ္။ ၿမိဳ႕တစ္ၿမိဳ႕လုံး ကလည္း အပုပ္နံ႔တေထာင္းေထာင္းနဲ႔လို႔ေျပာတယ္။ ထီးခ်ိဳင့္နယ္ခံေတြလည္း ေသတယ္။ မိဘေတြက ဒီလိုဆိုရင္ေတာ့ ငါတို႔သားသမီးေတြကို အဆုံးရႈံးမ ခံႏိုင္ဘူးဆိုၿပီး သူတို႔ကေလးေတြကို ျပန္ထုတ္တာရွိ တယ္။ နယ္ခံေလးေတြ ေပါင္ျပတ္၊ ေျချပတ္ အမ်ား ႀကီးလို႔ေျပာတယ္။ ပထမတစ္ခါက တစ္လေလာက္ ေတာ့ၾကာတယ္။ ဘယ္လိုမွမေအာင္ျမင္ဘဲ ဆုတ္ သြားရတာ။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ၿမိဳ႕ခံေတြက လည္းမရဘဲနဲ႔ မင္းတို႔ဘာလို႔လုပ္ၾကတာလဲကြာ၊ ၿမိဳ႕ ပ်က္တာပဲအဖတ္တင္တယ္ဆိုၿပီး ေထာက္ခံတဲ့၊အမာ ခံေတြက အမ်ားႀကီးေျပာၾကတာရွိလာတာေပါ့ခင္ဗ်ာ။

ေမး - ၿမိဳ႕က အခု စစ္ေၾကာင့္ပ်က္စီးေတာ့ သူတို႔PDF ပူးေပါင္းအဖြဲ႕ေတြကိုေထာက္ခံတာ ေလ်ာ့သြား တာလား။
ေျဖ - ေလ်ာ့တယ္ ေလ်ာ့တယ္။ ေထာက္ခံမႈေတာ့ နည္းသြားတယ္။ အခုေလာေလာဆယ္ကေတာ့ နီးရာ ဓား ေၾကာက္ေနရတာ။ သူတို႔မွာ ေသနတ္ရွိေတာ့ သံေယာင္ေမွးလိုက္ေနရတဲ့သူေတြ အမ်ားႀကီးပဲ အစ္ကို။

ေမး - လက္ရွိ အေနအထားအရေပါ့ေလ။ ထီးခ်ိဳင့္ နယ္မွာ KIA၊ PDFေတြကို ဘယ္ေလာက္အထိ ေၾကာက္ေနရပါသလဲ။
ေျဖ - ေၾကာက္ရတာေပါ့ ခင္ဗ်ာ။ အရင္တုန္းကဆို ေတာေပၚေတာင္ေပၚမွာ မွ်စ္ရွာတို႔၊ သစ္ခုတ္ဝါးခုတ္ သူေတြကို ကန႔္သတ္ၿပီးေတာ့ မသြားရ၊ မလာရ ဆိုေတာ့ သူတို႔လည္း ဒုကၡေရာက္တယ္ဗ်ာ။ သူတို႔နဲ႔ လက္သင့္ရာ စားေတာ္ေခၚတာေပါ့။ သူတို႔ ဘဝင္မ က်ဘူးဆိုတဲ့ လူေတြအေပၚမွာ ညႇဥ္းပန္းႏွိပ္စက္တာ ေတြရွိတယ္။ မတရား သတ္ျဖတ္တာေတြရွိတယ္။ ေနာက္ဟာက်ေတာ့ အဲဒီ ဏႌ ေခါင္းေဆာင္ေတြ ကိုယ္တိုင္က မူးယစ္ေဆးဝါးေတြသုံးတယ္။ ထီးခ်ိဳင့္ က ဘိန္းေပါတယ္ဗ်ာ။ မူးယစ္ေဆးဝါး ေပါတယ္ဗ်ာ။ ရာဘာေပါတယ္။

ေမး - မူးယစ္ေဆးသုံးတယ္ဆိုေတာ့ စစ္တိုက္တဲ့ အခါမွာေကာ မူးယစ္ေဆးသုံးၿပီး တိုက္ခိုင္းမယ္ထင္ လား။ ေဒသခံတစ္ေယာက္အေနနဲ႔ ဒီလို တိုက္ခိုက္ တယ္ဆိုတာမ်ိဳးေကာ သိထားတာရွိလား။
ေျဖ - တိုက္ခိုင္းတယ္ တိုက္ခိုင္းတယ္ အစ္ကို။ ကြၽန္ ေတာ္ၾကားမိတာဆို ကြၽန္ေတာ့္သူငယ္ခ်င္း ထီး ခ်ိဳင့္ၿမိဳ႕မွာ ရွိတုန္းကေပါ့။ သူတို႔ပုန္းေနတဲ့ေနရာ ေလးကက်ေတာ့ တိုက္ပြဲျဖစ္တာကို အရွင္းသားျမင္ရ တာေပါ့။ သူတို႔က ထီးခ်ိဳင့္ေတာင္ကုန္းေပၚကို တန္း စီလည္းၿပီးေရာ တပ္တို႔ ရဲတို႔ကပစ္ေနတာေပါ့။ သူတို႔ ကလည္း ေသမွာကိုမေၾကာက္ၾကဘူးတဲ့။ မူးယစ္ေဆး ဝါးကိုသုံးၿပီးေတာ့ ေသနတ္နဲ႔ က်ားထိုး တက္တာတဲ့။ မူးယစ္ေဆးဝါးသုံးၿပီးေတာ့ တက္ခိုင္းတာတဲ့။ KIA ကတဲ့။ အတုန္းတုန္း အ႐ုန္း႐ုန္းပဲ က်သြားတယ္တဲ့။

ေမး - PDF ေခါင္းေဆာင္ေတြ စီးပြားျဖစ္တယ္ဆိုတဲ့ ကိစၥေပါ့။ သူတို႔ ဘာေတြလုပ္လို႔ စီးပြားျဖစ္တာလဲ၊ ဘယ္ေလာက္အတိုင္းအတာအထိ ျဖစ္ေနၾကပါသလဲ။
ေျဖ - စီးပြားျဖစ္တယ္ဆိုတဲ့ အေနအထားတစ္ခုက အစ္ကိုတို႔လည္း သိမယ္။ တိုက္ပြဲျဖစ္မယ့္ေနရာတိုင္းမွာ ကေလးေတြ စာသင္လို႔မရဘူး၊ ပညာေရးခ်ိဳ႕တဲ့ ေနတယ္။ ဒါေပမဲ့ PDF ေခါင္းေဆာင္ေတြဗ်ာ ဘယ္ သူေတြရွိလဲဆို ကိုစိုးသိန္း။ လႊတ္ေတာ္ကိုယ္စားလွယ္ ေဟာင္းေပါ့။ သူတို႔ သားသမီးေတြဆို မႏၲေလးလာၿပီး ေက်ာင္းေတြထားၾကတယ္။ ေခါင္းႀကီးပိုင္းေတြေပါ့။ ေက်ာင္းေတြထားတာ။ မႏၲေလးမွာ တိုက္ခန္းေတြဝယ္ တယ္။ ကားေတြဝယ္တယ္။ သူတို႔ကေတာ့ သူတို႔ စီးပြားေရးေတြ။ ထီးခ်ိဳင့္ အေရွ႕ဘက္ကမ္းက PDF ေခါင္းေဆာင္ေတြဆိုရင္ ထြန္စက္ေတြဝယ္တယ္၊ ယာေတြဝယ္တယ္။ ထီးခ်ိဳင့္အေနာက္ဘက္ကမ္းက PDF ေခါင္းေဆာင္ေတြ ခ်မ္းသာကုန္ၿပီ။ စီးပြားေရး တအားလုပ္ေနၾကၿပီ။ 4 Wheel ေတြ စီးေနၾကၿပီ။ တခ်ိဳ႕ဆို ထီးခ်ိဳင့္မွာ ဆိုင္ေလးေတြဖြင့္ၿပီး ဆိုင္ေတြ ေရာင္းၾကတာေပါ့။ ဒီလိုလူေတြဆီကေန အခြန္ေတြ ေကာက္ေနၾကၿပီ။KIA နဲ႔ ေပါင္းေကာက္တာေပါ့။ သူတို႔ တအားခ်မ္းသာေနၾကၿပီ။ အဲဒီအျပင္ကိုမွ အရင္တည္းက ကားေတြကိုဂိတ္ေၾကးေကာက္တည္းက ခ်မ္းသာေနၾကၿပီ။

ေမး - စစ္ပြဲကေန အက်ိဳးအျမတ္ရသြားတယ္ေျပာ ရမွာေပါ့။ ဘဝေတြက ေျပာင္းသြားတယ္ ေျပာရမလား။
ေျဖ - ေျပာင္းတာကေတာ့ မေျပာနဲ႔ဗ်ာ။ သူတို႔ဘဝက ေျခဖဝါး လက္ဖဝါးေကာင္ေတြကေန အခုက ကား ေတြနဲ႔၊ ဝင္းေတြနဲ႔ အဲဒီလိုေတြေပါ့။ အမ်ားႀကီး ေျပာင္း လဲသြားတယ္ အစ္ကို။ သူတို႔ထဲမွာ အုပ္ခ်ဳပ္ေနတာ လည္း တခ်ိဳ႕က ေဆးသမားေတြ။ PDF ေခါင္းေဆာင္ ေစာဝင္းဆိုတာလည္း အရင္တုန္းက ဘိန္းစား။ သစ္ လုပ္တယ္။ ဆိုတဲ့အခါက်ေတာ့ ဒီေကာင္ေတြပင္လွ်င္ မူးယစ္ေဆးဝါးနဲ႔မကင္းဘူး။ ထီးခ်ိဳင့္ၿမိဳ႕မွာ လူေကာင္း သူေကာင္းစာရင္းထဲေတာ့ မပါဘူးဗ်ာ။ အမ်ားႀကီး ခ်မ္းသာသြားၾကၿပီ။ ထီးခ်ိဳင့္က ကြၽန္းသစ္ထြက္တယ္။ ျမစ္ေၾကာင္းကေန သစ္ကိုတက္ဝယ္ေတာ့ ျမစ္ ေၾကာင္းကေန အခြန္စည္းၾကပ္တယ္။ ပိုက္ဆံေတြ အရမ္းရတာ။ အရမ္းေတာ့ ခ်မ္းသာေနၾကၿပီ အစ္ကို။

ေမး - ေအာက္ေျခ PDF ေတြရဲ႕ဘဝကေကာ ဘယ္ လိုရွိေနပါသလဲ။
ေျဖ - ေအာက္ေျခ PDF ေတြရဲ႕ဘဝကေတာ့ ဟိုလို မဟန္ဘူးေပါ့ဗ်ာ။ မင္းတို႔ေကာင္းစားဖို႔ အတြက္ ငါတို႔ တိုက္ေပးေနရတယ္၊ ငါတို႔အသက္မေပးႏိုင္ဘူးဆိုၿပီး တခ်ိဳ႕မိဘေတြက ကေလးေတြကို လက္နက္ေတြ ျပန္အပ္ခိုင္းၿပီး ယာတို႔ဘာတို႔ ျပန္လုပ္ေနၾကတယ္ ၾကားတယ္။ ထြက္တဲ့သူေတြကိုေတာ့ ျပႆနာရွာ တယ္မၾကားမိေသးဘူး။ ထြက္တဲ့သူ ေဘးရန္ကင္း လားအတိအက်ေတာ့ မေျပာႏိုင္ေသးဘူး။ ေနာက္ တစ္ခုရွိတာက တခ်ိဳ႕ဆိုရင္ ေပါင္ျပတ္၊ လက္ျပတ္ေတြ ရွိတယ္ဗ်ာ။ ေပါင္ျပတ္၊ လက္ျပတ္ေတြကို ေဆးကု ေပးၿပီး မိဘေတြနဲ႔ေတြ႕ခြင့္မေပးတာ အဲဒါေတြကို ေတာ့ၾကားမိတယ္။

ေမး - ပထမတိုက္ပြဲတုန္းက ေပါင္ျပတ္ လက္ျပတ္ျဖစ္ တဲ့သူေတြကိုလား။
ေျဖ - ဟုတ္ပါတယ္။ ပထမတိုက္ပြဲတုန္းကပါ။
ေမး - အခုရက္ပိုင္းထဲျဖစ္ေနတဲ့ ဒုတိယတိုက္ပြဲ မွာေကာ အက်အဆုံး ဘယ္လိုၾကားမိပါသလဲ။
ေျဖ - အခုလည္း တိုက္ေနဆဲေျပာတယ္။ ေတာ္ေတာ္ ေတာ့ က်တယ္ေျပာတယ္။ ေလသာမွာကို ေဆးခန္း ဖြင့္ၿပီး CDM ဝင္ထားတဲ့ဆရာဝန္ကိုယ္တိုင္ ကု ေပးေနရတယ္ေျပာတယ္။

ေမး - တိုက္ပြဲမွာ PDF ေတြကိုKIA ကဘယ္လို အသုံးခ်ေနပါသလဲ။
ေျဖ - ကြၽန္ေတာ္တို႔ နားလည္သေလာက္ေျပာရရင္ မႈိင္းေပါ့။ အမုန္းစိတ္ေပါ့။ အဲဒါထည့္ထားတယ္။ တပ္ကိုမုန္းရမယ္ဆိုတဲ့စိတ္ကို ထည့္ထားတာ။ လူငယ္ဆိုတာေတာ့ မဟုတ္ရင္မခံခ်င္ဘူးဗ်ာ။ အဲဒါကို မတရားဘူးဆိုတဲ့စိတ္ျဖစ္ေအာင္၊ ငါတို႔ကို မတရားလုပ္တယ္ဆိုတဲ့ အမုန္းစိတ္ထည့္ေပးထား ေတာ့ လူငယ္ေတြက အမွန္မျမင္ႏိုင္ဘူးဗ်ာ။ ေနာက္ ဒီဘက္မွာ တခ်ိဳ႕ကေလးေတြက မူးယစ္ေဆးသမားေတြ မ်ားတယ္။ မူးယစ္ေဆးသမားမ်ားေတာ့ လြတ္လြတ္လပ္လပ္ေနရေတာ့ PDF ထဲဝင္လာၿပီး လုပ္ ခ်င္တာလုပ္ေနရတယ္ဆိုတဲ့ အပိုင္းေလးေတြနဲ႔ အေနေခ်ာင္ အစားေခ်ာင္ေနၾကတာေတြရွိတယ္။အဲဒီ လိုဟာမ်ိဳးေတြ ေသၾကတာလည္း မ်ားတယ္။ ထီးခ်ိဳင့္ ၿမိဳ႕သိမ္းတိုက္ပြဲမျဖစ္ခင္ကိုပဲ တပ္ကို မိုင္းေထာင္ေတာ့ ေဆးသမားေလးေတြ ေထာင္ခိုင္းမိလို႔ ႀကိဳးနီ၊ ႀကိဳး နက္မွားၿပီးေတာ့ ေရွာ့႐ိုက္မိလို႔ ေနရာတင္ေသတာ အမ်ားႀကီး။ အဲဒီဇာတ္လမ္းေတြ အမ်ားႀကီး ရွိတယ္။

ေမး - အစ္ကိုတို႔ၿမိဳ႕ကို အခု တကယ္သိမ္းဖို႔ လုပ္ေန တာကKIA လို႔ထင္လား၊ PDFလို႔ ထင္လား။
ေျဖ - အဲဒါကေတာ့ အစ္ကိုရာ ကြၽန္ေတာ္တို႔ အျမင္ကေတာ PDF ဆိုတာ အမည္ခံပဲရွိတာ။ ေတာေနလူတန္းစာက မႈိင္းတိုက္ထားေတာ့ အမယ္ေလး ငါတို႔ PDF ေတြႏိုင္ၿပီေပါ့။ သူတို႔ တကယ္လို႔ ႏိုင္သြားလို႔ရွိရင္ ထီးခ်ိဳင့္ၿမိဳ႕ကိုKIA နဲ႔ PDF အုပ္ခ်ဳပ္မွာ။ ေသနတ္နဲ႔အုပ္ခ်ဳပ္မွာ။ သူတို႔ကိုပဲ ေၾကာက္ေနရတာပဲ။ အဆင္မေျပလို႔ ေခ်ာက္တြန္းရင္ သူတို႔နဲ႔နီးစပ္သူ စကားက ေအာင္မွာပဲ။ ထီးခ်ိဳင္ၿမိဳ႕ သိမ္းရင္ေတာ့KIA တို႔က အုပ္ခ်ဳပ္မွာ။ PDF ဘက္က လႊတ္ေတာ္ကိုယ္စားလွယ္တို႔ဆိုတာက လက္ညႇိဳးေထာင္ ေခါင္းညိတ္ေလာက္ပဲရွိမွာ။

ေမး - ေနာက္ဆုံးေမးခြန္းပါခင္ဗ်ာ။ ၿမိဳ႕ခံ တစ္ေယာက္ အေနနဲ႔ ကိုယ္ၿမိဳ႕နဲ႔ပတ္သက္လို႔ ဘယ္လို ျဖစ္ခ်င္ပါသလဲ။
ေျဖ - ၿမိဳ႕ခံတစ္ေယာက္အေနနဲ႔ တိုက္ပြဲမျဖစ္ခ်င္ဘူး။ ေအးခ်မ္းခ်င္တယ္။ တိုက္ပြဲျဖစ္လို႔လည္း ဘာမွ ျဖစ္မလာဘူး။ အခု တိုက္ပြဲျဖစ္တယ္ဗ်ာ ေပး ဆပ္လိုက္ရတာ။ က်ဳပ္တို႔ဘိုးဘြားေတြ အႏွစ္ႏွစ္ အလလကေဆာက္ထားတာေတြ ပ်က္သြားၿပီဗ်ာ။ အဓိကျဖစ္ေစခ်င္တာက ထီးခ်ိဳင့္ၿမိဳ႕ ေအးခ်မ္း ခ်င္တယ္။ သူပုန္မလိုလားဘူးဗ်ာ။ ေအးခ်မ္းမႈကို လိုလားတယ္။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.