နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေ သည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု

 912

ယွန်း (NP News) - စက်တင်ဘာ ၆

နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့်နည်းလမ်း များဖြင့် ဖြေရှင်းရန်လိုပြီး ပညာ‌ရေး မူဝါဒများကိုလည်း တတ်နိုင်သမျှ‌ ဖြေလျှော့ပေးသင့်ကြောင်း ပညာရေးအသိုင်း အဝိုင်းတွင် ထဲထဲဝင်ဝင် ဆောင်ရွက်နေသူများကို NP News ၏ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။

လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသအချို့၌ အခြေခံပညာကျောင်းများအပါအဝင် အဆင့်မြင့်‌ ကျောင်းများကိုပိတ်သိမ်းခဲ့ရပြီး ပညာသင်ယူဆဲကျောင်းသားများ၌ ပညာရေးအခွင့်အလမ်း ဆုံးရှုံးမှုများရှိနေသည့်အပြင် ပညာသင်ခွင့်ဆုံးရှုံးရသော ကျောင်းသား/သူအရေအတွက်မှာလည်း မြင့်တက်လာခြင်းဖြစ်သည်။

ထိုမျှသာမက အချို့နေရာများတွင် အကြမ်းဖက်သမားများက ပညာသင်ကြားနေသော ကျောင်းသူ/သားများကို ခြိမ်းခြောက်ခြင်း၊ ကျောင်း မတက်စေခြင်းများ ပြုလုပ်နေကြသည်။

‘အသိသာဆုံးအချက်ကတော့ လက်ရှိပဋိ ပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာဆိုရင် ကလေးတွေ ကျောင်းမတက်ရ ဘူး။ အခြေခံပညာမှာရော အဆင့်မြင့်ပညာရေးရော ပညာသင်ယူခွင့်မရကြဘူး။ စာမေးပွဲဖြေခွင့်လည်း မရကြဘူး။ နောက်ဆက်တွဲမှာက ကျွန်တော်တို့မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်း အခြေခံအောင်မှ အလုပ်လုပ်ခွင့်ရကြတယ်။ တစ်ဖက် မှာလည်း စားဝတ်နေ‌ရေးအတွက် ရုန်းကန်ရတဲ့အ ခြေအနေတစ်ခုမှာ (၁၀)တန်းမအောင်ရင် တူတူတန် တန်အလုပ်မရကြဘူး။ အလုပ်ပေါ်မှာလည်း သက်ရောက်မှုရှိတယ်။ ပြီးရင် လူမှုရေးဆိုင်ရာတွေမှာလည်း သက်ရောက်မှု တွေရှိကြတယ်’ဟု တက္ကသိုလ်ကထိက တစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ကျောင်းမဖွင့်နိုင်သည့် ဒေသအချို့၌ အင်တာနက်သုံးစွဲရန် ကန့်သတ်မှုများရှိနေသည့်အတွက် အသိ ပညာရပိုင်ခွင့်ဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။

တိုင်းပြည်တွင်ဖြစ်‌ပေါ်နေသည့် အခြေအ နေများသည် ကျောင်းသားလူငယ်များ‌ပေါ်တွင် ရိုက် ခတ်မှုများရှိနေပြီး နိုင်ငံရေးကိစ္စများကို ဖြေရှင်းရာ၌ လူငယ်များ၏ပညာရေးနှင့် အနာဂတ်များကို မထိခိုက် စေသည့်နည်းလမ်းများဖြင့် ဖြေရှင်းသင့်ကြောင်း ၎င်းကအကြုံပြုသည်။

‘ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ ပညာရေး ကို အနှောင့်အယှက်မဖြစ်စေတဲ့နည်းလမ်းတွေကို သုံးစေချင်တယ်။ ကလေးတွေရဲ့ ပညာရေး၊ ကလေး တွေရဲ့ အနာဂတ်ကို မထိခိုက်စေတဲ့နည်းလမ်းတွေနဲ့ တခြားသောနိုင်ငံရေးကိစ္စတွေကို ဖြေရှင်းစေချင်ပါတယ်။ ဒီကလေးတွေက သိပ်မကြာခင်ကာလတစ်ခုမှာ လက်ရှိလူကြီးတွေနေရာကို အစားထိုးဝင် လာကြမှာ။ နိုင်ငံကို သူတို့လက်ထဲကိုထည့်ရတော့မှာ။ အဲဒီအချိန်မှာ နိုင်ငံကိုထိန်းကျောင်းနိုင်တဲ့အရည်အချင်း မရှိခဲ့ ဘူးဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ပါ သက်ရောက်မှုပိုဆိုးသွားနိုင်တယ်’ဟု အထက်ပါ ကထိကက ဆိုသည်။
ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ယုံကြည်ချက်အတိုင်းလုပ်ဆောင်သည်ကို မပြောလိုသော်လည်း မိမိ၏ ယုံကြည်ချက်ကြောင့် နိုင်ငံ၊ မိသားစု၊ ရပ်ရွာ မထိခိုက်သည့်နည်းလမ်းကို သုံးစေလို ကြောင်းလည်း ၎င်းကဆိုသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို လျှောက်ထားရန် ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးခဲ့ရာ (၂၀၂၃) ခုနှစ် တွင် တက္ကသိုလ်ပေါင်း(၂၆)ခု၌ လျှောက်ထားခွင့်ပြုခဲ့ သော်လည်း ယခုပညာသင်နှစ်တွင် လားရှိုးတက္ကသိုလ် အပါအဝင် လွိုင်ကော်တက္ကသိုလ်နှင့် တောင်ကုတ် တက္ကသိုလ်တို့၌ ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိကြောင်းတွေ့မြင်ရသည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အမှန်တကယ်ဖွင့်လှစ်နိုင်သည့် ကျောင်းအရေအတွက်မှာ အနည်း ငယ်သာရှိနေပြီး ဖွင့်လှစ်ပြီးသား ကျောင်းအချို့မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ပိတ်သိမ်းမှုများရှိ နေ ကြောင်း သိရသည်။

‘ပကတိမြေပြင်အနေအထားမှာ ကျောင်းတွေက အဖွင့်စာရင်းပဲပြထားတာ။ တကယ်ဖွင့်နိုင်တဲ့ ကျောင်းက နည်းတယ်။ ကျောင်းတွေ တိုးချဲ့ဖွင့် လှစ်ရမယ်ဆိုတာကလည်း စာရင်းဇယားကိန်းဂဏန်း တွေမှာပဲတိုးသွားတာ။ တကယ့်မြေပြင်မှာ ဖွင့်နိုင်တဲ့ ကျောင်းတွေက နည်းတယ်။ ရှမ်းအရှေ့မြောက်၊ သပိတ်ကျင်း၊ မန္တလေးတိုင်းဧရိယာ၊ စစ်ကိုင်းတိုင်း တော်တော်များများကျောင်းတွေမှာ ဖွင့်နေတဲ့ကျောင်း တွေတောင်မှ ရပ်တန့်ပစ်လိုက်ရတာတွေရှိတယ်။ နိုင်ငံတော်အစိုးရက ပေါ်လစီကြီးတွေ၊ မူဝါဒကြီးတွေနဲ့ ဘယ်လောက်ပဲòန်ကြားထားထား မြေပြင်မှာ ဒီကလေးတွေ ပညာဆက်လက်သင်ကြားမှုက အင်မတန်မှခက်ခဲမှုရှိတယ်။ စစ်ပွဲတွေနဲ့ပဋိပက္ခတွေကြောင့် ပြည်သူပြည်သား တွေရဲ့ အနာဂတ်တွေ ဒုက္ခရောက်ကြပြီ။ အထူးသဖြင့် အနာဂတ်ကိုရှင်သန်မယ့်ကလေး တွေရဲ့ဘဝတွေက လက်နက်ကိုင်ကြလို့ အနာဂတ် တွေပျောက်ဆုံးသွားကြတာတစ်မျိုး၊ ပညာသင်နေကြ ဆဲကလေးတွေကိုယ်တိုင်မှာ ထပ်ပြီးတော့ ခြိမ်း ခြောက်မှုတွေ၊ ပညာ‌ရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေ ရှိကြတယ်’ဟု စစ်ဘေးဒဏ်သင့်ကလေးငယ်များ၏ ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသော စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုး ရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ မူဝါဒများကို တင်းကြပ်မှုများမလုပ်ဘဲ ဖြေလျှော့ပေးစေလိုကြောင်း လည်း ဆရာတော်ကမိန့်ကြားသည်။

‘နိုင်ငံတော်အစိုးရကိုအကြံပြုချင်တာကတော့ တချို့ကိစ္စတွေမှာ တိုင်းပြည်ကြီးက အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ပညာရေးဆိုရင်လည်း မူဝါဒတွေထက် မြေပြင်မှာဆောင်ရွက်ပေးနေကြတဲ့ ကျောင်းတွေကို မူဝါဒတွေနဲ့ တင်းကြပ်တာတွေသိပ် မလုပ်ဘဲနဲ့ ဖြေလျှော့ပေးစေချင်တယ်။ တစ်ခါတစ်ခါကျရင် စာရွက်ထဲကဟာတွေက အလုပ် မဖြစ်ပါဘူး။ အပြင်မှာ တကယ်လက်တွေ့လုပ်နေကြတဲ့အခါမှာ အခက်အခဲပေါင်းများစွာနဲ့လုပ်ရတယ်။ ဘုန်းကြီးတွေ၊ သီလရှင်တွေပါ တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုလို လားလို့ ဝိုင်းလုပ်နေတဲ့သူတွေမှာ အခက်အခဲတွေရှိကြတယ်။ ဝန်ကြီးဌာနအနေနဲ့ ပေါ်လစီမူ ဝါဒတွေကို သိပ်ပြီးမတင်းကြပ်သင့်ဘူး။ ဖြေလျှော့ သင့်တဲ့ကိစ္စကို ဖြေလျှော့ပေးစေချင် တယ်။ မူဝါဒ ပေါ်လစီတွေဆိုတာ တိုင်းပြည်တည်ငြိမ်တဲ့ အချိန်ကျ မှလုပ်ရမှာ။ အားလုံးက ကလေးတွေရဲ့ပညာရေး တွေ၊ တိုင်းပြည်ရဲ့ပဋိပက္ခတွေချုပ်ငြိမ်းရေးတွေ ဆောင်ရွက်ပေးနိုင်ဖို့ လှုပ်သာလှည့်သာဖြစ်အောင်ထား သင့်တယ်’ဟု ဆရာ တော် ဦးသောဘိတက သုံးသပ်မိန့်ကြားသည်။

လက်ရှိတွင် IBEC ကျောင်းတိုက်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် အစရှိသည့် နယ်မြေဒေသ မအေးချမ်းသည့်နေရာများနှင့် စစ်ဘေးရှောင်ဒေသများမှ ပညာရေးတစ်ပိုင်း တစ်စဖြစ်နေ သော ကလေးငယ်များကို ပညာဆက်လက်သင်ကြားပေးနေကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်ရှိ ကျေးရွာ(၁၆)ရွာမှ အခြားဒေသများ သို့ သွားရောက်ပညာသင်ယူနေသူ လူငယ်များကို မိဘများမှတစ်ဆင့် PDF အဖွဲ့က ခြိမ်းခြောက်ခေါ်ယူခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး ရှိ အခြေခံပညာကျောင်းများ၏ (၂၃) ရာခိုင်နှုန်းကျော်မှာ ဖွင့်လှစ် နိုင်ခြင်းမရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။

‘ကချင်ဘက်ကို မပြန်ဖြစ်တော့ဘူး။ ပထမနှစ်ကတည်းက နယ်မြေအခြေအနေက မငြိမ်ဘူး။ စစ်တွေဖြစ်နေ သေးတယ်လေ။ ပြန်ရင် ဖားကန့်ဘက် ကိုပြန်ရမှာ။ အဖေအမေတို့လည်း မန္တလေးကို ပြောင်းလာရတယ်။ ဆွေမျိုးတွေ တော့ အဲဒီဘက်မှာ မရှိ တော့ဘူး။ စစ်ပွဲတွေဖြစ်နေတော့ နေတဲ့သူလည်း သိပ်မရှိတော့ဘူး။ ခုလက်ရှိဆို ဖုန်းလိုင်းတောင် မရ ဘူးထင်တယ်။ နယ်မြေအခြေအနေက မငြိမ်တော့ ကျောင်းပြီးရင်တောင် ပြန်လို့မဖြစ်သေးဘူး။ ငွေကြေးကတော့ ကျောင်းတက်ဖို့တော့ ထောက်ပံ့ပေးတာပေါ့။ ဒါပေမဲ့ နယ်မြေအခြေအနေကြောင့် တခြားမြို့ကိုလာ နေရတော့ အကုန်အကျများတယ်လေ။ တစ်ချိန်ချိန်တော့ ပြန်ဖြစ်မှာပေါ့’ဟု ရန်ကုန်တွင် ပညာသင်ကြားနေသော တက္ကသိုလ် ကျောင်းသူတစ်ဦးက ရင်ဖွင့် ပြောကြားသည်။

zawgyi version
ႏိုင္ငံေရးျပႆနာမ်ားေျဖရွင္းရာတြင္ လူငယ္မ်ား၏ပညာေရးအနာဂတ္ကို မထိခို‌ေက္ေစ သည့္ နည္းလမ္းျဖင့္ ေျဖရွင္းရန္လိုၿပီး ပညာေရးမူဝါဒမ်ားကို တတ္ႏိုင္သမွ် ေျဖေလွ်ာ့ေပးသင့္ေၾကာင္း အႀကံျပဳ
ယြန္း (NP News) - စက္တင္ဘာ ၆

ႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းရာတြင္ လူငယ္မ်ား၏ပညာေရးအနာဂတ္ကို မထိခိုက္ေစသည့္နည္းလမ္း မ်ားျဖင့္ ေျဖရွင္းရန္လိုၿပီး ပညာ‌ေရး မူဝါဒမ်ားကိုလည္း တတ္ႏိုင္သမွ်‌ ေျဖေလွ်ာ့ေပးသင့္ေၾကာင္း ပညာေရးအသိုင္း အဝိုင္းတြင္ ထဲထဲဝင္ဝင္ ေဆာင္႐ြက္ေနသူမ်ားကို NP News ၏ ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။

လက္ရွိျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ေဒသအခ်ိဳ႕၌ အေျခခံပညာေက်ာင္းမ်ားအပါအဝင္ အဆင့္ျမင့္‌ ေက်ာင္းမ်ားကိုပိတ္သိမ္းခဲ့ရၿပီး ပညာသင္ယူဆဲေက်ာင္းသားမ်ား၌ ပညာေရးအခြင့္အလမ္း ဆုံးရႈံးမႈမ်ားရွိေနသည့္အျပင္ ပညာသင္ခြင့္ဆုံးရႈံးရေသာ ေက်ာင္းသား/သူအေရအတြက္မွာလည္း ျမင့္တက္လာျခင္းျဖစ္သည္။

ထိုမွ်သာမက အခ်ိဳ႕ေနရာမ်ားတြင္ အၾကမ္းဖက္သမားမ်ားက ပညာသင္ၾကားေနေသာ ေက်ာင္းသူ/သားမ်ားကို ၿခိမ္းေျခာက္ျခင္း၊ ေက်ာင္း မတက္ေစျခင္းမ်ား ျပဳလုပ္ေနၾကသည္။

‘အသိသာဆုံးအခ်က္ကေတာ့ လက္ရွိပဋိ ပကၡျဖစ္ပြားေနတဲ့ေနရာေတြမွာဆိုရင္ ကေလးေတြ ေက်ာင္းမတက္ရ ဘူး။ အေျခခံပညာမွာေရာ အဆင့္ျမင့္ပညာေရးေရာ ပညာသင္ယူခြင့္မရၾကဘူး။ စာေမးပြဲေျဖခြင့္လည္း မရၾကဘူး။ ေနာက္ဆက္တြဲမွာက ကြၽန္ေတာ္တို႔ျမန္မာျပည္မွာ တကၠသိုလ္ဝင္တန္း အေျခခံေအာင္မွ အလုပ္လုပ္ခြင့္ရၾကတယ္။ တစ္ဖက္ မွာလည္း စားဝတ္ေန‌ေရးအတြက္ ႐ုန္းကန္ရတဲ့အ ေျခအေနတစ္ခုမွာ (၁၀)တန္းမေအာင္ရင္ တူတူတန္ တန္အလုပ္မရၾကဘူး။ အလုပ္ေပၚမွာလည္း သက္ေရာက္မႈရွိတယ္။ ၿပီးရင္ လူမႈေရးဆိုင္ရာေတြမွာလည္း သက္ေရာက္မႈ ေတြရွိၾကတယ္’ဟု တကၠသိုလ္ကထိက တစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ေက်ာင္းမဖြင့္ႏိုင္သည့္ ေဒသအခ်ိဳ႕၌ အင္တာနက္သုံးစြဲရန္ ကန႔္သတ္မႈမ်ားရွိေနသည့္အတြက္ အသိ ပညာရပိုင္ခြင့္ဆုံးရႈံးမႈမ်ားႏွင့္လည္း ရင္ဆိုင္ေနရေၾကာင္း သိရသည္။

တိုင္းျပည္တြင္ျဖစ္‌ေပၚေနသည့္ အေျခအ ေနမ်ားသည္ ေက်ာင္းသားလူငယ္မ်ား‌ေပၚတြင္ ႐ိုက္ ခတ္မႈမ်ားရွိေနၿပီး ႏိုင္ငံေရးကိစၥမ်ားကို ေျဖရွင္းရာ၌ လူငယ္မ်ား၏ပညာေရးႏွင့္ အနာဂတ္မ်ားကို မထိခိုက္ ေစသည့္နည္းလမ္းမ်ားျဖင့္ ေျဖရွင္းသင့္ေၾကာင္း ၎ကအႀကဳံျပဳသည္။

‘ပဋိပကၡျဖစ္ေနတဲ့ေနရာေတြမွာ ပညာေရး ကို အေႏွာင့္အယွက္မျဖစ္ေစတဲ့နည္းလမ္းေတြကို သုံးေစခ်င္တယ္။ ကေလးေတြရဲ႕ ပညာေရး၊ ကေလး ေတြရဲ႕ အနာဂတ္ကို မထိခိုက္ေစတဲ့နည္းလမ္းေတြနဲ႔ တျခားေသာႏိုင္ငံေရးကိစၥေတြကို ေျဖရွင္းေစခ်င္ပါတယ္။ ဒီကေလးေတြက သိပ္မၾကာခင္ကာလတစ္ခုမွာ လက္ရွိလူႀကီးေတြေနရာကို အစားထိုးဝင္ လာၾကမွာ။ ႏိုင္ငံကို သူတို႔လက္ထဲကိုထည့္ရေတာ့မွာ။ အဲဒီအခ်ိန္မွာ ႏိုင္ငံကိုထိန္းေက်ာင္းႏိုင္တဲ့အရည္အခ်င္း မရွိခဲ့ ဘူးဆိုရင္ ကြၽန္ေတာ္တို႔တိုင္းျပည္ရဲ႕ အနာဂတ္ပါ သက္ေရာက္မႈပိုဆိုးသြားႏိုင္တယ္’ဟု အထက္ပါ ကထိကက ဆိုသည္။
ပဋိပကၡတြင္ ပါဝင္သူမ်ားအေနျဖင့္ ယုံၾကည္ခ်က္အတိုင္းလုပ္ေဆာင္သည္ကို မေျပာလိုေသာ္လည္း မိမိ၏ ယုံၾကည္ခ်က္ေၾကာင့္ ႏိုင္ငံ၊ မိသားစု၊ ရပ္႐ြာ မထိခိုက္သည့္နည္းလမ္းကို သုံးေစလို ေၾကာင္းလည္း ၎ကဆိုသည္။
ပညာေရးဝန္ႀကီးဌာနအေနျဖင့္ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ေလွ်ာက္ထားရန္ ၿပီးခဲ့သည့္ရက္ပိုင္းက အသိေပးခဲ့ရာ (၂၀၂၃) ခုႏွစ္ တြင္ တကၠသိုလ္ေပါင္း(၂၆)ခု၌ ေလွ်ာက္ထားခြင့္ျပဳခဲ့ ေသာ္လည္း ယခုပညာသင္ႏွစ္တြင္ လားရႈိးတကၠသိုလ္ အပါအဝင္ လြိဳင္ေကာ္တကၠသိုလ္ႏွင့္ ေတာင္ကုတ္ တကၠသိုလ္တို႔၌ ဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္တြင္ ပါဝင္ျခင္းမရွိေၾကာင္းေတြ႕ျမင္ရသည္။

လက္ရွိျဖစ္ပြားေနသည့္ ပဋိပကၡမ်ားေၾကာင့္ အမွန္တကယ္ဖြင့္လွစ္ႏိုင္သည့္ ေက်ာင္းအေရအတြက္မွာ အနည္း ငယ္သာရွိေနၿပီး ဖြင့္လွစ္ၿပီးသား ေက်ာင္းအခ်ိဳ႕မွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္လည္ ပိတ္သိမ္းမႈမ်ားရွိ ေန ေၾကာင္း သိရသည္။

‘ပကတိေျမျပင္အေနအထားမွာ ေက်ာင္းေတြက အဖြင့္စာရင္းပဲျပထားတာ။ တကယ္ဖြင့္ႏိုင္တဲ့ ေက်ာင္းက နည္းတယ္။ ေက်ာင္းေတြ တိုးခ်ဲ႕ဖြင့္ လွစ္ရမယ္ဆိုတာကလည္း စာရင္းဇယားကိန္းဂဏန္း ေတြမွာပဲတိုးသြားတာ။ တကယ့္ေျမျပင္မွာ ဖြင့္ႏိုင္တဲ့ ေက်ာင္းေတြက နည္းတယ္။ ရွမ္းအေရွ႕ေျမာက္၊ သပိတ္က်င္း၊ မႏၲေလးတိုင္းဧရိယာ၊ စစ္ကိုင္းတိုင္း ေတာ္ေတာ္မ်ားမ်ားေက်ာင္းေတြမွာ ဖြင့္ေနတဲ့ေက်ာင္း ေတြေတာင္မွ ရပ္တန႔္ပစ္လိုက္ရတာေတြရွိတယ္။ ႏိုင္ငံေတာ္အစိုးရက ေပၚလစီႀကီးေတြ၊ မူဝါဒႀကီးေတြနဲ႔ ဘယ္ေလာက္ပဲòန္ၾကားထားထား ေျမျပင္မွာ ဒီကေလးေတြ ပညာဆက္လက္သင္ၾကားမႈက အင္မတန္မွခက္ခဲမႈရွိတယ္။ စစ္ပြဲေတြနဲ႔ပဋိပကၡေတြေၾကာင့္ ျပည္သူျပည္သား ေတြရဲ႕ အနာဂတ္ေတြ ဒုကၡေရာက္ၾကၿပီ။ အထူးသျဖင့္ အနာဂတ္ကိုရွင္သန္မယ့္ကေလး ေတြရဲ႕ဘဝေတြက လက္နက္ကိုင္ၾကလို႔ အနာဂတ္ ေတြေပ်ာက္ဆုံးသြားၾကတာတစ္မ်ိဳး၊ ပညာသင္ေနၾက ဆဲကေလးေတြကိုယ္တိုင္မွာ ထပ္ၿပီးေတာ့ ၿခိမ္း ေျခာက္မႈေတြ၊ ပညာ‌ေရးနဲ႔ပတ္သက္တဲ့စိန္ေခၚမႈေတြ ရွိၾကတယ္’ဟု စစ္ေဘးဒဏ္သင့္ကေလးငယ္မ်ား၏ ပညာေရးႏွင့္ ပတ္သက္၍ ေဆာင္႐ြက္ေပးေနေသာ စေတာ့ဟုမ္း ၿငိမ္းခ်မ္းေရးဆုရွင္ IBEC ဆရာေတာ္ ဦးေသာဘိတက မိန႔္ၾကားသည္။

လက္ရွိအေျခအေနတြင္ ႏိုင္ငံေတာ္အစိုး ရအေနျဖင့္ ပညာေရးႏွင့္ပတ္သက္၍ မူဝါဒမ်ားကို တင္းၾကပ္မႈမ်ားမလုပ္ဘဲ ေျဖေလွ်ာ့ေပးေစလိုေၾကာင္း လည္း ဆရာေတာ္ကမိန႔္ၾကားသည္။

‘ႏိုင္ငံေတာ္အစိုးရကိုအႀကံျပဳခ်င္တာကေတာ့ တခ်ိဳ႕ကိစၥေတြမွာ တိုင္းျပည္ႀကီးက အခက္အခဲျဖစ္ေနတဲ့ အခ်ိန္မွာ ပညာေရးဆိုရင္လည္း မူဝါဒေတြထက္ ေျမျပင္မွာေဆာင္႐ြက္ေပးေနၾကတဲ့ ေက်ာင္းေတြကို မူဝါဒေတြနဲ႔ တင္းၾကပ္တာေတြသိပ္ မလုပ္ဘဲနဲ႔ ေျဖေလွ်ာ့ေပးေစခ်င္တယ္။ တစ္ခါတစ္ခါက်ရင္ စာ႐ြက္ထဲကဟာေတြက အလုပ္ မျဖစ္ပါဘူး။ အျပင္မွာ တကယ္လက္ေတြ႕လုပ္ေနၾကတဲ့အခါမွာ အခက္အခဲေပါင္းမ်ားစြာနဲ႔လုပ္ရတယ္။ ဘုန္းႀကီးေတြ၊ သီလရွင္ေတြပါ တိုင္းျပည္ရဲ႕ အက်ိဳးစီးပြားကိုလို လားလို႔ ဝိုင္းလုပ္ေနတဲ့သူေတြမွာ အခက္အခဲေတြရွိၾကတယ္။ ဝန္ႀကီးဌာနအေနနဲ႔ ေပၚလစီမူ ဝါဒေတြကို သိပ္ၿပီးမတင္းၾကပ္သင့္ဘူး။ ေျဖေလွ်ာ့ သင့္တဲ့ကိစၥကို ေျဖေလွ်ာ့ေပးေစခ်င္ တယ္။ မူဝါဒ ေပၚလစီေတြဆိုတာ တိုင္းျပည္တည္ၿငိမ္တဲ့ အခ်ိန္က် မွလုပ္ရမွာ။ အားလုံးက ကေလးေတြရဲ႕ပညာေရး ေတြ၊ တိုင္းျပည္ရဲ႕ပဋိပကၡေတြခ်ဳပ္ၿငိမ္းေရးေတြ ေဆာင္႐ြက္ေပးႏိုင္ဖို႔ လႈပ္သာလွည့္သာျဖစ္ေအာင္ထား သင့္တယ္’ဟု ဆရာ ေတာ္ ဦးေသာဘိတက သုံးသပ္မိန႔္ၾကားသည္။

လက္ရွိတြင္ IBEC ေက်ာင္းတိုက္အေနျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီးအပါအဝင္ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ အစရွိသည့္ နယ္ေျမေဒသ မေအးခ်မ္းသည့္ေနရာမ်ားႏွင့္ စစ္ေဘးေရွာင္ေဒသမ်ားမွ ပညာေရးတစ္ပိုင္း တစ္စျဖစ္ေန ေသာ ကေလးငယ္မ်ားကို ပညာဆက္လက္သင္ၾကားေပးေနေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးဝၿမိဳ႕နယ္ရွိ ေက်း႐ြာ(၁၆)႐ြာမွ အျခားေဒသမ်ား သို႔ သြားေရာက္ပညာသင္ယူေနသူ လူငယ္မ်ားကို မိဘမ်ားမွတစ္ဆင့္ PDF အဖြဲ႕က ၿခိမ္းေျခာက္ေခၚယူခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

ၿပီးခဲ့ေသာ ပညာသင္ႏွစ္တြင္ တစ္ႏိုင္ငံလုံး ရွိ အေျခခံပညာေက်ာင္းမ်ား၏ (၂၃) ရာခိုင္ႏႈန္းေက်ာ္မွာ ဖြင့္လွစ္ ႏိုင္ျခင္းမရွိခဲ့ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုထားသည္။

‘ကခ်င္ဘက္ကို မျပန္ျဖစ္ေတာ့ဘူး။ ပထမႏွစ္ကတည္းက နယ္ေျမအေျခအေနက မၿငိမ္ဘူး။ စစ္ေတြျဖစ္ေန ေသးတယ္ေလ။ ျပန္ရင္ ဖားကန႔္ဘက္ ကိုျပန္ရမွာ။ အေဖအေမတို႔လည္း မႏၲေလးကို ေျပာင္းလာရတယ္။ ေဆြမ်ိဳးေတြ ေတာ့ အဲဒီဘက္မွာ မရွိ ေတာ့ဘူး။ စစ္ပြဲေတြျဖစ္ေနေတာ့ ေနတဲ့သူလည္း သိပ္မရွိေတာ့ဘူး။ ခုလက္ရွိဆို ဖုန္းလိုင္းေတာင္ မရ ဘူးထင္တယ္။ နယ္ေျမအေျခအေနက မၿငိမ္ေတာ့ ေက်ာင္းၿပီးရင္ေတာင္ ျပန္လို႔မျဖစ္ေသးဘူး။ ေငြေၾကးကေတာ့ ေက်ာင္းတက္ဖို႔ေတာ့ ေထာက္ပံ့ေပးတာေပါ့။ ဒါေပမဲ့ နယ္ေျမအေျခအေနေၾကာင့္ တျခားၿမိဳ႕ကိုလာ ေနရေတာ့ အကုန္အက်မ်ားတယ္ေလ။ တစ္ခ်ိန္ခ်ိန္ေတာ့ ျပန္ျဖစ္မွာေပါ့’ဟု ရန္ကုန္တြင္ ပညာသင္ၾကားေနေသာ တကၠသိုလ္ ေက်ာင္းသူတစ္ဦးက ရင္ဖြင့္ ေျပာၾကားသည္။

Related news

© 2021. All rights reserved.